News @ M-Media

Tag: US

  • အမေရိကန်အစိုးရ နေ့စဉ် ဆိုက်ဘာတိုက်ခိုက်မှုပေါင်း ၁ ထောင်ကျော် ကြုံတွေ့နေရ

    အမေရိကန်အစိုးရ နေ့စဉ် ဆိုက်ဘာတိုက်ခိုက်မှုပေါင်း ၁ ထောင်ကျော် ကြုံတွေ့နေရ

    ဖေဖော်ဝါရီ ၂၁၊ ၂၀၁၅
    M-Media

    cyber

    – မိမိတို့အနေဖြင့် နေ့စဉ် ဆိုက်ဘာတိုက်ခိုက်မှုပေါင်း ထောင်နှင့်ချီ၍ ကြုံတွေ့နေရသည်ဟု အမေရိကန်အစိုးရမှ ထိပ်တန်းတာဝန်ရှိသူတစ်ဦးက ယမန်နေ့တွင်ပြောကြားလိုက်ပြီး ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက အမေရိကန်အစိုးရ၏ ကွန်ယက်ကို ဖောက်ဝင်ခဲ့သော ဟက်ကာများ ဆက်လက်ရှိနေသေးလားဆိုသည်ကိုမူ အတည်ပြုရန် ငြင်းဆန်ခဲ့သည်။

    “ကျွန်တော်တို့ရဲ့ ကွန်ပျူတာစနစ်တွေကို ကာကွယ်ဖို့ လုံခြုံရေးကို မြှင့်တင်ထားပါတယ်။ ပြီးတော့ လျှို့ဝှက် အချက်အလက်တွေကို ၀င်ရောက်ကြည့်ရှုခွင့်၊ ကွန်ယက်အလွယ်တကူ ၀င်ရောက်ခွင့်တွေ အပါအ၀င် သတင်းအချက်အလက် လုံခြုံရေးကိုလည်း မြှင့်တင်ထားပါတယ်” ဟု အမေရိကန်အစိုးရ ပြောရေးဆိုခွင့်ရှိ သူ ဂျန် ဆာကီက ဆိုသည်။

    သို့သော်လည်း တိုက်ခိုက်မှုများမှာ မြင့်တက်လာပြီး ပို၍ ရှုပ်ထွေးလာသည်ဟုလည်း ၎င်းက ၀န်ခံခဲ့သည်။

    “နေ့စဉ်နေ့တိုင်း တိုက်ခိုက်မှုထောင်ပေါင်းများစွာကို ကျွန်တော်တို့ အောင်မြင်စွာ ဖြေရှင်းနိုင်လေ့ရှိပါတယ်။ ပြီးတော့ အဲဒီတိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး အခြားသော အစိုးရဌာနေတွနဲ့လည်း ဆက်သွယ်ဆောင်ရွက်နေပါတယ်” ဟု ဆာကီက ထပ်လောင်းပြောကြားခဲ့သည်။

    Wall Street ဂျာနယ်ကမူ နိုဝင်ဘာလက ကြုံတွေ့ခဲ့ရသည့် ဆိုက်ဘာချိုးဖောက်ဝင်ရောက်မှုနောက်ပိုင်း အမေရိကန်အစိုးရမှာ ၎င်းတို့၏ အီးမေးလ်ကွန်ယက်ကို ပိတ်ပင်ခဲ့သည်ဟု ဖော်ပြခဲ့ပြီး အဆိုပါ ဟက်ကာများကို ကွန်ယက်အတွင်းမှ နှင်ထုတ်နိုင်ခြင်းမရှိဟုလည်း ဆိုသည်။

    အဆိုပါ ချိုးဖောက်ဝင်ရောက်မှုမှာ ရုရှားအစိုးရနှင့် ဆက်စပ်ပတ်သက်ဖွယ်ရှိနေပြီး ဟက်ကာများမှာ ယူကရိန်းပြဿနာနှင့်ပတ်သက်သည့် အမေရိကန်အစိုးရ၏ စာရွက်စာတမ်းများကို ယူဆောင်သွားခဲ့သည်။ ဆာကီကမူ အဆိုပါကိစ္စအတွက် အသေးစိတ်ပြောပြရန် ငြင်းဆိုခဲ့သည်။

