News @ M-Media

Tag: Ukarine

  • ဥရောပနိုင်ငံတစ်ချို့ ယူကရိန်းကို စစ်လက်နက်များ ထောက်ပံ့လာ

    ဥရောပနိုင်ငံတစ်ချို့ ယူကရိန်းကို စစ်လက်နက်များ ထောက်ပံ့လာ

    ဖေဖော်ဝါရီ ၂၇၊ ၂၀၂၂
    M-Media

    Stinger မြေပြင်ကဝေဟင်ပစ် ဒုံးကျည်

    -ရုရှားရဲ့ ကျူးကျော်မှုကို ခံနေရတဲ့ ယူကရိန်းနိုင်ငံကို နေတိုးအဖွဲ့ဝင်နိုင်ငံတွေက​ လက်နက်ထောက်ပံ့မှုတွေ တိုးမြှင့်ပြုလုပ်လာပါတယ်။

    ဂျာမနီနိုင်ငံက ကြည်းတပ်ကနေ တင့်ဖျက်ဒုံးကျည် ၁၀၀၀၊ Stinger မြေပြင်ကဝေဟင်ပစ် ဒုံးကျည် ၅၀၀ ထောက်ပံ့ပေးသွားမယ်လို့ ထုတ်ပြန်ပါတယ်။ ပဋိပက္ခဖြစ်ပွားရာ နေရာတွေကို လက်နက်ထောက်ပံ့ခြင်းမပြုဖို့ ဂျာမနီရဲ့ စစ်ဖက်ဆိုင်ရာ အဓိကမူ၀ါဒတစ်ခု ပြောင်းလဲသွားတာ ဖြစ်ပါတယ်။

    “ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုဟာ အလှည့်အပြောင်းတစ်ခု ဖြစ်သွားပါတယ်။ ပူတင်ရဲ့ ကျူးကျော်စစ်ရန်ကနေ ကာကွယ်ရေးမှာ ယူကရိန်းကို အကောင်းဆုံး ကူညီထောက်ပံ့ပေးသွားဖို့ဟာ ကျွန်တော်တို့ရဲ့ တာဝန်ပါ” လို့ ဂျာမနီအဓိပတိ Olaf Scholz က စနေနေ့မှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

    ဂျာမနီရဲ့ ဒီထုတ်ပြန်ချက်ကို ယူကရိန်းသမ္မတ Volodymyr Zelenskyy က ကြိုဆိုခဲ့ပါတယ်။

    နယ်သာလန် ကာကွယ်ရေးဝန်ကြီးဌာနကလည်း ယူကရိန်းကို တင့်ဖျက်လက်နက် ၅၀၊ ဒုံးကျည် ၄၀၀ ပေးပို့သွားမယ်လို့ ထုတ်ပြန်ပါတယ်။ နယ်သာလန်နဲ့ ဂျာမနီတို့ဟာ ဆလိုဗက်ကီးယားမှာရှိတဲ့ နေတိုးရဲ့ တိုက်ခိုက်ရေးအဖွဲ့ကို Patriot လေကြောင်းရန် ကာကွယ်ရေးစနစ် ပေးပို့သွားဖို့ စီစဉ်နေပါတယ်။

    အမေရိကန်ဟာ ယူကရိန်းကို ကန်ဒေါ်လာ သန်း ၃၅၀ တန်ဖိုးရှိတဲ့ စစ်ရေးအကူအညီတွေ ချက်ခြင်းပေးပို့သွားမယ်လို့ သောကြာနေ့မှာ ထုတ်ပြန်ခဲ့ပြီး နောက်ထပ်လည်း ပေးပို့ဖို့ စီစဉ်နေပါတယ်။

    ကွန်မန်ဒိုလွှတ်မည်

    နေတိုးအဖွဲ့ အထွေထွေအတွင်းရေးမှူး Jens Stoltenberg က ယူကရိန်းပတ်ဝန်းကျင်မှာရှိတဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံတွေမှာ တိုက်ပွဲဝင်နိုင်မယ့် ကွန်မန်ဒိုတွေ ထောင်နဲ့ချီ ချထားသွားမယ်လို့ သောကြာနေ့မှာ ထုတ်ပြန်ပါတယ်။

