News @ M-Media

Tag: US

  • လူမည်းကို နိုင်သလောက်သတ်ရန် စီစဉ်ထားသည့် လူဖြူအစွန်းရောက်ကို အမေရိကန် တရားစွဲ

    လူမည်းကို နိုင်သလောက်သတ်ရန် စီစဉ်ထားသည့် လူဖြူအစွန်းရောက်ကို အမေရိကန် တရားစွဲ

    မတ် ၂၄၊ ၂၀၁၇
    M-Media

    – နယူးယောက်မြို့ရှိ အသက် ၆၆ နှစ်အရွယ် လူမည်းအမျိုးသားတစ်ဦးကို ဓားရှည်ဖြင့် ခုတ်သတ်ခဲ့သည့် လူဖြူအစွန်းရောက်တစ်ဦးကို အမုန်းအခြေပြု လူသတ်မှုနှင့် ကြာသာပတေးနေ့က တရားစွဲဆိုထားသည်ဟု သိရသည်။

    အသက် ၂၈ နှစ်အရွယ် ဂျိမ်းစ် ဟာရစ် ဂျက်ဆန်ဆိုသူဖြစ်ပြီး တနင်္လာနေ့က တီမိုသီ ကော့ဟ်မန်းကို သတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး ဂျက်ဆန်က မိမိမှာ လူမည်းများကို လွန်ခဲ့သည့် ၁၀ နှစ်ကတည်းက မုန်းတီးနေခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့ကို ပြောကြားခဲ့သည်။

    “နယူးယောက်မှာ လူမည်းတွေကို နိုင်သလောက်သတ်ဖို့ သူက စီစဉ်ထားပါတယ်။ ဒီတရားခံရဲ့ နောက်ကွယ်က လှုံ့ဆော်မှုက အမုန်းတရားဆိုတာ ထင်ရှားပါတယ်” ဟု တရားသူကြီး ဂျိုအန် အီလူဇီက ပြောကြားခဲ့သည်။

    ကော့ဟန်းမှာ ၎င်း၏ အိမ်နားရှိ အမှိုက်ပုံးတွင် ပုလင်းများကို ကုန်း၍ ယူနေစဉ် ဂျက်ဆန်က ဓားဖြင့်ရင်ဘတ်နှင့် နောက်ကျောတို့ကို ခုတ်ကာ ထွက်ပြေးခဲ့သည်။ ကော့ဟန့်မှာ သွေးထွက်လွန်၍ ဆေးရုံတွင် သေဆုံးခဲ့သည်။ ဂျက်ဆန်ကမူ ဓားကို အမှိုက်ပုံးထဲတွင် ထည့်ခဲ့ပြီး ရဲတပ်ဖွဲ့က ၎င်းပုံပါသော လုံခြုံရေး
    ကင်မရာမှတ်တမ်းကို ထုတ်ပြန်ခဲ့ပြီးနောက် ရဲတပ်ဖွဲ့ထံ သွားရောက်အဖမ်းခံခဲ့သည်။

    ထိုအဖြစ်အပျက်ကြောင့် သောကြာနေ့တွင် လူမျိုးရေးခွဲခြားမှုဆန့်ကျင်ရေး ဆန္ဒပြမှုများကို ပြုလုပ်ခဲ့ကြသည်။

    ဂျက်ဆန်မှာ ၂၀၁၂ ခုနှစ်အထိ စစ်တပ်တွင် ၃ နှစ်အမှုထမ်းခဲ့ပြီး လူဖြူအမျိုးသမီးများနှင့် ချိန်းတွေ့သော လူမည်းများကို အညှိုးထား မုန်းတီးနေသူဖြစ်သည်။

    အစိုးရရှေ့နေ အီလူဇီကမူ ထိုအမှုမှာ အကြမ်းဖက်မှု ဖြစ်နိုင်သည့်အတွက် ဂျက်ဆန်အပေါ် စွဲထားသည့် စွဲချက်များကို ထပ်မံမြှင့်တင်သွားရန် ရှိနေသည်ဟု ပြောကြားခဲ့သည်။

