News @ M-Media

Tag: US

  • သေဒဏ်ဖြင့် ထောင်တွင် နှစ် ၃၀ နေခဲ့ရပြီးမှ အမေရိကန်တစ်ဦး အပြစ်မရှိ၍ ပြန်လွတ်

    သေဒဏ်ဖြင့် ထောင်တွင် နှစ် ၃၀ နေခဲ့ရပြီးမှ အမေရိကန်တစ်ဦး အပြစ်မရှိ၍ ပြန်လွတ်

    ဧပြီ ၃၊ ၂၀၁၅
    M-Media

    Anthony Ray Hinton is greeted by family outside the Jefferson County Jail in Birmingham, Alabama

    – သေဒဏ်ကျခံနေရပြီး နှစ်ပေါင်း ၃၀ ကြာ အကျဉ်းထောင်ထဲတွင် နေခဲ့ရသည့် အလာဘားမားပြည်နယ်မှ အမေရိကန်တစ်ဦးမှာ ၎င်းအား စွဲဆိုထားသော အမှုအတွက် အပြစ်မရှိကြောင်း လျှောက်ထားနိုင်ခဲ့ပြီး သေဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်ရခဲ့သည်ဟု သိရသည်။

    အသက် ၅၈ နှစ်အရွယ် ရေးဟင်တန်ဆိုသူဖြစ်ပြီး ယမန်နေ့ နံနက်ပိုင်းက ဘာမင်ဂမ်ရှိ အကျဉ်းထောင်မှ လွတ်မြောက်လာခြင်းဖြစ်ကာ မိသားစုများက မျက်ရည်လည်ရွဲဖြင့် ကြိုဆိုခဲ့ကြသည်။

    “ကျွန်တော်ဟာ နှစ်ပေါင်း ၃၀ လောက် သေဒဏ်နဲ့ အချုပ်မခံရခဲ့သင့်ပါဘူး။ သူတို့လုပ်ခဲ့တဲ့အရာက သေနတ်ကို ဆန်းစစ်တာပါပဲ” ဟု ဟင်တန်က ပြောကြားခဲ့သည်။

    ဟင်တန်မှာ ၁၉၈၅ ခုနှစ်က ဘာမင်ဂမ်ရှိ အမြန်စား စားသောက်ဆိုင် မန်နေဂျာ ၂ ဦးကို သတ်ဖြတ်မှုဖြင့် သေဒဏ်ချခံခဲ့ရခြင်း ဖြစ်သည်။ အခင်းဖြစ်ပွားရာနေရာတွင် တွေခဲ့ရသည့် ကျည်ဆံများကြောင့် ဟင်တန်မှာ ထိုအမှုတွင် ပါဝင်ခဲ့ရခြင်းဖြစ်သည်။ သို့သော်လည်း ခေတ်ပေါ်နည်လမ်းများဖြင့် အဆိုပါ ကျည်ဆံများအား ပြန်လည်စစ်ဆေးပြီးနောက် ထိုကျည်ဆံမှာ ဟင်တန်၏ အိမ်တွင်ရှိသည့် ခြောက်လုံးပြူးမှ ထွက်လာသည့် ကျည်ဆံမျိုးမဟုတ်ဘဲ ထိုကဲ့သို့သော သေနတ်ကပင် ထွက်လာခြင်းမဟုတ်ဟု တရားသူကြီးများက ယခုတစ်ပတ်တွင် ပြောကြားခဲ့သည်။

    ဟင်တန်ကမူ သေဆုံးသူများ၏ မိသားစုများအတွက် ဆုတောင်းပေးမည်ဟုဆိုပြီး ၎င်းတို့မှာလည်း တရားရေးဌာန၏ မှားယွင်းမှုကို ခံစားခဲ့ရသည်ဟု ဆိုသည်။