    အဖွဲ့ဝင်နိုင်ငံအားလုံးမှာ ကြည်း၊ ရေ၊​ လေနဲ့ မရိန်းတပ်ဖွဲ့တွေ ပူးပေါင်းဖွဲ့စည်းထားတဲ့ တန်ပြန်တိုက်ခိုက်ရေး အထူးတပ်ဖွဲ့တွေကို ချထားနေကြောင်း၊ လေကြောင်းရန် ကာကွယ်ရေးစနစ် အပါအဝင် လက်နက်တွေကို အဖွဲ့ဝင်နိုင်ငံတွေက ယူကရိန်းဆီ ထောက်ပံ့ပေးသွားမှာဖြစ်ကြောင်း Stoltenberg က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    နေတိုးရဲ့ တန်ပြန်တိုက်ခိုက်ရေးအဖွဲ့ Response Force ဟာ တပ်ဖွဲ့ဝင် လေးသောင်းရှိပြီး ယူကရိန်းရဲ့ ပတ်ဝန်းကျင်နိုင်ငံတွေမှာ အင်အားပြည့်ချထားမှာမဟုတ်ဘဲ၊ အဲဒီအဖွဲ့ထဲက ထိပ်တန်း အထူးတပ်ဖွဲ့ဝင်တွေကိုသာ ချထားသွားမယ်လို့လည်း Stoltenberg က ပြောပါတယ်။

    Ref: Reuters

  • အမေရိကန်က ယူကရိန်းကို စစ်ရေးအကူအညီ ချက်ခြင်းပေးမည်

    အမေရိကန်က ယူကရိန်းကို စစ်ရေးအကူအညီ ချက်ခြင်းပေးမည်

    ဖေဖော်ဝါရီ ၂၆၊ ၂၀၂၂
    M-Media

    -ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်မှုဒဏ်ကို ခံနေရတဲ့ ယူကရိန်းကို စစ်ရေးအပါအ၀င် ဒေါ်လာ သန်း ၆၀၀ ဖိုး အကူအညီတွေ ချက်ခြင်းပေးအပ်ဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က လက်မှတ်ရေးထိုး အမိန့်ပေးလိုက်ပါတယ်။

    ကန်ဒေါ်လာ သန်း ၃၅၀ တန်ဖိုးရှိမယ့် စစ်ရေးအကူအညီ၊ သန်း ၂၅၀ တန်ဖိုးရှိမယ့် အခြားအကူအညီတွေ ပေးအပ်နိုင်ရေး နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့တာပါ။

    အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ကလည်း သူတို့အစိုးရဟာ ယူကရိန်းကို ကန်ဒေါ်လာ သန်း ၃၅၀ တန်ဖိုးရှိမယ့် စစ်ရေးအကူအညီတွေ ချက်ခြင်ပေးအပ်သွားမယ်လို့ ဒီကနေ့မှာ ထပ်လောင်း အတည်ပြုခဲ့ပါတယ်။

    ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုဟာ ၃ ရက်မြောက် ရှိလာပြီဖြစ်ပြီး ရုရှားတပ်တွေ မြို့တော် ကိဗ်အထိ ရောက်လာပေမယ့် မြို့တော်မကျအောင် ယူကရိန်းတပ်တွေက ခုခံထားနိုင်ပါတယ်။

    နိုင်ငံတကာအသိုင်းအ၀ိုင်းအနေနဲ့ မိမိတို့ကို ထိထိရောက်ရောက် အကူအညီပေးကြဖို့ ယူကရိန်းသမ္မတ ဇယ်လင်စကီးက တောင်းဆိုအပြီးမှာ အမေရိကန်ရဲ့ ဒီအကူအညီ ပေါ်ထွက်လာတာဖြစ်ပါတယ်။

