News @ M-Media
Tag: US Muslims
  • ချို့တဲ့လူငယ်များ ကို ဂျင်း အဝတ်အထည်များ လှူဒန်းဖို့ အမေရိကန် မွတ်စလင် ကျောင်းသားတို့ရဲ့ လှုပ်ရှားမှု
    ချို့တဲ့လူငယ်များ ကို ဂျင်း အဝတ်အထည်များ လှူဒန်းဖို့ အမေရိကန် မွတ်စလင် ကျောင်းသားတို့ရဲ့ လှုပ်ရှားမှု
    ဒီဇင်ဘာ ၁၁ ၊ ၂၀၁၄
    M-Media
    09-12-14_US-Muslims-Advocate-Jeans-for-Teens
    – အစားအသောက် အနေအထိုင် ချို့တဲ့သူများ ၀တ်ကောင်စားလှ ၀တ်နိုင်ရေးအတွက် ဂျင်းအ၀တ်အထည်များ စုဆောင်းလှူဒါန်းခြင်း လှုပ်ရှားမှုတစ်ခုကို အမေရိကန်ပြည်ထောင်စု နယူးအော်လင်းရှိ မွတ်စလင်စာသင်ကျောင်းတစ်ခုမှ ကျောင်းသားများက ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။
    အဆိုပါ လှုပ်ရှားမှုကို `Teens for Jeans´ဟု အမည်ပေးထားပြီး ဂရက်နာမြို့ရှိ မွတ်စလင်စာသင်ကျောင်းတစ်ခုမှ Grade Sixth ကျောင်းသားများ၏ `စွန္နသ်တော်ကို  ဖ၀ါးခြေထပ်လိုက်ကြစို့´(Follow the Sunnah) အစီအစဉ်အောက်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အိမ်ယာမဲ့များနေထိုင်သည့် စခန်းများမှ ချို့တဲ့သော လူငယ်များအား ကူညီရန် ရည်ရွယ်ခြင်းဖြစ်သည်။
    `မွတ်စလင်အချင်းချင်းရဲ့ ဒုက္ခကိုသာ အာရုံစိုက်ဖို့ အစ္စလာမ်က မွတ်စလင်တွေကို မသွန်သင်ထားပါဘူး။ လူ့အဖွဲ့အစည်းတစ်ခုလုံးကို အာရုံစိုက်ဖို့၊ ကျွန်မတို့ ပတ်ဝန်းကျင်က လူတိုင်းလူတိုင်း၊ ကလေးတိုင်းကလေးတိုင်းကို ကြည့်ရှုစောင့်ရှောက်ဖို့ သွန်သင်ထားတာပါ´ ဟု Follow the Sunnah အစီအစဉ်ကို ဦးဆောင်သူ အမျိုးသမီး နီရန် မူဆာက Times-Picayune သတင်းစာသို့ ဒီဇင်ဘာ ၉ ရက်နေ့တွင် ပြောကြားခဲ့သည်။
    ထိုလှုပ်ရှားမှုတွင် Aeropostale and DoSomething.Org နှင့် ပူးပေါင်းကာ မွတ်စလင်ကျောင်းသား ကျောင်းသူများက ဂျင်းအ၀တ်အထည်များကို လိုက်လံစုဆောင်းခဲ့ပြီး ချို့တဲ့သူ လူငယ်များသို့ ပေးအပ်ခဲ့ကြသည်။
    အဆိုပါအဖွဲ့ကမူ ကျောင်းသားများမှာ တမန်တော် မုဟမ္မဒ်သခင် (ငြိမ်းချမ်းသာယာမှုအပေါင်း သက်ရောက်ပါစေ) ၏ စွန့်လွှတ်လှူဒါန်းမှု၊ အခြားလူများကို ကူညီသော လုပ်ရပ်ကောင်းများကို ဖ၀ါးခြေထပ်လိုက်နာရန်အတွက် ထိုလှုပ်ရှားမှုကို ဆောင်ရွက်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
