News @ M-Media

Tag: US

  • ၂ နှစ်အတွင်း တရုတ်က ကန်ထောက်လှမ်းရေးသတင်းပေး ၂၀ ကို ဖြိုခွင်း

    ၂ နှစ်အတွင်း တရုတ်က ကန်ထောက်လှမ်းရေးသတင်းပေး ၂၀ ကို ဖြိုခွင်း

    မေ ၂၁၊ ၂၀၁၇
    M-Media

    – တရုတ်နိုင်ငံမှာ ပြီးခဲ့သည့် ၂ နှစ်တာကာလအတွင်း အမေရိကန်ထောက်လှမ်းရေး CIA သတင်းပေး ၁၈ ဦးမှ ၂၀ အကြားကို သတ်ဖြတ်ခြင်း၊ ထောင်သွင်းအကျဉ်းချခြင်းတို့ ပြုလုပ်ခဲ့သည်ဟု အမေရိကန် အာဏာပိုင်များ၏ ပြောကြားမှုကို New York Times က ယမန်နေ့တွင် ဖော်ပြခဲ့သည်။

    ထိုဆောင်ရွက်ချက်က တရုတ်နိုင်ငံအတွင်းရှိ အမေရိကန်၏ သူလျှိုကွန်ယက်ကို အသက်မဲ့စေပြီး စီအိုင်အေ၏ စစ်ဆင်ရေးများ ပြိုကွဲသွားစေသည်ဟုလည်း ဆိုသည်။

    ထိုကိစ္စနှင့်ပတ်သက်၍ CIA နှင့် FBI တို့က ကုဒ်နာမည် Honey Badger ဖြင့် ဗာဂျီးနီးယားပြည်နယ်တွင် အခြေစိုက်ကာ စုံစမ်းစစ်ဆေးခဲ့ခြင်းဖြစ်သည်။

    တရုတ်က အမေရိကန် ထောက်လှမ်းရေးကွန်ယက်ကို ထိုကဲ့သို့ ဖျက်ဆီးနိုင်မှုမှာ စီအိုင်အေ၏ ဆက်သွယ်ရေးစနစ်ကို ဟက်နိုင်ခြင်း သို့မဟုတ် သူလျှိုတစ်ဦးက သတင်းပေးခြင်းတို့ကြောင့် ဖြစ်နိုင်သည်ဟု ဆိုသည်။

    FBI လုပ်သားတစ်ဦးမှာ ငွေကြေးရရှိရန်အတွက် အရေးပါသည့် နည်းပညာ အချက်အလက်များကို တရုတ်အား ပေးခဲ့သည်ဟု ၀န်ခံခဲ့ပြီး ပြီးခဲ့သည့်နှစ်တွင် တရားစွဲဆိုခံခဲ့ရသည်။

    မကြာသေးမီက တရုတ်သမ္မတ ရှီကျင့်ဖျင် အမေရိကန်သို့ လာရောက်သည့်အချိန်တွင် သမ္မတ ဒေါ်နယ်ထရမ့်က တရုတ်နှင့် အလွန့်အလွန်ကြီးကျယ်သော ဆက်ဆံရေးတစ်ခု၏ အစဖြစ်သည်ဟု ပြောကြားခဲ့သည်။

    Ref: Press TV

  • ဆော်ဒီနှင့် အမေရိကန်တို့ ဒေါ်လာ ၁၁၀ ဘီလီယံတန် လက်နက်စာချုပ် ချုပ်ဆို

    ဆော်ဒီနှင့် အမေရိကန်တို့ ဒေါ်လာ ၁၁၀ ဘီလီယံတန် လက်နက်စာချုပ် ချုပ်ဆို

    မေ ၂၁၊ ၂၀၁၇
    M-Media

    – ဆော်ဒီအာရေဗျသို့ ရောက်ရှိနေသည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ဆော်ဒီဘုရင် ဆလ်မန်တို့မှာ ကန်ဒေါ်လာ ဘီလီယံ ၁၁၀ တန်ဖိုးရှိ လက်နက်ရောင်းဝယ်ရေး စာချုပ်တစ်ခုကို ယမန်နေ့တွင် ချုပ်ဆိုခဲ့သည်ဟု သိရသည်။

    အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ် တီလာဆန်က ယခု လက်နက်ရောင်းဝယ်ရေး သဘောတူညီချက်မှာ ဒေသတွင်း အီရန်၏ အဖျက်သဘောဆောင်သော လွှမ်းမိုးမှုကို ရင်ဆိုင်ရန် ဆော်ဒီအတွက် အကူအညီ ဖြစ်စေမည်ဖြစ်ကြောင်း၊ သဘောတူညီချက်တွင် ဆော်ဒီအာရေဗျနှင့် ပင်လယ်ကွေ့ဒေသ ရေရှည်လုံခြုံရေး
    အတွက် ကာကွယ်ရေးပစ္စည်းများ၊ ၀န်ဆောင်မှုများ ထောက်ပံ့ပေးရေး ပါဝင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    ယခုသဘောတူညီချက်တွင် အိုဘားမားလက်ထက်က မရောင်းချခဲ့သော ဒုံးကျည်ကာကွယ်ရေးစနစ်ကို ရောင်းချရန်လည်း ပါဝင်သည်။

    တီလာဆန်နှင့် ပူးတွဲပြုလုပ်သော သတင်းစာရှင်းလင်းပွဲတါင် ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး အဒဲလ် အလ်-ဂျူဘီးရ်က ယခုဆွေးနွေးမှုမှာ ‘ဆော်ဒီအာရေဗျနှင့် အမေရိကန်တို့အကြား ဆက်ဆံရေး၏ စစ်မှန်သော သမိုင်းဝင်နေ့ဖြစ်ပြီး၊ အစ္စလာမ်ကမ္ဘာ၊ အာရပ်ကမ္ဘာနှင့် အမေရိကန်အကြား ဆက်ဆံရေး အလှည့်အပြောင်းတစ်ခု၏ အစဖြစ်မည်ဟု ယုံကြည်ကြောင်း’ ပြောကြားခဲ့သည်။

    အမေရိကန်သမ္မတနှင့် ၎င်း၏အဖွဲ့မှာ ယမန်နေ့က ဆော်ဒီသို့ ရောက်ရှိလာပြီး ၂ ရက်တာကြာမြင့်မည့် ၎င်း၏ ခရီးစဉ်တွင် ကန်ဒေါ်လာ ၁၅ ဘီလီယံဖိုး သဘောတူညီချက်များ၊ နားလည်မှုစာချွန်လွှာများကို လက်မှတ်ထိုးရန် ရှိနေသည်။

    Ref: Aljazeera

  • ဆော်ဒီက ထရမ့်ကို နိုင်ငံ၏ အမြင့်ဆုံး ဂုဏ်ပြုဆုတံဆိပ် ချီးမြှင့်

    ဆော်ဒီက ထရမ့်ကို နိုင်ငံ၏ အမြင့်ဆုံး ဂုဏ်ပြုဆုတံဆိပ် ချီးမြှင့်

    မေ ၂၀၊ ၂၀၁၇
    M-Media

    – ဆော်ဒီအာရေဗျနိုင်ငံသို့ ရောက်ရှိနေသည့် အမေရိကန်သမ္မဒေါ်နယ်ထရမ့်ကို ဆော်ဒီဘုရင် ဆလ်မန်က နိုင်ငံတော်မှ အရပ်သားများကို ပေးအပ်သော အမြင့်ဆုံး ဂုဏ်ပြုဆုတံဆိပ်ကို ချီးမြှင့်လိုက်သည်ဟု သိရသည်။

