News @ M-Media

Tag: US

  • မွတ်စလင်အမျိုးသမီးများကို ကာကွယ်ပေးရင်း အမေရိကန်တွင် လူနှစ်ဦး အသတ်ခံရ

    မွတ်စလင်အမျိုးသမီးများကို ကာကွယ်ပေးရင်း အမေရိကန်တွင် လူနှစ်ဦး အသတ်ခံရ

    မေ ၂၇၊ ၂၀၁၇
    M-Media

    – အမေရိကန်ပြည်ထောင်စု အော်ရီဂွန်ပြည်နယ် ပေါ့တ်လန်းမြို့တွင် မွတ်စလင်ဟု ယူဆရသည့် သမီးနှစ်ဦးအား နှောက်ယှက်မှုကို တားဆီးရန် ကြိုးစားခဲ့သည့် အမျိုးသားနှစ်ဦးမှာ ဓားဖြင့် ထိုးသတ်ခြင်းခံခဲ့ရ သည်ဟု သိရသည်။

    Hollywood Transit ဘူတာရုံရှိ ရထားတွဲပေါ်တွင် ယနေ့ညနေပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက် ၃၅ နှစ်အရွယ် ဂျယ်ရီမီ ဂျိုးဆက်ပ် ခရစ်ရှန်ဆိုသူက မွတ်စလင်ဟု ယူဆရသူ အမျိုးသမီးနှစ်ဦးအား အော်ဟစ်ဆဲဆိုခြင်း၊ လူမျိုးရေးခွဲခြားသည့် အမုန်းစကားများ ပြောဆို ခြိမ်းခြောက်ခြင်းတို့ကို ပြုလုပ်ခဲ့သည်။

    ထိုအဖြစ်အပျက်ကို ဖြန်ဖျေပေးရန် လူတစ်ချို့က ကြိုးစားကြသည့်အခါတွင် ဂျိုးဆက်ပ်မှာ ဓားဖြင့်တိုက်ခိုက်ခဲ့ပြီး လူ ၂ ဦးသေဆုံးကာ တစ်ဦး ဒဏ်ရာရခဲ့သည်ဟု ရဲတပ်ကြပ် ပီတီ ဆင်ပဆင်က ပြောကြားခဲ့သည်။

    ဂျိုးဆက်ပ်ကို ရထားပေါ်မှအဆင်းတွင် ဖမ်းဆီးရမိခဲ့ပြီး ဆိုးဆိုးဝါးဝါး လူသတ်မှု၊ လူသတ်ရန်ကြိုးစားမှု၊ နှောက်ယှက်မှု၊ တာမြစ်ထားသည့် လက်နက်အား ပိုင်ဆိုင်မှု စသည့် စွဲချက်များဖြင့် တရားစွဲဆိုထားသည်။

    မျက်မြင်သက်သေများကမူ ဂျိုးဆပ်က် နှောက်ယှက်ခဲ့သည့် အမျိုးသမီးနှစ်ဦးအနက် တစ်ဦးမှာ ပ၀ါဆောင်းထားကြောင်း၊ တိုက်ခိုက်သူမှာ ‘မွတ်စလင်တွေဟာ သေသင့်တယ်။ သူတို့တွေဟာ ခရစ်ယာန်တွေကို နှစ်ပေါင်းများစွာ သတ်လာတာ’ ဟု အောဟစ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

    နောက်ပိုင်းတွင် ထိုအမျိုးသမီးနှစ်ဦးထဲမှ တစ်ဦး၏ မိဘများက ၎င်းတို့နှစ်ဦးမှာ ဆယ်ကျော်သက်များဖြစ်ပြီး တစ်ဦးမှာ မွတ်စလင်ဖြစ်ကာ၊ တစ်ဦးမှာ လူမည်းဖြစ်သည်ဟု ဒေသတွင်း သတင်းစာတစ်စောင်သို့ ပြောကြားခဲ့သည်။

    Ref: BBC

  • မွတ်စလင်နိုင်ငံများအား ဗီဇာပိတ်မှု အသက်ဝင်လာရေး ထရမ့်၏ ကြိုးပမ်းမှု ထပ်မံရှုံးနိမ့်

    မွတ်စလင်နိုင်ငံများအား ဗီဇာပိတ်မှု အသက်ဝင်လာရေး ထရမ့်၏ ကြိုးပမ်းမှု ထပ်မံရှုံးနိမ့်

