News @ M-Media

Tag: US

  • မိုက်ကယ်ဘရောင်းအား ပစ်သတ်ခဲ့သည့် လူဖြူ ရဲအရာရှိ ရာထူးမှ နှုတ်ထွက်

    မိုက်ကယ်ဘရောင်းအား ပစ်သတ်ခဲ့သည့် လူဖြူ ရဲအရာရှိ ရာထူးမှ နှုတ်ထွက်

    နိုဝင်ဘာ ၃၀ ၊ ၂၀၁၄
    M-Media
    barricades_go_up_ahead_of_ferguson_grand_jury_decision_1315231968
    – အမေရိကန် ပြည်ထောင်စု မစ်ဇူရီပြည်နယ် ဖာဂူဆန်မြို့တွင် စက်တင်ဘာလအတွင်းက လူမည်းလူငယ် မိုက်ကယ်ဘရောင်းအား သေနတ်ဖြင့် ပစ်ခဲ့သည့် လူဖြူရဲအရာရှိ ဒါရန် ၀ီလ်ဆင်မှာ ရာထူးမှ နှုတ်ထွက်သွားခဲ့သည်ဟု သိရသည်။

    အသက် ၂၈ နှစ်အရွယ် ၀ီလ်ဆင်မှာ ထိုပြဿနာဖြစ်ပွားပြီးနောက်ပိုင်းမှ စတင်ကာ အနားပေးခံထားရခြင်းဖြစ်ပြီး နှုတ်ထွက်ကြောင်းကို ယမန်နေ့က ၎င်း၏ ရှေ့နေဖြစ်သူမှတစ်ဆင့် ကြေညာခဲ့ခြင်းဖြစ်သည်။

    `ကျွန်တော် ဒါရန် ၀ီလ်ဆင်ဟာ ဖာဂူဆန်မြို့ရဲတပ်ဖွဲ့ရဲ့ ရဲအရာရှိအဖြစ်မှ ယခုချက်ခြင်း နှုတ်ထွက်ပါတယ်။ ကျွန်တော်ဆက်ပြီး တာဝန်ထမ်းဆောင်မယ်ဆိုရင် ဖာဂူဆန်က ရဲအရာရှိတွေနဲ့ နေထိုင်သူတွေအားလုံး အန္တရာယ်ရှိကောင်းရှိနိုင်တယ်လို့ ပြောကြပြီး ဒါမျိုးကို ကျွန်တော် မဖြစ်စေချင်ပါဘူး´ ဟု ၀ီလ်ဆင်၏ နှုတ်ထွက်စာတွင် ရေးသားထားမှုအား Dispatch သတင်းစာတွင် ဖော်ပြထားသည်။

    ထိုအမှုအား ၃ လကြာ စစ်ဆေးခဲ့ပြီး ရဲတပ်ဖွဲ့မှ ခုခံပစ်ခတ်ရင်း မိုက်ကယ်ဘရောင်း သေဆုံးခဲ့ရသည်ဟုဆိုကာ ၀ီလ်ဆင်အား တရားစွဲဆိုခြင်းမပြုရန် တရားရုံးက ဆုံးဖြတ်ခဲ့ပြီးနောက် အမေရိကန်နိုင်ငံတစ်ဝှမ်း ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီး ဖာဂူဆန်မြို့တွင်မူ အဆောက်အုံးများ၊ ရဲကားများ မီးရှို့ဖျက်ဆီးခြင်းတို့အထိ ဖြစ်ခဲ့သည်။

    အမေရိကန် တရားရေးဌာနကမူ ထိုပစ်ခတ်မှုနှင့် ပတ်သက်ပြီး ပြည်သူ့ခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးမှုများကို ဆက်လက်ပြုလုပ်နေပြီး ရဲဌာနမှ ကျင့်သုံးခဲ့သည့် ပုံစံများနှင့် ကွဲပြားစွာ နှိုက်နှိုက်ချွတ်ချွတ် ဆောင်ရွက်နေခြင်းဖြစ်သည်။

    Al Jazeera and agencies

  • လူမည်းလူငယ်အား ပစ်သတ်သည့် ရဲကို တရားမစွဲဟု တရားရုံး၏ ဆုံးဖြတ်ချက် အမေရိကန် တစ်ဝှမ်း ဆန္ဒပြ

    လူမည်းလူငယ်အား ပစ်သတ်သည့် ရဲကို တရားမစွဲဟု တရားရုံး၏ ဆုံးဖြတ်ချက် အမေရိကန် တစ်ဝှမ်း ဆန္ဒပြ