    တရားစီရင်မှုအတွင်း ဟင်တန်မှာ လုံလောက်သည့် ဥပဒေရေးရော အကြံပေးမှု မရရှိခဲ့ဟု အမေရိကန် တရားရုံးချုပ်က ပြီးခဲ့သည့်နှစ်တွင် ဆုံးဖြတ်ခဲ့ပြီးနောက် ဟင်တန်၏ အမှုအား ပြန်လည်စစ်ဆေးရန် အမိန့်ပေးခဲ့သည်။ တရားသူကြီးများကလည်း ထိုအမှုအား တရားရုံးသို့ ပြန်တင်ခဲ့ပြီး ကျည်ဆံများအား ပြန်လည်စစ်ဆးခဲ့ကာ ယခုကဲ့သို့ လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။

    ဟင်တန်၏ ရှေ့နေဖြစ်ပြီး အလာဘားမားအခြေစိုက် တရားရေးညီမျှမှု ရှေ့ဆောင်အဖွဲ့၏ ဒါရိုက်တာဖြစ်သူ ဘရိုင်ယန် စတီဗန်ဆန်က သေနတ်အား ပြန်လည်စစ်ရန် ပြည်နယ်တရားရေးဌာနအား နှစ်ပေါင်းများစွာ ဖိအားပေးခဲ့ပြီး တာဝန်ရှိသူများက ငြင်းဆန်ခဲ့သည်ဟု ဆိုသည်။ ထို့ပြင် ထိုအမှုက တရားရေးစနစ်၏ ပြဿနာများကို ထင်ရှားစေသည်ဟုလည်း ဆိုသည်။

    ထို့ပြင် ဟင်တန်မှာ တရားရင်ဆိုင်နေစဉ်အတွင်း ၎င်းတွင် အပြစ်မရှိကြောင်း သက်သေပြရန် ငွေမရှိသောကြောင့် ဆိုးရွားသော သိပ္ပံစမ်းသပ်မှုအပေါ် အခြေခံကာ ပြစ်ဒဏ်ချမှတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    “သူဆင်းရဲ့လို့ ပြစ်ဒဏ်ကျခံရတာပါ”

    Ref: Aljazeera

  • ဖလော်ရီဒါတွင် ညီအစ်ကိုချင်း သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ၆ နှစ်အရွယ် ကလေးတစ်ဦး သေဆုံး

    ဖလော်ရီဒါတွင် ညီအစ်ကိုချင်း သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ၆ နှစ်အရွယ် ကလေးတစ်ဦး သေဆုံး

    မတ် ၂၆၊ ၂၀၁၅
    M-Media

    0e56959f-c4d4-4093-b2ff-7bb805489b22

    – အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါတွင် အစားအသောက်နှင့်ပတ်သက်၍ အချင်းများရာမှ ညီအစ်ကိုချင်း သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အသက် ၆ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့သည်ဟု သိရသည်။

    ဟဒ်ဆန်မြို့ရှိ နေအိမ်တစ်ခုတွင် ယန်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေနတ်ဖြင့် ပစ်ခတ်သူမှာ အသက် ၁၃ နှစ်အရွယ် လူငယ်တစ်ဦးဖြစ်ကာ အသက် ၆ နှစ်အရွယ် ညီဖြစ်သူနှင့် အသက် ၁၆ နှစ်အရွယ် အစ်ကိုဖြစ်သူတို့ကို သေနတ်ဖြင့်ပစ်သတ်ကာ ၎င်းကိုယ်တိုင် အဆုံးစီရင်သွားခဲ့သည်။

    အသက် ၁၆ နှစ်အရွယ် အစ်ကိုဖြစ်သူမှာ ဒဏ်ရာရရှိခဲ့ပြီး ၎င်းကိုယ်တိုင် ရဲတပ်ဖွဲ့အား တိုင်ကြားခဲ့သည်။ ရဲတပ်ဖွဲ့ကမူ မိဘများအပြင်သွားနေစဉ် ၎င်းတို့ ၃ ဦးမှာ အစားအသောက်တစ်ခုအတွက် အချင်းများရာမှ အသက် ၁၃ နှစ်အရွယ် လူငယ်က သေနတ်ထုတ်ကာ ပစ်သတ်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “ဒီကောင်လေးတွေရဲ့ အသက်တွေကို ကြားရတာဟာ တုန်လှုပ်စရာပါ။ အခန်းထဲမှာ ကစားနေတဲ့ ၆ နှစ်အရွယ် ကလေးတစ်ယောက် အစားအသောက်အတွက် စကားများပြီး အသက် ဆုံးရှုံးခဲ့ရပါတယ်။ ဥပဒေစိုးမိုးရေးဝန်ထမ်းတွေဖြစ်တဲ့ ကျွန်တော်တို့အတွက် ခက်ခဲတဲ့ ကိစ္စဖြစ်ပြီး လူ့အဖွဲ့အစည်းအတွက်လည်း ခက်ခဲပါတယ်” ဟု ဒေသလုံခြုံရေးအကြီးအကဲ ခရစ် နော့က်ကိုက ပြောကြားခဲ့သည်။

