News @ M-Media

Tag: Ukarine

  • ယူကရိန်းနှင့်တင်းမာမှုကြောင့် ခရိုင်းမီးယားတွင် ရုရှားက လေကြောင်းရန် ကာကွယ်ရေးစနစ်ချထား

    ယူကရိန်းနှင့်တင်းမာမှုကြောင့် ခရိုင်းမီးယားတွင် ရုရှားက လေကြောင်းရန် ကာကွယ်ရေးစနစ်ချထား

    သြဂုတ် ၁၄၊ ၂၀၁၆
    M-Media

    russia

    – ယူကရိန်းနှင့် တင်းမာမှုများ မြင့်တက်လာပြီးနောက် ရုရှားက ခရိုင်မီးယားကျွန်းဆွယ်တွင် လေကြောင်းရန် ကာကွယ်ရေးနစ် S-400 ကို ချထားလိုက်သည်ဟု ရုရှားနိုင်ငံပိုင်သတင်းဌာန TASS က ဖော်ပြခဲ့သည်။

    ရုရှား၏ တောင်ပိုင်းစစ်ဌာနချုပ်မှ ထုတ်ပြန်သော ကြေငြာချက်ကို ကိုးကား၍ ထိုကဲ့သို့ ဖော်ပြခဲ့ခြင်းဖြစ်ပြီး ခရိုင်မီးယားရှိ ရုရှားတပ်ဖွဲ့များမှာ အဆင့်မြင့် S-400 ခေတ်မီလေကြောင်းရန်ကာကွယ်ရေးစနစ်ကို လက်ခံရရှိထားပြီးဖြစ်သည်ဟု ဆိုသည်။

    အမြင့်ပေ ၃၀ ကီလိုမီတာနှင့် အကွာအဝေး ၄၀၀ ကီလိုမီတာရှိ ပစ်မှတ်များအား ထိမှန်အောင် ပစ်ခတ်နိုင်သော အဆိုပါ မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်စနစ်မှာ ရုရှားရှိ အဆင့်မြင့်ဆုံး လက်နက်များထဲမှ တစ်ခုလည်းဖြစ်သည်။ ထို့ပြင် လာမည့်လတွင် ပြုလုပ်ရန် စီစဉ်ထားသည့် Caucasus-2016 စစ်ရေးလေ့ကျင့်မှုများတွင်လည်း ထိုစနစ်အား ထုတ်ဖော်ပြသသွားရန် ရှိနေသည်။

    ယခုသီတင်းပတ်အစောပိုင်းတွင် ရုရှားက ယူကရိန်းစစ်သည်များမှာ ခရိုင်းမီးယားကျွန်းဆွယ်ထဲသို့ ၀င်ရောက်လာခဲ့ပြီး ကျွန်းဆွယ်အတွင်းရှိ အဓိကအဆောက်အဦးများကို ဖောက်ခွဲရန်လည်း အစီအစဉ်ရှိနေသည်ဟု ပြောကြားပြီးနောက် ၎င်းတို့ နှစ်နိုင်ငံအကြား တင်းမာမှုများ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

    ယူကရိန်းကမူ ထိုစွပ်စွဲချက်များကို ငြင်းပယ်ထားပြီး သမ္မတပိုရိုရှန်ကိုကလည်း စစ်တပ်ကို တပ်လှန့်ထားသည်။