    နိုဝင်ဘာ ၊ ၂၆ ၊ ၂၀၁၄
    M-Media
    WireAP_3fae549b3b434fe6af259a3242988b77_16x9_992
    – အမေရိကန်ပြည်ထောင်စု မစ်ဇူရီပြည်နယ်တွင် ပြီးခဲ့သည့်သြဂုတ်လက လူမည်းလူငယ် မိုက်ကယ်ဘရောင်းအား သေနတ်ဖြင့် ပစ်ခတ်ခဲ့သော ရဲအရာအရှိကို တရားစွဲဆိုခြင်းမပြုလုပ်ရန် တရားရုံးက ဆုံးဖြတ်ခဲ့ပြီးနောက် အမေရိကန်နိုင်ငံတစ်ဝှမ်း ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်ဟု သိရသည်။

    စိန့်လူးဝစ်ခရိုင် ဖာဂူဆန်တွင် ဖြစ်ပွားခဲ့သည့် အဆိုပါ အဖြစ်အပျက်တွင် ရဲတပ်ဖွဲ့က အဆိုပါလူငယ်အား သေနတ်ဖြင့် ၆ ချက် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး တရားရုံးကမူ ရဲအရာရှိမှာ မိမိကိုယ်ကို ကာကွယ်သည့်အနေဖြင့် ပစ်ခဲ့ခြင်းဖြစ်သည်ဟု တနင်္လာနေ့က ဆုံးဖြတ်ခဲ့သည်။

    မိုက်ကယ်ဘရောင်း၏ မိသားစုကလည်း မိမိတို့အနေဖြင့် ထိုဆုံးဖြတ်ချက်အတွက် စိတ်ပျက်ခဲ့ရသည်ဟု ပြောကြားခဲ့သည်။ ထိုသို့ ဆုံးဖြတ်ခဲ့ပြီးနောက် စိန့်လူးဝစ်ခရိုင်တွင် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီး ဈေးဆိုင်များ၊ အစိုးရအဆောက်အအုံများ၊ ရဲကားများအား ဖျက်ဆီး မီးရှို့သည်အထိ ပြင်းထန်ခဲ့သည်။ ထို့ပြင် ဆန္ဒပြသူများမှာ မစ်ဇူရီရှိ ပြည်နယ်ချင်းဆက် အဝေးပြေးလမ်းမနှင့် မစ္စစီပီမြစ်ကူးတံတားများကိုလည်း ပိတ်ဆို့ခဲ့ကြသည်။

    အမေရိကန်လုံခြုံရေးတပ်ဖွဲ့ဝင်များကလည်း ဆန္ဒပြသူများအား မျက်ရည်ယိုဗုံးများ၊ မီးခိုးဗုံးများ အသုံးပြုကာ လူစုခွဲခဲ့ကြပြီး ဖမ်းဆီးမှုများလည်း ရှိခဲ့သည်။

    အမေရိကန်ရှိ အခြားသော မြို့ကြီးများတွင်လည်း တရားရုံး၏ ထိုဆုံးဖြတ်ချက်ကို မကျေနပ်သည့်အတွက် ပြည်သူအများအပြား ချီတက်ဆန္ဒပြခဲ့ကြသည်။ သမ္မတအိုဘားမားကမူ အမေရိကန်ပြည်သူများအနေဖြင့် ငြိမ်းချမ်းစွာရှိကြရန် တိုက်တွန်းခဲ့သည်။

    Al Jazeera and agencies
  • အမေရိကန် ကာကွယ်ရေးဝန်ကြီးအား သမ္မတ အိုဘားမား နှုတ်ထွက်ခွင့်ပြု

    အမေရိကန် ကာကွယ်ရေးဝန်ကြီးအား သမ္မတ အိုဘားမား နှုတ်ထွက်ခွင့်ပြု

    နိုဝင်ဘာ ၊ ၂၆ ၊ ၂၀၁၄
    M-Media

    us-defence-secretary-stepping-down
    – ပြီးခဲ့သည့်လကတည်းက ရာထူးမှနှုတ်ထွက်ခွင့် တောင်းခံထားသည့် ကာကွယ်ရေးဝန်ကြီး ချက်ဟေဂယ်၏ နှုတ်ထွက်စာကို အမေရိကန်သမ္မတ ဘာရက်အိုဘားမားက လက်ခံခဲ့သည်ဟု သိရသည်။

