Tag: US
-

သောကြာနေ့မနက် နိုင်ငံတကာသတင်းများ
စက်တင်ဘာ ၇၊ ၂၀၁၈M-Mediaဂျပန်တွင် ငလျင်ကြောင့် သေဆုံးသူ ၁၆ ဦး ရှိလာ===============ဂျပန်နိုင်ငံမြောက်ပိုင်း ဟိုကိုင်းဒိုးကျွန်းမှာ မနေ့မနက်အစောပိုင်းက လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ကြောင့် သေဆုံးသူ အရေအတွက်ဟာ ၁၆ ဦးအထိ ရှိလာခဲ့ပြီး လူ ၂ သန်းကျော်လောက်ဟာလည်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုနဲ့ ကြုံတွေ့နေရပါတယ်။ ငလျင်ကြောင့် နေအိမ်တွေ၊ အဆောက်အဦးတွေ ပြိုကျပျက်ဆီးတာ၊ မြေပြိုတာတွေရှိခဲ့ပြီး ၂၆ ဦး ပျောက်ဆုံးနေပါတယ်။ ဂျပန်ဟာ ပြီးခဲ့တဲ့လတွေအတွင်း တိုင်းဖုန်းမုန်တိုင်း၊ ရေကြီးမှုနဲ့ အပူလှိုင်းဖြတ်မှုဒဏ်တွေကို ခံစားခဲ့ရပြီး လူအသေအပျောက်များခဲ့သလို၊ အခုတစ်ပတ်အစောပိုင်းမှာလည်း တိုင်ဖုန်းမုန်တိုင်းဒဏ်ကို အကြီးအကျယ် ခံစားခဲ့ရပါတယ်။အမေရိကန်ပြည်ထောင်စု အိုဟိုင်းယိုးတွင် ပစ်ခတ်မှုဖြစ်==============အမေရိကန်ပြည်ထောင်စု အိုဟိုင်းယိုးပြည်နယ် စင်စင်နတီမြို့လယ်ကောင်က ဘဏ်မှာ မနေ့က ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး သေနတ်သမား အပါအ၀င် လူ ၄ ဦး သေဆုံးခဲ့ပါတယ်။ သေနတ်သမားဟာအသက် ၂၉ နှစ်အရွယ် အိုမာရ် အန်းရစ် ဆန်တာ ပီရက်ဇ်ဆိုသူဖြစ်ပြီး ပစ်ခတ်မှုနောက်ကွယ်က အကြောင်းအရင်းကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေပါတယ်။ အမေရိကန်နိုင်ငံမှာ အခုနှစ်အတွင်း သေနတ်ပစ်ခတ်မှုပေါင်း ၅၀၀ ကျော်လောက် ဖြစ်ပွားခဲ့ပြီး အဆိုးရွားဆုံးကတော့ ဖေဖော်ဝါရီလက ဖလော်ရီဒါပြည်နယ် ပါ့က်လန်းမြို့က Stoneman Douglas အထက်တန်းကျောင်းမှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှု ဖြစ်ပါတယ်။ အဲဒီ ပစ်ခတ်မှုအတွင်း ကလေးငယ်အများစုအပါအ၀င် လူ ၁၇ ဦး သေဆုံးခဲ့ပါတယ်။အမေရိကန်-အိန္ဒိယ စစ်ရေးစာချုပ်တစ်ခု ချုပ်ဆို=============စက်ဖက်ဆိုင်ရာ အဆင့်မြင့် ဆက်သွယ်ရေးကိရိယာတွေကို ၀ယ်ယူဖို့အတွက် အိန္ဒိယနိုင်ငံမဟာ မနေ့မှာ အမေရိကန်နဲ့ သဘောတူစာချုပ်တစ်ခုကို ချုပ်ဆိုခဲ့ပါတယ်။ အိန္ဒိယကို ရောက်ရှိနေပြီး လက်မှတ်ထိုးရာမှာ ပါဝင်ခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက် ပွမ်ပီယိုက