News @ M-Media

Tag: US

  • အမျိုးသားရင်ကြားစေ့ရေးတွင် ၀င်မရှုပ်ရန် ပါလက်စတိုင်းက အမေရိကန်ကိုပြော

    အမျိုးသားရင်ကြားစေ့ရေးတွင် ၀င်မရှုပ်ရန် ပါလက်စတိုင်းက အမေရိကန်ကိုပြော

    အောက်တိုဘာ ၁၉၊ ၂၀၁၇
    M-Media

    – ဟားမက်စ်နှင့် ဖာတာအဖွဲ့တို့အကြား အမျိုးသားညီညွတ်ရေးမှာ ငြိမ်းချမ်းရေးကို ဆောင်ကျဉ်းပေးနိုင်မည့် ပြည်တွင်းရေးဖြစ်သည်ဟု ပါလက်စတိုင်းအာဏာရပါတီ ဖာတာမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားလိုက်ပြီး ဟားမက်စ်ကို လက်နက်ဖြုတ်သိမ်းရန် အမေရိကန်၏ ပြောကြားမှုကို တုန့်ပြန်လိုက်ခြင်းဖြစ်သည်။

    ၁၀ စုနှစ်တစ်ခုကျော်ကြာ ရှိခဲ့သည့် ဟားမက်စ်နှင့် ဖာတာအဖွဲ့တို့၏ သဘောထားကွဲလွဲမှုကို အဆုံးသတ်ရန်အတွက် ထိုအဖွဲ့များမှ ကိုယ်စားလှယ်များမှာ ပြီးခဲ့သည့်တစ်ပတ်က အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တွင် သဘောတူညီချက်တစ်ခုကို လက်မှတ်ရေးထိုးခဲ့သည်။

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ နိုင်ငံတကာရေးရာ ညှိနှိုင်းဆွေးနွေးရေး အထူးကိုယ်စားလှယ် ဂျာဆန် ဂရင်းဘလက်က ဟားမက်စ်အနေဖြင့် ညီညွတ်သောအစိုးရတွင် ပါဝင်ချင်ပါက လက်နက်ဖြုတ်သိမ်းရမည်ဟု ယမန်နေ့တွင် ပြောကြားခဲ့ပြီး ဟားမက်စ်-ဖာတာကိစ္စတွင် အမေရိကန်၏ ပထမဆုံး မှတ်ချက်ဖြစ်သည်။

    “ဟားမက်စ်နဲ့ လက်မှတ်ထိုးထားတဲ့ သဘောတူညီချက်ဟာ နိုင်ငံတကာ ဥပဒေနဲ့ ကိုက်ညီတဲ့ ၁၉၆၇ ခုနှစ် ဇွန်လ ၄ ရက်နေ့မှာ ရှိခဲ့တဲ့ နယ်မြေတွေအပေါ်မှာ ပါလက်စတိုင်းနိုင်ငံ တည်ထောင်ရး ဆွေးနွေးဖို့ ဖြစ်ပါတယ်” ဟု အိုဆာမာ ကာဝက်စ်မဟ်က ယနေ့တွင် တုန့်ပြန်ခဲ့သည်။

    ပါလက်စတိုင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ၂၀၀၂ ခုနှစ်က ဖွဲ့စည်းထားပြီး ကုလ၊ အမေရိကန်၊ ဥရောပသမဂ္ဂနှင့် ရုရှားတို့ပါဝင်သောအဖွဲ့က ထုတ်ပြန်ထားသည့် အဓိကအချက်များကို ဖာတာအဖွဲ့က လက်ခံသော်လည်း ဟားမက်စ်ကမူ အစ္စရေး၏ ကျူးကျော်သိမ်းပိုက်မှုအား ၎င်းတို့၏ လက်နက်ကိုင် တော်လှန်မှု သဘောထားနှင့် မကိုက်ညီဟု ပြောကြားထားသည်။

    ဟားမက်စ်တာဝန်ရှိသူများက ဂရင်းဘလတ်၏ ပြောကြားမှုကို မကြာခင် တရားဝင် တုန့်ပြန်သွားမည်ဟု ပြောကြားခဲ့သည်။