    `ဒီဂျင်းအ၀တ်အထည်တွေ လှူဒါန်းမှုဟာ ကျွန်မတို့ လူ့အဖွဲ့အစည်းတစ်ခုလုံး အထူးသဖြင့် ကျွန်မတို့ရဲ့ လူငယ်တွေ သူတို့ရဲ့ ကလေးဘ၀မှာ သူများနဲ့ အတူတူပဲဆိုတဲ့ အမြင်တစ်ခုအတွက် အခွင့်အရေးရအောင်လုပ်ဖို့ ကျွန်မတို့အတွက် နည်းလမ်းတစ်ခုပါပဲ´ ဟု မူဆာက ထပ်လောင်းပြောကြားခဲ့သည်။
    လေ့လာမှုများအရ အမေရိကန်တွင် အိမ်ရာမဲ့လူငယ်ပေါင်း ၁ သန်းကျော်ရှိသည်ဟု သိရသည်။
    ချို့တဲ့သူလူငယ်များ၏ တောင်းဆိုမှု အမြင့်ဆုံးမှာ အ၀တ်အထည်များဖြစ်သောကြောင့် မွတ်စလင်ကျောင်းသားများက အ၀တ်အထည်များ လှူဒန်းခြင်းကို အဓိကထားက ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ယခုလှုပ်ရှားမှုမှာ Follow the Sunnah အစီအစဉ်၏ ပထမဆုံး လှုပ်ရှားမဟုတ်ဘဲ ပြီးခဲ့သည့် အောက်တိုဘာလကလည်း နယူးအော်လင်းရှိ အိမ်ရာမဲ့များကို အစားသောက်များ ဝေငှပေးနေသော နယူးအော်လင်း ရိက္ခာဘဏ် Second Harvest Food Bank ကို CAN-tribute to End Hunger ဟူသော ခေါင်းစဉ်ဖြင့် အစားသောက်များ လှူဒါန်းခဲ့ကြသည်။
    တရာဝင် စစ်တမ်းကောက်ယူမှုများ မရှိသော်လည်း အမေရိကန်တွင် အစ္စလာမ်ဘာသာဝင် ၆ သန်းမှ ၈ သန်းရှိမည်ဟု ခန့်မှန်းရပြီး အကူအညီပေးရေးလုပ်ငန်းများကို ဦးဆောင်လုပ်နေသော မွတ်စလင်ကုသိုလ်ဖြစ်အဖွဲ့များလည်း ရှိနေသည်။
    ထိုအဖွဲ့များထဲမှ Helping Hand for Relief and Development (HHRD) အဖွဲ့မှာ ၂၀၁၃ ခုနှစ် သြဂုတ်လက ကောက်ယူခဲ့သော အမေရိကန် ပြည်ထောင်စုတွင် အလှူဒါနအပြုဆုံး ထိပ်ဆုံး ၁၀ ဖွဲ့ စာရင်းတွင် ပါဝင်ခဲ့သည်။
    OnIslam & News Agencies
  • အမေရိကန် မွတ်စလင် တက္ကသိုလ် ကျောင်းသားများ ဥပုသ်စောင့်၍ ချို့တဲ့သူများအတွက် ရန်ပုံငွေရှာ
    အမေရိကန် မွတ်စလင် တက္ကသိုလ် ကျောင်းသားများ ဥပုသ်စောင့်၍ ချို့တဲ့သူများအတွက် ရန်ပုံငွေရှာ
    ဒီဇင်ဘာ ၆ ၊ ၂၀၁၄
    M-Media
    3-12-14_Muslim-Students-Help-Michigan-Hungry