    အမေရိကန်အစိုးရ၏ ဆိုက်ဘာလုံခြုံရေးမှာ အားနည်းလျက်ရှိနေပြီး မကြသေးမီကပင် အမေရိကန်သမ္မတ ဘာရက်အိုဘားမားက အမေရိကန်အား ဆိုက်ဘာတိုက်ခိုက်မှုများကို ကာကွယ်ရန်အတွက် နည်းပညာကုမ္ပဏီများ ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းခဲ့သည်။

    Ref: alarabiya

  • ချက်ပဲလ်ဟေးတွင် မွတ်စလင်လူငယ် ၃ ဦး အသတ်ခံရမှု အမေရိကန်သမ္မတ ရှုတ်ချ

    ချက်ပဲလ်ဟေးတွင် မွတ်စလင်လူငယ် ၃ ဦး အသတ်ခံရမှု အမေရိကန်သမ္မတ ရှုတ်ချ

    ဖေဖော်ဝါရီ ၁၅၊ ၂၀၁၅
    M-Media

    U.S. President Barack Obama delivers remarks before signing the Clay Hunt Suicide Prevention for American Veterans Act into law at the White House in Washington

    – ပြီးခဲ့သည့်တစ်ပတ် အင်္ဂါနေ့က မြောက်ကယ်ရိုလိုင်းနားပြည်နယ် ချက်ပဲလ်ဟေးမြို့တွင် မွတ်စလင်လူငယ် ၃ ဦး အသတ်ခံရမှုမှာ ကြမ်းကြုတ်၍ လက်ခံနိုင်စရာမရှိသည့် လုပ်ရပ်ဖြစ်ပြီး အမေရိကန်ပြည်ထောင်စုတွင် မည်သူတစ်ဦးတစ်ယောက်မှ ဘာသာရေးကြောင့် ပစ်မှတ်ထား တိုက်ခိုက်ခံရမှု မရှိစေရဟု သမ္မတ ဘာရက်အိုဘားမားက ပြောကြားလိုက်သည်။

    သောကြာနေ့က တရားရေးဌာနမှ ထုတ်ပြန်သော သမ္မတ၏ ကြေညာချက်တွင် ထိုကဲ့သို့ ရှုတ်ချခဲ့ခြင်းဖြစ်ပြီး မိမိတို့ ရားရေးဌာနအနေဖြင့် ပြစ်မှုကျူးလွန်သူမှာ အမုန်းတရားကြောင့်ဖြစ်သော ရာဇ၀တ်မှုဆိုင်ရာ ဥပဒေအပါအ၀င် ပြည်ထောင်စု ဥပဒေများကို ချိုးဖောက်ခြင်း ရှိ၊ မရှိကို FBI ၏ ကနဦး စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဖော်ပြခဲ့သည်။

    “အမေရိကန်ပြည်ထောင်စုမှာ ဘယ်သူတစ်ဦးတစ်ယောက်ကမှ သူတို့ဘယ်သူလဲ၊ ဘယ်လိုလူမျိုးလဲ ဒါမှမဟုတ် ဘယ်ဘာသာလဲ ဆိုတာကြောင့် ပစ်မှတ်ထားတိုက်ခိုက်ခံရတာမျိုး လုံးဝ ရှိလို့မရပါဘူး” ဟု အိုဘားမားက အဆိုပါ ကြေညာချက်တွင် ဖော်ပြထားပြီး မိမိအနေဖြင့် သေဆုံးသွားသူများ၏ မိသားစုနှင့် ထပ်တူထပ်မျှ ၀မ်းနည်းပါကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    သေဆုံးသွားသူများ၏ မိသားစုများကမူ ပြစ်မှုကျူးလွန်သူ အသက် ၄၆ နှစ်အရွယ် ခရေ့ဂ်ျ စတီဖင် ဟစ်က်၏ ထိုလုပ်ရပ်မှာ ဘာသာရေးတွန်းအားကြောင့် ဟုတ်၊ မဟုတ်ဆိုသည်ကို အာဏာပိုင်များက စုံစမ်းစစ်ဆေးပေးရန် တောင်းဆိုခဲ့သည်။