    အမေရိကန်ပြည်ထောင်စုတွင် သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် နှစ်စဉ် လူပေါင်း ၃၀၀၀၀ ကျော် သေဆုံးနေရသည်။ ချီကာဂို တက္ကသိုလ် ရာဇ၀တ်မှု လေ့လာရေးနှင့် ရောဂါဘယ ထိန်းချုပ်ရေးဌာန၏ အဆိုအရ နိုင်ငံတစ်ဝှမ်း သေနတ်ဖြင့် ပစ်ခတ်မှုများကြောင့် သေဆုံးသူမှာ နေ့စဉ် ပျမ်းမျှ ၈၇ ဦးခန့် ရှိသည်ဟု ဆိုသည်။

    Ref: Press TV

  • ၂၂ နှစ်ကြာပြီးမှ အမေရိကန်အမျိုးသမီးတစ်ဦး သေဒဏ်မှ လွတ်မြောက်

    ၂၂ နှစ်ကြာပြီးမှ အမေရိကန်အမျိုးသမီးတစ်ဦး သေဒဏ်မှ လွတ်မြောက်

    မတ် ၂၅၊ ၂၀၁၅
    M-Media

    150324153608-bts-arizona-death-sentence-debra-milke-exonerated-00023723-large-169

    – အာမခံငွေကြေး ရယူလိုမှုအတွက် သားဖြစ်သူအား အခြားအမျိုးသား ၂ ဦးနှင့်အတူ ပူးပေါင်းကြံစည် သတ်ဖြတ်မှုဖြင့် သေဒဏ်ကျခံနေရသော အမေရိကန် အမျိုးသမီး ဒီဘရာ မီလ်ကီအား အပြစ်မရှိဟု ဆုံးဖြတ်၍ အရီဇိုးနားတရားရုံးက တနင်္လာနေ့တွင် တရားသေလွှတ်ပေးခဲ့သည်ဟု သိရသည်။

    ၁၉၈၉ ခုနှစ်တွင် ဖြစ်ပွားခဲ့သော အမှုအတွက် မီလ်ကီမှာ သေဒဏ်ကျခံနေရခြင်းဖြစ်ပြီး ထောင်တွင်း၌ ၂၂ နှစ်တာ ကုန်ဆုံးခဲ့ရကာ မီလ်ကီကမူ သူမအနေဖြင့် အပြစ်မရှိကြောင်း ဥပဒေကြောင်းအရ ရင်ဆိုင်လာခဲ့ခြင်း ဖြစ်သည်။

    သားဖြစ်သူအား သတ်ဖြတ်ခဲ့ကြောင်း မျက်မြင်သက်သေ သို့မဟုတ် မှတ်တမ်းမှတ်ရာများ မရှိသော်လည်း စုံထောက်တစ်ဦးဖြစ်သူ အာမန်ဒို ဆာလ်ဒိတ်က မီလ်ကီမှာ ပြစ်မှုကျူးလွန်ကြောင်း ၎င်းထံ ဖြောင့်ချက်ပေးခဲ့သည်ဆိုသည့် အထောက်အထားဖြင့် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ပြီး တရားသူကြီးများက ပြန်လည်စစ်ဆေးခဲ့ပြီးနောက် ထိုအမှုမှာ တရားရေးဆိုင်ရာ မှားယွင်းမှုအဖြစ် သတ်မှတ်ခဲ့ကာ မီလ်ကီအပေါ် စွဲဆိုထားသည့် စွဲချက်များအားလုံးကို ဖယ်ရှားပေးခဲ့သည်။