    – အစားအသောက်ချို့တဲ့သူများအား ကူညီရေး ရန်ပုံငွေရရှိရန် ရည်ရွယ်၍ တစ်ရက်တာ ဥပုသ်သီလဆောက်တည်မှု အစီအစဉ်တစ်ခုကို အမေရိကန်ပြည်ထောင်စု မီချီဂန် တက္ကသိုလ်မှ မွတ်စလင်ကျောင်းသားများက ကျင်းပပြုလုပ်ခဲ့သည်ဟု သိရသည်။
    နှစ်စဉ် ကျင်းပပြုလုပ်သည့် အဆိုပါအစီအစဉ်ကို 2Fast2Feed ဟု အမည်ပေးထားပြီး မီချီဂန် တက္ကသိုလ် မွတ်စလင်ကျောင်းသားများအသင်းက ဦးဆောင်ကာ နိုဝင်ဘာ ၂၀ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
    `ကောင်းမွန်တဲ့ ရည်ရွယ်ချက်တစ်ခုအတွက် ဒီအစီအစဉ်မှာ လူမျိုးဘာသာပေါင်းစုံ ပါဝင်လာတာကို မြင်ရတာ အံ့သြစရာပါပဲ´ ဟု 2Fast2Feed အစီအစဉ်ကို ပထမဆုံးအကြိမ် ပါဝင်ခဲ့သည့် အေရှာ ရှိခ်က The Michigan ဂျာနယ်သို့ ဒီဇင်ဘာ ၂ ရက်နေ့တွင် ပြောကြားခဲ့သည်။
    အဆိုပါ အစီအစဉ်တွင် အစ္စလာမ်ဘာသာဝင် မဟုတ်သူများ အပါအ၀င် ကျောင်းသားပေါင်း ၁၂၀ ကျော် ပါဝင်ခဲ့ပြီး နံနက်အရုဏ်တက်အချိန်မှ ညနေ နေ၀င်ချိန်အထိ စားသောက်ခြင်းကို ရှောင်ကျင်ခဲ့ကြသည်။ ထို့နောက် ညနေပိုင်း ဥပုသ်လွှတ်ချိန်တွင် ရန်ပုံငွေ ညစာစားပွဲအဖြစ် အဆိုပါ ကျောင်းသားများမှာ အတူတကွ စားသောက်ခဲ့ကြပြီး 2Fast2Feed အစီအစဉ်မှ တွေ့ကြုံခဲ့သည်များကို ပြန်လည်ဝေမျှခဲ့ကြသည်။
    အဆိုပါ အစီအစဉ်မှ လှူဒါန်းငွေ ကန်ဒေါ်လာ ၁၂၀၀ ခန့် ရရှိခဲ့ပြီး အစားသောက်ချို့တဲ့သူများကို ကူညီပေးနေသည့် အဖွဲ့များသို့ မွတ်စလင်ကျောင်းသားများက လှူဒါန်းခဲ့ကြသည်။
    ထောက်ခံသူအသစ်များ
    မီချီဂန်တက္ကသိုလ်မှ မွတ်စလင်ကျောင်းသားများ၏ အဆိုပါ ဥပုသ်သီလဆောက်တည်မှုတွင် တက္ကသိုလ်မှ ဒုတိယအကြီးအကဲ ၃ ဦးလည်း ပါဝင်ခဲ့ကြပြီး ၎င်းတို့၏အတွေ့အကြုံကို မျှဝေခဲ့ကြသည်။
    `ဒါဟာ ရုပ်ပိုင်းဆိုင်ရာအတွက်ပဲ မဟုတ်ပါဘူး။ စွန့်လွှန်အနစ်နာခံမှု စိတ်တစ်ခုကို ဖန်တီးဖို့ ရုပ်ပိုင်းဆိုင်ရာကို အသုံးပြုခြင်းပါ။ ဒါမျိုးဟာ ဥပုသ်မစောင့်ရင် မရနိုင်တဲ့ တန်ဖိုးထားမှု တစ်ခုပါပဲ။ မွတ်စလင်ကျောင်းသားများအသင်းကလုပ်တဲ့ ဒီ ဥပုသ်သီလဆောက်တည်စေမှုဟာ ဒီတက္ကသိုလ် ရောက်ပြီး ၁၀ နှစ်အတွင်း ကျွန်တော့်အတွက် အဓိပ္ပါယ်အရှိဆုံးအရာတွေထဲက တစ်ခုဖြစ်ပါတယ်´ ဟု တက္ကသိုလ် ဒုတိယအကြီးအကဲ ဟန်ဒါဆန်က ပြောကြားခဲ့သည်။
