News @ M-Media

Tag: Ukarine

  • လူနည်းစုကို ကာကွယ်မပေးသည့် ယူကရိန်းအစိုးရကို ဥရောပလူ့အခွင့်အရေးတရားရုံးက အရေးယူ

    လူနည်းစုကို ကာကွယ်မပေးသည့် ယူကရိန်းအစိုးရကို ဥရောပလူ့အခွင့်အရေးတရားရုံးက အရေးယူ

    နိုဝင်ဘာ ၈၊ ၂၀၁၈
    M-Media

    – ၂၀၀၂ ခုနှစ်က အိုဒက်ဆာပြည်နယ်မှာ ရိုးမားလူမျိုးတွေကို အမုန်းအခြေပြု တိုက်ခိုက်မှုမှာ လုံခြုံရေးတပ်ဖွဲ့တွေက ကာကွယ်မပေးခဲ့တဲ့အတွက် ယူကရိန်းအစိုးရက နစ်နာကြေးပေးဖို့ ဥရောပလူ့အခွင့်အရေးခုံရုံး (ECHR) က မနေ့မှာ ဆုံးဖြတ်ခဲ့ပါတယ်။

    စက်တင်ဘာ ၉ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အဲဒီအဖြစ်အပျက်မှာ ပီထရစ်ဗ်ကာရွာက ရိုမားလူမျိုးတွေရဲ့ အိမ်တွေကို ရာနဲ့ချီတဲ့ လူအုပ်က အကြမ်းဖက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

    ဒီကိစ္စကို ၂၀၀၈ ခုနှစ်ကတည်းက ကိုင်တွယ်နေတဲ့ ဥရောကရိုးမားလူမျိုးများအခွင့်အရေးစင်တာ ERRC က တိုက်ခိုက်သူတွေဟာ ရိုးမားလူမျိုးတွေကို ဒေသကနေ မောင်းထုတ်ဖို့အတွက် ဆောင်ရွက်ခဲ့တာဖြစ်ပြီး ယူကရိန်းရဲတပ်ဖွဲ့ကလည်း ဒီအဖြစ်အပျက်ကို ရပ်ကြည့်နေခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    ECHR က ၂၀၁၀ ခုနှစ်ကနေစတင်ကာ ဒီကိစ္စကို ကိုင်တွယ်ခဲ့ပြီး တိုက်ခိုက်မှုအတွင်း ပျက်ဆီးမှုတန်ဖိုး ကန်ဒေါ်လာ ၂ သိန်းကျော်ကို ယူကရိန်းအစိုးရက ပြန်လျော်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

    ယူကရိန်းရဲ့ ၄၈.၅ သန်းသော လူဦးရေမှာ ရိုးမားလူမျိုးအရေအတွက်ဟာ ၂ သိန်း ၆ သောင်းခန့် ရှိနေပြီး ဟန်ဂေရီစကားပြောတဲ့ သူတို့တွေဟာ ယူကရိန်းနိုင်ငံ အနောက်ပိုင်းမှာ အများစု နေထိုင်ကြပါတယ်။

    ယူကရိန်းမှာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ရိုးမားလူမျိုးတွေအပေါ် တိုက်ခိုက်သတ်ဖြတ်မှုတွေ မြင့်တက်လာခဲ့ပါတယ်။

