News @ M-Media

Tag: US

  • အိုဘားမား ဖုန်းကြားဖြတ်နားထောင်သည်ဟု ထရမ့်၏စွပ်စွဲမှု အထက်လွှတ်တော် ပယ်ချ

    အိုဘားမား ဖုန်းကြားဖြတ်နားထောင်သည်ဟု ထရမ့်၏စွပ်စွဲမှု အထက်လွှတ်တော် ပယ်ချ

    မတ် ၁၇၊ ၂၀၁၇
    M-Media

    – သမ္မတဟောင်း အိုဘားမားမှာ မိမိ၏ ဖုန်းပြောဆိုမှုများကို ကြားဖြတ်နားထောင်သည်ဆိုသည့် လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်၏ စွပ်စွဲချက်များကို အထက်လွှတ်တော် စုံစမ်းစစ်ဆေးရေးကော်မရှင်က ပယ်ချလိုက်သည်ဟု သိရသည်။

    ရီပက်ဘလစ်ကန် အထက်လွှတ်တော်အမတ် ရစ်ချက် ဘားရ်က ထုတ်ပြန်သောကြေငြာချက်တွင် Trump Tower မှာ ရွေးကောက်ပွဲမတိုင်ခင်နှင့် ရွေးကောက်ပြီးနောက်ပိုင်းတွင် စောင့်ကြည့်ခံရသည်ဆိုသော ‘မည်သည့်အထောက်အထားမှ မရှိ’ ဟု ပြောကြားခဲ့သည်။

    ထရမ့်က အိုဘားမားမှာ ဒီဇင်ဘာရွေးကောက်ပွဲအတွက် မဲဆွယ်မှုပြုလုပ်နေစဉ်အတွင်း မိမိ၏ဖုန်းများကို ကြားဖြတ်နားထောင်ခဲ့သည်ဟု Fox News ၏ အတည်မပြုနိုင်သော ဖော်ပြချက်ကို ကိုးကား၍ စွပ်စွဲခဲ့သည်။ Fox News က အိုဘားမားမှာ ဗြိတိန်ရှိ GCHQ အီလက်ထရောနစ် စောင့်ကြည့်ထောက်လှမ်းရေး အေဂျင်စီကို အကူအညီတောင်းက ထရမ့်၏ လှုပ်ရှားမှုများကို စောင့်ကြည့်ခဲ့သည်ဟု ဖော်ပြခဲ့သည်။ သို့သော်လည်း ထိုစွပ်စွဲမှုမှာ လုံးဝ အဓိပ္ပါယ်မရှိဟု GCHQ က ပြန်လည်တုန့်ပြန်ခဲ့သည်။

    ယခုကဲ့သို အထက်လွှတ်တော်ကော်မတီက စွပ်စွဲချက်များကို ပယ်ချခဲ့သော်လည်း ထရမ့်မှာ ၎င်း၏ ပြောကြားမှုဖက်မှ ဆက်လက်ရပ်တည်သွားမည်ဟု အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ရှောင် စပိုက်စာက ပြောကြားခဲ့ပြီး၊ အထက်လွှတ်တော်ကော်မတီက မည်သည့်အထောက်အထားမှ မတွေ့ဆိုသည့် ပြောကြားမှုကို လက်မခံဟုလည်း ဆိုသည်။

    “ကျွန်တော်တို့ရရှိတဲ့အချက်အလက်ကို အခြေခံပြီးပြောရရင် Trump Tower ကို ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲနေ့ မတိုင်ခင်ရော၊ ရွေးကောက်ပွဲအပြီးနောက်ပိုင်း အမေရိကန်အစိုးရရဲ့ အစိတ်အပိုင်းတစ်ခုခုက စောင့်ကြည့်ခဲ့တယ်ဆိုတဲ့ ဘယ်လိုအခြေအနေမျိုးကိုမှ မတွေ့ရပါဘူး” ဟု စုံစမ်းစစ်ဆေးရေးကော်မရှင် ဒုတိယဥက္ကဌ မာ့ခ် ၀ါနာနှင့် ပူးတွဲထုတ်ပြန်သော ကြေငြာချက်တွင် ဘားရ်က ထည့်သွင်းပြောကြားခဲ့သည်။