ဒီသဘောတူညီချက်ဟာ အမေရိကန်နဲ့ အိန္ဒိယတို့ရဲ့ ဆက်ဆံရေးမှာ သမိုင်းမှတ်တိုင်တစ်ခု ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒီသဘောတူညီချက်ကြောင့် အိန္ဒိယနိုင်ငံရဲ့ ရေတပ်ဟာ အထူး အကျိုးခံစားရဖွယ် ရှိတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။ရုရှားစီးပွားရေးဖိုရမ်သို့ တရုတ်သမ္မတ တက်ရောက်မည်==============စက်တင်ဘာ ၁၁ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ ရုရှားနိုင်ငံမှာ ကျင်းပပြုလုပ်ဖို့ ရှိနေတဲ့ ‘အရှေ့တိုင်း စီးပွားရေးဖိုရမ်’ ကို သမ္မတ ရှီကျင့်ဖျင် တက်ရောက်မယ်လို့ တရုတ်က ပြောကြားလိုက်ပါတယ်။ ဒါဟာ ရုရှားက နှစ်စဉ်ကျင်းပတဲ့ ဒီ စီးပွားရေးဖိုရမ်ကို တရုတ်ခေါင်းဆောင်တစ်ယောက် ပထမဆုံးအကြိမ် တက်ရောက်မှုလည်း ဖြစ်ပါတယ်။ အဲဒီ ဖိုရမ်ကို ဂျပန်နဲ့ တောင်ကိုရီးယားတို့က ခေါင်းဆောင်တွေလည်း တက်ရောက်ဖို့ ရှိနေပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ကို ရုရှားသမ္မတ ပူတင်က ဖိုရမ်တက်ရောက်ဖို့ ဖိတ်ကြားထားပေမယ့် အကြောင်းပြန်ချက် မရသေးပါဘူး။Ref: Aljazeera, CNA -

Facebook နှင့် Twitter မှ တာဝန်ရှိသူများ အမေရိကန်လွှတ်တော်တွင် မေးမြန်းခံရမည်
စက်တင်ဘာ ၅၊ ၂၀၁၈
M-Media– အမေရိကန် နိုင်ငံရေးမှာ နိုင်ငံခြားတိုင်းပြည်တွေက လွှမ်းမိုးဖို့ ကြိုးစားမှုကို မတားဆီးခဲ့ဘူးဆိုတဲ့ စွဲချက်တွေအတွက် Facebook နဲ့ Twitter တို့က ထိပ်တန်းတာဝန်ရှိသူတွေဟာ ဒီကနေ့ အမေရိကန် အထက်လွှတ်တော်မှာ မေးမြန်းခံရဖို့ ရှိနေပါတယ်။
အထူးသဖြင့် ၂၀၁၆ ခုနှစ် အမေရိကန်ရွေးကောက်ပွဲမှာ ရုရှားက ၀င်ရောက်စွက်ဖက်ဖို့ ကြိုးစားခဲ့တယ်ဆိုတဲ့ ကိစ္စဖြစ်ပြီး Facebook ရဲ့ လုပ်ငန်းပိုင်းဆိုင်ရာ အကြီးအကဲ ရှီရီလ်ဆန်ဘာ့ဂ်နဲ့ Twitter ရဲ့ အမှုဆောင်အကြီးအကဲ ဂျက်ဒေါ်စီတို့က အထက်လွှတ်တော်ရဲ့ ထောက်လှမ်းရေးကော်မတီရှေ့မှောက်မှာ ရှင်းပြရမှာ ဖြစ်ပါတယ်။
ဆန်ဘာ့ဂ်က မနေ့မှာ ကြေငြာချက်တစ်ခု ထုတ်ပြန်ခဲ့ပြီး သူတို့အနေနဲ့ အခြားသူတွေကို သတင်းမှားတွေပေးဖို့ ရည်ရွယ်တဲ့ အကောင့်တွေ၊ page တွေ ရာနဲ့ချီကို ဖယ်ရှားပစ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လာမယ့်နိုဝင်ဘာ ကြားဖြတ်ရွေးကောက်ပွဲမှာ နည်းပညာကုမ္ပဏီတွေဟာ ၀င်ရောက်စွက်ဖက်ဖို့ ရှိနေတယ်လို့ မကြာသေးခင်က စွပ်စွဲထားပါတယ်။