    Ref: Aljazeera

  • တနင်္လာနေ့မနက် နိုင်ငံတကာ သတင်းများ

    တနင်္လာနေ့မနက် နိုင်ငံတကာ သတင်းများ

    နိုဝင်ဘာ ၅၊ ၂၀၁၈
    M-Media

    အီရန်ပြည်သူများ၏ ဆန္ဒပြမှု

    အီရန်အပေါ် အမေရိကန်က ပိတ်ဆို့မှုအားလုံး ပြန်လည်ပြုလုပ်
    ===============
    ၂၀၁၅ ခုနှစ် နျူသဘောတူညီချက်နောက်ပိုင်း အီရန်အပေါ် အမေရိကန်က ဖယ်ရှားပေးခဲ့တဲ့ ပိတ်ဆို့မှုတွေအားလုံးကို ဒီကနေ့မှာ ပြန်လည်ပြုလုပ်တော့မှာဖြစ်ပါတယ်။ အမေရိကန်အပါအ၀င် အင်အားကြီး ၆ နိုင်ငံနဲ့ လက်မှတ်ထိုးထားတဲ့ အဲဒီ နျူသဘောတူညီချက်ကို အီရန်က လိုက်နာနေတယ်လို့ နိုင်ငံတကာ နျူစွမ်းအင်အဖွဲ့ IAEA က ပြောကြားထားပေမယ့် အမေရိကန်က မေလမှာ သဘောတူညီချက်နေ နှုတ်ထွက်ခဲ့ပါတယ်။ ပြင်းထန်တဲ့ ပိတ်ဆို့မှုတွေ ပြန်လည်ဆောင်ရွက်မှုအပေါ် မကျေနပ်တဲ့အတွက် အီရန်ပြည်သူတွေက မနေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။

    အမေရိကန်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးနှင့် မြောက်ကိုရီးယား နံပါတ် ၂ ခေါင်းဆောင်တို့ တွေ့ဆုံမည်
    =====================
    အခုသီတင်းပတ်အတွင်း မြောက်ကိုရီးယား နံပါတ် ၂ ခေါင်းဆောင် ကင်ယုံချိုနဲ့ နယူးယောက်မှာ တွေ့ဆုံကာ နျူကင်းစင်ရေးနဲ့ ဒုတိယအကြိမ်မြောက် ထိပ်သီးအစည်းအဝေး ကျင်းပရေးတို့ကို ဆွေးနွေးသွားမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက် ပွမ်ပီယိုက မနေ့မှာ ပြောကြားလိုက်ပါတယ်။ ဇွန်လက ထရမ့်နဲ့ ကင်ဂျုံအွန်တို့ တွေ့ဆုံမှုနောက်ပိုင်း ၅ လနီးပါး ကြာမြင့်လာခဲ့ပေမယ့် သိသာတဲ့ တိုးတက်မှုတွေ မရှိသေးပါဘူး။ မြောက်ကိုရီးယားကတော့ အမေရိကန်အနေနဲ့ သူတို့အပေါ်ပြုလုပ်ထားတဲ့ ပိတ်ဆို့မှုတွေကို ဖယ်ရှားမပေးဘူးဆိုရင် နျူပေါ်လစီကို ပြန်သွားမယ်လို့ သတိပေးထားပါတယ်။ ပွပ်ပီယိုက သူ့အနေနဲ့ ဒီကိစ္စကို မစိုးရိမ်ဘဲ ဆွေးနွေးမှုအပေါ် အာရုံစိုက်ထားတယ်လို့ ဆိုပါတယ်။

    အက်စစ်ဖြင့်တိုက်ခိုက်ခံရသည့် ယူကရိန်း တက်ကြွလှုပ်ရှားသူ သေဆုံး 
    ========================
    ယူကရိန်းက ထင်ရှားတဲ့ ခြစားမှုတိုက်ဖျက်ရေး တက်ကြွလှုပ်ရှားသူ ကက်တရီနာ ဟန်ဒယုက်ဟာ လွန်ခဲ့တဲ့ ၃ လက အက်စစ်နဲ့  တိုက်ခိုက်ခံရမှုအတွင်း ရရှိတဲ့ဒဏ်ရာကြောင့် မနေ့က ကွယ်လွန်သွားခဲ့ပါတယ်။ ဇူလိုင်လ ၃၁ ရက်နေ့ တိုက်ခိုက်မှုအတွင်း ခန္ဓာကိုယ်ရဲ့ ၄၀ ရာခိုင်နှုန်း ပျက်ဆီးသွားပြီး မျက်လုံးတွေလည်း ဆိုးဆိုးရွားရွား ထိခိုက်ခဲ့ပါတယ်။ သူမကိစ္စအတွက် လူ ၅ ဦးကို ဖမ်းဆီးထားပြီး ယူကရိန်းသမ္မတ ပီထရို ပိုရိုရှန်ကိုက ကျူးလွန်သူတွေကို အပြစ်ပေးဖို့ မနေ့မှာ ဆော်သြခဲ့ပါတယ်။ ကက်တရီနာဟာ ရုရှားကျောထောက်နောက်ခံပြုတဲ့ ခွဲထွက်ရေးအုပ်စုကို ဆန့်ကျင်သူလည်း ဖြစ်ပါတယ်။