    မေ ၂၆၊ ၂၀၁၇
    M-Media

    – မွတ်စလင်အများစုရှိရာ နိုင်ငံ ၆ နိုင်ငံမှ ပြည်သူများအား ဗီဇာပိတ်သည့် သမ္မတဒေါ်နယ်ထရမ့်၏ အမိန့်ကို သက်ရောက်စေရန် လျှောက်ထားမှုကို ဗာဂျီးနီးယားပြည်နယ် အယူခံခုံရုံးက ငြင်းဆန်လိုက်ပြီး ထိုအမိန့်မှာ သည်းမခံနိုင်မှုတွင် အခြေတည်သော အမိန့်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    တရားသူကြီး ဂျပ် ရော်ဂျာ ဂရီဂိုရီက ထုတ်ပြန်သော ဆုံးဖြတ်ချက်တွင် ထရမ့်၏ အဆိုပါ အမိန့်မှာ ‘အမျိုးသားလုံခြုံရေးဟု ၀ိုးတိုးဝါးတား ဖော်ပြထားသော်လည်း ပါဝင်သည့်အကြောင်းအရာတွင် သည်းမခံနိုင်မှု၊ ရန်လိုမုန်းတီးမှုနှင့် ခွဲခြားမှုများ’ သိသိသာသာ ပါဝင်နေသည်ဟု ဖော်ပြထားသည်။

    ထို့ပြင် ထရမ့်က ရွေးကောက်ပွဲ မဲဆွယ်မှုအတွင်း ‘မွတ်စလင်များအား ပိတ်ပင်ရန်’ ဆော်သြရာ၌ ပြောကြားချက်များကို ထောက်ပြခဲ့ပြီး သမာသမတ်ကျသည့် ဆန်းစစ်သူတစ်ယောက်အနေဖြင့် ‘ထိုအမိန့်၏ ရည်ရွယ်ချက်မှာ လူများအား ၎င်းတို့၏ အယူဝါဒကို အခြေခံ၍ အမေရိကန်ပြည်ထောင်စုမှ ဖယ်ထုတ်ရန်’ ဖြစ်သည်ဟု ကောက်ချက်ချမည်ဖြစ်ကြောင်း တရားသူကြီးက ပြောကြားခဲ့သည်။

    ထရမ့်အစိုးရကမူ အမိန့်မှာ ဘာသာတရားကို ဖော်ပြထားခြင်းမရှိဘဲ တရားရုံးအနေဖြင့် စကားလုံးများကို ကျော်၍ မကြည့်သင့်ကြောင်း၊ ထိုအမိန့်၌ ရွေးချယ်ထားသည့် နိုင်ငံများမှာ မွတ်စလင်အများစု ရှိသည့်အတွက်ကြောင့် မဟုတ်ဘဲ အကြမ်းဖက်ဝါဒအန္တရာယ်ကြောင့် ဖြစ်ကြောင်း ပြန်လည် တုန့်ပြန်ခဲ့သည်။

    တရားသူကြီးချုပ် ဂျက်ဖ် ဆက်ရှင်က ‘ပြည်သူများကို အကြမ်းဖက်ဝါဒမှ ကာကွယ်ရန်မှာ သမ္မတ၏ တာဝန်ြ ဖစ်ပြီး’၊ တရားရုံးချုပ်သို့ ဆက်လက်တက်သွားမည်ဟု ပြောကြားခဲ့သည်။

    လစ်ဗျား၊ အီရန်၊ ဆိုမာလီယာ၊ ဆူဒန်၊ ဆီးရီးယားနှင့် ယီမင်နိုင်ငံမှ ပြည်သူများကို ရက်ပေါင်း ၉၀ ဗီဇာပိတ်ပင်သည့်အမိန့်ကို ထရမ့်က မတ်လ ၆ ရက်နေ့တွင် ထပ်မံ ထုတ်ပြန်ခဲ့ပြီး မေရီလန်းပြည်နယ်အခြေစိုက် ဖက်ဒရယ် တရားသူကြီး သီယိုဒေါ ချူအန်က ထိုအမိန့်၏ အစိတ်အပိုင်းတစ်ချို့ကို မကျင့်သုံးရန် ပိတ်ပင်ခဲ့သည်။