    နှုတ်ထွက်ခွင့်ပြုကြောင်း ကြေညာခြင်းကို ယမန်နေ့က အိမ်ဖြူတော်တွင် ပြုလုပ်ခဲ့ပြီး အိုဘားမား၊ ဒုတိယသမ္မတ ဂျိုးဘိုင်ဒန်နှင့် ချက်ဟေဂယ်တို့ တက်ရောက်ခဲ့ကြသည်။ အိုဘားမားက ဟေဂယ်မှာ စံနမူနာယူစရာ ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်ဟု ပြောကြားခဲ့သည်။

    `ကာကွယ်ရေးဝန်ကြီးရာထူးကို ထမ်းဆောင်ဖို့ ကျွန်တော် ချက်ကို ပြောခဲ့စဉ်က ကျွန်တော်တို့ဟာ အကူးအပြောင်းကာလတစ်ခုကို ၀င်ရောက်နေတဲ့အချိန်ပါ´ ဟု အိုဘားမားက ပြောကြားခဲ့သည်။

    အမေရိကန်မီဒီယာများကမူ ISIL နှင့် ပတ်သက်သည့် ပင်တဂွန်၏ ဗျူဟာကြောင့် ဟေဂယ်အား နှုတ်ထွက်ရန် အိုဘားမားက ဖိအားပေးခဲ့သည်ဟု ဖော်ပြခဲ့ကြသ

  • အမေရိကန်တွင် လေသေနတ်ကိုင် ၁၂ နှစ်သားအား လက်မမြှောက်၍ ရဲတပ်ဖွဲ့ ပစ်သတ်

    အမေရိကန်တွင် လေသေနတ်ကိုင် ၁၂ နှစ်သားအား လက်မမြှောက်၍ ရဲတပ်ဖွဲ့ ပစ်သတ်

    နိုဝင်ဘာ ၂၅ ၊ ၂၀၁၄
    M-Media
    13930903000611_PhotoI
    – ခါးကြားထဲမှ သေနတ်အတု ထုတ်လိုက်သည့်အတွက်ကြောင့် ရဲတပ်ဖွဲ့၏ သေနတ်ဖြင့် ပစ်မှုကို ခံခဲ့ရသည့် အသက် ၁၂ အရွယ် အမေရိကန် လူငယ်တစ်ဦးမှာ ရရှိသော ဒဏ်ရာကြောင့် ယမန်နေ့က သေဆုံးသွားခဲ့သည်ဟု သိရသည်။

    အိုဟိုင်းယိုး အရှေ့မြောက်ဘက် ကလီဗ်လန်းဒေသတွင် ယမန်နေ့ နေ့လည်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက် ၁၂ အရွယ် တမီရန် ရွိုက်ဆိုသည့် လူငယ်အား ရဲတပ်ဖွဲ့က လက်မြှောက်ရန် အမိန့်ပေးရာမှ ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

    ရဲတပ်ဖွဲ့က ထိုကဲ့သို့အမိန့်ပေးရာတွင် အဆိုပါလူငယ်မှာ မည်သည့် ပြောဆိုမှုမှ မပြုလုပ်ဘဲ ခါးတွင်ချိတ်ထားသည့် သေနတ်အား ထုတ်ခဲ့သောကြောင့် ရဲတပ်ဖွဲ့က သေနတ်ဖြင့် ၂ ချက် ပစ်ခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့ ဒုတိယအကြီးအကဲ အဒ်တွမ်ဘာက ပြောကြားခဲ့သည်။

    သို့သော်လည်း လူငယ်ထုတ်လိုက်သော သေနတ်မှာ လေသေနတ်သာဖြစ်ပြီး သေနတ်အစစ် မဟုတ်မှန်း သိစေရန် ထိုကဲ့သို့ လေသေနတ်များတွင် တပ်ဆင်ထားသည့် လိမ္မော်ရောင် အန္တရာယ်ကင်းရေး အမှတ်အသားကို ဖျက်ထားသည်ဟု ဆိုသည်။

    မိဘများဘက်မှ ရှေ့နေကမူ ရွိုက်စ်မှာ ၎င်း၏ သူငယ်ချင်းများနှင့်အတူ ပန်းခြံသို့ သွားခြင်းဖြစ်ပြီး မည်သည့်အတွက်ကြောင့် ပစ်ခတ်မှု ဖြစ်ပွားရခြင်းကို မသိရှိကြောင်း ပြောကြားခဲ့သည်။