    ဂျန်ဆန်၏ ရှေ့နေကမူ ၎င်း၏ အမှုသည်မှာ စိတ်ရောဂါ ခံစားနေရဖွယ် ဖြစ်နိုင်ချေရှိသည်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera

  • ထရမ့်နှင့် လူမည်းအမတ် အိမ်ဖြူတော်တွင် တွေ့မည်

    ထရမ့်နှင့် လူမည်းအမတ် အိမ်ဖြူတော်တွင် တွေ့မည်

    မတ် ၂၂၊ ၂၀၁၇
    M-Media

    CBC ဥက္ကဌ စီဒရင် အလ် ရစ်ခ်ျမွန်း

    – အမေရိကန် အထက်လွှတ်တော် လူမည်းနိုင်ငံရေးသမားများအဖွဲ့ဖြစ်သော Congressional Black Caucus (CBC) မှာ အမေရိကန်ရှိ အာဖရိကန်-အမေရိကန်လူ့အဖွဲ့အစည်းနှင့် သက်ဆိုင်သည့် ကိစ္စရပ်များအတွက် သမ္မတ ဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်နေသည်ဟု သိရသည်။

    ထရမ့်နှင့် CBC ၏ အမှုဆောင် ကော်မတီတို့မှာ မတ်လ ၂၂ ရက်နေ့တွင် တွေ့ဆုံမည်ဟု အိမ်ဖြူတော်က အတည်ပြုထားပြီး၊ ပြန်ကြားရေးဝန်ရှိသူ ရှောင် စပိုက်ဆာက ထရမ့်မှာ ဆွေနွေးမှုများပြုလုပ်ရန် အထ်လွှတ်တော်အမတ်များကို ဖိတ်ကြားထားသည်ဟု ပြောကြားခဲ့သည်။

    CBC ကို အထက်လွှတ်တော်အမတ် ၄၉ ဦးဖြင့် ဖွဲ့စည်းထားပြီး အများစုမှာ ဒီမိုကရက်များဖြစ်ကြသည်။

    ရီပက်ဘလစ်ကန်အမတ်တစ်ဦးဖြစ်ပြီး CBC ၏ ဥက္ကဖြစ်သော စီဒရင် အလ် ရစ်ခ်ျမွန်းက မိမိနှင့် အမှုဆောင် ကော်မတီဝင် ၅ ဦးမှာ အာဖရိကန်-အမေရိကန် လူ့အဖွဲ့အစည်း၏ ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးရန် ထရမ့်၏ ဖိတ်ကြားမှုကို လက်ခံခဲ့ပြီး ထရမ့်က အဆိုပြုထားသော ဘက်ဂျက်ကိစ္စ၊ ပညာရေး၊ ရာဇ၀တ်မှုဆိုင်ရာတရားရေး ပြုပြင်ပြောင်းလဲမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုကိစ္စများလည်း ပါဝင်မည်ဟု ပြောကြားခဲ့သည်။

    ထရမ့်မှာ မဲဆွယ်စဉ်က လူနေထူထသည့်နေရာများတွင် လူမည်းများအပေါ် ရာဇ၀တ်မှုကျူးလွန်ခြင်းကို လျော့ချပေးခြင်း၊ အလုပ်အကိုင်များဖန်တီးပေးခြင်း၊ ပညာရေး အခက်အခဲများကို ဖြေရှင်းပေးခြင်းတို့ကို ပြုလုပ်ပေးမည်ဟု ကတိပေးခဲ့သည်။

    သို့သော်လည်း ဇန်န၀ါရီ ၁၉ ရက်နေ့က ထရမ့်သို့ CBC မှ ပေးပို့သော စာတွင် ထိုကတိပြုထားမှုမှာ လုံလောက်မှုမရှိဟု ပြောကြားခဲ့သည်။

    Ref: Press TV

  • မွတ်စလင်နိုင်ငံအချို့မှ အမေရိကန်သို့ပျံသန်းသော လေယာဉ်များတွင် ပိတ်ပင်မှုတစ်ခု ထရမ့် လုပ်မည်