    ကြာသာပတေးနေ့အစောပိုင်းကလည်း အောက်လွှတ်တော်ဥက္ကဌ ပေါလ် ရိုင်ယန်က ထိုကဲ့သို့ ဖုန်းကြားဖြတ်နားထောင်ခြင်းမျိုး မရှိခဲ့ဟု ပြောကြားခဲ့သည်။

    Ref: BBC

  • ထရမ့်၏ မွတ်စလင် ၆ နိုင်ငံ ဗီဇာပိတ်မည့်အမိန့်သစ် အာဏာမသက်ရောက်ခင် ပယ်ဖျက်ခံရ

    ထရမ့်၏ မွတ်စလင် ၆ နိုင်ငံ ဗီဇာပိတ်မည့်အမိန့်သစ် အာဏာမသက်ရောက်ခင် ပယ်ဖျက်ခံရ

    မတ် ၁၆၊ ၂၀၁၇
    M-Media

    – မွတ်စလင် ၆ နိုင်ငံအား ဗီဇာပိတ်ကာ ဒုက္ခသည်များ ၀င်ရောက်ခွင့်ကို ကန့်သတ်သည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အမိန့် စတင်အာဏာမသက်ရောက်မီမှာပင် ဟာဝိုင်ယီရှိ ဖက်ဒရယ် တရားသူကြီးတစ်ဦးက ယမန်နေ့တွင် ပယ်ဖျက်လိုက်သည်ဟု သိရသည်။

    အဆိုပါအမိန့်မှာ အမေရိကန်စံတော်ချိန် မတ်လ ၁၆ ရက်နေ့ သန်းခေါင်ရန်အချိန်တွင်မှ အာဏာသက်ရောက်မည်ဖြစ်သော်လည်း တရားသူကြီး ဒဲရစ် ၀ပ်ဆန်က အမျိုးသားလုံခြုံရးအတွက်ဟု အစိုးရ၏ ဆင်ခြေပေးမှုတွင် “မေးခွန်းထုတ်စရာကောင်းသော အထောက်အထား” ကို တွေ့ရသည်ဟု ပြောကြားခဲ့သည်။

    ဒေါ်နယ်ထရမ့်ကမူ “မကြံစဖူး တရားရေး အကောက်ကြံမှု” ဟု တုန့်ပြန်ခဲ့သည်။

    ထရမ့်မှာ ဇန်န၀ါရီက မွတ်စလင် ၇ နိုင်ငံနှင့် ဒုက္ခသည်များအား အမေရိကန်သို့ ၀င်ရောက်ခွင့်ပိတ်ပင်သော အမိန့်ကို ထုတ်ပြန်ခဲ့ပြီး ထိုအမိန့်မှာ ပြည်သူများ၏ ဆန့်ကျင်ဆန္ဒပြမှုကို ခံခဲ့ရကာ ဖက်ဒရယ်တရားသူကြီးတစ်ဦးကလည်း ပယ်ဖျက်ခဲ့သည်။

    ယခုအမိန့်သစ်တွင် မွတ်စလင် ၆ နိုင်ငံမှ နိုင်ငံသားများအတွက် ရက်ပေါင်း ၉၀ ဗီဇာပိတ်ပင်ရန်၊ ဒုက္ခသည်များကို ရက်ပေါင်း ၁၂၀ အမေရိကန်သို့ ၀င်ရောက်ခွင့်ပိတ်ပင်ရန် သတ်မှတ်ထားသည်။ ထိုကဲ့သို့ ပိတ်ပင်မှုမှာ နိုင်ငံအတွင်းသို့ အကြမ်းဖက်သမားများ မ၀င်ရောက်ရေးဖြစ်သည်ဟု ထရမ့်က ပြောကြားထားသော်လည်း ဝေဖန်သူများကမူ ခွဲခြားမှုဟု ထောက်ပြကြသည်။