    ထရမ့်၏ ထိုပေါ်လစီအား ဟာဝိုင်ယီအခြေစိုက် ဖက်ဒရယ်တရားသူကြီးတစ်ဦး၏ ပိတ်ပင်မှုကိုလည်း အယူခံခုံရုံးက ကြားနာသွားရန် ရှိနေသည်။

    ထရမ့်မှာ ဇန်န၀ါရီ ၂၇ ရက်နေ့ကလည်း ထိုကဲ့သို့ အမိန့်တစ်ခုကို ထုတ်ပြန်ခဲ့ပြီး တရားရေး၏ တားမြစ်ပိတ်ပင်မှုကို ခံခဲ့ရသည်။

    Ref: Aljazeera

  • မြောက်ကိုရီးယားမှာ အမေရိကန်ကို နျူလက်နက်ဖြင့် ပစ်နိုင်မည့် လမ်းကြောင်းပေါ် ရောက်ရှိနေ

    မေ ၂၄၊ ၂၀၁၇
    M-Media

    – မြောက်ကိုရီးယားမှာ အမေရိကန်ကို ပစ်ခတ်နိုင်သည့် နျူထိပ်ဖူးတပ် ဒုံးကျည်များ ပိုင်ဆိုင်နိုင်မည့် လမ်းကြောင်းပေါ်သို့ မလွဲဧကန် ရောက်ရှိနေပြီဟု အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန၏ ကာကွယ်ရေးဆိုင်ရာ ထောက်လှမ်းရေးဒါရိုက်တာ ဒုတိယဗိုလ်ချုပ်ကြီး ဗင်းဆင့် စတီးဝပ်က ပြောကြားလိုက်သည်။

    ယမန်နေ့က အထက်လွှတ်တော်ကြားနာမှုအတွင်း ပြောကြားလိုက်ခြင်းဖြစ်ပြီး မြောက်ကိုရီးယား၏ ဒုံးကျည်နှင့် နျူလက်နက်အစီအစဉ် တိုးမြှင့်ဆောင်ရွက်လာမှုနှင့်ပတ်သက်၍ အမေရိကန်က စိုးရိမ်မှု မြင့်တက်လာ ခြင်း၏ နောက်ဆုံး အခြေအနေလည်းဖြစ်သည်။

    အထက်လွှတ်တော်အမတ်များက စတီးဝပ်နှင့် အမျိုးသားထောက်လှမ်းရေး ဒါရိုက်တာ ဒန်ကို့စ်တို့အား မြောက်ကိုရီးယားအနေဖြင့် အမေရိကန်သို့ ရောက်ရှိနိုင်သည့် တိုက်ချင်းပစ်ဒုံးကျည် ပိုင်ဆိုင်နိုင်ရန် အချိန်မည်မျှလိုသေးလဲဟု မေးမြန်းခဲ့သည်။

    အမေရိကန်က မြောက်ကိုရီးယား၏ စွမ်းဆောင်နိုင်စွမ်းအား သိနေသည်ကို ဖော်ထုတ်သကဲ့သို့ ဖြစ်မည်စိုး၍ ထိုအချက်ကို ၎င်းတို့နှစ်ဦးစလုံးက ပြောဆိုရန် ငြင်းဆိုခဲ့သော်လည်း စတီးဝပ်ကမူ အန္တရာယ်မှာ မြင့်တက်လာနေသည်ဟု သတိပေးခဲ့သည်။

    “လက်ရှိနှုန်းအတိုင်းသာ ဆက်လွှတ်ထားမယ်ဆိုရင် မြောက်ကိုရီးယားဟာ အမေရိကန် ပြည်မကြီးကို ခြိမ်းခြောက်နိုင်တဲ့ နျူထိပ်ဖူးတပ် ဒုံးကျည်တွေကို ပိုင်ဆိုင်လာမှာ မလွဲမသွေပါပဲ။ တိုက်ခိုက်နိုင်စွမ်း ဘယ်တော့လောက် ရှိလာမလဲဆိုတာကို ခန့်မှန်းဖို့ မဖြစ်နိုင်ပေမယ့် မြောက်ကိုရီးယားအစိုးရဟာ ဒါကို နှစ်မြှုပ်လုပ် ဆောင်နေပြီး ဒီလိုအင်အားမျိုး မလွဲမသွေ ရရှိနိုင်မယ့် လမ်းကြောင်းမျိုးပေါ်မှာ ရှိနေပါပြီ” ဟု စတီးဝပ်က ပြောကြားခဲ့သည်။