    ကာဝက်စ်မဟ်က ပါတီနှစ်ခု ညီညွတ်ရေးမှာ မိမိတို့၏ နိုင်ငံရေးလုပ်ငန်းစဉ်ကို အကူအညီဖြစ်စေရန်နှင့် ငြိမ်းချမ်းရေး ဆောင်ကျဉ်းပေးရန်ဖြစ်သည်ဆိုသည်ကို အမေရိကန်အား ရှင်းရှင်းလင်းလင်း ပြေထားသင့်သည်ဟု ထည့်သွင်း ပြောဆိုခဲ့သည်။

    “ပါလက်စတိုင်းခေါင်းဆောင်ပိုင်းကို ဖိအားပေးဖို့အတွက် အစ္စရေးဟာ သူ့မဟာမိတ်တွေကနေတစ်ဆင့် ကြိုးစားနေတယ်။ ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက်ဟာ ပါလက်စတိုင်းညီညွတ်ရေးရှေးရှုတဲ့၊ လွတ်လပ်တဲ့၊ နိုင်ငံလုံးဆိုင်ရာ ဆုံးဖြတ်ချက်ဖြစ်တယ်ဆိုတာ ကြေငြာလိုပါတယ်။ သွေးကွဲတဲ့အနေအထားမျိုးကို ကျွန်တော်တို့ြ
    ပန်သွားမှာမဟုတ်ပါဘူး”

    Ref: Aljazeera

     

  • ရိုဟင်ဂျာကိစ္စ ဂျီနိုဆိုဒ် ဖြစ်၊ မဖြစ် ကုလက မဆုံးဖြတ်ရသေး၊ စစ်ခေါင်းဆောင်များတွင် တာဝန်ရှိဟု ကန်ပြော

    ရိုဟင်ဂျာကိစ္စ ဂျီနိုဆိုဒ် ဖြစ်၊ မဖြစ် ကုလက မဆုံးဖြတ်ရသေး၊ စစ်ခေါင်းဆောင်များတွင် တာဝန်ရှိဟု ကန်ပြော

    အောက်တိုဘာ ၁၉၊ ၂၀၁၇
    M-Media

    အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တီလာဆန်

    – ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအပေါ် ကျူးလွန်မှုတွေဟာ ‘လူမျိုးတုန်းသတ်ဖြတ်မှု’ မြောက်တဲ့ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီနေလားဆိုတာကို မဆုံးဖြတ်ရသေးဘူးလို့ ကုလ လူ့အခွင့်အရေး တာဝန်ရှိသူတစ်ဦးက ပြောကြားလိုက်ပါတယ်။

    ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဇိုက် ရာအဒ် အလ် ဟူစိန်က ရိုဟင်ဂျာတွေ ကျူးလွန်ခံရတဲ့အခြေအနေဟာ လူမျိုးစုလိုက် သုတ်သင်မှု နယူနာဖြစ်တယ်လို့ အရင်က ပြောကြားထားတာပါ။

    မဟာမင်းကြီးရဲ့ အာရှပစိဖိတ်ဆိုင်ရာရုံး အကြီးအကဲ ဂျိုင်တီ ဆန်ဟီရာက ဒီအတွက် ဥပဒေကြောင်းအရ သတ်မှတ်ချက်တွေနဲ့ တိုက်မစစ်ရသေးဘူးလို့ ဆိုပါတယ်။

    “ဒီကိစ္စအတွက် ဥပဒေသတ်မှတ်ချက်တွေကို ကျွန်တော် မကြည့်ရေးသေးပါဘူး။ ဒီသတ်မှတ်ချက်တွေနဲ့ ညီကောင်းညီနိုင်ပေမယ့် OHCHR က တရားဝင် မဆုံးဖြတ်ရသေးပါဘူး”

    ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ ပြောကြားမှုတွေ၊ လက်ရှိ မြေပြင်မှာ ဆောင်ရွက်နေတဲ့ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ ပြောကြားမှုကို ကိုကားပြီး ပြီးခဲ့တဲ့ ၂ လအတွင်း ရိုဟင်ဂျာ ၅၈၂၀၀၀ လောက် ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးလာတယ်လို့ ကုလက ထုတ်ပြန်ထားပါတယ်။

    စစ်ခေါင်းဆောင်တွေမှာ တာဝန်ရှိ

    အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ် တီလာဆန်က ရိုဟင်ဂျာမွတ်စလင်တွေအပေါ် ပြုလုပ်နေတဲ့ ရက်စက်ကြမ်းကြုတ်မှုတွအတွက် မြန်မာစစ်ခေါင်းဆောင်တွေက တာဝန်ယူရမယ်လို့ မနေ့မှာ ပြောကြားလိုက်ပါတယ်။