    ယမန်နေ့က တန်နက်ဆီပြည်နယ် နက်ရှ်ဗီလီမြို့၌ မိန့်ခွန်းပြောစဉ် ထရမ့်က ဟာဝိုင်ယီတရားသူကြီး၏ ယခုပယ်ဖျက်မှုမှာ အမေရိကန်ကို အားနည်းသွားစေပြီး မိမိတို့အနေဖြင့် တရားရုံးချုပ်ကို တက်ရောက်ခြင်းအပါအ၀င် လိုအပ်သည်များ လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့သည်။

    ဟာဝိုင်ယီမှာ ထရမ့်၏ ထိုအမိန့်ကို ပိတ်ပင်ရန်ကြိုးစားသည့် ပြည်နယ်များထဲမှ တစ်ခုလည်းဖြစ်သည်။

    Ref: BBC

  • အမေရိကန်နှင့် ဆက်ဆံရေး သမိုင်းဝင်အလှည့်အပြောင်းဖြစ်ပြီဟု ဆော်ဒီပြော

    အမေရိကန်နှင့် ဆက်ဆံရေး သမိုင်းဝင်အလှည့်အပြောင်းဖြစ်ပြီဟု ဆော်ဒီပြော

    မတ် ၁၅၊ ၂၀၁၇
    M-Media

    – အမေရိကန်နှင့် ဆော်ဒီအာရေဗျနှင့် ဆက်ဆံရေးမှာ သမိုင်းဝင် အလှည့်အပြောင်းဖြစ်ခဲ့ပြီဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံပြီးနောက် ဆော်ဒီ ဒုတိယအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်က ပြောကြားလိုက်သည်။

    ခေါင်းဆောင်နှစ်ဦးမှာ ယမန်နေ့က အိမ်ဖြူတာ်၌ တွေ့ဆုံခဲ့ပြီး ဇန်န၀ါရီ ၂၀ ထရမ့် အာဏာရယူပြီးကတည်းက ဆော်ဒီ အကြီးတန်း တာဝန်ရှိသူတစ်ဦးနှင့် ပထမဆုံး တွေ့ဆုံခြင်းဖြစ်သည်။ မိုဟာမက် ဘင် ဆလ်မန်မှာ ဆော်ဒီ၏ ဘဏ္ဍာရေးကို စီမံခန့်ခွဲနေပြီး ကာကွယ်ရေးဝန်ကြီးလည်း ဖြစ်သည်။

    “ဒီနေ့တွေ့ဆုံမှုက ကိစ္စရပ်တွေကို သူတို့ရဲ့ လမ်းကြောင်းမှန်ပေါ် ပြန်လည်ရောက်ရှိစေခဲ့ပြီး နှစ်နိုင်ငံရဲ့ နိုင်ငံရေး၊ စစ်ရေး၊ လုံခြုံရေးနဲ့ စီးပွားရေးကိစ္စတွေမှာ ကြီးမားတဲ့ ပြောင်းလဲမှုကို ဖြစ်တည်စေခဲ့ပါတယ်” ဟု မင်းသား မိုဟာမက်၏ အကြီးတန်းအကြံပေးက ကြေငြာချက်တွင် ပြောကြားခဲ့သည်။

    ၂၀၁၅ ခုနှစ် အီရန်နှင့် အင်အားကြီး ၆ နိုင်ငံတို့ နျူကလီးယားသဘောတူညီချက် ရရှိပြီးနောက်ပိုင်း အိုဘားမားအစိုးရလက်ထက်တွင် ဆော်ဒီနှင့် အမေရိကန်တို့၏ ဆက်ဆံရေးမှာ မပြေမလည်ဖြစ်ခဲ့ပြီး ယမန်နေ့တွေ့ဆုံမှုတွင် ထိုကိစ္စအား ပြောကြားခဲ့ဖွယ် ရှိနေသည်။