    မြောက်ကိုရီးယားမှာ တနင်္ဂနွေနေ့က လောင်စာခဲသုံး Pukguksong-2 ဒုံးကျည်ကို စမ်းသပ်ပစ်လွှတ်ခဲ့ပြီး ကုလ လုံခြုံးရေးကောင်စီက ထိုကိစ္စအတွက် တံခါးပိတ်အစည်းအဝေးပြုလုပ်ရန် ရှိနေသည်။

    Ref: Aljazeera

  • မွတ်စလင်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှုမှာ ထရမ့် ဘယ်လို လေသံပြောင်းသွားလဲ

    မွတ်စလင်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှုမှာ ထရမ့် ဘယ်လို လေသံပြောင်းသွားလဲ

    မေ ၂၂၊ ၂၀၁၇
    M-Media

    – ဆော်ဒီကိုရောက်ရှိနေတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၊ အာရပ်နဲ့ မွတ်စလင်အများစုရှိရာ နိုင်ငံတွေက ခေါင်းဆောင်တွေ၊ ကိုယ်စားလှယ်တွေ စုစုပေါင်း ၅၅ ဦးတို့ မနေ့က မြို့တော် ရီယာ့ဒ်မှာ ပူးပေါင်းပြု လုပ်တဲ့ ထိပ်သီးအစည်းအဝေးမှာ ဘာသာတရားကို အသုံးချပြီး အကြမ်းဖက်လုပ်ရပ်တွေကို ကျူးလွန်နေတဲ့ သူတွေကို ရှုတ်ချပြောဆိုလိုက်ပါတယ်။

    အစည်းအဝေးမှာ ပထမဆုံး မိန့်ခွန်းပြောတဲ့ ဆော်ဒီဘုရင် ဆလ်မန်က အစ္စလာမ်ဟာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးအတွက် အကောင်းဆုံး ဥပမာပေးထားပြီး ‘အမြဲတမ်း သည်းခံခွင့်လွှတ်တဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲတည်ရှိတဲ့ သာသနာ ဖြစ်နေမှာဖြစ်တယ်’ လို့ ပြောကြားခဲ့ပါတယ်။

    နောက်ပြီး အချို့သူတွေက အစ္စလာမ်သာသနာကို ပုံဖျက်နေတယ်လိုလည်း ဘုရင်ကြီးက ထောက်ပြခဲ့ပါတယ်။

    ထရမ့်ကတော့ ‘အစွန်းရောက်ဝါဒကို ရှင်းပစ်ဖို့’ ရည်ရွယ်တဲ့ ‘မဟာမိတ်အဖွဲ့’ တစ်ခုကို အရှေ့အလယ်ပိုင်းမှာ ပေါ်ပေါက်လာအောင် အမေရိကန်က ဆောင်ရွက်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

    နောက်ပြီး အကြမ်းဖက်တိုက်ခိုက်မှုတွေကို ခံစားရသူ အများစုဟာ ‘အပြစ်မဲ့တဲ့ အာရပ်တွေ၊ မွတ်စလင်တွေနဲ့ အရှေ့အလယ်ပိုင်းက နိုင်ငံတွေ’ ဖြစ်ပြီး ‘အကြမ်းဖက်တိုက်ခိုက်မှု သားကောင် ၉၅ ရာခိုင်နှုန်းကလည်း မွတ်စလင်တွေသာ ဖြစ်တယ်’ လို့ ပြောကြားခဲ့ပါတယ်။

    ကောင်းမှုနဲ့ မကောင်းမှု

    အစွန်းရောက်သမားတွေကို တိုက်ခိုက်မှုကိုတော့ ကောင်းမှုနဲ့ မကောင်းမှုအကြား စစ်ပွဲလို့ ထရမ့်က ကင်ပွန်းတပ်ခဲ့ပါတယ်။