    ထို့ပြင် အခြားသော တက္ကသိုလ်အကြီးအကဲများဖြစ်သည့် ဒီန်းနှင့် မာတင်ဟာရှော့တို့ကလည်း အဆိုပါ ဥပုသ်သီလဆောက်တည်မှုအတွင်း ရရှိခဲ့သည့် ၎င်းတို့၏ အတွေ့အကြုံများကို ဝေငှခဲ့သည်။
    `ကျွန်တော် ဥပုသ်သီလဆောက်တည်လိုက်တဲ့အခါ ယခုလက်ရှိအချိန်နဲ့ ယခင်ကရှိခဲ့တဲ့(အစားအစာငတ်မွတ်ခေါင်းပါး) သူတွေရဲ့ အခြေအနေနဲ့ အဖြစ်အပျက်တွေကို သတိပြုမိခဲ့ပါတယ်။ ဒါဟာ တကယ့်ကို ပညာရစေတဲ့၊ ထိရောက်တဲ့ အတွေ့အကြုံပါပဲ´ ဟု ဟန်ဒါဆန်က ထပ်လောင်းပြောကြားခဲ့သည်။
    ထိုကဲ့သို့ ဥပုသ်သီလဆောက်တည်သော အစီအစဉ်ဖြင့် ချို့တဲ့သူများအတွက် ရန်ပုံငွေရှာဖွေသည့် လှုပ်ရှားမှုကို ၂၀၀၁ ခုနှစ်တွင်  Tennessee တက္ကသိုလ်မှ မွတ်စလင် ဆယ်ကျော်သက် အမျိုးသမီးတစ်ဦးက စတင်ခဲ့ခြင်းဖြစ်သည်။
    ယခုလက်ရှိတွင်မူ အဆိုပါလှုပ်ရှားမှုကို အမေရိကန်နိုင်ငံတစ်ဝှမ်း တက္ကသိုလ်ပေါင်း ၂၀၀ ကျော်တွင် ပြုလုပ်နေသည်။
    ref_OnIslam
  • အမေရိကန် မွတ်စလင် တဦး ကောက်ရသည့် ဒေါ်လာ ၁ သိန်း ပါကျောပိုးအိတ်ကို ရဲထံအပ်နှံခဲ့
    အမေရိကန် မွတ်စလင် တဦး ကောက်ရသည့် ဒေါ်လာ ၁ သိန်း ပါကျောပိုးအိတ်ကို ရဲထံအပ်နှံခဲ့
    ဒီဇင်ဘာ ၅ ၊ ၂၀၁၄
    M-Media
    altaf-chaus
    မိ၏ဆိုင်တွင် ကျန်ရစ်ခဲ့သော ကန်ဒေါ်လာ ၁ သိန်း ထည့်ထားသည့် ကျောပိုးလွယ်အိတ်ကို အမေရိကန်ရှိ မွတ်စလင်တစ်ဦးက ရဲတပ်ဖွဲ့အား အပ်နှံခဲ့သည်ဟု သိရသည်။
    အလ်တဖ် ချော့စ်ဟု အမည်ရသည့် အိန္ဒိယနွယ်ဖွား မွတ်စလင်အမျိုးသားတစ်ဦးမှာ ဆန်ဂျိုးစ်ရှိ ၎င်း၏ အသင့်စား စားသောက်ဆိုင်တွင် ကျောပိုးလွယ် အိတ်စလုံး ကျန်နေရာမှ ဖွင့်ကြည့်ခဲ့ရာ ပိုက်ဆံများတွေ့ခြင်းကြောင့် ရဲလက်သို့ အပ်ခဲ့ခြင်းဖြစ်သည်။
    – အစ္စလာမ်သာသနာ၏ အဆုံးအမနှင့် တမန်တော်မြတ် မုဟမ္မဒ်သခင်၏ ကိုယ်ကျင့်တရားတို့၏ စေ့စော်မှုဖြင့် မှုကြောင့် ယခုကဲ့သို့ ပြုလုပ်ခဲ့ကြောင်း ၄င်းကပြောပါတယ်။
    နေ့လည်စာစားသောက်ချိန်ပြီးနောက် ဆိုင်အတွင်းရှိ ခုံတစ်ခုပေါ်တွင် အဆိုပါ ကျောပိုးအိတ်အား အလ်တဖ်က တွေ့ရှိခဲ့ပြီး ပိုင်ရှင်က ပြန်လာယူမည် ဟူသော မျှော်လင့်ချက်ဖြင့် ၎င်း၏ ငွေရှင်းကောင်တာအနီးတွင်း ထားရှိခဲ့သည်။