    ကြောငြာချက်တွင် မင်းသားက အီရန်နှင့် နျူသဘောတူညီချက်မှာ အလွန် အန္တရာယ်ရှိကြောင်း၊ အီရန်၏ ဒေသတွင်း သြဇာချဲ့ထွင်မှု လုပ်ရပ်များ၏ အန္တရာယ်နှင့်ပတ်သက်၍ ခေါင်းဆောင်နှစ်ဦးမှာ တူညီသောအမြင်များရှိကြောင်း အကြံပေးက ထည့်သွင်းပြောကြားခဲ့သည်။

    အမေရိကန်က မွတ်စလင် ၆ နိုင်ငံအား ပြည်ဝင်ခွင့်ပိတ်ခြင်းမှာ မွတ်စလင်နိုင်ငံများ သို့မဟုတ် အစ္စလာမ်သာသနာကို ပစ်မှတ်ထားသည်ဟု မင်းသားက မမှတ်ယူကြောင်း၊ ထရမ့်ထံမှ အစ္စလာမ်နှင့်ပတ်သက်သည့် အမြင်များကို ရှင်းရှင်းလင်းလင်းကြားရမှုနှင့် အပြုသဘောဆောင်သည့် သဘောထားအတွက် ကျေနပ်မိကြောင်း ကြေငြာချက်တွင် ဖော်ပြထားသည်။

    ခေါင်းဆောင်နှစ်ဦးမှာ ဆော်ဒီတွင် အမေရိကန် ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံရေးအတွက်လည်း ဆွေးနွေးခဲ့ကြသည်။

    Ref: Aljazeera

  • တိုက်ကြီး ၇ တိုက်မှာ ၇ ရက်အတွင်း မာရသွန် ၇ ကြိမ်ပြေးတဲ့ အသက် ၇၀ အရွယ် အဖွားအို

    တိုက်ကြီး ၇ တိုက်မှာ ၇ ရက်အတွင်း မာရသွန် ၇ ကြိမ်ပြေးတဲ့ အသက် ၇၀ အရွယ် အဖွားအို

    မတ် ၁၅၊ ၂၀၁၇
    M-Media

    – အမေရိကန်ပြည်ထောင်စု မစ်ဇူရီပြည်နယ်က အသက် ၇၀ အရွယ် ချွာစမစ်ဆိုတဲ့ အဖွားအိုဟာ တိုက်ကြီး ၇ တိုက်မှာ ၇ ရက်အတွင်း မာရသွန် ၇ ခါ ပြေးမယ်ဆိုတဲ့ သူ့ရဲ့ ရည်ရွယ်ချက်ကို အပြည့်အ၀ အကောင်အထည် ဖော်နိုင်ခဲ့ပါတယ်။

    ဇန်န၀ါရီ ၂၅ ရက်နေ့ကနေ ၃၁ ရက်နေ့အတွင်းမှာ သြစတေးလျက ပါ့သ်မြို့၊ စင်ကာပူ၊ ကိုင်ရို၊ အမ်စတာဒမ်၊ ဂါးဒင်းစီးတီး၊ နယူးယောက်၊ ပွန်တာ အရီရာနက်စ်၊ ချီလီနဲ့ ကင်းဂျော့ဂ်ျကျွန်းတို့မှာ ပြေးခဲ့တာပါ။

    တစ်နေ့ကို ၂၆.၂ မိုင် ပြေးပြီးတဲ့နောက် စမစ်ဟာ လေယာဉ်နဲ့ အခြားတစ်နေရာကိုသွားခဲ့ပြီး နောက်ထပ် ၂၆.၂ မိုင် ထပ်ပြေးပါတယ်။

    “ဒါကို မလုပ်ခင်မှာ သူမဟာ လူသိ မခံလိုပါဘူး။ သူ တော်တော်လေး ကျော်ဖြတ်ခဲ့ရပြီး သူမပြေးတာ၊ ဒီရည်ရွယ်ချက် ပြည့်ဝသွားတာကို ကြည့်ရှုရတာဟာ တော်တော်လေး အားကျစရာကောင်းပါတယ်” လို့ အထူး ခရီးသွားအစီအစဉ်တွေကို ဖန်တီးပေးနေတဲ့ Marathon Adventures ကုမ္ပဏီပိုင်ရှင် စတီဗ် ဟစ်ဘ်က ပြော
    ကားခဲ့ပါတယ်။