    လုံခြုံရေးထုတ်ကုန်ပြပွဲတစ်ခု ဆော်ဒီတွင် ပြုလုပ်
    =================
    Saudi National Security and Risk Prevention Expo လို့ အမည်ပေးထားတဲ့ လုံခြုံရေးဆိုင်ရာ ထုတ်ကုန်ပြပွဲတစ်ခုကို ဆော်ဒီအာရေဗျနိုင်ငံ ရီယာ့ဒ်မြို့မှာ မနေ့က စတင်ကျင်းပခဲ့ပါတယ်။ ၃ ရက်တာကြာမြင့်မယ့် အဲဒီပြပွဲမှာ နိုင်ငံ ၂၂ နိုင်ငံက ကုမ္ပဏီပေါင်း ၁၃၀ ကျော်ဟာ သူတို့ရဲ့ နောက်ဆုံးပေါ် လုံခြုံရေးဆိုင်ရာ ပစ္စည်းတွေကို ပြသကြမှာ ဖြစ်ပါတယ်။ ပြပွဲဟာ နိုင်ငံရဲ့ လုံခြုံရေးဆိုင်ရာနဲ့ ဒစ်ဂျစ်တယ်နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရမယ်ဆိုတဲ့ ဆော်ဒီရဲ့ ၂၀၃၀ ရည်မှန်းချက် တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။

    Ref: Aljazeera, CNA, Arab News, BBC

  • သေစာရင်းအတုလုပ်ကာ ပြင်သစ်တွင် ဇိမ်ကျနေသည့် ယူကရိန်းနာမည်ကြီးဝရမ်းပြေးကို ဖမ်းမိ

    သေစာရင်းအတုလုပ်ကာ ပြင်သစ်တွင် ဇိမ်ကျနေသည့် ယူကရိန်းနာမည်ကြီးဝရမ်းပြေးကို ဖမ်းမိ

    အောက်တိုဘာ ၁၇၊ ၂၀၁၈
    M-Media

    – ခြစားမှု စွဲချက်တွေကို ရှောင်လွှဲဖို့အတွက် သေစာရင်းအတုလုပ်ပြီး ကိုယ်ယောက်ဖျောက်နေတဲ့ ယူကရိန်းဝရမ်းပြေးတစ်ဦးကို ဥရောပရဲတပ်ဖွဲ့ Europol က ပြင်သစ်မှာ ဖမ်းဆီးလိုက်ပါတယ်။

    Europol ကနေ အင်္ဂါနေ့ကထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖမ်းဆီးခံရသူဟာ ယူကရိန်းနိုင်ငံက နာမည်ကျော် ၀ရမ်းပြေးဖြစ်ပြီး ပြင်သစ်နိုင်ငံ ဒီဂျွန်မြို့အနီးက ရဲတိုက်မှာ ဇိမ်ခံပစ္စည်းတွေရဲ့ ဘုရင်တစ်ဦးလို နေထိုင်တယ်လို့ ဖော်ပြထားပါတယ်။

    ဖမ်းဆီးမှုအတွင်း တန်ဖိုးကြီး Rolls Royce ကားတစ်စီးအပြင် ဆာလ်ဘာဒေါ် ဒါလီရဲ့ နာမည်ကျော် ပန်ချီးကား ၃ ခုကို သိမ်းဆည်းခဲ့ကာ စုစုပေါင်း ကန်ဒေါ်လာ ၄.၆ သန်း တန်ဖိုးရှိတယ်လို့ ဆိုပါတယ်။

    သူကို ခြစားမှုစွဲချက်တွေနဲ့ အလိုရှိပေမယ့် သေစာရင်းအတုလုပ်ကာ ကိုယ်ယောင်ဖျောက်ပြီး ပြင်သစ်ကို ထွက်ပြေးသွားတာ ဖြစ်ပါတယ်။

    ရဲတိုက်ဝယ်ဖို့အတွက် သံယဖြစ်ဖွယ် ငွေလွှဲမှုတစ်ခုကို ဥရောပရဲတပ်ဖွဲ့က သတိထားမိရာကနေ သူ့ကို ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။