    Ref : Aljazeera

  • အကြွေးပြန်မရပါက ယူကရိန်းပိုင်ဆိုင်မှုများကို ရပ်တန့်ပစ်မည်ဟု ရုရှားပြော

    အကြွေးပြန်မရပါက ယူကရိန်းပိုင်ဆိုင်မှုများကို ရပ်တန့်ပစ်မည်ဟု ရုရှားပြော

    ဇူလိုင် ၃၀၊ ၂၀၁၆
    M-Media

    russia

    – ယူကရိန်းအနေနဲ့ ရုရှားကို ဒေါ်လာ ၃ ဘီလီယံ အကြွေးပြန်ပေးဖို့ ငြင်းဆန်မယ်ဆိုရင် ပြည်ပမှာရှိနေတဲ့ ယူကရိန်း ပိုင်ဆိုင်မှုတွေ လည်ပတ်နေတာကို ရပ်တန့်ဖို့အတွက် တရားစွဲဖို့ ရှိနေတယ်လို့ ရုရှားသမ္မတရုံးနဲ့ နီးကပ်တဲ့ရင်းမြစ်တစ်ခုကို ကိုးကားပြီး Izvestia daily သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

    ဒီသီတင်းပတ်အစောပိုင်းက ယူကရိန်းဘဏ္ဍာရေးဝန်ကြီး Oleksandr Danilyuk က ယူကရိန်းအနေနဲ့ ရုရှားကို ဒေါ်လာ ၃ ဘီလီယံအကြွေး ပြန်ပေးဖို့မရှိကြောင်းနဲ့ အဲဒီအကြွေးဟာ နိုင်ငံရေးကြွေးမြီသာဖြစ်တယ်လို့ ဆိုပါတယ်။ ရုရှားကတော့ ဒါဟာ သူတို့ရဲ့ အချုပ်အခြာဖြစ်တယ်လို့ တုန့်ပြန်ပြောကြားခဲ့ပါတယ်။

    နိုင်ငံတကာဥပဒေအရ ပိုင်ဆိုင်မှုတွေရဲ့ လည်ပတ်မှုကို ရပ်တန့်တာဟာ ငွေကြေးစီးဆင်းမှုကို ရပ်တန့်စေမှာဖြစ်ပြီး အဲဒီအတွက် စီးပွားရေးအရ ဖိအားတွေ ရှိလာမှာဖြစ်ပါတယ်။ ဒီနှစ်အစောပိုင်းကလည်း ဒီဇင်ဘာလအတွင်းက ပြန်ပေးရမယ့် ကြွေးမြီတွေ မပေးမှုအတွက် ယူကရိန်းကို လန်ဒန်တရားရုံးချုပ်မှာ တရားစွဲဆိုခဲ့ပါတယ်။

    အခုအကြွေး ၃ ဘီလီယံအတွက် ယူကရိန်းအနေနဲ့ နောက်ထပ် သုံးနှစ်အတွင်း တစ်နှစ်လျှင် တစ်ဘီလီယံနှုန်းနဲ့ အရစ်ကျပေးသွင်းနိုင်တဲ့ ကြွေးမြီသက်သာရေး အစီအစဉ်တစ်ခုကို ရုရှားက အကြံပြုခဲ့ပြီး ယူကရိန်းကပေးဖို့ရှိတဲ့ အကြွေးတွေအတွက် အမေရိကန်၊ ဥရောပသမဂ္ဂ ဒါမှမဟုတ် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ကနေ အာမခံချက်လိုချင်တယ်လို့ လည်း ပြောထားပါတယ်။

    Ref : RT

  • ယူကရိန်းတွင် နာဇီပုံစံ ချီတက်မှုပြုလုပ်

    ယူကရိန်းတွင် နာဇီပုံစံ ချီတက်မှုပြုလုပ်

    ဖေဖော်ဝါရီ ၁၆၊ ၂၀၁၆
    M-Media

    ukraine

    – ယူကရိန်းရဲတပ်ဖွဲ့လက်အောက်ခံ Azov အဖွဲ့ရဲ့ လက်မရွံ့တပ်သားတွေဟာ ကျဆုံးသွားတဲ့ စစ်သားသုံးယောက်ရဲ့ သေဆုံးမှု နှစ်ပတ်လည်အမှတ်တရအဖြစ် အိုဒက်ဆာမြို့တောင်ပိုင်းမှာ နာဇီပုံစံ မီးတုတ်ကိုင်ဆောင်ကာ ချီတက်လမ်းလျှောက်မှုတစ်ခု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