    “ဒီသတင်းတွေဟာ မှန်မယ်ဆိုရင် တစ်ယောက်ယောက်က ဒီအတွက် တာဝန်ယူရတော့မှာပါ” လို့ Center for Strategic and International Studies က မိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုသွားခဲ့တာပါ။

    ဒါပေမယ့် အမေရိကန်အနေနဲ့ မြန်မာစစ်တပ်အပေါ် အရေးယူမယ်ဆိုတာမျိုးကို တီလာဆန်က ထုတ်ဖော်မပြောခဲ့သလို၊ ရိုဟင်ဂျာကိစ္စအတွက် ဘယ်သူ့ကို အမှန်တကယ် အပြစ်တင်ရမလဲဆိုတာ မရှင်းမလင်းဖြစ်နေတယ်လို့ ဆိုပါတယ်။

    အကြမ်းဖက်မှုရင်းမြစ်ကို ရှာဖွေဖော်ထုတ်ရမှာ အမေရိကန်ဟာ ဆက်လက်ပါဝင်နေပြီး ဘယ်လို ရှေ့ဆက်လုပ်ဆောင်ရမလဲဆိုတာ၊ သူပုန်တွေ၊ အကြမ်းဖက်အုပ်စုတွေနဲ့ ရင်ဆိုင်ရာမှာ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာရမယ်ဆိုတာ မြန်မာစစ်တပ်အပေါ် အမေရိကန်က အကြံပြုထားတယ် ၀န်ကြီးက ထည့်သွင်း ပြောကြားခဲ့ပါတယ်။

    မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး စကော့မာစီယဲလ်ဟာ ပြီးခဲ့တဲ့တစ်ပတ်မှာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံကာ ရခိုင်ပြည်နယ်အရေးကို ဆွေးနွေးခဲ့ပြီး ရိုဟင်ဂျာအပါအ၀င် လူ့အဖွဲ့အစည်းအားလုံးကို ကာကွယ်ရေးပေးရေး လိုအပ်ချက်အတွက် အမေရိကန်က စိုးရိမ်ကြောင်း ထပ်လောင်းပြောကြားခဲ့ပြီး အိုအိမ်စွန့်ခွာ ထွက်ပြေးရသူတွေ နေရပ်ပြန်နိုင်ရေး မြန်မာအရပ်သားအစိုးရက ဆောင်ရွက်မှုမှာ စစ်တပ်က ကူညီဖို့လည်း ပြောကြားခဲ့ပါတယ်။

    အကြမ်းဖက်မှုရပ်တန့်ရေး သဘောထားကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ထုတ်ဖော်ပြောဆိုဖို့ နိုင်ငံခြားရေးဝန်ကြီး တီလာဆန်ဟာ စက်တင်ဘာလမှာ တိုကတွန်းခဲ့ဖူးပါတယ်။

    Ref: CBS, Reuters

  • လူဖြူအစွန်းရောက်တစ်ဦး မိန့်ခွန်းပြောမည့်အတွက် ဖလော်ရီဒါတွင် အရေးပေါ်အခြေအနေ ကြေငြာ

    လူဖြူအစွန်းရောက်တစ်ဦး မိန့်ခွန်းပြောမည့်အတွက် ဖလော်ရီဒါတွင် အရေးပေါ်အခြေအနေ ကြေငြာ

    အောက်တိုဘာ ၁၈၊ ၂၀၁၇
    M-Media

    ဟောပြောပွဲလုပ်မည့် ဖလော်ရီဒါ တက္ကသိုလ်

    – ယခုသီတင်းပတ်နှောင်းပိုင်းတွင် ဖလော်ရီဒါတက္ကသိုလ်၌ လူဖြူအစွန်းအရောက်တစ်ဦး မိန့်ခွန်းပြောရန် ရှိနေသည့်အတွက် အဓိကရုဏ်းများ ဖြစ်ပေါ်လာနိုင်မည့်အရေးကို ကြိုတင်ကာကွယ်ရန် ဖလော်ရီဒါ အုပ်ချုပ်ရေးမှူး ရစ်စကော့က တနင်္လာနေ့တွင် အရေးပေါ်အခြေအနေ ကြေငြာခဲ့သည်ဟု သိရသည်။