    ၁၉၈၉ ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့တွင် မီလ်ကီ၏ သားဖြစ်သူ ခရစ္စတိုဖာက ရှော့ပင်းမောလ်တစ်ခုတွင် ဆန်တာကလော့စ်အား ကြည့်ရှုခဲ့ပြီး နောက်တစ်နေ့တွင် ထပ်မံကြည့်ရှုချင်သည်ဟုဆိုကာ မိခင်ဖြစ်သူအား တောင်းဆိုခဲ့သည်။

    ထို့နောက် မီလ်ကီ၏ အခန်းဖော်ဖြစ်သူ ဂျိမ်းစ်စတိုင်ယာက ခရစ္စတိုဖာအား ခေါ်ဆောင်သွားပြီးနောက် ၎င်း၏ သူငယ်ချင်းဖြစ်သူ ရော်ဂျာစကော့နှင့်အတူ မြို့ပြင်သို့မောင်းကာ ခရစ္စတိုဖာအား သေနတ်ဖြင့် ပစ်သတ်၍ မီလ်ကီကို သားဖြစ်သူ ပျောက်သွားသည်ဟု ပြောကြားခဲ့သည်။

    ထိုသတ်ဖြတ်မှုတွင် မီလ်ကီမှာ ရော်ဂျာစကော့၏ ထွက်ချက်ကြောင့် ပါဝင်လာခြင်းဖြစ်သော်လည်း ၂၂ နှစ်တာကြာမြင့်ခဲ့ပြီးနောက် သူမ၏ အပြစ်ကင်းစင်မှုမှာ ပေါ်လွင်ထင်ရှားလာခဲ့သည်။ မီလ်ကီမှာ အမေရိကန်တွင် သေဒဏ်ကျခံနေရာမှ လွတ်မြောက်လာခဲ့သည့် ဒုတိယမြောက် အမျိုးသမီးလည်း ဖြစ်သည်။

    စတိုင်ယာနှင့် စကော့တို့မှာ ၎င်းတို့၏ သေဒဏ်ပြစ်ဒဏ်ကို ဆက်လက်ကျခံနေရသည်။

    Ref: CNN

  • အဖမ်းဆီးခံ အမေရိကန်ဂျာနယ်လစ်တစ်ဦးအား လွှတ်ပေးရန် အီရန်ကို မိုဟာမက်အလီ တောင်းဆို

    အဖမ်းဆီးခံ အမေရိကန်ဂျာနယ်လစ်တစ်ဦးအား လွှတ်ပေးရန် အီရန်ကို မိုဟာမက်အလီ တောင်းဆို

    မတ် ၁၄၊ ၂၀၁၅
    M-Meida

    Muhammad Ali

    – ၂၀၁၄ ခုနှစ် ဇူလိုင်လအတွင်းက ဖမ်းဆီးထားသည့် ၀ါရှင်တန်ပို့စ်သတင်းစာမှ သတင်းထောက် ဂျေဆန် ရေဇိုင်ယန်အား လွှတ်ပေးရန်အတွက် အမေရိကန်လက်ဝှေ့ကျော်ဟောင်း မိုဟာမက်အလီက အီရန်အစိုးရအား တိုက်တွန်းလိုက်သည်ဟု သိရသည်။

    ကြာသာပတေးနေ့က National Press Club (NPC)မှ ထုတ်ပြန်သော ကြေညာချက်တွင် အလီက ထိုကဲ့သို့ တိုက်တွန်းလိုက်ခြင်းဖြစ်ပြီး ရေဇိုင်ယန်မှာ ငြိမ်းချမ်းရေးလိုလားသူနှင့် ယုံကြည်ချက်ပြင်းထန်သူတစ်ယောက်ဖြစ်ပြီး အီရန်ပြည်သူများအတွက် စိတ်နှစ်ဆောင်ရွက်မှုနှင့် လေးစားမှုတို့ကို ၎င်း၏အလုပ်တွင် ထင်ထင်ရှားရှားတွေ့ရသည်ဟုလည်း အလီက ထည့်သွင်းပြောကြားခဲ့သည်။