    ‘ဘုရင် အဘ်ဒူလ်အဇစ် အလ် ဆာအွဒ် လည်ဆွဲ’ ဟု အမည်ရသည့် အဆိုပါ ဂုဏ်ပြုဆုတံဆိပ်ကို ယနေ့တွင် ရီယာ့ဒ်ရှိ ဘုရင့်နန်းတော်၌ အခမ်းအနားဖြင့် ချီးမြှင့်ခြင်းဖြစ်ကာ ‘ဒေသတွင်းနှင့် ကမ္ဘာကြီး လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ထရမ့်၏ စွမ်းစွမ်းတမံ ဆောင်ရွက်မှုကြောင့်’ ချီးမြှင့်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ထိုဂုဏ်ပြုဆုတံဆိပ်ကို ရရှားသမ္မတ ဗလာဒီမီရ် ပူတင်၊ ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေနှင့် အမေရိကန်သမ္မတဟောင်း ဘာရက်အိုဘားမားတို့လည်း ရရှိထားသည်။

    ထရမ့်မှာ ဆော်ဒီ-အမေရိကန် နှစ်နိုင်ငံ လုံခြုံရေးနှင့် စီးပွားရေးဆက်ဆံမှုများ အားကောင်းစေရေးအတွက် ရည်ရွယ်ကာ ဆော်ဒီသို့ လာရောက်ခြင်းဖြစ်ပြီး၊ ဆော်ဒီနှင့် လက်နက်ရောင်းချရေးစာချုပ်ကို လက်မှတ်ထိုးခြင်း၊ ကမ္ဘာတစ်ဝှမ်းမှ မွတ်စလင်ခေါင်းဆောင်များနှင့် တွေ့ဆုံခြင်းတို့ကို ၂ ရက်တာကြာမြင့်မည့် ၎င်း၏ ခရီးစဉ်အတွင်း ပြုလုပ်သွားမည်ဖြစ်သည်။

    ထို့ပြင် အစ္စလာမ်နှင့်ပတ်သက်၍ မိန့်ခွန်းတစ်ရပ်ကိုလည်း မနက်ဖြန်တွင် ပြောကြားရန် ရှိနေသည်။

    Ref: Arabnews

  • အရှေ့တရုတ်ပင်လယ်တွင် ကန်လေယာဉ်ကို တရုတ်တိုက်လေယာဉ်များ နှောက်ယှက်

    အရှေ့တရုတ်ပင်လယ်တွင် ကန်လေယာဉ်ကို တရုတ်တိုက်လေယာဉ်များ နှောက်ယှက်

    မေ ၁၉၊ ၂၀၁၇
    M-Media

    – အရှေ့တရုတ်ပင်လယ်တွင် အမေရိကန် ထောက်လှမ်းရေးလေယာဉ်တစ်စင်းကို တရုတ် တိုက်လေယာဉ် ၂ စင်းက ကြားဖြတ်နှောက်ယှက်ခဲ့ပြီး အမေရိကန်က ထိုလုပ်ရပ်မှာ တာဝန်မဲ့သည့် လုပ်ရပ်ဖြစ်သည်ဟု ပြောကြားလိုက်သည်။

    အမေရိကန်၏ WC-135 လေယာဉ်မှာ ဗုဒ္ဓဟူးနေ့က အရှေ့တရုတ်ပင်လယ်ပြင်တွင် ပျံသန်းနေစဉ် တရုတ်၏ Sukhoi Su-30 တိုက်လေယဉ် ၂ စင်းက ပျံတက်လာကာ ထိုထဲမှ တစ်စင်းမှာ ၄၆ မီတာအနီးထိ ကပ်၍ ပြောင်းပြန် ပျံသန်းမှု ပြုလုပ်ခဲ့သည်ဟု အမေရိကန်တာဝန်ရှိသူများက ပြောကြားခဲ့သည်။

    “ဒီပြဿနာကို တရုတ်နဲ့ သင့်လျော်တဲ့ သံတမန်ရေးနည်းလမ်း၊ စစ်ဖက်ဆိုင်ရာ ဆက်သွယ်ရေးနည်းလမ်းတွေနဲ့ ဖြေရှင်းနေပါတယ်” ဟု အမေရိကန်လေတပ်မှ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး လိုရီ ဟုဂ်ျက ယမန်နေ့တွင် ပြောကြားခဲ့သည်။

    တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟွာချွမ်ယင်းက ထိုကိစ္စနှင့်တပ်သက်၍ မှတ်ချက်မပေးခဲ့ဘဲ တရုတ် ကာကွယ်ရေးဝန်ကြီးဌာနသို့ ညွှန်းခဲ့ပြီး ၀န်ကြီးဌာနကလည်း မည်သည့် မှတ်ချက်မှ မပေးသေးပေ။

    “အရင်တုန်းကတည်းက အမေရိကန်သင်္ဘောတွေ၊ လေယာဉ်တွေဟာ တရုတ်နိုင်ငံကို အနီးကပ် စောင့်ကြည့်တာမျိုးတွေ ရှိခဲ့ပြီး ဒါမျိုးက နားလည်မှုလွဲတာ၊ ကောက်ချက်ချမှုလွဲတာ၊ ပင်လယ်ပြင်နဲ့ ဝေဟင်မှာ မမျှော်လင့်တဲ့ အဖြစ်အပျက်မျိုးတွေ အလွယ်တကူ ဖြစ်နိုင်ပါတယ်။ အမေရိကန်အနေနဲ့ တရုတ်ရဲ့ ထိုက်သင့်တဲ့ လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုမျိုးကို လေးစားမယ်လို့ ကျွန်မတို့ မျှော်လင့်ပါတယ်” ဟု ဟွာချွမ်ယင်းက ပြောကြားခဲ့သည်။

    အမေရိကန်ရုပ်သံဌာန NBC က အဆိုပါထောက်လှမ်းရေးလေယာဉ်မှာ နိုင်ငံတကာ လေပိုင်နက်တွင် နေ့စဉ် လုပ်ငန်းများ လုပ်ဆောင်နေစဉ် ထိုအခြေအနေမျိုး ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်ဟု ဖော်ပြခဲ့သည်။

    ‘အနံ့ခံလေယာဉ်’ ဟု ခေါ်သည့် အဆိုပါ WC-135 လေယာဉ်မှာ လေထုအတွင်း နျူလှုပ်ရှားမှု လက္ခဏာများ ရှိ၊ မရှိကို စစ်ရန် ဒီဇိုင်ထွင်ထားခြင်းဖြစ်သည်။

    Ref: Aljazeera

  • IS ကို အရင်းတည်ပြီး အစ္စရေးက လုပ်စားနေလား

    IS ကို အရင်းတည်ပြီး အစ္စရေးက လုပ်စားနေလား

    မေ ၁၈၊ ၂၀၁၇
    M-Media

    – ပြီးခဲ့တဲ့တစ်ပတ် ရုရှားနိုင်ငံခြားရေးဝန်ကြီးနဲ့ အိမ်ဖြူတော်မှာတွေ့ဆုံတဲ့အချိန် ထရမ့်က ပြောကြားခဲ့တဲ့ ISနဲ့ပတ်သက်တဲ့ ထိပ်တန်းလျှို့ဝှက်ချက်ရဲ့ ထောက်လှမ်းရေးရင်းမြစ်က အစ္စရေးဖြစ်နေတယ်လို့ အမေရိကန် သတင်းဌာနတွေက ဖော်ပြလိုက်ပြီး သောကပတ်လည်ဝိုင်းနေတဲ့ ထရမ့်အစိုးရအတွက် နောက်ထပ် အငြင်
းပွားဖွယ် ကိစ္စတစ်ခု ဖြစ်လာပါတယ်။

    နယူးယောက်တိုင်းမ်စ်က အင်္ဂါနေ့ ဖော်ပြမှုမှာ ထရမ့်က ရုရှားတွေကို ပြောလိုက်တယ်ဆိုတဲ့ လျှို့ဝှက်ချက်ဟာ အစ္စရေးက အမေရိကန် ထောက်လှမ်းရေးအေဂျင်စီတွေကို ပေးထားတဲ့ သတင်းဖြစ်တယ်လို့ ဆိုပါတယ်။