    မွတ်စလင်နိုင်ငံအချို့မှ အမေရိကန်သို့ပျံသန်းသော လေယာဉ်များတွင် ပိတ်ပင်မှုတစ်ခု ထရမ့် လုပ်မည်

    မတ် ၂၁၊ ၂၀၁၇
    M-Media

    – မွတ်စလင်အများစုရှိရာနိုင်ငံအချို့မှ အမေရိကန်သို့ ထွက်ခွာသော လေယာဉ်များကို စီးနင်းသည့် ခရီးသည်များအနေဖြင့် ဆဲလ်ဖုန်းထက် အရွယ်အစားကြီးမားသော အီလက်ထရောနစ်ပစ္စည်းများကို မိမိနှင့်အတူ လေယာဉ်ပေါ် ယူဆောင်သွားမှုကို အမေရိကန်အစိုးရက ပိတ်ပင်မည်ဟု သိရသည်။

    အဆိုပါအမိန့်နှင့်ပတ်သက်၍ GMT အင်္ဂါနေ့မနက် ၁၀ နာရီတွင် များပြည်သူသိအောင် ကြေငြာချက်ထုတ်ပြန်ရန်ရှိနေသည်။

    အမေရိကန်၏ ထိုကဲ့သို့ပိတ်ပင်မှုကို တော်ဝင်ဂျော်ဒန်လေကြောင်းလိုင်းမှ ယမန်နေ့တွင် ကြေငြာချက်ထုတ်ပြန်ခဲ့ပြီး ဆော်ဒီနိုင်ငံပိုင် သတင်းအေဂျင်စီကလည်း ဖော်ပြခဲ့သည်။

    အမည်မဖော်လိုသည့် အမေရိကန်တာဝန်ရှိသူတစ်ဦးကမူ အဆိုပါ ပိတ်ပင်မှုမှာ ရပ်နားမှုမရှိဘဲ အမေရိကန်လေဆိပ်များသို့ တိုက်ရိုက်ပျံသန်းသည့် နိုင်ငံတကာ လေဆိပ် ၁၀ ခုတွင် ကျင့်သုံးမည်ဖြစ်ပြီး အီဂျစ်မှ ကိုင်ရိုလေဆိပ်၊ ဂျော်ဒန်မှ အမ်နန်လေဆိပ်၊ ကူဝိတ်မှ ကူဝိတ်စီးတီးလေဆိပ်၊ မော်ရိုကိုမှ ကာဆာဘလန်ကာလေဆိပ်၊ ကာတာမှ ဒိုဟာလေဆိပ်၊ ဆော်ဒီမှ ရီယာ့ဒ်နှင့် ဂျစ်ဒါလေဆိပ်၊ တူရကီမှ အစ္စတန်ဘူလ်လေဆိပ်၊ ယူအေအီးမှ အဘူဒါဘီနှင့် ဒူဘိုင်းလေဆိပ်တို့ ဖြစ်ကြသည်ဟု ဆိုသည်။

    ထိုပိတ်ပင်မှုမှာ အကန့်အသတ်မရှိဟုလည်း ၎င်းက ပြောကြားခဲ့သည်။

    အခြား အမေရိကန်အစိုးရ တာဝန်ရှိသူတစ်ဦးကမူ အဆိုပါ ပိတ်ပင်မှုမှာ လေကြောင်းလိုင်း ၉ လိုင်းကို သက်ရောက်မည်ဖြစ်ပြီး သယ်ယူပို့ဆောင်ရေးဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှုအဖွဲ့က အင်္ဂါနေ့ GMT မနက် ၇ နာရီတွင် သက်ဆိုင်ရာ လေကြောင်းလိုင်းများသို့ အကြောင်းကြားမည်ဟု ဆိုသည်။