    ရေဇိုင်ယန်မှာ အမေရိကန်-အီရန် နှစ်နိုင်ငံစလုံး၏ နိုင်ငံသားအဖြစ် ခံယူထားသူဖြစ်ပြီး ၂၀၀၈ ခုနှစ်ကတည်းက အီရန်တွင် ဂျာနယ်လစ်အဖြစ် ဆောင်ရွက်ခဲ့ကာ ၂၀၁၂ ခုနှစ်တွင် ၀ါရှန်တန်ပို့စ်၏ အီရန်ဂျာနယ်လစ်အဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့သည်။ ရေဇိုင်ယန်နှင့် ၎င်း၏ ဇနီး ယေဂါနီဟ် ဆာလေဟီတို့မှာ ၂၀၁၄ ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

    တီဟီရန်အခြေစိုက် ဂျာနယ်လစ်တစ်ဦးဖြစ်သော ဆာလေဟီကိုမူ အောက်တိုဘာလတွင် အာမခံဖြင့် ပြန်လည်လွှတ်ပေးခဲ့ပြီး ရေဇိုင်ယန်အား မည်သည့်အမှုဖြင့် ဖမ်းဆီးထားသည်ကို အီရန်က ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ပေ။

    ရေဇိုင်ယန်အား လွှတ်ပေးရန်အတွက် မိသားစုများက အသနားခံထားပြီး အမေရိကန် လွှတ်တော်အမတ်များကလည်း အီရန်နှင့် နျူအရေးဆွေးနွေးသည့်အခါ ရေဇိုင်ယန်ကိစ္စကို ဦးစားပေးဆောင်ရွက်ရန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီအား တိုက်တွန်းခဲ့သည်။

    အလီကမူ အီရန်အနေဖြင့် ရေဇိုင်ယန်အား ကြာရှည်စွာ ဖမ်းဆီးထားမှုကို အဆုံးသတ်ရန်နှင့် ရေဇိုင်ယန်အား ဥပဒေကြောင်းအရ ရွေးချယ်ခွင့်အားလုံးကို ပေးအပ်ရန်တို့အတွက် မိမိအနေဖြင့် ကြီးမားသည့်မျှော်လင့်ချက် ထားရှိကြောင်း ပြောကြားခဲ့သည်။

    NPC ကမူ အနောက်နိုင်ငံရှိ မည်သည့်ဂျာနယ်လစ်မှ ရေဇိုင်ယန်ကဲ့သို့ ကြာရှည်စွာ ဖမ်းဆီးခံထားခြင်း မရှိခဲ့ဘဲ ရေဇိုင်ယန်၏ ဆေးကုသခွင့်နှင့် ရှေ့နေငှားခွင့်ကိုလည်း ငြင်းပယ်ခံထားရသည်ဟု ဆိုသည်။ ထို့ပြင် ရေဇိုင်ယန်အား စွဲဆိုထားသည့်အမှုကို ထုတ်ပြန်ခြင်း သို့မဟုတ် လူသိရှင်ကြားချပြခြင်း မရှိဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။

    Ref: huffingtonpost

  • ဖာဂူဆန်တွင် ရဲတပ်ဖွဲ့ဝင်များ ပစ်ခတ်ခံရမှုကြောင့် လုံခြုံရေးကို အဆင့်မြှင့်ထား

    ဖာဂူဆန်တွင် ရဲတပ်ဖွဲ့ဝင်များ ပစ်ခတ်ခံရမှုကြောင့် လုံခြုံရေးကို အဆင့်မြှင့်ထား

    မတ် ၁၃၊ ၂၀၁၅
    M-Media

    Police officers respond to a fellow officer hit by gunfire outside the Ferguson Police Headquarters in Ferguson