    အဆိုပါကိစ္စတွင် ပါဝင်ပတ်သက်သည့် ရဲအရာရှိ ၂ ဦးအား တာဝန်မှ ခွင့်ပေးထားပြီး စုံးစမ်းစစ်ဆေးမှုများကို ပြုလုပ်နေသည်ဟု ကလီဗ်လန်း တရားရုံးမှ ပြောကြားခဲ့သည်။

    အမေရိကန်မြို့တစ်မြို့ဖြစ်သည့် ဖာဂူဆန်မြို့တွင် ပြီးခဲ့သည့်လပိုင်းက လူမည်းလူငယ်တစ်ဦးကို ရဲတပ်ဖွဲ့က ပစ်သတ်ခဲ့သောကြောင့် လူထုအုံကြွမှုများ ဖြစ်ပွားခဲ့သေးသည်။

    AP

  • အရှေ့ဂျေရုစလင် အခြေချ အိမ်ရာဆောက်လုပ်နေမှု အစ္စရေးကို အမေရိကန် သတိပေး

    အရှေ့ဂျေရုစလင် အခြေချ အိမ်ရာဆောက်လုပ်နေမှု အစ္စရေးကို အမေရိကန် သတိပေး

    အောက်တိုဘာ ၄ ၊ ၂၀၁၄
    M-Media
    380741_Israeli-bulldozer
    – ပါလက်စတိုင်းပိုင် အရှေ့ဂျေရုစလင်တွင် ဆောက်လုပ်ရန် အစ္စရေး အစိုးရက စီစဉ်ထားသည့် အခြေချ အိမ်ရာများအတွက် နေတန်ယာဟုအား အမေရိကန်သမ္မတ ဘာရက်အိုဘားမားက သတိပေးလိုက်သည်ဟု အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ ဂျိုရှ့် အန်းနက်စ်က ပြောကြားလိုက်သည်။

    ယမန်နေ့က နေတန်ယာဟု အိမ်ဖြူတော်သို့ လာရောက်တွေ့ဆုံစဉ် အိုဘားမားက ပါလက်စတိုင်းပိုင်နက်များ၌ အစ္စရေး၏ တရားမ၀င် အိမ်ရာများ ဆောက် လုပ်ခြင်းကို ဝေဖန်ခဲ့ပြီး ယခုကဲ့သို့ သတိပေးလိုက်ခြင်းဖြစ်သည်။

    အန်းနက်စ်ကမူ အစ္စရေး၏ ထိုလုပ်ရပ်က နိုင်ငံတကာ အသိုင်းအ၀ိုင်း၏ ရှုတ်ချမှုကို ခံရမည်ဖြစ်ပြီး၊ ငြိမ်းချမ်းရေးကို ဖော်ဆောင်ပေးမည်ဟု ပါလက်စတိုင်းပြည်သူများအား ပေးထားခဲ့သည့် ကတိက၀တ်အတွက်လည်း မေးခွန်း ထုတ်စရာဖြစ်သည်ဟု ဆိုသည်။ ထို့ပြင် ပါလက်စတိုင်းနှင့် အစ္စရေးအကြား မြင့်မားလျက်ရှိနေသည့် တင်းမာမှုများကိုလည်း ဆက်လက် မြင့်မားစေနိုင်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    ပါလက်စတိုင်း လွတ်မြောက်ရေးအဖွဲ့ ခေါင်းဆောင် ဟာနန်အရှ်ရာဝီကလည်း ပါလက်စတိုင်း ပိုင်နက်များအတွင်း အစ္စရေးက အခြေချအိမ်ရာများ တိုးချဲ့ဆောက်လုပ်မှုကို ရှုတ်ချခဲ့ပြီး အစ္စရေးမှာ ငြိမ်းချမ်းရေးဆောင်ရွက်ခြင်းထက် နယ်မြေခိုးယူခြင်းကို ပို၍ စိတ်ဝင်စားနေသည်ဟု ပြောကြားခဲ့သည်။

    ၁၉၆၇ ခုနှစ် စစ်ပွဲပြီးကတည်းက အစ္စရေးမှာ ပါလက်စတိုင်းပိုင်နက်များအတွင်း တရားမ၀င် အခြေချအိမ်ရာများကို ဆောက်လုပ်ခဲ့ပြီး ယခုအချိန်တွင် အိမ်ရာပေါင်း ၁၂၀ ခန့်ရှိနေကာ အခြေချနေထိုင်သူ သန်းဝက်ခန့်ရှိနေသည်။

    ref_ Press TV