    Ref: RT

  • ဝေဖန်ရေးဂျာနယ်လစ်တစ်ဦးကို ရုရှားကသတ်ဖြတ်ရန်ကြိုးစားမှု ယူကရိန်း အကွက်ဆင်ဖော်ထုတ်

    ဝေဖန်ရေးဂျာနယ်လစ်တစ်ဦးကို ရုရှားကသတ်ဖြတ်ရန်ကြိုးစားမှု ယူကရိန်း အကွက်ဆင်ဖော်ထုတ်

    မေ ၃၁၊ ၂၀၁၈
    M-Media

    သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာသည့် အာကာဒီ ဘာ့ဘ်ချန်ကို (လယ်)

    – သမ္မတပူတင်ကို ဝေဖန်တဲ့ ရုရှားဂျာနယ်လစ် အသတ်ခံရတယ်ဆိုတဲ့ကိစ္စဟာ သူ့ကိုသတ်ဖို့ ကြိုးစားသူကို အကွက်ဆင်ဖမ်းဆီးမှုတစ်ခုဖြစ်တယ်လို့ ယူကရိန်းအာဏာပိုင်တွေက မနေ့မှာ ထုတ်ပြန်ပြောကြားလိုက်ပါတယ်။

    ဂျာနယ်လစ် အာကာဒီ ဘာ့ဘ်ချန်ကိုတစ်ယောက် မြို့တော်ကိဗ်က နေအိမ်မှာ သေနတ်နဲ့ အချက်ပေါင်းများစွာ ပစ်ခံခဲ့ရပြီး ဆေးရုံကိုပို့ဆောင်စဉ် ကွယ်လွန်ခဲ့တယ်လို့ ယူကရိန်းက အင်္ဂါနေ့မှာ သတင်းထုတ်ခဲ့ပါတယ်။

    ဒါပေမယ့် မနေ့က ယူကရိန်းလုံခြုံရေးအဖွဲ့ရဲ့ သတင်းရှင်းစာလင်းပွဲအတွင်း ဘာ့ဘ်ချန်ကိုတစ်ယောက် အသက်ရှင်လျက် တက်ရောက်ခဲ့ပါတယ်။

    ယူကရိန်းလုံခြုံရေးအကြီးအကဲ ဗာဆီလီ ဟာ့တ်ဆက်က ဘာ့ဘ်ချန်ကိုကို သတ်ဖြတ်မယ့် အစီအစဉ်ကို ကြိုသိနေတဲ့အတွက် လုပ်ကြံမှု အထမြောက်တဲ့ပုံစံမျိုး အထူးစစ်ဆင်ရေးတစ်ခု ဖန်တီးကာ လူသတ်သမားကို အကွက်ဆင်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ရုရှားလုံခြုံရေးအဖွဲ့တွေဟာ ဘာ့ဘ်ချန်ကိုကိုသတ်ဖြတ်ဖို့အတွက် ယူကရိန်းနိုင်ငံသားတစ်ဦးကို ကန်ဒေါ်လာ ၄ သောင်းပေးကာ ခိုင်းစေခဲ့ကြောင်း၊ ကျူးလွန်သူကို ဖမ်းဆီးထားပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေကြောင် သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ဘာ့ဘ်ချန်ကိုက စစ်ဆင်ရေးအသေးစိတ်ကို ထုတ်ပြောမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပြီး သူ့ကိုသတ်မယ့် အစီအစဉ်ကို ယူကရိန်းရဲတပ်ဖွဲ့က လွန်ခဲ့တဲ့ ၂ လလောက်ကတည်းက ကြိုတင်သိရှိခဲ့ကြောင်း၊ ပြီးခဲ့တဲ့တစ်လအရင် စစ်ဆင်ရေးကိစ္စအတွက် သူ့ကို ဆက်သွယ်ခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

    ဒီအကွက်ဆင်ဖမ်းဆီးမှုကို ဇနီးဖြစ်သူတောင်မှ သိရှိခြင်းမရှိဘဲ သူ့ကြောင့် စိတ်ထိခိုက်ရသူတွေကို ဘာ့ဘ်ချန်ကိုက တောင်းပန်ခဲ့ပါတယ်။