    စမစ်ရဲ့ ဒီအစီအစဉ်ကို တစ်ခြား ဘယ်သူမှ ပါဝင်ခြင်းမရှိဘဲ သူမဟာလည်း ၈ လဆက်တိုက် မရပ်မနား လေ့ကျင့်ခဲ့ရတာ ဖြစ်ပါတယ်။

    “၈ လလောက် သေသေချာချာ လေ့ကျင့်ခဲ့ရပါတယ်။ နောက်ဆုံး ၄ လမှာ ကျွန်မဟာ ခရီးရှည်တွေ ပြေးခဲ့ပြီး သီတင်းတစ်ပတ်တိုင်းမှာ ၁၅ မိုင်ကနေ မိုင် ၁၃၀ လောက်အထိ ပြေးခဲ့ပါတယ်” လို့ စမစ်က ဆိုပါတယ်။

    Triple 7 Quest လို့အမည်ပေးထားတဲ့ သူမရဲ့ ဒီ မာရသွန်ဟာ လွယ်ကူခဲ့တာတို့ မဟုတ်ပါဘူး။ သြစတေးလျမှာ ပြေးတဲ့အချိန်က အပူချိန်ဟာ ၁၀၀ ဒီဂရီကျော်ခဲ့တာကြောင့် နေလောင်ဒဏ်ကို ဆိုးဆိုးဝါးဝါး ခံစားခဲ့ရပါတယ်။

    ဒုက္ခရောက်ဆုံးအချိန်က ကိုင်ရိုမှာဖြစ်ပြီး စင်ကာပူကထွက်တဲ့ လေယာဉ်ဟာ အဘူဒါဘီမှာ ကျန့်ကြာသွားတာကြောင့် အီဂျစ်ရောက်တဲ့အချိန်မှာ ပြေးမယ့်အချိန်ရောက်ဖို့ မိနစ်အနည်းငယ်သာ အချိန် ကျန်ရှိပါတော့တယ်။

    “အထုပ်တွေချပြီး အ၀တ်အစားလဲဖို့ ကျွန်မတို့မှာ အချိန် ၁၀ မိနစ်သာ ကျန်ပါတော့တယ်။ ကျွန်မရဲ့ အခန်းသော့က ဖွင့်လို့မရဘဲ ၁၀ မိနစ်နီးနီးလောက် အဲဒါနဲ့ပဲ ကုန်ဆုံးသွားခဲ့ပါတယ်။ ကျွန်မ ငိုတောင်ငိုခဲ့ပါတယ်” လို့ စမစ်က ဖွင့်ဟခဲ့ပါတယ်။

    ကိုင်ရိုမှာ ၇ နာရီနဲ့အပြီး မာရသွန်ပြေးဖို့ စီစဉ်ထားပေမယ့် ဟစ်ဘ်က အချိန်မလောက်မှာ ဆိုးတဲ့အတွက် ၆ နာရီ သတ်မှတ်ပေးခဲ့ပြီး ခရီးတစ်ဝက်သာ ပြေးဖို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် စမစ်ကတော့ ၅ နာရီနဲ့ ၅၁ မိနစ်အတွင်း မာရသွန်ကို ပြီးအောင် ပြေးနိုင်ခဲ့ပါတယ်။

    ဒီလို အပြင်းအထန် မာရသွန်ပြေးတာက ဒါဟာ စမစ်အတွက် ပထမဆုံးတော့ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ တစ်နှစ်က တန်ဇန်းနီးယားမှာ မာရသွန်ပြေးခဲ့ပြီး နောက်တစ်နေ့မှာ Kilimanjaro တောင်ကို တက်ခဲ့ပါတယ်။

    သူမဟာ ၅ ပတ်အတွင်း မာရသွန် ၄ ကြိမ်၊ တစ်နှစ်အတွင်း မာရသွန် ၁၀ ကြိမ်ပြေးခဲ့ပြီး သူမရဲ့ ဘ၀သက်တမ်း တစ်လျှောက်လုံးမှာ မာရသွန် အကြိမ်ပေါင်း ၇၀ ကျော် ပြေးခဲ့ဖူးပါတယ်။