၂၀၁၆ ရွေးကောက်ပွဲကိစ္စနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့လတွေအတွင်း Facebook တည်ထောင် မာ့ခ် ဇက်ကာဘတ် အပါအ၀င် နည်းပညာကုမ္ပဏီတွေက တာဝန်ရှိသူတွေဟာ အမေရိကန်လွှတ်တော်မှာ စစ်ဆေးမေးမြန်းခံခဲ့ရပါတယ်။
ရုရှားဟာ ဆိုရှယ်မီဒီယာကို အသုံးပြုပြီး အမေရိကန်ပြည်သူလူထုအပေါ် လွှမ်းမိုးဖို့ ကြိုးစားခဲ့တယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်အထက်လွှတ်တော်က အထောက်အထားတွေ ရှာဖွေဖို့ ကြိုစားနေတာပါ။
ရုရှားကတော့ အမေရိကန်ရဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။
Ref: Reuters
-

ကြာသာပတေးနေ့ နိုင်ငံတကာသတင်းများ
သြဂုတ် ၃၀၊ ၂၀၁၈
M-Media
ထရမ့်၏ အနီးကပ်အကြံပေး ဒွန် မက်ဂန် ဆီးရီးယားရှိ အီရန်စခန်းများကို ထပ်မံတိုက်ခိုက်မည်ဟု အစ္စရေးခြိမ်းခြောက်
===========
အီရန်နဲ့ ဆီးရီးယားတို့ တနင်္လာနေ့မှာ ကာကွယ်ရေးသဘောတူညီချက်တစ်ခု ချုပ်ဆိုခဲ့ပြီးတဲ့နောက် ဆီးရီးယားမှာရှိတဲ့ အီရန်စခန်းတွေကို ထပ်မံတိုက်ခိုက်သွားမယ်လို့ အစ္စရေးက မနေ့မှာ ခြိမ်းခြောက်လိုက်ပါတယ်။ ဆီးရီးယားစစ်ပွဲမှာ အီရန်ဟာ အာဆတ်အစိုးရတပ်ဖက်ကနေ ကူတိုက်ပေးတာဖြစ်ပါတယ်။ အစ္စရေးကတော့ ဆီးရီးယားမှာ အီရန်က ခြေကုပ်ယူတာဟာ သူ့အတွက် ခြိမ်းခြောက်မှုလို့ ယူဆကာ ဆီးရီးယားထဲ ကျူးကျော်ဝင်ရောက်ပြီး တိုက်ခိုက်မှုတွေကို အကြိမ်ကြိမ်ပြုလုပ်ခဲ့ပါတယ်။အနီးကပ်အကြံပေးတစ်ဦးကို ထရမ့် ဖြုတ်မည်
==============
သူကိုယ်တိုင်ခန့်ထားတဲ့ အိမ်ဖြူတော်ထိပ်တန်းအကြံပေး ဒွန် မက်ဂန်ဟာ လာမယ့်ဆောင်းဦးရာသီမှာ ရာထူးကနေ အနားယူတော့မယ်လို့ ထရမ့်က မနေ့မှာ ကြေငြာလိုက်ပါတယ်။ မက်ဂန်ဟာ ၂၀၁၆ ရွေးကောက်ပွဲမှာ ရုရှားရဲ့ ပါဝင်ပတ်သက်မှုနဲ့ပတ်သက်ပြီး အထူးကိုယ်စားလှယ်ရဲ့ စုံစမ်းစစ်ဆေးမှုမှာ ပူးပေါင်းဆောင်ရွက်နေပါတယ်။ အခုလို မက်ဂန် ရာထူးကနေ အနားယူတော့မယ်ဆိုတဲ့ သတင်းဟာ ထရမ့်ရဲ့အတွင်းစည်းမှာ သူ့ကို ဆန့်ကျင်တဲ့သူတွေ များလာတယ်ဆိုတဲ့ ကောလဟာလတွေကို ပိုမိုမြင့်တက်စေပါတယ်။BMW ရုံးချုပ်ကို တောင်ကိုရီးယား ရဲတပ်ဖွဲ့ ၀င်ရောက်စီးနင်း