    သို့သော်လည်း နာရီအနည်းငယ်ကြာသည်အထိ အဆိုပါကျောပိုးအိတ်ကို လာယူခြင်းမရှိသောကြောင့် ပိုင်ရှင်အား ဆက်သွယ်နိုင်မည့် သဲလွန်စများရနိုင်ရန် ဖွင့်ကြည့်ရာမှ ငွေများကို တွေ့ရှိခဲ့သည်။
    cash
    `ကျွန်တော်ဇစ်ကို ဖွင့်ကြည့်လိုက်တော့ ရာဘာပတ်နဲ့ ထုတ်ထားတဲ့ ပိုက်ဆံတွေကို တွေ့လိုက်ရပြီး ရဲကို ချက်ချင်းပဲ ဖုန်းဆက်လိုက်ပါတယ်။ အဲဒီမှာ အထုတ် ၁၀ ထုတ်ရှိပြီး ၁ ထုတ်မှာ ဒေါ်လာ ၁၀၀၀၀ ပါဝင်ပါတယ်။ ကျွန်တော်တုန်လှုပ်သွားခဲ့ပြီး အဲလောက်များတဲ့ ပိုက်ဆံကို ကျွန်တော် တစ်ခါမှ မမြင်ဘူးပါဘူး´ ဟု အလ်တဖ်က ငွေများအား တွေ့ရှိပုံနှင့် ပတ်သက်၍ ပြောကြားခဲ့သည်။
    အမေရိကန်တွင် နေထိုင်လာခဲ့သည့်မှာ ၂၆ နှစ်ရှိပြီဖြစ်သည့် အလ်တဖ်က ရိုးသားရန်နှင့် ငွေကြေးကို တန်ဖိုးထားရန် အားပေးတိုက်တွန်းထားသည့် မိမိ၏အယူဝါဒက အဆိုပါ ငွေများအား ရဲလပ်သို့အပ်ရန် ဖြစ်စေခဲ့ကြောင်း၊ တမန်တော်မြတ် မုဟမ္မသခင်၏ သြ၀ါဒများတွင်လည်း ကောက်ရသည့် ပစ္စည်းများအား တွေ့ပါက ပိုင်ရှင်အားရှာဖွေ၍ ပေးအပ်ရန် သွန်သင်ထားကြောင်းပြောကြားခဲ့သည်။
    `မွတ်စလင်တစ်ယောက်ဖြစ်တဲ့ ကျွန်တော်ဟာ ကိုယ်ရှာဖွေသလောက်သာ ပိုင်ဆိုင်ခွင့်ရှိတယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော် ဒီကိုစရောက်တုန်းက အလုပ် ၃ ခုလုပ်ပြီး ငွေကို ကြိုးစားပမ်းစား ရှာဖွေခဲ့ရတာပါ။ ဒါ့ကြောင့် ကျွန်တော်ချွေးထွက်ပြီး ရှာထားတာမဟုတ်ရင်  ကျွန်တော့်ပိုက်ဆံမဟုတ်ဘူးဆိုတဲ့ သင်ခန်းစာကို ရရှိထားပါတယ်´ ဟု ၎င်းက ဆိုပြီး ထိုကျောပိုးအိတ်အား ယခုအချိန်အထိ မည်သူကမှ ပြန်လာယူခြင်းမရှိကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
    ref_ ilmfeed
  • မက်ဆာချူးဆက်ပြည်နယ် နယူးအင်္ဂလန် ဗလီဝတ်ကျောင်းတော် နှစ် ၅၀ ပြည့် ရွှေရတု အခမ်းအနား ကျင်းပ
    မက်ဆာချူးဆက်ပြည်နယ် နယူးအင်္ဂလန် ဗလီဝတ်ကျောင်းတော် နှစ် ၅၀ ပြည့် ရွှေရတု အခမ်းအနား ကျင်းပ
    နိုဝင်ဘာ ၂၅ ၊ ၂၀၁၄
    M-Media