    သေဆုံးသွားသူများမှာ မြောက်ကယ်ရိုလိုင်းနားတက္ကသိုလ်တွင် သွားဘက်ဆိုင်ရာ အထူးပြုဖြင့် ကျောင်းတက်နေသူ အသက် ၂၃နှစ်အရွယ် ဒီယာ ရှက်ဒီ ဘရကသ်၊ ၎င်း၏ ဇနီး အသက် ၂၁ နှစ်အရွယ် ယူဆိုးရ် မိုဟာမက် အဘူဆက်လ်ဟာနှင့် ယူဆိုးရ်၏ ညီမဖြစ်သူ အသက် ၁၉ နှစ်အရွယ် ရာဇန် မိုဟာမက် အဘူ ဆလ်ဟာတို့ ဖြစ်ကြသည်။ ၎င်းတို့ သုံးဦးမှာ လူမှုအကျိုးပြုလုပ်ငန်းများကို တက်တက်ကြွကြွ လုပ်ကိုင်နေကြသူများဟု ၎င်းတို့၏ အတန်းဖော်များနှင့် ပတ်ဝန်းကျင်မှ ပြောကြားခဲ့ကြသည်။

    ထိုအဖြစ်အပျက်အတွက် အမေရိကန်သမ္မတ ဘာရက်အိုဘားမားနှင့် အခြားအမေရိကန်ခေါင်းဆောင်များ လျင်မြန်စွာ ရှုတ်ချမှု မပြုလုပ်သည့်အတွက် တူရကီသမ္မတ တိုင်ယစ်ပ် အာဒိုဂန်က ကြာသာပတေးနေ့တွင် ပြစ်တင်ပြောကြားခဲ့သည်။

    ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်ကလည်း သေဆုံးသွားသူများ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီပံ့ပိုးပေးမှုများအတွက် သောကြောနေ့တွင် ချီးကျူးပြောဆိုခဲ့ပြီး ကမ္ဘာ့နိုင်ငံသားဆိုသည့် အကောင်းဆုံးတန်ဖိုးကို ၎င်းတို့က ကိုယ်စားပြုခဲ့ကြောင်း ၎င်းတို့အတွက် အမေရိကန်ပြည်သူ ထောင်ပေါင်းများစွာက ၀မ်းနည်းကြေကွဲမှုကို ကြည့်၍ မိမိအနေဖြင့် ခံစားရကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    ဒေသတွင်း ရဲတပ်ဖွဲ့ကမူ အဆိုပါပစ်ခတ်မှုမှာ ကားပါကင်ကိစ္စအတွက် ဖြစ်ပွားခြင်းဖြစ်သည်ဟု ပြောကြားခဲ့သော်လည်း လူ့အခွင့်အရေးအဖွဲ့ မြောက်ကယ်ရိုလိုင်းနားဆိုင်ရာ အမေရိကန် တရားရုံးချုပ်အဖွဲ့နှင့် FBI တို့ ပူးပေါင်း၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု အမေရိကန် တရားရေးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