================
နိုင်ငံအတွင်း BMW ကားတစ်ချို့ အသုံးပြုနေရင်းနဲ့ မီးလောင်မှု ဖြစ်ပွားခဲ့ပြီးနောက် တောင်ကိုရီးယားရဲတပ်ဖွဲ့ဟာ ဆိုးလ်မြို့မှာရှိတဲ့ BMW ရုံးချုပ်ကို ဒီကနေ့မှာ ၀င်ရောက်စီးနင်းခဲ့ပါတယ်။ အခုနှစ်အတွင်း တောင်ကိုရီးယားမှာ BMW ကား ၄၀ ကျော်လောက် မီးလောင်မှု ဖြစ်ခဲ့တာပါ။ ဆိုးလ်ရဲတပ်ဖွဲ့ကတော့ ကားတွေ ချို့ယွင်းချက်ရှိနေတာကို BMW က ဖုံးကွယ်ထားလားဆိုတာနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပြီး စီးနင်းမှုအတွင်း စာရွက်စာတမ်းတွေ၊ ပစ္စည်းတွေ သိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။ BMW ကတော့ ဘာမှ မထုတ်ပြန်သေးပါဘူး။Ref: Aljazeera, CNA
-

ဗုဒ္ဓဟူးနေ့မနက် နိုင်ငံတကာသတင်းများ
သြဂုတ် ၂၉၊ ၂၀၁၈
M-Media
တမန်တော်မိုဟာမက် ရုပ်ပြောင်းကာတွန်းပြိုင်ပွဲကျင်းပရန် စီစဉ်သည့် ဂါ့တ်ဝိုင်းလ်ဒါး အစ္စလာမ်ဆန့်ကျင်ရေးလွှတ်တော်အမတ်အား တိုက်ခိုက်ရန်ကြံစည်သူတစ်ဦးကို နယ်သာလန်ဖမ်းဆီး
=============
တမန်တော်မိုဟာမက်ကို စော်ကားတဲ့ ရုပ်ပြောင်ကာတွန်းပြိုင်ပွဲ ကျင်းပဖို့ စီစဉ်နေတဲ့ လက်ယာစွန်းရောက် လွှတ်တော်အမတ် ဂါ့တ် ၀ိုင်းလ်ဒါးကို တိုက်ခိုက်ဖို့ ကြံစည်မှုနဲ့ အသက် ၂၆ နှစ်အရွယ် အမျိုးသားတစ်ဦးကို နယ်သာလန် ရဲတပ်ဖွဲ့က မနေ့မှာ ဖမ်းဆီးလိုက်ပါတယ်။ လက်ရှိမှာ သူ့ကို စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်နေပြီး အခုတစ်ပတ်အတွင်းမှာ တရားစွဲဆိုသွားဖို့ ရှိနေပါတယ်။ ၀ိုင်းလ်ဒါးဟာ အဲဒီ ကာတွန်းပြိုင်ပွဲကို လာမယ့်လမှာ ကျင်းပဖို့ စီစဉ်နေတာဖြစ်ပြီး တစ်ပါးသူရဲ့ ဘာသာရေးခံယူချက်ကို ထိခိုက်နစ်နာအောင်လုပ်ဖို့ ရည်ရွယ်တဲ့အတွက် ကမ္ဘာတစ်ဝှမ်းက ဝေဖန်မှုတွေလည်း ရှိနေပါတယ်။လူမည်းလူငယ်ကို ပစ်သတ်ခဲ့သည့် အမေရိကန်ရဲ ထောင် ၉၉ နှစ်အထိ ကျခံရနိုင်
=================