    “ဒါဟာ လူသားဘ၀ကို ဖျောက်ဖျက်ချင်နေတဲ့ ကြမ်းကြုတ်တဲ့ ရာဇ၀တ်ကောင်တွေနဲ့ လူသားတွေကို ကာကွယ်ချင်နေတဲ့ ဘာသာအားလုံးက သူတော်ကောင်းတွေအကြား တိုက်ပွဲဖြစ်ပါတယ်။ ဒါဟာ ကောင်းမှုနဲ့ မကောင်းမှုကြားက တိုက်ပွဲပါ။ မတူညီတဲ့ ဘာသာတရားတွေအကြား၊ ဂိုဏ်းဂဏတွေအကြား၊ လူ့အဖွဲ့အ
    စည်းတွေအကြား တိုက်ပွဲမဟုတ်ပါဘူး” လို့ ဒေါ်နယ်ထရမ့်က ဆိုပါတယ်။

    အစွန်းရောက်သမားတွေကို တိုက်ဖျက်နေတဲ့ ခေါင်းဆောင်တွေနဲ့အတူ အမေရိကန်က ရပ်တည်နေပြီး ဒီအစွန်းရောက်တွေကို ‘မိမိတို့ရဲ့ ၀တ်ပြုရာနေရာ၊ လူ့အဖွဲ့အစည်း၊ မြင့်မြတ်ရာ နယ်မြေတွေကနေ’ မောင်းထုတ်ရာမှာ အရှေ့အလယ်ပိုင်း နိုင်ငံတွေက ဦးဆောင်သင့်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

    “အကြမ်းဖက်သမားတွေဟာ ဘုရားသခင်ကို ကိုးကွယ်တာမဟုတ်ပါဘူး။ သေခြင်းတရားကို ကိုးကွယ်တာပါ”

    ဘာသာရေးခေါင်းဆောင်တွေအနေနဲ့ ဘာသာတရားရဲ့ အမည်ကို အသုံးချပြီး လုပ်နေတဲ့ တိုက်ခိုက်မှုတွေကို ရှုတ်ချဖို့ ထရမ့်က တိုက်တွန်းခဲ့ပြီး ‘မတူညီတဲ့ ဘာသာတရားတွေကြားထဲက တိုက်ပွဲ’ မဟုတ်ဘူးလို့လည်း ထပ်လောင်း ပြောဆိုခဲ့ပါတယ်။

    “ကျွန်တော်တို့ဟာ လူတွေ ဘယ်လိုနေရမယ်၊ ဘယ်လို ကိုးကွယ်ရမလဲဆိုတာ ပြောဖို့ ဒီရောက်နေတာ မဟုတ်ပါဘူး။ ဘုံအကျိုးစီးပွားနဲ့ တန်ဖိုးတွေကို အခြေခံပြီး မိတ်ဖက်အဖြစ် ကမ်းလှမ်းဖို့ ရောက်ရှိနေတာဖြစ်ပါတယ်။ အခြားကိစ္စတွေထက် ပိုပြီး အရေးကြီးတဲ့ ရည်ရွယ်ချက်တစ်ခုကို ဖော်ဆောင်ဖို့ ကျွန်တော်တို့ ညီညွှတ်ရပါမယ်။ ဒီ ရည်ရွယ်ချက်ကတော့ အစွန်းရောက်ဝါဒကို အောင်နိုင်ရေးဆိုတဲ့ သမိုင်းရဲ့ အကြီးမားဆုံး စမ်းသပ်မှုပါပဲ”

    ထရမ့်ဟာ မွတ်စလင်အများစုရှိရာ နိုင်ငံတွေကို ခရီးသွားလာခွင့်ပိတ်ပင်မယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ၂၀၁၆ ခုနှစ် မတ်လက CNN နဲ့ အင်တာဗျူးမှာ အစ္စလာမ်က သူတို့ကို မုန်းနေတယ်လို့ထင်ကြောင်း၊ အစ္စလာမ်သာသနာမှာ အမုန်းတွေ ကြီးကြီးမားမားရှိနေကြောင်း၊ အရင်းအမြစ်အထိ ကြည့်ဖို့လိုကြောင်း ပြောကြားခဲ့တဲ့အတွက် ဝေဖန်မှုကို ပြင်းပြင်းထန်ထန် ခံခဲ့ရပါတယ်။

    ဒါပေမယ့် အခု မိန့်ခွန်းမှာတော့ ငြိမ်းချမ်းရေး၊ မျှော်လင့်ချက်နဲ့ စည်းလုံးမှုတွေကို အဓိကထား တိုက်တွန်းသွားခဲ့ပါတယ်။