    Ref: alarabiya

  • အိန္ဒိယလူမျိုးတစ်ဦးအား လက်ရောက်ကျူးလွန်ခဲ့သူ အမေရိကန် ရဲတစ်ဦးကို တရားစွဲ

    အိန္ဒိယလူမျိုးတစ်ဦးအား လက်ရောက်ကျူးလွန်ခဲ့သူ အမေရိကန် ရဲတစ်ဦးကို တရားစွဲ

    ဖေဖော်ဝါရီ ၁၄၊ ၂၀၁၅
    M-Media

    Handout of Sureshbhai Patel at Huntsville Hospital, in Huntsville

    – အမေရိကန်ပြည်ထောင်စု အလာဘားမားပြည်နယ်တွင် အိန္ဒိယလူမျိုးတစ်ဦးအား ထိခိုက်ဒဏ်ရာရစေခဲ့သည်အထိ ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့သည့် ရဲတပ်သားတစ်ဦးကို လက်ရောက်မှုဖြင့် တရားစွဲဆိုလိုက်သည်ဟု အမေရိကန် အာဏာပိုင်များက ပြောကြားလိုက်သည်။

    ကျူးလွန်ခံရသူမှာ အသက် ၅၇ နှစ်အရွယ်ရှိ ဆူရက်ရှ်ဘိုင် ပက်တဲလ်ဆိုသူဖြစ်ပြီး ပြီးခဲ့သည့်တစ်ပတ် သောကြာနေ့ နံနက်ပိုင်းက မက်ဒီဆင်ရှိ သားဖြစ်သူနေအိမ်မှထွက်ကာ လမ်းလျှောက်နေစဉ် ရဲတပ်သားများနှင့်တွေ့ကာ ထိုကဲ့သို့ ကျူးလွန်ခံခဲ့ရခြင်းဖြစ်သည်။

    ရဲတပ်သားများက သံသယရှိသူတစ်ဦးနှင့်ပတ်သက်၍ ဖုန်းခေါ်ဆိုမှုရရှိခဲ့သည်ဟု ပက်တဲလ်အား ပြောကြားခဲ့သည်။ သို့သော်လည်း ပက်တဲလ်က မိမိမှာ အင်္ဂလိပ်စကားမပြောတတ်ဟုဆိုကာ သားဖြစ်သူ၏ အိမ်နံပါတ်ကို ပေးခဲ့သော်လည်း ရဲတပ်သားများက ပက်တဲလ်အား လုံးထွေးကာ မြေပြင်ပေါ်သို့လှဲချခဲ့သည်။

    ပက်တဲလ်မှာ ထိုဒဏ်ရာကြောင့် ကျောရိုးရှိ နာ့ဗ်ကြောမကြီး ထိခိုက်သွားပြီး ခန္ဓာကိုယ်လှုပ်ရှားနိုင်ခြင်းမရှိတော့ဘဲ ခွဲစိတ်ကုသမှု ခံယူရမည်ဖြစ်သည်။ ထို့နောက် ပက်တဲလ်က မြို့တာဝန်ရှိသူများနှင့် ၎င်းအား ရိုက်နှက်ခဲ့သည့် ရဲတပ်ဖွဲ့ဝင် နှစ်ဦးကို တရားစွဲဆိုခဲ့ပြီး ထိုအဖြစ်အပျက်မှာ လူမျိုးရေးခွဲခြားမှုကြောင့် ဖြစ်ပေါ်ရခြင်းဖြစ်သည်ဟု စွပ်စွဲပြောကြားခဲ့သည်။

    အခင်းဖြစ်ပွားရာ အလာဘားမားပြည်နယ် မဒ်ဒီဆန်မြို့မှ ရဲအရာရှိများကလည်း ကြာသာပတေးနေ့က သတင်းစာရှင်းလင်းပွဲလုပ်ကာ ပက်တဲလ်နှင့် သူ၏ မိသားစုအား တောင်းပန်ခဲ့ပြီး ထိုအဖြစ်အပျက်တွင် ပါဝင်ခဲ့သည့် ရဲတပ်ဖွဲ့ဝင် ၂ ဦးမှ ၁ ဦးအား လက်ရောက်မှုဖြင့် တရားစွဲဆိုထားသည်ဟု ပြောကြားခဲ့သည်။