    အဲဒီသတင်းက IS အကြမ်းဖက်အဖွဲ့ဟာ လက်တော့ကွန်ပျူတာတွေကို အသုံးပြုကာ လေယာဉ်တွေပေါ်မှာ ဖောက်ခွဲရေးတွေလုပ်ဆောင်ဖို့ ကြံစည်နေတယ်ဆိုတဲ့ သတင်းပါ။

    အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး အိခ်ျအာရ် မက်မာစတာက ထရမ့်အနေနဲ့ ဒီလို ပြောကြားခဲ့တာမျိုး မရှိဘူးလို့ ငြင်းဆိုခဲ့ပြီး အရင်ဆုံးဖော်ပြတဲ့ ၀ါရှန်တန်ပို့စ်က သတင်းဟာ သတင်းမှားဖြစ်တယ်လို့ ဆိုပါတယ်။

    အလ်ဂျာဇီးရားသတင်းဌာနနဲ့ မေးမြန်းမှုကို CIA ပြောရေးဆိုခွင့်ရှိသူတစ်ဦးက မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပြီး အမေရိကန်အမျိုးသား လုံခြုံရေးကောင်စီကို ညွှန်ခဲ့ပါတယ်။

    နောက်ပိုင်းမှာ ထရမ့်က သူ့အနေနဲ့ ရုရှားတွေကို နိုင်ငံရဲ့ ထိပ်တန်းလျှို့ဝှက်ချက်တွေ ပြောခဲ့တယ်ဆိုတာ ၀န်ခံခဲ့ပါတယ်။

    IS က လက်တော့တွေအသုံးပြုပြီး လေယာဉ်တွေကို ဖောက်ခွဲမယ်ဆိုတဲ့ သတင်းကို အစ္စရေး ပေးတယ်ဆိုတဲ့အကြောင်း အခြားသော အမေရိကန်မီဒီယာတွေကကလည်း သူတို့နည်းသူတို့ဟန်နဲ့ စုံစမ်းပြီး နယူးယောက်တိုင်းမ်စ်ရဲ့ ဖော်ပြမှုကို အတည်ပြုခဲ့ပါတယ်။

    အမေရိကန်နိုင်ငံဆိုင်ရာ အစ္စရေးသံအမတ် ရွန် ဒါရ်မာရ်က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ အစ္စရေးအနေနဲ့ အမေရိကန်နဲ့ ထောက်လှမ်းရေးသတင်း မျှဝေမှုလုပ်ငန်းမှာ ယုံကြည်မှု အပြည့်အ၀ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် နယူးယောက်တိုင်းမ်စ်ရဲ့ ဖော်ပြမှုနဲ့ပတ်သက်ပြီး သီးခြားမှတ်ချက်ပေးတာမျိုး မပါဝင်ခဲ့ပါဘူး။

    IS ဟာ လက်တော့ကွန်ပျူတာတွေမှာ ဗုံးတွေထည့်နိုင်တဲ့ စွမ်းရည် ရရှိသွားပြီဆိုတဲ့ စိုးရိမ်မှုတွေနဲ့ပတ်သက်ပြီး အစ္စရေးရဲ့ ထောက်လှမ်းရေးအချက်အလက်ပေါ်မှာ သံသယတွေလည်း ရှိနေပါတယ်။

    မတ်လအတွင်း အမေရိကန်က မွတ်စလင်အများစုရှိရာ နိုင်ငံ ၈ နိုင်ငံက လာရောက်မယ့် လေယာဉ်တွေပေါ်မှာ အရွယ်အစားကြီးမားတဲ့ အီလက်ထရောနစ်ပစ္စည်းတွေ လူနဲ့အတူ မတင်ရဘူးဆိုတဲ့ အမေရိကန်အစိုးရရဲ့ တားမြစ်ချက်ဟာ ဒီသတင်းကြောင့် ဖြစ်တယ်လို့လည်း ပြောဆိုမှုတွေ ရှိနေပါတယ်။