    ယခုပိတ်ပင်မှုမှာ သမ္မတဒေါ်နယ်ထရမ့်က မွတ်စလင်အများစုရှိရာ နိုင်ငံ ၆ နိုင်ငံအား ဗီဇာပိတ်ခြင်းနှင့် ဒုက္ခသည်များ ၀င်ရောက်ခွင့် ပိတ်ပင်သည့် ဒုတိယမြောက် အမိန့်ကို ဖက်ဒရာတရားသူကြီးတစ်ဦးက တားဆီးခဲ့ပြီး တစ်ပတ်အကြာတွင် ပေါ်ထွက်လာခြင်းလည်းဖြစ်သည်။

    ယခုပိတ်ပင်မှုတွင် ဆဲလ်ဖုန်းနှင့် ဆေးဘက်ဆိုင်ရာ ကိရိယာများမှလွဲ၍၊ လက်တော့ကွန်ပျူတာများ၊ တက်ဘလက်များ၊ အီလက်ထရောနစ် စာအုပ်ဖတ်ကိရိယာများ၊ DVD စက်များ၊ ဂိမ်းစက်များနှင့် ကင်မရာများကို မိမိနှင့်အတူ သယ်ဆောင်ခွင့်မရှိဘဲ ခရီးဆောင်အိတ်များတွင်သာ ထည့်သွင်း သယ်ဆောင်ရမည်ဖြစ်သည်။

    ဂျော်ဒန် တော်ဝင်လေကြောင်းလိုင်းကမူ ထိုကဲ့သို့ အီလက်ထရောနစ်ကိရိယာများ ပိတ်ပင်မှုမှာ နယူးယောက်၊ ချီကာဂို၊ ဒက်ထရွိုက်နှင့် မွန်ထရီယဲလ်သို့ ပျံသန်းသော လေယာဉ်များတွင် အကျုံးဝင်မည်ဟု ပြောကြားခဲ့သည်။

    Ref: Aljazzeera

  • မြောက်ကိုရီးယားခေါင်းဆောင်ကို ထရမ့် တိုက်ရိုက်ဝေဖန်

    မြောက်ကိုရီးယားခေါင်းဆောင်ကို ထရမ့် တိုက်ရိုက်ဝေဖန်

    မတ် ၂၀၊ ၂၀၁၇
    M-Media

    – မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်မှာ အင်မတန့် အင်မတန် ဆိုးရွားစွာ ပြုလုပ်နေသည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဝေဖန်ပြောကြားလိုက်ပြီး မြောက်ကိုရီးယားက ဒုံးကျည်အင်ဂျင်သစ်ကို စမ်းသပ်မှုအပြီး နာရီအနည်းငယ်တွင် ထိုမှတ်ချက် ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။

    ဖလော်ရီဒါရှိ Mar-a-Lago အဖန်းဖြေစခန်းတွင် ယမန်နေ့က သတင်းထောက်များအား ထရမ့်က ထိုကဲ့သို့ပြောကြားလိုက်ခြင်းဖြစ်ပြီး မြောက်ကိုရီးယားနှင့်ပတ်သက်၍ အုပ်ချုပ်ရေးတာဝန်ရှိသူများမှာ ယခုသီတင်းပတ်အတွင်း ဆွေးနွေးခဲ့ကြသည်ဟုလည်း ဆိုသည်။

    “မြောက်ကိုရီးယားနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ပါတယ်။ သူက တော်တော်လေး ဆိုးဆိုးဝါးဝါး လုပ်နေတာပါ။ ထပ်ပြောပါ့မယ်။ သူက ဆိုးဆိုးဝါးဝါးကို ပြုမူနေတာပါ” ဟု ထရမ့်က ပြောကြားခဲ့သည်။

    မြောက်ကိုရီး နိုင်ငံပိုင်သတင်းဌာန KCNA က ကင်ဂျုံအန်မှာ ဆိုဟေး ဂြိုဟ်တု လွှတ်တင်ရေးစခန်းတွင် စွမ်းအားမြင့်မားသော ဒုံးကျည်အင်ဂျင်တစ်ခု စမ်းသပ်မှုအား ကြီးကြပ်ခဲ့ကြောင်း၊ ကမ္ဘာကြီးမှာ သိပ်မကြာမီတွင် သိသာသော အောင်မြင်မှုကြီးကို တွေ့မြင်ရတော့မည်ဟု ပြောကြားခဲ့ကြောင်း ယမန်နေ့တွင် ဖော်ပြခဲ့သည်။