    မနေ့ကပြုလုပ်ခဲ့တဲ့ အဲဒီ ချီတက်လမ်းလျှောက်မှုကို Azov တိုက်ခိုက်ရေးသမားတွေနဲ့ အသတ်ခံရတဲ့ စစ်သားသုံးယောက်ရဲ့ ဆွေမျိုးတွေ အပါအ၀င် လူ ၂၀၀ ကျော်လောက် ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။ အဲဒီ စစ်သားသုံးယောက်ဟာ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်နေ့က ရှီရိုကီနိုရွာကို ထိန်းချုပ်ဖို့ကြိုးစားရာမှာ သူပုန်တွေနဲ့ တိုက်ခိုက်မှုဖြစ်ပွားရင်း သေဆုံးသွားခဲ့ကြတာ ဖြစ်ပါတယ်။

    ထိုချီတက်မှုအတွင်း သေဆုံးသူသုံးယောက်ရဲ့ ဓာတ်ပုံတွေ၊ မီးတုတ်တွေ၊ Azov အလံတွေကို ကိုင်ဆောင်ခဲ့ကြသလို “ကြီးကျယ်မြင့်မြတ်သောဘိုးဘေးများရဲ့ လေးစားထိုက်သောမျိုးဆက်များ” လို့ ရေးသားထားတဲ့ စာတမ်းကိုလည်း ကိုင်ဆောင်ခဲ့ကြပါတယ်။

    လူအုပ်စုကြီးဟာ ကြွေးကျော်သံများကိုလည်း ကြွေးကျော်ခဲ့ကြပြီး “မိုစကယ်(ရုရှား)များကို သတ်” “တစ်ခုတည်းသောဘာသာစကား၊ တစ်ခုတည်းသောအမျိုးသား၊ တစ်ခုတည်းသောနိုင်ငံတော်” “ရဲသူမသေ၊ ရန်သူသေ” စတဲ့ အမျိုးသားရေးကြွေးကြော်သံများကိုလည်း အော်ဟစ်သွားကြပါတယ်။

    Azov တပ်ဖွဲ့ဆိုတာ ယူကရိန်းအစိုးရက နောက်ပိုင်း အသစ်ဖွဲ့စည်းလိုက်တဲ့ အမျိုးသားအစောင့်တပ်ဖြစ်ပြီး ကြီးကျယ်တဲ့ လက်နက်ကိုင်စစ်တပ် တစ်ခုလည်း ဖြစ်ပါတယ်။ အဲ့ဒီထဲက အရာရှိတွေနဲ့ စစ်သားတွေဟာ နာဇီလက်သစ်နဲ့ အဖြူရောင်လူမျိုးကြီးဝါဒကို ထောက်ခံကြသူများ ဖြစ်ကြပါတယ်။

    Ref: RT

  • ယူကရိန်းပဋိပက္ခအတွင်း လူ ၉၀၀၀ ကျော်သေဆုံးဟု ကုလပြော

    ယူကရိန်းပဋိပက္ခအတွင်း လူ ၉၀၀၀ ကျော်သေဆုံးဟု ကုလပြော

    ဒီဇင်ဘာ ၁၀၊ ၂၀၁၅
    M-Media

    ukarine

    – ၂၀၁၄ ဧပြီလမှ စတင်ဖြစ်ပေါ်ခဲ့သော အရှေ့ယူကရိန်းအရှေ့ပိုင်း ပဋိပက္ခအတွင်း လူ ၉၀၀၀ ကျော်အထိ သေဆုံးမှုများရှိခဲ့သည်ဟု ကုလသမဂ္ဂက ပြောကြားလိုက်သည်။