    ရဲတပ်ဖွဲ့မှ စောစောပိုင်းထုတ်ပြန်သော ကြေညာချက်တွင် ပက်တဲလ်မှာ ၎င်း၏လက်နှစ်ဖက်အား ဘောင်းဘီအိတ်ထဲသို့ ထည့်ကာ ထွက်ပြေးရန် ကြိုးစားခြင်းကြောင့် ရဲတပ်ဖွဲ့က လုံးထွေးဖမ်းဆီးခဲ့ရသည်ဟု ဖော်ပြခဲ့သည်။ သို့သော်လည်း ပတ္တရောင်ကားတွင် ရိုက်ကူးထားသည့်ဗီဒီယိုအရ လက်နောက်ပစ်ထားသော ပက်တဲလ်အား ရဲတပ်တပ်ဖွဲ့ဝင်တစ်ဦးက ရုတ်တရတ် မြေပေါ်သို့ လှဲချခဲ့ခြင်းကို တွေ့ရှိခဲ့ရသည်။

    မက်ဒီဆင် ရဲတပ်ဖွဲ့အကြီးအကဲ လယ်ရီ မန်စီကမူ အဆိုပါ ရဲတပ်သား၏လုပ်ရပ်မှာ မိမိတို့ဌာနက သတ်မှတ်ထားသော စည်းကမ်းနည်းလမ်းများနှင့် ညီညွတ်ခြင်းမရှိဟု ပြောကြားခဲ့သည်။ ပက်တဲလ်မှာ မကြာသေးမီက ကလေးမွေးထားသည့် ၎င်း၏သားဖြစ်သူမိသားစုအား စောင့်ရှောက်ရန် ပြီးခဲ့သည့် နှစ်ပတ်က အိန္ဒိယမှ အမေရိကန်သို့ ရောက်ရှိလာသူဖြစ်သည်။

    Ref:alarabiya

  • သုံးနှစ်အရွယ်ကလေးငယ်က မိဘများအား သေနတ်ဖြင့်ပစ်ခတ်မှု အမေရိကန်တွင်ဖြစ်ပွား

    သုံးနှစ်အရွယ်ကလေးငယ်က မိဘများအား သေနတ်ဖြင့်ပစ်ခတ်မှု အမေရိကန်တွင်ဖြစ်ပွား

    ဖေဖော်ဝါရီ ၂၊ ၂၀၁၅
    M-Media

    gun

    – အမေရိကန်ပြည်ထောင်စု နယူးမက္ကဆီကိုပြည်နယ်တွင် အသက် ၃ နှစ်အရွယ် ကလေးတစ်ဦး၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဖခင်နှင့် ကိုယ်ဝန်သည် မိခင်ဖြစ်သူတို့ ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

    အလ်ဘူကွာကီမြို့ မိုတယ်တစ်ခု၏ အခန်းတွင် စနေနေ့နေ့လည်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါ ကလေးငယ်မှာ မိခင်ဖြစ်သူ၏ ပိုက်ဆံအိတ်ထဲမှ သေနတ်ကိုထုတ်ယူ၍ ပစ်ခတ်ခဲ့ရာ ကျည်ဆံမှာ ဖခင်၏ တင်ပါးအား ဖောက်ထွက်ကာ မိခင်ဖြစ်သူကို သွားရောက်ထိမှန်ခဲ့သည်။

    ထိုကလေးငယ်၏ အသက် ၂ နှစ်အရွယ် ညီမဖြစ်သူမှာ အခန်းထဲတွင် ရှိနေသော်လည်း မည်သည့် ဒဏ်ရာရမှုမှ မရှိခဲ့ပေ။ ဖခင်နှင့် မိခင်တို့ကိုမူ ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှု ခံယူစေခဲ့ပြီး ယခုအခါ ဆေးရုံမှ ပြန်လည်ဆင်းသွားပြီဖြစ်သည်။

    ကိုယ်သန် ၈ လရှိပြီဖြစ်သည့် မိခင်ကမူ မိမိမှာ အဆိုပါသေနတ်အား သောကြာနေ့ကမှ ၀ယ်ယူခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲသည်။ ရဲတပ်ဖွဲ့ကမူ မိဘနှစ်ပါးစလုံးအား ကလေးငယ်ကို လစ်လျူရှုထားမှုဖြင့် တရားစွဲဆိုထားသည်။