    22-11-14_New-England-Mosque-Marks-50-Years
    – လျင်မြန်စွာ ကြီးထွားလာသော အမေရိကန် မွတ်စလင် လူ့အဖွဲ့အစည်းအား နှစ်ပေါင်း ၅၀ ကြာ ဦးဆောင်မှုပေးနိုင်ခဲ့သည့် အထိမ်းအမှတ်အဖြစ် အမေရိကန် ပြည်ထောင်စု မက်ဆာချူးဆက်ပြည်နယ် နယူးအင်္ဂလန်မှ ဗလီဝတ်ကျောင်းတော်က အခမ်းအနား တစ်ခု ပြုလုပ်ခဲ့သည်ဟု သိရသည်။
    “အစ္စလာမ်ဆိုတာ ပစ်ခတ်၊ လူသတ်၊ ရန်ဖြစ်တဲ့ သာသနာမဟုတ်ပါဘူး။ အစ္စလာမ်ဆိုတာ ISIS နဲ့ အလ်ကိုင်းဒါးတို့လို အတွေးအခေါ်အယူအဆမျိုး မဟုတ်ဘူးဆိုတာကို နောက်မျိုးဆက်ကို ကျွန်တော်တို့ သင်ပေးချင်ပါတယ်။ အစ္စလာမ်ဆိုတာ ငြိမ်းချမ်းရေး သာသနာပါ” ဟု နယူးအင်္ဂလန် ဗလီဝတ်ကျောင်းတော် ဂေါပကအဖွဲ့မှ ဒုတိယဥက္ကဌ အဟ်မဒ် ဘရီကာက ပြောကြားခဲ့သည်။
    အစ္စလာမ်သာသနာ၏ အမည်အား ခုတုံးလုပ်၍ ရာဇ၀တ်မှုများကို ကျူးလွန်နေသည့် စစ်သွေးကြွများနှင့် ပတ်သက်၍ ဘရီကာ၏ အဆိုပါ မှတ်ချက်မှာ နယူးအင်္ဂလန် မွတ်စလင်လူ့အဖွဲ့အစည်းတွင် နှစ်ပေါင်း ၅၀ ကြာ အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည့် နယူးအင်္ဂလန် ဗလီဝတ်ကျောင်းတော်၏ အရေးပါမှုကို ထုတ်ဖော်ပြောဆိုခဲ့သော မိန့်ခွန်း၌ ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
    အဆိုပါ ဗလီဝတ်ကျောင်းတော်ကို ၁၉၆၄ ခုနှစ်က တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ထိုမြို့တွင် မွတ်စလင်မိသားစု ၇ စုသာ ရှိခဲ့သည်။ သို့သော်လည်း ယခုတွင် South Shore နှင့် Greater Boston ဒေသတစ်ဝှမ်းအပါအ၀င် အဆိုပါ ဗလီဝတ်ကျောင်တော် အဖွဲ့ဝင် မိသားစုမှာ ၁၀၀၀ ကျော် ရှိလာခဲ့ပြီဖြစ်သည်။
    ထို့ပြင် အဆိုပါ ဗလီဝတ်ကျောင်းတော်မှ ကမကထပြုကာ စာသင်ကျောင်းများ ပါဝင်သည့် ဗလီဝတ်ကျောင်းတော် ၂ လုံးကိုလည်း ထပ်မံ တည်ဆောက်ပေးနိုင်ခဲ့သည်။
    “မွတ်စလင်လူ့အဖွဲ့အစည်းက သိသိသာသာကို တိုးတက်လာပါတယ်။ သူတို့အတွက် အဆင်ပြေအောင် ကျွန်တော်တို့ ကြိုးစားနေပါတယ်” ဟု ဘရီကာက ထပ်လောင်း ပြောကြားခဲ့သည်။
    တရားဝင်စစ်တမ်းကောက်ယူမှုများ မရှိသော်လည်း အမေရိကန်ပြည်ထောင်စုတွင် အစ္စလာမ်ဘာသာဝင် ၆ သန်းမှ ၈ သန်းရှိသည်ဟု ခန့်မှန်းကြသည်။