    Ref: Wall Street

  • ယူကရိန်းနိုင်ငံထဲ ရုရှားတပ်များဝင်ရန် ပူတင်အမိန့်ပေး

    ယူကရိန်းနိုင်ငံထဲ ရုရှားတပ်များဝင်ရန် ပူတင်အမိန့်ပေး

    ဖေဖော်ဝါရီ ၂၂၊ ၂၀၂၂
    M-Media

    -ယူကရိန်းအရှေ့ပိုင်းက ခွဲထွက်ဖို့ ကြိုးစားနေတဲ့ ဒွန်ညက်နဲ့ လူဟန့်စ်ဒေသတွေကို ရုရှားတပ်ဖွဲ့တွေ ဝင်ရောက်ဖို့ သမ္မတပူတင်က တနင်္လာနေ့မှာ အမိန့်ပေးလိုက်ပြီး ယခင်က ရှိခဲ့တဲ့ တင်းမာမှုတွေ ပိုမိုမြင့်တက်လာခဲ့ပါတယ်။

    ရုရှားစကားပြောသူတွေ အဓိကနေထိုင်တဲ့ အဲဒီဒေသနှစ်ခုဟာ ၂၀၁၄ ခုနှစ်ကတည်းက ခွဲထွက်ဖို့ ကြိုးစားနေတာ ဖြစ်ပြီး ရုရှားက ခွဲထွက်ရေးသမားတွေကို ထောက်ပံ့နေတာဖြစ်ပါတယ်။

    ဒွန်ညက်နဲ့ လူဟန့်စ်ဒေသနှစ်ခုရဲ့ ခွဲထွက်ရေးနဲ့ လွတ်လပ်ရေးကို အသိအမှတ်ပြုတယ်လို့ သမ္မတပူတင်က မနေ့ကရုပ်သံမိန့်ခွန်းမှာ ပြောကြားခဲ့ပြီး နောက်ပိုင်းမှာတော့ ငြိမ်းချမ်းမှု ထိန်းသိမ်းရေးအတွက် ရုရှားတပ်တွေ အဲဒီဒေသကို ဝင်ရောက်ဖို့ ကာကွယ်ရေးဝန်ကြီးဌာနကို အမိန့်ပေးခဲ့ပါတယ်။

    မိန့်ခွန်းမှာ ပူတင်က အနောက်နိုင်ငံတွေကို ပြင်းပြင်းထန်ထန်ဝေဖန် ခဲ့သလို၊ ယူကရိန်းဟာ ရုရှားရဲ့ ခွဲမရတဲ့ ဒေသဖြစ်ကြောင်း၊ ယူကရိန်းအရှေ့ပိုင်းက ရှေးဟောင်း ရုရှားမြေဖြစ်ပြီး မိမိရဲ့ဆုံးဖြတ်ချက်ကို ရုရှားပြည်သူတွေက ထောက်ခံမယ်လို့ ယုံကြည်ကြောင်း ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    ပူတင်ရဲ့ ရုပ်သံမိန့်ခွန်းမှာ ဒွန်ညက်နဲ့ လူဟန့်စ်က ခွဲထွက်ရေးခေါင်းဆောင်တွေ အွန်လိုင်းကတစ်ဆင့် ပါဝင်ခဲ့ကြပြီး မဟာမိတ်ဖြစ်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်တွေ ရရှိခဲ့ကြတယ်လို့ ဆိုပါတယ်။

    အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့က ရုရှားရဲ့ ဒီလုပ်ရပ်ကို ဝေဖန်ခဲ့သလို စီးပွားရေးပိတ်ဆို့မှုတွေ လုပ်ဆောင်သွားမယ်လို့ ချက်ခြင်း ကြေငြာပါတယ်။ ရုရှားက တပ်ဖွဲ့ဝင် ဘယ်လောက်စေလွှတ်မယ်ဆိုတာနဲ့ ဒါကို အနောက်နိုင်ငံတွေက ကျူးကျော်မှုအဖြစ် မှတ်ယူတုန့်ပြန်မလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

    ဒွန်ညက်နဲ့ လူဟန့်စ်ဒေသကို ရုရှားကျောထောက်နောက်ခံပြု ခွဲထွက်ရေးသမားတွေက ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