    – အမေရိကန်ပြည်ထောင်စု မစ်ဇူရီပြည်နယ်ရှိ ဖာဂူဆန်မြို့ ရဲဌာနအပြင်ဘက်တွင် ရဲတပ်ဖွဲ့ဝင် ၂ ဦး ချောင်းမြောင်းပစ်ခတ်ခြင်း ခံခဲ့ရပြီးနောက် လုံခြုံရေးကို အဆင့်မြှင့်ထားသည်ဟု စိန့်လူးဝစ်ကောင်တီ ရဲတပ်ဖွဲ့အကြီးအကဲ ဂျွန် ဘဲလ်မာရ်က ပြောကြားလိုက်သည်။

    ပြီးခဲ့သည့်နှစ် သြဂုတ်လက လူမည်းငယ် မိုက်ကယ်ဘရောင်းအား ရဲတပ်ဖွဲ့မှ သေနတ်ဖြင့်ပစ်ခတ်မှုနှင့်ပတ်သက်၍ အမေရိကန် တရားရေးဌာနက စုံးစမ်းစစ်ဆေးမှုများ ပြလုပ်ခဲ့ပြီးနောက် မတ်လ ၄ ရက်နေ့တွင် ထုတ်ပြန်သော အစီရင်ခံစာတွင် ဖာဂူဆန် ရဲတပ်ဖွဲ့နှင့် တရားရုံးတို့မှာ လူမျိုးရေးခွဲခြားမှုများ ပြုလုပ်ခဲ့သည်ဟု ဖော်ပြခဲ့ပြီး၊ ထိုကိစ္စကို ဖာဂူဆန်ရှိ ပြည်သူများက မကျေမနပ်ဖြစ်ကာ ယမန်နေ့က ရဲစခန်းရှေ့၌ ဆန္ဒပြခဲ့ကြသည်။

    အဆိုပါ ဆန္ဒပြမှုတွင် လူပေါင်း ၁၀၀ ခန့် ပါဝင်ခဲ့ပြီး “ကျွန်ုပ်တို့ တရားမျှတမှု မရပါက၊ သူတို့ (ရဲများ) လည်း ငြိမ်းချမ်းမှုမရ” ဟု ဟစ်အော်ခဲ့ကြသည်။ ထို့ပြင် ဖာဂူဆန်အုပ်ချုပ်ရေးမှူး ဂျိမ်းစ် နိုလက်စ်ကိုလည်း ရာထူးမှ နှုတ်ထွက်ရန် တောင်းဆိုခဲ့ကြသည်။

    ထိုသို့ ဆန္ဒပြနေစဉ်အတွင်း ချောင်းမြောင်းပစ်ခတ်မှု ၂ ခု ဖြစ်ပွားခဲ့ပြီး အသက် ၄၁ နှစ်အရွယ်နှင့် ၃၂ နှစ်အရွယ် ရဲတပ်ဖွဲ့ဝင် ၂ ဦး တို့မှာ ပုခုံးနှင့် မျက်နှာတို့တွင် ထိမှန်ခဲ့သည်။

    ဘဲလ်မာရ်ကမူ မိမိတို့ စိန့်လူးဝစ်ကောင်တီ ရဲဌာန၏ အဓိကဆောင်ရွက်ရမည့် ကိစ္စမှာ သေနတ်ဖြင့်ပစ်သည့် တရားခံများကို ရှာဖွေရန်ဖြစ်ပြီး ယခုလက်ရှိတွင် မေးခွန်းများမေးမြန်းရန်အတွက် သံသယရှိသူများကို ထိန်းသိမ်းထားကာ ဖမ်းဆီးခြင်း မပြုရသေးဟု ပြောကြားခဲ့သည်။

    ရဲတပ်ဖွဲ့နှင့် တရားရုံးတို့မှာ လူမျိုးရေးခွဲခြားမှုများကို ဆောင်ရွက်ခဲ့သည်ဟု အမေရိကန်တရားရေးဌာနမှ ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြခဲ့ပြီးနောက်ပိုင်း ဖာဂူဆန် ရဲတပ်ဖွဲ့ အကြီးအကဲအပါအ၀င် ရဲဌာနနှင့် တရားရုံးတို့မှ ၀န်ထမ်း စုစုပေါင်း ၆ ဦး ရာထူးမှ နှုတ်ထွက်သွားပြီဖြစ်သည်။

    Ref: Aljazeera