    ဒီတားမြစ်ချက်ကို ခံစားခဲ့ရတဲ့ လေကြောင်းလိုင်းတွေက Royal Jordanian Airlines၊ EgyptAir၊ Turkish Airlines၊ Saudi Airlines၊ Kuwait Airways၊ Royal Air Maroc၊ Qatar Airways၊ Emirates နဲ့ Etihad Airways တွေ ဖြစ်ပါတယ်။

    အမေရိကန်ကို တိုက်ရိုက်ပျံသန်းကြတဲ့ ဒီလေကြောင်းလိုင်းတွေဟာ အမေရိကန် လေကြောင်းကုမ္ပဏီတွေအတွက် ကြီးမားတဲ့ ပြိုင်ဆိုင်မှုတွေဖြစ်နေပြီး အထူးသဖြင့် နွေရာသီကာလတွေမှာ ဖြစ်ပါတယ်။

    စီအိုင်အေ အရာရှိဟောင်း ဂျွန် ကီရီယာကူက IS ရဲ့ ဒီလိုကိစ္စနဲ့ပတ်သက်ပြီး အင်မတန်အရေးပါတဲ့ ထောက်လှမ်းရေးအချက်အလက်တွေကို အစ္စရေးက ရရှိတယ်ဆိုတဲ့အပေါ်မှာ သင်္ကာမကင်း ဖြစ်နေပါတယ်။

    “ဂျော်ဒန်၊ တူရကီထောက်လှမ်းရေးတွေက ဒီလို သတင်းရတယ်ဆိုရင် ဒါက ပိုပြီး ယုတ္တိရှိတယ်ဗျ။ ဘာ့ကြောင့်လည်းဆိုတော့ ဒီအဖွဲ့တွေက IS လိုအဖွဲ့မျိုးနဲ့ ရင်ဆိုင်ရတဲ့ အချိန်အတိုင်းအတာက ကြာပြီလေ။ အရှေ့အလယ်ပိုင်း လေကြောင်းစီးပွားရေးကို ကဖျက်ယဖျက်လုပ်ပြီး ကိုယ်ကျိုးရှာချင်လို့ အစ္စရေးက ဒီလိုလု
    ပ်တယ် ဆိုရင်လည်း ကျွန်တော် အံ့သြမိမှာ မဟုတ်ပါဘူး” လို့ ကီရီယာကူက ပြောပါတယ်။

    CNN က အမေရိကန်ကိုလာမယ့် လေကြောင်းလိုင်းတွေပေါ်မှာ လက်တော့တွေကို ပိတ်ပင်မယ့်သတင်းကို မတ်လ ၃၁ ရက်နေ့က ဖော်ပြရမှာ ထောက်လှမ်းရေးနဲ့ဆိုင်တဲ့ အချက်အလက်တွေကို ချန်ခဲ့ရခြင်းဟာ အမေရိကန် ထောက်လှမ်းရေး တာဝန်ရှိသူတွေက အမျိုးသားလုံခြုံရေး စိုးရိမ်မှုကြောင့် မဖော်ပြဖို့ မေတ္တာရပ်ခံတဲ့အတွက် ဖစ်တယ်လို့ အင်္ဂါနေ့မှာ ဖော်ပြခဲ့ပါတယ်။

    “မတ်လနှောင်းပိုင်းမှာ အမေရိကန်တာဝန်ရှိသူတွေက -ထောက်လှမ်းရေးသတင်းရရှိတဲ့ မြို့တစ်ခု အပါအ၀င် – တစ်ချို့အချက်အလက်တွေကို ဖော်ပြရင် ရန်သူတွေကို ထောက်လှမ်းရေးရင်းမြစ်တွေ၊ နည်းလမ်းတွေ အသိပေးသလို ဖြစ်သွားနိုင်တယ်လို့ ပြောခဲ့ပါတယ်” လို့ CNN က ရေးသားခဲ့ပါတယ်။

    Ref: Aljazeera