    OnIslam
  • ၀ါရှန်တန်ရှိ  နာမည်ကြီး ခရစ်ယာန် ဘုရားကျောင်းတွင် မွတ်စလင်များ သောကြာ ဝတ်ပြုမှု လက်ခံပြုလုပ်မည်။
    နိုဝင်ဘာ ၁၃ ၊ ၂၀၁၄
    M-Media
    11-11-14_US-National-Cathedral-Hosts-Friday-Prayer
    – အမေရိကန်ရှိ လူများစု ခရစ်ယာန်များနှင့် လူနည်းစု မွတ်စလင်များအကြား ခိုင်မာသော ဆက်ဆံရေးရှိမှုကို ပြသရန် ရည်ရွယ်၍ ယခုတစ်ပတ် အစ္စလာမ်ဘာသာဝင်တို့၏ သောကြာနေ့ ၀တ်ပြုမှုအစီအစဉ်ကို မိမိတို့ ဘုရားကျောင်းတွင် ပြုလုပ်သွားမည်ဟု ၀ါရှင်တန် အမျိုးသား ကက်သလစ် ဘုရားကျောင်းက ကြေညာလိုက်သည်။
    ထိုအစီအစဉ်မှာ အစ္စလာမ်ဘာသာဝင်တစ်ဦးဖြစ်သူ အမေရိကန်နိုင်ငံဆိုင်ရာ တောင်အာဖရိက သံအမတ် အီဗရာဟင် ရာစူလ်နှင့် ၀ါရှင်တန်အမျိုးသား ကက်သလစ်ဘုရားကျောင်းမှ သိက္ခာတော်ရဆရာတော် ဂျီနာ ကမ်းဘဲလ်တို့၏ ရင်းနှီးသော ဆက်ဆံရေးမှ ပေါ်ပေါက်လာခြင်းဖြစ်ပြီး ADAMS ဗလီဝတ်ကျောင်းတော်၊ အခြားသော မွတ်စလင်အဖွဲ့အစည်းများ၊ အမေရိကန်-အစ္စလာမ် ဆက်ဆံရေးကောင်စီနှင့် ၀ါရှန်တန်အနောက်မြောက်ပိုင်းရှိ မိုဟာမက် ဗလီဝတ်ကျောင်းတော်တို့မှ ပူးပေါင်းစီစဉ်ခြင်း ဖြစ်သည်။
    “မွတ်စလင်နိုင်ငံတွေက လူနည်းစုအားလုံးအတွက် ဘာသာရေးလွတ်လပ်ခွင့်ရအောင် ကျွန်တော်တို့ တိုက်တွန်းအားပေးသလိုမျိုး ကျွန်တော်တို့ မိတ်ဆွေတွေဖြစ်တဲ့ ခရစ်ယာန်လူ့အဖွဲ့အစည်းကလည်း ကျွန်တော်တို့ရဲ့ ဘာသာရေး လွတ်လပ်ခွင့်ကို အားပေးထောက်ခံတယ်ဆိုတာ ကမ္ဘာကြီးကို မြင်စေချင်ပါတယ်။ ဒါဟာ ကမ္ဘာကြီးအတွက် သာဓကတစ်ခု ဖြစ်ပါစေ” ဟု စတာလင်မြို့ရှိ ADAMS ဗလီဝတ်ကျောင်းတော်မှ ပြောရေးဆိုခွင့်ရှိသူ ရစ်ဝမ် ဂျာကာက ၀ါရှင်တန်ပို့စ်သတင်းစာသို့ ပြောကြားခဲ့သည်။
    အဆိုပါ ကက်သလစ်ဘုရားကျောင်းမှာ နိုင်ငံတော်သမ္မတများ၏ ဈာပနများ ကျင်းပပေးခြင်း အရေးပါသည့် ဘုရားဝတ်ပြုမှုများ ပြုလုပ်ခြင်းဖြင့် နာမည်ကျော်ကြားသည့် ဘုရားကျောင်း ဖြစ်ပြီး ပထမဆုံးအကြိမ်အဖြစ် ယခုတစ်ပတ်တွင် မွတ်စလင်တို့အတွက် သောကြာဝတ်ပြုမှုကို ကျင်းပပေးမည်ဖြစ်သည်။