    ပြည်သူများနှင့် စစ်သားများအပါအ၀င် စုစုပေါင်း ၉၀၉၈ ယောက် သေဆုံးခဲ့ပြီး၊ ဒဏ်ရာရရှိသူများ ၂၀၇၃၂ ယောက် ရှိသည်ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

    သေဆုံးမှုများအနက် ၅၂ ရာခိုင်နှုန်းခန့်မှာ မြေမြှုပ်မိုင်းများနှင့် အခြား ပေါက်ကွဲစေတတ်သောပစ္စည်းများကြောင့် ဖြစ်ပြီး ပဋိပက္ခတွင်ပါဝင်သော နှစ်ဘက်စလုံးက မိုင်းရှင်းလင်းရေးနှင့် မိုင်းသတိပေးဆောင်ရွက်မှုများ အရေးတကြီးပြုလုပ်ရန် လိုအပ်သည်ဟု ကုလက အလေးပေး ဖော်ပြထားသည်။

    သို့သော်လည်း ယူကရိန်းစစ်တပ်နှင့် ရုရှားလိုလားသူ တပ်ဖွဲ့များကြား တိုက်ခိုက်မှုများဖြစ်ပွားရာ နိုင်ငံအရှေ့ပိုင်းတွင် ရန်လိုမှုများမှာ သိသိသာသာ လျော့ကျခဲ့သည်ဟု ကုလက ဆိုသည်။

    ကုလလူ့အခွင့်အရေးအကြီးအကဲဖြစ်သူ အလ်ဟူစိန်ကမူ ယူကရိန်းပြည်သူအများအပြားမှာ လူသားချင်း စာနာထောက်ထားမှုနှင့် လူ့အခွင့်အရေးဆိုင်ရာ ဆိုးရွားသော အခြေအနေများတွင် ရုန်းကန်နေထိုင်နေရသည်ဟု ကြေငြာချက်တွင် သတိပေးပြောဆိုထားသည်။

    ”အသက်အရွယ်ကြီးရင့်သူတွေမှာတော့ အသက်ဆက်နိုင်ဖို့ လမ်းမမြင်ပါဘူး၊ မသန်စွမ်းသူတွေလည်း အသက်ရှင်ဖို့ အခွင့်အရေးနည်းပြီး ကျန်းမာရေးအထောက်အပံ့မရှိတဲ့အတွက် ကြောင့်ကြမှု၊ မလုံခြုံမှုတွေကို ခံစားနေရပြီး အသက်ကိုတောင် ခြိမ်းခြောက်ခံနေရပါတယ်” ဟု အလ်ဟူစိန်က သတိပေး ပြောကြားခဲ့သည်။

    ဒွန်တက်စ်နှင့် လွန်ဂ်နက်စ်ဒေသများမှာ ယူကရိန်းအရှေ့ပိုင်းတွင် ရုရှားဘာသာစကား အဓိကပြောကြားသော ဒေသများဖြစ်ပြီး ရုရှားလိုလားသူများ၏ ဆန္ဒပြပွဲများကို နှိမ်နှင်းရာမှ ယူကရိန်းစစ်တပ်နှင့် ရုရှားထောက်ခံသူ တပ်ဖွဲ့များအကြား တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

    ဘီလာရုစ်နိုင်ငံ မင့်စ်က် မြို့တွင် ဖေဖော်ဝါရီက ပြုလုပ်ခဲ့ပြီး ရုရှား၊ ပြင်သစ်၊ ဂျာမနီမှ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြသော ထိပ်သီးအစည်းအဝေးတွင် Minsk II အပစ်ရပ်ရေး သဘောတူညီချက်ကို ရရှိခဲ့သော်လည်း နောက်ပိုင်းတွင် တိုက်ခိုက်မှုများမှာ ဆက်လက်ဖြစ်ပွားခဲ့သည်။