    Ref: independent

  • အလုပ်ခိုင်းသည်ကို မကျေနပ်၍ အမေရိကန်တွင် မိခင်ဖြစ်သူအား သားက ခေါင်းဖြတ်သတ်

    အလုပ်ခိုင်းသည်ကို မကျေနပ်၍ အမေရိကန်တွင် မိခင်ဖြစ်သူအား သားက ခေါင်းဖြတ်သတ်

    ဇန်န၀ါရီ ၂၊ ၂၀၁၅
    M-Media

    10418993_820584941317311_364137281325967456_n
    – အလုပ်များခိုင်းလွန်းသည်ကို မကျေနပ်သည့်အတွက် သားဖြစ်သူက မိခင်အား ခေါင်းဖြတ်သတ်မှုတစ်ခု အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါတွင် ဖြစ်ပွားခဲ့သည်ဟု သိရသည်။

    ဒီဇင်ဘာ ၃၁ ရက်နေ့ညက ဖလော်ရီဒါပြည်နယ် အိုလ်ဒ်စ်မာမြို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေဆုံးသွားသူမှာ အသက် ၄၈ နှစ်အရွယ်ရှိ မာရီယာ ဆွာရက်ဇ် ကက်ဆက်နီဆိုသူ ဖြစ်သည်။

    ကက်ဆက်နီ၏ သား မာရီယိုဂိုးမက်စ်ဇ်က မိခင်ဖြစ်သူမှာ အသတ်ခံထားရသည်ဟု တိုင်ကြားခဲ့သောကြောင့် ရဲတပ်ဖွဲ့က သွားရောက် ကြည့်ရှုခဲ့ရာ တမ်ပါရာဒေသရှိ ၎င်းတို့နေအိမ်အပြင်ဘက် အမှိုက်ပုံးများအနီးတွင် ကက်ဆက်နီ၏ ခန္ဓာကိုယ်ကို တွေ့ရှိခဲ့ရကာ အမှိုက်ပုံး တစ်ခုတွင် ဦးခေါင်းအား ရှာဖွေတွေ့ရှိခဲ့သည်။

    မာရီယိုကမူ ၎င်း၏ညီဖြစ်သူ ခရစ္စတီယန်ဂိုးမက်ဇ်က ထိုကဲ့သို့ သတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး ယခုလက်ရှိတွင် ထွက်ပြေးနေ သည်ဟု ပြောကြား ခဲ့သည်။ ထို့ကြောင့် ရဲတပ်ဖွဲ့က လိုက်လံရှာဖွေခဲ့ရာ စက်ဘီးဖြင့် ထွက်ပြေးနေသည့် အသက် ၂၃ နှစ်အရွယ် ခရစ္စတီယန်အား နာရီဝက် အကြာတွင် ဖမ်းဆီးရမိခဲ့သည်။

    ခရစ္စတီယန်ကလည်း မိခင်ဖြစ်သူအား သတ်ဖြတ်ခဲ့သည်ကို ၀န်ခံခဲ့ပြီး ပြီးခဲ့သည့် ၂ ရက်အတွင်း သေတ္တာအချို့အား အထပ်ခိုးပေါ်သို့ရွှေ့ရန် တစ်ကျီကျီလုပ်ခြင်းကြောင့် သတ်ပစ်ခဲ့ခြင်းဖြစ်သည်ဟု ထွက်ဆိုခဲ့သည်။ ၎င်းအား လက်ရှိအချိန်တွင် ပထမအဆင့် လူသတ်မှုဖြင့် တရားစွဲဆိုထားသည်။

    Source : CNN

    ဓာတ်ပုံ – မိခင်ဖြစ်သူအား ခေါင်းဖြတ်သတ်ခဲ့သူ ခရစ္စတီယန် ဂိုးမက်ဇ်