    သောကြာနေ့ဝတ်ပြုမှုတက်ရောက်ရန်အတွက် ဒေသတွင်းရှိ မွတ်စလင်ခေါင်းဆောင်များကိုလည်း ဖိတ်ကြားထားပြီး ၀တ်ပြုမှုကို နေ့လည် ၁၂ နာရီ မိနစ် ၂၀ တွင် စတင်မည်ဖြစ်သည်။ ထိုဝတ်ပြုမှုသို့ လူ ၁၀၀ ခန့် လာရောက်မည်ဟု ခန့်မှန်းထားသည်။
    “ခရစ်ယာန်-မွတ်စလင် ဆက်ဆံရေးမှာ ဒါဟာ ထူးခြားတဲ့ အချိန်ကာလပါပဲ။ လူသားအားလုံးဟာ လွတ်လပ်စွာ ယုံကြည်ကိုးကွယ် ကျင့်သုံးခွင့်ရတဲ့ ကမ္ဘာကြီးဖြစ်ဖို့၊ အမုန်းတရားတွေ၊ အစ္စလာမ်ကြောက်ရောဂါတွေ၊ လူမျိုးရေးခွဲခြားမှုတွေ၊ ဂျူးဆန့်ကျင်ရေးဝါဒနဲ့ ခရစ်ယာန် ဆန့်ကျင်ရေးဝါဒတွေ ပျောက်ကွယ်သွားတဲ့ ကမ္ဘာကြီးဖြစ်ဖို့၊ ကျွန်မတို့ရဲ့ လူသားဖြစ်မှုနဲ့ ယုံကြည်ကိုးကွယ်မှုတွေကို စံစားလို့ရတဲ့ ကမ္ဘာကြီးဖြစ်ဖို့ လိုအပ်နေတဲ့ အချိန်ပါပဲ” ဟု ရာစူလ်က ပြောကြားခဲ့သည်။
    ရာစူလ်နှင့် ကမ်းဘဲလ်တို့မှာ တောင်အာဖရိက သမ္မတဟောင်း နယ်ဆင် မင်ဒဲလ်လား၏ အောက်မေ့ဖွယ်ဝတ်ပြုမှုကိုလည်း ပူးပေါင်းဆောင်ရွက်ခဲ့ဖူးသည်။
    ယခင်ကျင်းပပုံများနှင့် မတူညီ
    အစ္စလာမ်ဘာသာဝင်တို့၏ သောကြာနေ့ဝတ်ပြုမှုကို ယခင်ကလည်း ဂျူးဘုရားကျောင်းများ၊ ခရစ်ယာန်ဘုရားကျောင်းများတွင် ကျင်းပပြုလုပ်ခဲ့ကြပြီး ယခုကျင်းပမည့် အစီအစဉ်မှာ ပိုမိုထူးခြားသည်ဟု ဆိုသည်။
    “ဒီနေရာဟာ နိုင်ငံခေါင်းဆောင်တွေနဲ့ သူရဲကောင်းတွေကို မြှုပ်ထားတဲ့နေရာပါ” ဟု သူမက ပြောကြားခဲ့သည်။
    ထိုအစီအစဉ် ဖြစ်မြောက်ရေး ဆောင်ရွက်ပေးသည့် ADAMS ဗလီဝတ်ကျောင်းတော်မှာ ယခင်ကလည်း ဂျူးဘုရားကျောင်း ၂ ခုနှင့် ခရစ်ယာန် ဘုရားကျောင်းတစ်ခုတို့တွင် အလားတူ ၀တ်ပြုမှုများကို စီစဉ်ပြုလုပ်ခဲ့သည်။
    ADAMS ဗလီဝတ်ကျောင်းတော်မှာ ပါကစ္စတန်တွင် ခရစ်ယာန်ဘာသာဝင်များ ဘာသာရေးလွတ်လပ်ခွင့်အတွက် လှုပ်ရှားမှုများအတွက် ရန်ပုံငွေပွဲများကိုလည်း ပြု လုပ်ပေးပြီး ထိုပွဲများတွင် အစ္စလာမ်ဘာသာဝင်မဟုတ်သူ ပညာရှင်များကို လာရောက် ဟောပြောစေခဲ့သည်။
    “၀တ်ပြုမှုကနေ နက်ရှိုင်းတဲ့ ဆက်ဆံရေးတွေ ရလာမှာပါ။ နိုင်ငံရေးနဲ့ ပညာရေးနယ်ပယ်တွေက လွန်ပြီး ထူးခြားတဲ့ ဆက်ဆံရေးတွေလည်း ဒီ ၀တ်ပြုမှုကနေပဲ ထွက်လာမှာပါ” ဟု ဘုန်းတော်ကြီး ကမ်းဘဲလ်က ပြောကြားခဲ့သည်။
    OnIslam & Newspapers