ပြီးခဲ့တဲ့နှစ် ဧပြီလက ဒါးလက်စ်မြို့ ဆင်ခြေဖုံးမှာ လူမည်းလူငယ်တစ်ဦးကို ပစ်ခတ်သတ်ဖြတ်မှုအတွက် ရဲအရာရှိဟောင်း ရိုင်အိုလီဗာဟာ အပြစ်ရှိတယ်လို့ တက္ကဆက်ပြည်နယ် တရားရုံးက မနေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။ လူမည်းလူငယ်တစ်စုဟာ ကားနဲ့ ပါတီကနေ ပြန်လာတဲ့အချိန် အိုလီဗာရဲ့ ပစ်ခတ်မှုကြောင့် အသက် ၁၅ နှစ်အရွယ် ဂျော်ဒါန် အက်ဒ်ဝပ်ဆိုသူ လူငယ်တစ်ဦး သေဆုံးခဲ့တာပါ။ အိုလီဗာက ကားဟာ သူ့ကို ၀င်တိုက်ဖို့ကြိုးစားလို့ ပစ်ခတ်ခဲ့ရတာလို့ ပြောပေမယ့် စစ်ဆေးမှုတွေအရ ကားဟာ သူနဲ့အဝေးကို မောင်းထွက်သွားတာကို တွေ့ခဲ့ရပါတယ်။ ဒီအမှုအတွက် သူဟာ ထောင် ၅ နှစ်ကနေ ၉၉ နှစ်အထိ ကျခံရဖို့ ရှိပါတယ်။မြေထဲပင်လယ်တွင် ရုရှားက ရေတပ်အင်အား အကြီးအကျယ် ဖြည့်တင်း
===============
ဆီးရီးယားသမ္မတ ဘာရှာ အလ်အာဆတ်ရဲ့တပ်တွေဟာ နိုင်ငံမြောက်ပိုင်း အီဒလစ်ဘ်ပြည်နယ်က သူပုန်တွေရဲ့ နောက်ဆုံးခြေကုပ်မြို့ကို တိုက်ခိုက်သိမ်းပိုက်ဖို့ ရှိနေတဲ့အချိန် အာဆတ်ရဲ့ မဟာမိတ်ဖြစ်တဲ့ ရုရှားကလည်း မြေထဲပင်လယ်မှာ ရေတပ်အင်အား အကြီးအကျယ် ဖြည့်တင်းမှုတွေ ပြုလုပ်နေပါတယ်။ အမေရိကန်ဟာ ဆီးရီးယားအစိုးကို တိုက်ဖို့အတွက် အရှေ့အလယ်ပိုင်းမှာ စစ်အင်အား ဖြည့်တင်းနေတယ်လို့ ရုရှားက စွပ်စွဲထားပြီး၊ အမေရိကန်ကလည်း အီဒလစ်ဘ်မှာ ရုရှားနဲ့ အာဆတ်အစိုးရက ဓာတုလက်နက်နဲ့ တိုက်ခိုက်မှုတွေ လုပ်မယ်ဆိုရင် တုန့်ပြန်သွားမယ်လို့ မနေ့မှာ ခြိမ်းခြောက်ထားပါတယ်။ ရုရှားရဲ့ အခုစစ်အင်အားဖြည့်တင်းမှုမှာ ရေငုပ်သင်္ဘောတွေပါ ပါဝင်လာပြီး ၂၀၁၅ ခုနှစ် ဆီးရီးယားစစ်ပွဲမှာ ပါဝင်ပြီးနောက်ပိုင်း အကြီးမားဆုံး စစ်ရေးပြင်ဆင်မှုလည်း ဖြစ်ပါတယ်။Ref: Aljazeera
-

တနင်္လာနေ့မနက် နိုင်ငံတကာသတင်းများ
သြဂုတ် ၂၇၊ ၂၀၁၈
M-Media
ဖလော်ရီဒါ ပစ်ခတ်မှုမြင်ကွင်း ပုပ်ရဟန်းမင်းကြီးနှုတ်ထွက်ရန် ဗာတီကန် ထိပ်တန်းဘုန်းတော်ကြီး တောင်းဆို
=================
ကာဒီနယ်ဟောင်း သီယိုဒို မက်ကာရစ်ရဲ့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုကို လျင်လျင်မြန်မြန် အရေးမယူဘူးလို့ စွပ်စွဲကာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် နှုတ်ထွက်ဖို့ ဗာတီကန်က ထိပ်တန်းဘုန်းတော်ကြီး ကာလို မာရီယာ ဗီဂါနိုက တောင်းဆိုလိုက်ပါတယ်။ မက်ကာရစ်အပေါ် ယခင် ပုပ်ရဟန်းမင်းကြီး ဘန်နီဒစ်က အရေးယူမှုတွေ ပြုလုပ်ထားပြီး လက်ရှိ ပုပ်ရဟန်းမင်းကြီးက အဲဒီအရေးယူမှုတွေကို ဖယ်ရှားပေးခဲ့ပါတယ်။ ဒါ့အပြင် မက်ကာရစ်ကို အကြီးတန်း အကြံပေးအဖြစ် ခန့်အပ်ကာ ဖရန်စစ်က ကာကွယ်ပေးခဲ့တယ်လို့လည်း ဗီဂါနိုရဲ့ ၁၁ မျက်နှာပါ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။ဖလော်ရီဒါ အွန်လိုင်းဂိမ်းပြိုင်ပွဲတွင် သေနတ်ပစ်ခတ်မှုဖြစ်