    Ref: Reuters

  • ရုရှားက ယူကရိန်းကို သိမ်းပိုက်နိုင်သည့်အန္တရာယ် ဆက်ရှိနေ

    ရုရှားက ယူကရိန်းကို သိမ်းပိုက်နိုင်သည့်အန္တရာယ် ဆက်ရှိနေ

    ဖေဖော်ဝါရီ ၂၀၊ ၂၀၂၂
    M-Media

    -ရုရှားကျောထောက်နောက်ခံပြု ခွဲထွက်ရေးသမားတွေနဲ့ ယူကရိန်းစစ်တပ်တို့အကြား တိုက်ခိုက်မှုတွေ ပြန်ဖြစ်လာပြီး၊ ရုရှားကလည်း နျူတပ်ဖွဲ့ စစ်ရေးလေ့ကျင့်မှု လုပ်နေတာကြောင့် ယူကရိန်းကို ရုရှားရဲ့ ကျူးကျော်နိုင်ခြေ ဆက်ရှိနေသေးတယ်လို့ ကျွမ်းကျင်သူ​တွေက သုံးသပ်ပါတယ်။

    ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းကတည်းက ယူကရိန်းနယ်စပ်မှာ ရုရှားက တပ်ဖွဲ့ဝင် ၁ သိန်းကျော် ချထားရမှာ တစ်ချို့ကို ပြန်ဆုတ်လိုက်ပြီလို့ ရုရှားအစိုးရက ပြီးခဲ့တဲ့တစ်ပတ်မှာ ထုတ်ပြန်ပါတယ်။

    ဒါပေမယ့် အဲဒီနောက်ပိုင်း ရုရှားကထောက်ပံ့ပေးနေတဲ့ ယူကရိန်းအရှေ့ပိုင်းက ခွဲထွက်ရေးသမားတွေက စစ်ရေးလှုပ်ရှားလာပြီး၊ စနေနေ့က ရုရှားရဲ့ မဟာဗျူဟာမြောက် နျူတပ်ဖွဲ့ စစ်ရေးလေ့ကျင့်ခဲ့ကာ သမ္မတပူတင်ကိုယ်တိုင် ဒီစစ်ရေးလေ့ကျင့်မှုကို ဦးစီးခဲ့ပါတယ်။

    အမေရိကန် နိုင်ငံတော်လုံခြုံရေးအဖွဲ့က ရုရှားဟာ ယူကရိန်းကို အချိန်မရွေး ကျူးကျော်တိုက်ခိုက်နိုင်ခြေ ရှိတယ်လို့ သမ္မတ ဂျိုးဘိုင်ဒန်ကို ပြောကြားထားပြီး ဒီကနေ့ ထိပ်တန်းအကြံပေးတွေ အိမ်ဖြူတော်မှာ ဆွေးနွေးမှာ ဖြစ်ပါတယ်။

    ရုရှားဟာ ယူကရိန်းနယ်စပ်က တပ်တွေဆုတ်ပြီလို့ ပြောထားပေမယ့် အမှန်တကယ် ဆုတ်ခွာတာမျိုး မတွေ့ရသေးဘူးလို့ ဥရောပနဲ့ G7 နိုင်ငံတွေက ထုတ်ပြန်ပါတယ်။

    ယူကရိန်းအရှေ့ပိုင်းကမှာ ရုရှားကျောထောက်နောက်ခံပြု ခွဲထွက်ရေးသမားတွေနဲ့ ယူကရိန်းအစိုးရတပ်တွေအကြား တိုက်ခိုက်မှု ပိုဖြစ်လာပြီး အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က ရုရှားတပ်တွေဟာ နယ်စပ်ကို ပိုကပ်လာတယ်လို့ မနေ့က ပြောကြားခဲ့ပါတယ်။

    အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ပူတင်ဟာ လာမယ့်ရက်ပိုင်းအတွင်း ယူကရိန်းကို ကျူးကျော်သိမ်းပိုက်ဖို့ ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း မိမိယူဆတယ်လို့ သောကြာနေ့မှာ မှတ်ချက်ပေးခဲ့ပါတယ်။

    Ref: Reuters

  • Untitled post 89083

    ယူကရိန်းနယ်စပ်မှ ရုရှားတပ်များ ဆုတ်ခွာ၊ အမေရိကန်က သံသယရှိနေဆဲ

    ဖေဖော်၀ါရီ ၁၆၊ ၂၀၂၂
    M-Media

    – ယူကရိန်းနယ်စပ်မှာ ချထားတဲ့ တပ်တစ်ချို့ ဆုတ်ခွာသွားပြီလို့ ရုရှားက ထုတ်ပြန်ထားပေမယ် အမေရိကန်က ဒီပြောကြားချက်ကို သက်သေပြနိုင်မယ့် အထောက်အထားလိုအပ်နေသေးပြီး ရုရှားက ကျူးကျော်မယ့်အန္တရာယ် ရှိနေဆဲလို့ တုန့်ပြန်ထားပါတယ်။