    ကင်မှာ ယခုနှစ် အစောပိုင်းကလည်း မိမိတို့စစ်တပ်မှာ တိုက်ချင်းပစ်ဒုံးကျည် စမ်းသပ်မှုတစ်ခု ပြုလုပ်ရန် စီစဉ်နေသည်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera

  • အမေရိကန်ပါဝင်မည့် ပင်လယ်ကွေ့ စစ်ရေးလေ့ကျင်မှုကို ကူဝိတ်တွင် ယနေ့စတင်

    အမေရိကန်ပါဝင်မည့် ပင်လယ်ကွေ့ စစ်ရေးလေ့ကျင်မှုကို ကူဝိတ်တွင် ယနေ့စတင်

    မတ် ၁၉၊ ၂၀၁၇
    M-Media

    – ကူဝိတ်နိုင်ငံတွင် အမေရိကန်နှင့် ပင်လယ်ကွေ့နိုင်ငံများပါဝင်သည့် စစ်ရေးလေ့ကျင်မှုတစ်ခုကို ယနေ့တွင် စတင်လိုက်သည်ဟု သိရသည်။

    ဆော်ဒီနှင့် ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများမှ စစ်တပ်များ ပါဝင်ပြီး Hasm al-Uqban ဟု အမည်ပေးထားသည့် အဆိုပါ ကြည်း၊ ရေ၊ လေ စစ်ရေးလေ့ကျင့်မှုမှာ အရှေ့အလယ်ပိုင်း ဒေသနှင့် နိုင်ငံတကာအဆင့်တွင် အကြီးဆုံး စစ်ရေးလေ့ကျင့်မှုများထဲမှ တစ်ခုလည်းဖြစ်သည်။

    ကူဝိတ်စစ်တပ်မှ ထုတ်ပြန်သော ကြေငြာချက်တွင် ယခု စစ်ရေးလေ့ကျင်မှုမှာ ပြဿနာများကို ကိုယ်တွယ်နေရသည့် အစိုးရအသင်းအဖွဲ့များအကြား ညှိနှိုင်းဆောင်ရွက်မှုကို တိုးတက်စေရန်၊ စစ်ဖက်နှင့် လုံခြုံရေးဆိုင်ရာလုပ်ငန်းများကို ထောက်ပံ့ရာတွင် အဆိုပါအသင်းအဖွဲ့များ၏ အခန်းကဏ္ဍကို အသက်ဝင်စေရန်၊ လေ့ကျင့်မှု
    တွင်ပါဝင်သော နိုင်ငံများ ဒေသတွင်းနှင့် ပြည်တွင်း ခြိမ်းခြောက်မှုများကို ဟန့်တားရာတွင် ပူးပေါင်းဆောင်ရွက်ရေး အားကောင်းစေရန် ဖြစ်သည်ဟု ဖော်ပြထားသည်။

    လေ့ကျင့်မှုတွင် စစ်ဆင်ရေး စီမံမှုများ၊ ကွပ်ကဲရေးဌာနချုပ်များ လေ့ကျင့်ခြင်း၊ လက်တွေ့ တိုက်ခိုက်မှုများ၊ တပ်မှူးများအကြား နှီးနှောဖလှယ်မှုများ ပါဝင်မည်ဖြစ်သည်။

    ဧပြီလ ၆ ရက်နေ့တွင် ပြီးဆုံးသည့် ထိုစစ်ရေးလေ့ကျင့်မှုမှာ ၁၄ ကြိမ်မြောက်ဖြစ်ပြီး ပထမဆုံးအကြိမ်ကို ၁၉၉၉ခုနှစ်တွင် ပြုလုပ်ခဲ့သည်။

    Ref: Alarabiya