    Ref: PressTV

  • ယူကရိန်းပဋိပက္ခအတွက် ကန်၏မူဝါဒများမှာ တတိယကမ္ဘာစစ်ဖြစ်စေနိုင်ဟု လေ့လာသူ ပြော

    ယူကရိန်းပဋိပက္ခအတွက် ကန်၏မူဝါဒများမှာ တတိယကမ္ဘာစစ်ဖြစ်စေနိုင်ဟု လေ့လာသူ ပြော

    နိုဝင်ဘာ ၂၄၊ ၂၀၁၅
    M-Media
    us
    – ယူကရိန်းနိုင်ငံ အရှေ့ပိုင်းတွင် ဖြစ်ပွားနေသည့် ပဋိ့က္ခများနှင့် စပ်လျဉ်း၍ အမေရိကန်၏ ပေါ်လစီများက တတိယ ကမ္ဘာစစ်အား ဦးတည်သွားစေနိုင်သည်ဟု အမေရိကန်နိုင်ငံရေး လေ့လာဆန်းစစ်သူတစ်ဦးက ပြောကြားလိုက်သည်။
    “ယူကရိန်းတပ်ဖွဲ့များ၏ ရုရှားအပေါ် တိုက်ခိုက်မှုများကို လေ့ကျင့်မှုများပြုလုပ်ပေးရန်  ပန်တဂွန်စစ်ဌာနချုပ်က ဒေါ်လာ သန်း၂၅၀ ထောက်ပံ့သုံးစွဲခဲ့သည်ဆိုသော အမေရိကန်အစိုးရ၏ အခန်းကဏ္ဍကို ကြားလိုက်ရတာ တော်တော်လေး စိတ်သောကရောက်ရပါတယ်” ဟု တင်မ်ကင်က ပရက်စ်တီဗွီကို အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။
    အမေရိကန်သည် ရုရှားကို စစ်ဆင်နွှဲရန်နှင့် တတိယကမ္ဘာစစ်ဖြစ်စေရန် လုပ်ဆောင်နိုင်သမျှ အကုန်လုပ်မည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။ ကင်မ်သည် ကမ္ဘာလုံးဆိုင်ရာသတင်းစင်တာကို တည်ထောင်သူ ဖြစ်သည်။
    မကြာသေးမီ ရက်သတ္တပတ်များက ယူကရိန်းအရှေ့ပိုင်းတွင် ဖြစ်ပွားခဲ့သော ယူကရိန်းစစ်တပ်နှင့် ရုရှားထောက်ခံသူတပ်ဖွဲ့များကြား တိုက်ခိုက်မှုများ တိုးမြှင့်လာပြီးနောက် ပင်တဂွန်က သင်တန်းပေးလေ့ကျင့်မှုများ ပြုလုပ်လာခြင်းဖြစ်သည်။
    ပင်တဂွန်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ကြီး ဂျက်ဖ်ဒေးဗစ်က ၂၀၁၄ ခုနှစ်တွင် ၀ါရှင်တန်မှာ ယူကရိန်းတပ်ဖွဲ့များကို လက်နက်တပ်ဆင်ထားသည့် ဘက်စုံသုံးစစ်ကားများ၊ ရေဒါသုံးစက်သေနတ်များ၊ ညကြည့်မျက်မှန်များ၊ ဆေးဘက်ဆိုင်ရာ ကိရိယာများ ထောက်ပံ့ရန် ဒေါ်လာ ၂၆၅ သန်း သုံးစွဲခဲ့သည်ဟု ပြောကြားခဲ့သည်။
    အမေရိကန်သည် ယူကရိန်းအစိုးရကို ထောက်ပံ့မှုများ ထပ်ခါထပ်ခါ ကူညီခဲ့ပြီးဖြစ်သော်လည်း ရုရှားနှင့် စစ်ဘက်ဆိုင်ရာ ထိပ်တိုက်မတွေ့ဆုံမိစေရန် အထူးသတိထားလျက်ရှိသည်။
    Ref : PressTV