    နယ်စပ်မှာ ရုရှားက စစ်လက်နက်အပြည့်အစုံနဲ့ တပ်သားတစ်သိန်းကျော်လောက် ချထားတာပါ။ ယူကရိန်းကို ၀င်သိမ်းတော့မယ်ဆိုတဲ့ ခန့်မှန်းပြောဆိုမှုတွေ မြင့်တက်နေချိန်မှာပဲ ရုရှားက ရှေ့တန်းက သူတို့တပ်ဖွဲ့၀င်တစ်ချို့ကို မိခင် တပ်ရင်းတွေဆီ ပြန်ခိုင်းလိုက်ကြောင်း မနေ့က ထုတ်ပြန်ခဲ့ပါတယ်။

    အစောဆုံး ဗုဒ္ဓဟူးနေ့မှာ ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားပါတယ်။ တပ်အချို့ ဆုတ်ခွာတယ်လို့ သတင်းထွက်လာပြီးနောက်ပိုင်း ယူကရိန်းသမ္မတက ဗုဒ္ဓဟူးနေ့ကို ‘နိုင်ငံတော်ညီညွတ်ရေး’ နေ့အဖြစ် ကြေငြာခဲ့ပြီး ယူကရိန်းနိုင်ငံသားတွေကလည်း အလံတွေ့၀ှေ့ယမ်းကာ လမ်းမတွေပါ်မှာ လှည့်လည်ခဲ့ကြပါတယ်။

    ရုရှားက တပ်တွေဆုတ်တယ်ဆိုသတင်းကို မိမိတို့ အတည်မပြုနိုင်သေးဘူးလို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ပြောကြားခဲ့ပြီး အချက်အလက်တွေအရ ရုရှားရဲ့ခြိမ်းခြောက်မှု ဆက်ရှိနေသေးတယ်လို့ ဆိုပါတယ်။

    နေတိုးအဖွဲ့ကလည်း ရုရှားတဲ့တပ်တွေ လှုပ်ရှားမှုဟာ ဆုတ်ခွာတယ်လို မယူဆနိုင်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ယူကရိန်း ကာကွယ်ရေး၀န်ကြီးဌာန ၀ဘ်ဆိုက်နဲ့ ဘဏ်နှစ်ခု တို့ ဆိုက်ဘာ တိုက်ခိုက်ခံခဲ့ရပြီး ယူကရိန်းက ဒါဟာ ရုရှားလက်ချက်ဖြစ်တယ်လို့ စွပ်စွဲကာ ရုရှားဖက်ကတော့ ငြင်းထားပါတယ်။
    Ref : Aljazeera

    နိုင်ငံသားတွေကလည်း အလံတွေ့၀ှေ့ယမ်းကာ လမ်းမတွေပါ်မှာ လှည့်လည်ခဲ့ကြပါတယ်။
    ရုရှားက တပ်တွေဆုတ်တယ်ဆိုသတင်းကို မိမိတို့ အတည်မပြုနိုင်သေးဘူးလို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ပြောကြားခဲ့ပြီး အချက်အလက်တွေအရ ရုရှားရဲ့ခြိမ်းခြောက်မှု ဆက်ရှိနေသေးတယ်လို့ ဆိုပါတယ်။

    နေတိုးအဖွဲ့ကလည်း ရုရှားတဲ့တပ်တွေ လှုပ်ရှားမှုဟာ ဆုတ်ခွာတယ်လို မယူဆနိုင်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ယူကရိန်း ကာကွယ်ရေး၀န်ကြီးဌာန ၀ဘ်ဆိုက်နဲ့ ဘဏ်နှစ်ခု တို့ ဆိုက်ဘာ တိုက်ခိုက်ခံခဲ့ရပြီး ယူကရိန်းက ဒါဟာ ရုရှားလက်ချက်ဖြစ်တယ်လို့ စွပ်စွဲကာ ရုရှားဖက်ကတော့ ငြင်းထားပါတယ်။

    Ref : Aljazeera