    ထရမ့်ဟာ ကာတာ၊ ဘာရိန်း၊ အီဂျစ်တို့က နိုင်ငံ့ခေါင်းဆောင်တွေအပါအ၀င် မွတ်စလင်အများစုရှိရာ နိုင်ငံတွေက ခေါင်းဆောင်တွေ တော်တော်များများနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

    အကြမ်းဖက်ဝါဒအတွက် ငွေကြေးထောက်ပံ့နေမှုကို တိုက်ဖျက်ရေး ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေး ကောင်စီ အဖွဲ့ဝင်နိုင်ငံတွေနဲ့ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

    ဆော်ဒီနဲ့ကတော့ အမေရိကန်သမိုင်းမှာ အကြီမားဆုံး လက်နက်ရောင်းဝယ်မှုစာချုပ်ဖြစ်တဲ့ ကန်ဒေါ်လာ ၁၁၀ ဘီလီယံ တန်ဖိုးရှိတဲ့ စာချုပ်အပါဝင် အခြား ပူးပေါင်းဆောင်ရွက်ရေး စာချုပ်တွေကိုလည်း ချုပ်ဆိုခဲ့ပါတယ်။

    Ref: Aljazeera

  • ၂ နှစ်အတွင်း တရုတ်က ကန်ထောက်လှမ်းရေးသတင်းပေး ၂၀ ကို ဖြိုခွင်း

    ၂ နှစ်အတွင်း တရုတ်က ကန်ထောက်လှမ်းရေးသတင်းပေး ၂၀ ကို ဖြိုခွင်း

    မေ ၂၁၊ ၂၀၁၇
    M-Media

    – တရုတ်နိုင်ငံမှာ ပြီးခဲ့သည့် ၂ နှစ်တာကာလအတွင်း အမေရိကန်ထောက်လှမ်းရေး CIA သတင်းပေး ၁၈ ဦးမှ ၂၀ အကြားကို သတ်ဖြတ်ခြင်း၊ ထောင်သွင်းအကျဉ်းချခြင်းတို့ ပြုလုပ်ခဲ့သည်ဟု အမေရိကန် အာဏာပိုင်များ၏ ပြောကြားမှုကို New York Times က ယမန်နေ့တွင် ဖော်ပြခဲ့သည်။

    ထိုဆောင်ရွက်ချက်က တရုတ်နိုင်ငံအတွင်းရှိ အမေရိကန်၏ သူလျှိုကွန်ယက်ကို အသက်မဲ့စေပြီး စီအိုင်အေ၏ စစ်ဆင်ရေးများ ပြိုကွဲသွားစေသည်ဟုလည်း ဆိုသည်။

    ထိုကိစ္စနှင့်ပတ်သက်၍ CIA နှင့် FBI တို့က ကုဒ်နာမည် Honey Badger ဖြင့် ဗာဂျီးနီးယားပြည်နယ်တွင် အခြေစိုက်ကာ စုံစမ်းစစ်ဆေးခဲ့ခြင်းဖြစ်သည်။

    တရုတ်က အမေရိကန် ထောက်လှမ်းရေးကွန်ယက်ကို ထိုကဲ့သို့ ဖျက်ဆီးနိုင်မှုမှာ စီအိုင်အေ၏ ဆက်သွယ်ရေးစနစ်ကို ဟက်နိုင်ခြင်း သို့မဟုတ် သူလျှိုတစ်ဦးက သတင်းပေးခြင်းတို့ကြောင့် ဖြစ်နိုင်သည်ဟု ဆိုသည်။

    FBI လုပ်သားတစ်ဦးမှာ ငွေကြေးရရှိရန်အတွက် အရေးပါသည့် နည်းပညာ အချက်အလက်များကို တရုတ်အား ပေးခဲ့သည်ဟု ၀န်ခံခဲ့ပြီး ပြီးခဲ့သည့်နှစ်တွင် တရားစွဲဆိုခံခဲ့ရသည်။

    မကြာသေးမီက တရုတ်သမ္မတ ရှီကျင့်ဖျင် အမေရိကန်သို့ လာရောက်သည့်အချိန်တွင် သမ္မတ ဒေါ်နယ်ထရမ့်က တရုတ်နှင့် အလွန့်အလွန်ကြီးကျယ်သော ဆက်ဆံရေးတစ်ခု၏ အစဖြစ်သည်ဟု ပြောကြားခဲ့သည်။

    Ref: Press TV