    ခင်ပွန်းဖြစ်သူကလည်း သူမအတူ လိုက်ပြေးလေ့ရှိပြီး အခုတစ်ခေါက် Triple 7 Quest အစီအစဉ်မှာတော့ ဇနီးသည်ရဲ့ ကျန်းမာရေးအတွက် စိုးရိမ်မှုတစ်ချို့ ရှိခဲ့ပါတယ်။

    စမစ်ဟာ နောက်နှစ်မှာ ဇီလန်ဒီယာတိုက်ငယ်လေးအပါအ၀င် တိုက် ၈ တိုက်မှာ ၈ ရက်အတွင်း မာရသွန် ၈ ကြိမ်ပြေးဖို့လည်း အစီအစဉ်ရှိနေပါတယ်။

    Ref: CNN

  • တောင်ကိုရီးယားတွင် တိုက်ခိုက်ရေးဒရုန်းလေယာဉ်များ အမေရိကန် ချထားမည်

    တောင်ကိုရီးယားတွင် တိုက်ခိုက်ရေးဒရုန်းလေယာဉ်များ အမေရိကန် ချထားမည်

    မတ် ၁၄၊ ၂၀၁၇
    M-Media

    – မြောက်ကိုရီးယားနှင့် တင်းမာမှုများ မြင့်တက်လာနေသည့်အချိန်တွင် အမေရိကန်စစ်တပ်မှာ တောင်ကိုရီးယားတွင် တိုက်ခိုက်ရေးဒရုန်းလေယာဉ်များ အမြဲတမ်းချထားမည်ဟု အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ကြီး ဂျက်ဖ် ဒါးဗီးစ်က ယမန်နေ့တွင် ပြောကြားလိုက်သည်။

    လာမည့်နှစ်တွင် ချထားရန် စီစဉ်ထားပြီး တောင်ကိုရီးယားအတွက် ထူးခြားမှုတစ်ခု မဟုတ်ဘဲ ခြေလျင်တပ်များ ပိုမိုကောင်းမွန်သည့် ထောက်လှမ်းရေးသတင်းများ ရရှိရန်ဟု ဆိုသည်။ မြောက်ကိုရီးယားက ဂျပန်ပင်လယ်ပြင်သို့ တိုက်ချင်းပစ်ဒုံးကျည် ၄ လုံး ပစ်လွှတ်ပြီးနောက်ပိုင်းတွင် အမေရိကန်၏ ယခုကြေငြာမှု ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။

    ကွန်ဆန် လေတပ်စခန်းတွင် MQ-1C Gray Eagle ဒရုန်း ၁၂ စီးပါဝင်သော တပ်စုတစ်စုကို ချထားမည်ဖြစ်ပြီး အဆိုပါ ဒရုန်းမှာ ဒုံးကျည်များနှင့် အခြားသော စစ်လက်နက်ပစ္စည်းများကို တပ်ဆင်အသုံးပြုနိုင်သည်။ ထိုတပ်စုတွင် စစ်သား ၁၂၈ ဦးက ဒရုန်းများကို ကိုင်တွယ် ထိန်းသိမ်းမည်ဖြစ်သည်။

    သို့သော်လည်း လက်တလောတွင် ဒရုန်း ၂ စီး သို့မဟုတ် ၃ စီးသာ ချထားမည်ဟု တပ်မှူးတစ်ဦးဖြစ်သူ ဂါရီ ရို့စ်က ပြောကြားခဲ့သည်။

    မြောက်ကိုရီးယား၏ရန်ကို ကာကွယ်ရန် အမေရိကန်မှာ ၎င်းတို့၏ THAAD ဒုံးခွင်းစနစ်ကို တောင်ကိုရီးယားတွင် တပ်ဆင်နေသည်။ တောင်ကိုရီးယားတွင် အမေရိကန်စစ်သား ၂၈၀၀၀ ရှိပြီး၊ ဂျပန်တွင်မူ ၅၀၀၀၀ ရှိနေသည်။

    Ref: CNA