    ဘာ့ဘ်ချန်ကိုကို သတ်ဖြတ်မှုမှာ ရုရှားပါဝင်တဲ့ဆိုတဲ့သတင်းတွေကို ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာဗရော့ဗ်က ငြင်းဆိုခဲ့ပြီး ဒါဟာ ရုရှားဆန့်ကျင်ရေး ၀ါဒဖြန့်မှုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • ယူကရိန်းမှ အချမ်းသာဆုံးပုဂ္ဂိုလ် ထူးခြားသည့် ခရစ္စမတ်အလှူ ပြုလုပ်

    ယူကရိန်းမှ အချမ်းသာဆုံးပုဂ္ဂိုလ် ထူးခြားသည့် ခရစ္စမတ်အလှူ ပြုလုပ်

    ဒီဇင်ဘာ ၁၉၊ ၂၀၁၆
    M-Media

    ukarine
    ယူကရိန်းမှ အချမ်းသာဆုံးပုဂ္ဂိုလ် ရီနတ် အက်ခ်မီတော့ဗ်

    – ယူကရိန်းဘောလုံးကလပ် ရှက်တာဒိုးနက်အသင်း၏ ပိုင်ရှင်ဖြစ်ပြီး၊ နိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်လည်းဖြစ်သူ ရီနတ် အက်ခ်မီတော့ဗ်က ခရစ္စမတ်ပွဲတော်အကြိုအဖြစ် ကလေးငယ်ပေါင်း ၁၄၀,၀၀၀ အတွက် လက်ဆောင်များ လှူဒါန်းမည်ဟု သိရသည်။

    အက်ခ်မီတော့ဗ်မှာ တေးရေးဆရာ အီဂေါရ် ကရူတွိုင်နှင့်အတူ စာသင်ကျောင်းများနှင့် ကလေးငယ် စောင့်ရှောက်ရေးစင်တာများသို့သွားရောက်ကာ အရုပ်များ၊ လွယ်အိတ်များ ပေးအပ်မည်ဖြစ်ပြီး၊ မသန်စွမ်းကလေးငယ်များကိုလည်း အခြားလက်ဆောင်ပစ္စည်းများ ဝေငှရန် ရှိနေသည်။

    “ကျွန်တော်တို့ရဲ့ မိဘတွေကို ကျွန်တော်တို့ မစောင့်ရှောက်ရင် ကျွန်တို့ဟာ ဘယ်လို သားသမီးမျိုးတွေဖြစ်မလဲ။ ဒီလိုပဲ ကျွန်တော်တို့ကလေးတွေကို မစောင့်ရှောက်ရင်လည်း ကျွန်တော်တို့ဟာ ဘယ်လို မိဘတွေဖြစ်မလဲ။ ဒါ့ကြောင့် ကျွန်တော်တို့ဟာ သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေကို လှူဒါန်းတာပါ” ဟု အက်ခ်မီတော့ဗ်က ပြောကြားခဲ့သည်။

    အဆိုပါ လှူဒါန်းမှုကို ရီနတ် အက်ခ်မီတော့ဗ်ဖောင်ဒေးရှင်းက ဦးစီးပြုလုပ်ခြင်းဖြစ်ပြီး ယူကရိန်းနိုင်ငံတစ်ဝှမ်းမှ ကလေးငယ်ပေါင်း ၁၃၀,၀၀၀ ကျော်နှင့် မသန်စွမ်းကလေးငယ် ၆၀၀၀ နီးပါးမှာ ထိုလှူဒါန်းမှုမှ အကျိုးခံစားရမည်ဖြစ်သည်။

    အက်ခ်မီတော့ဗ်မှာ ကူညီကယ်ဆယ်ရေးအဖွဲ့များကိုလည်း ဒေါ်လာသန်းပေါင်းများစွာ လှူဒါန်းထားသူလည်းဖြစ်ပြီး၊ ကင်ဆာ သုတေသနစင်တာတစ်ခု ဆောက်လုပ်ရေးအတွက်လည်း ကန်ဒေါ်လာ ၁၉ သန်း မတည်ပေးထားသည်။

    Ref : Goal