============
အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် ဂျက်ဆန်ဗီလီမြို့မှာ ပြုလုပ်နေတဲ့ အွန်လိုင်းဂိမ်းပြိုင်ပွဲကို မနေ့က သေနတ်သမားတစ်ဦး ၀င်ရောက်ပစ်ခတ်ခဲ့တာကြောင့် အနည်းဆုံး လူ ၂ ဦးသေဆုံး ခဲ့ပါတယ်။ ရဲတပ်ဖွဲ့က သေနတ်သမားဟာ ဘာလ်တီမိုးမြို့က အသက် ၂၄ နှစ်အရွယ် ဒေးဗစ်ကက်ဇ်ဆိုသူဖြစ်ပြီး ပစ်ခတ်မှုအတွင်း အခြား လူ ၉ ဦး ဒဏ်ရာရခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ သေနတ်သမားဟာ သူ့ကိုယ့်သူ သတ်သေသွားပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်က ဖလော်ရီဒါပြည်နယ် အော်လန်ဒိုမြို့မှာ သေနတ်သမားတစ်ဦးရဲ့ ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၄၉ ဦး သေဆုံးခဲ့ပါတယ်။မလေးရှားက ဆိုဒါခွန်ကောက်ရန် စီစဉ်
=============
တိုင်းပြည်အတွင်း သကြားစားသုံးမှုကို လျှော့ချဖို့နဲ့ ကျန်းမာပျော်ရွှင်တဲ့ဘ၀ဖြစ်ရေး အားပေးဖို့အတွက် ဆိုဒါခွန်ကောက်ဖို့ စီစဉ်နေတယ်လို့ မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်က ပြောကြားလိုက်ပါတယ်။ မလေးရှားဟာ တိုင်းပြည်ရဲ့ဝင်ငွေ ပိုမိုရရှိဖို့အတွက် ဆိုဒါအခွန်ကောက်ဖို့ စီစဉ်နေပြီး မဟာသီဟာ မလေးရှားမှာ ဆီးချိုဖြစ်မှုနှုန်းဟာ အရမ်းကိုမြင့်မားနေတယ်လို့ ဆိုပါတယ်။အိန္ဒိယရေကြီးမှု သေဆုံးသူ ၄၀၀ ကျော်ပြီ
==============
အိန္ဒိယနိုင်ငံတောင်ပိုင်း ကီရာလာပြည်နယ်မှာ ရေကြီးမှုကြောင့် သေဆုံးသူအရေအတွက်ဟာ မနေ့ကအထိ ၄၄၅ ဦး ရှိလာပြီလို့ အစိုးရအာဏာပိုင်တွေက ပြောပါတယ်။ ပျောက်ဆုံးနေသူက ၁၅ ဦးရှိနေပြီး လူပေါင်း ၁ သန်းဝန်းကျင်လောက်ဟာ ကယ်ဆယ်ရေးစခန်းတွေမှာ နေထိုင်နေရပါတယ်။ အာဏာပိုင်တွေက ပြည်နယ်တစ်ဝှမ်း သန့်ရှင်းရေးလုပ်ငန်းတွေ လုပ်ဆောင်နေပြီး ရေဘေးသင့်ပြည်သူ တစ်ချို့ကလည်း မူရင်းနေရာတွေကို ပြန်လည်လာရောက် နေထိုင်နေကြပါတယ်။Ref : Aljazeera, CNA