    သြဂုတ်လက ဗာဂျီးနီးယားပြည်နယ် ချားလော့စ်ဗီလီမြို့တွင် နာဇီလက်သစ်များနှင့် လူဖြူအစွန်းရောက်များ၏ ချီတက်မှုအတွက် ၎င်းတို့အား ဆန့်ကျင်သူများနှင့် ပဋိပက္ခဖြစ်ပွားခဲ့ပြီး နာဇီလက်သစ်တစ်ဦးက တန်ပြန်ဆန္ဒပြလူအုပ်အတွင်းသို့ ကားဖြင့် ၀င်တိုက်မှုကြောင့် အသက် ၃၂ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။

    ဖလော်ရီတက္ကသိုလ်တွင် ဟောပြောမည့်သူမှာ လူဖြူအစွန်းရောက်အုပ်စုခေါင်းဆောင် ရစ်ချက် စပင်ဆာဆိုသူ ဖြစ်ပြီး၊ ဟောပြောခွင့်မပြုပါက တရားစွဲမည်ဟု တက္ကသိုလ်တာဝန်ရှိသူများကို အကြပ်ကိုင်ကာ ဟောပြောပွဲကို စီစဉ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသတွင်း မီဒီယာများက ဖော်ပြခဲ့ကြသည်။

    “အရေးပေါ်အခြေအနေ ကြေငြာမှုဟာ ဖလော်ရီဒါ တက္ကသိုလ်တစ်ဝိုက်နဲ့ လူ့အဖွဲ့အစည်းတစ်ခုလုံးက လူတိုင်း ဘေးကင်းစွာ နေနိုင်ဖို့အတွက် ထပ်တိုးဆောင်ရွက်ချက်တစ်ခုပါ” ဟု စကော့က ကြေငြာချက်ထဲတွင် ပြောကြားခဲ့သည်။

    ထို့ပြင် ဒေသခံပြည်သူများ လုံခြုံရေးအတွက် အစိုးရလုံခြုံရေးတပ်ဖွဲ့များ၊ ပြည်သူများ ပူးပေါင်းဆောင်ရွက်နိုင်မည့် အစီအစဉ်တစ်ခုကို ဖော်ဆောင်ရန်အတွက်လည်း စပင်ဆာက အမိန့်ပေးထားသည်။

    Ref english.alarabiya.net

  • နျူစစ်ပွဲ အချိန်မရွေးဖြစ်နိုင်သည်ဟု မြောက်ကိုရီးယား သတိပေး

    နျူစစ်ပွဲ အချိန်မရွေးဖြစ်နိုင်သည်ဟု မြောက်ကိုရီးယား သတိပေး

    အောက်တိုဘာ ၁၇၊ ၂၀၁၇
    M-Media

    – ကိုရီးယားကျွန်းဆွယ်ကိစ္စမှာ အထိမခံသည့်အခြေအနေကို ရောက်ရှိလာပြီး အချိန်မရွေး နျူစစ်ပွဲ ဖြစ်ပွားနိုင်သည်ဟု ကုလဆိုင်ရာ မြောက်ကိုရီးယား ဒုတိယသံအမတ်က သတိပေး ပြောကြားလိုက်သည်။

    မနေ့က ကုအထွေထွေညီလာခံ၏ လက်နက်ဖျက်သိမ်းရေး ကော်မတီတွင် သံအမတ် ကင်အင်ယွန်က ထိုကဲ့သို့ သတိပေးခြင်းဖြစ်ပြီး ၁၉၇၀ ပြည့်နှစ်မှစ၍ မြောက်ကိုရီးယားမှာ အမေရိကန်၏ နျူခြိမ်းခြောက်မှုကို ခံနေရသည့် တစ်ခုတည်းသော နိုင်ငံဖြစ်ကြောင်း၊ မိမိကိုယ်ကို ကာကွယ်ရေးအတွက် မြောက်ကိုရီးယားမှာ နျူ
    လက်နက်များကို ပိုင်ဆိုင်ခွင့်ရှိကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

    မြောက်ကိုရီးယားမှာ နျူလက်နက် အပြည့်အ၀ပိုင်ဆိုင်သည့် နိုင်ငံတစ်ခု ဖြစ်လာခဲ့ပြီး နျူဗုံး၊ ဟိုက်ရိုဂျင်ဗုံးနှင့် တိုက်ချင်းပစ် ဒုံးကျည်များအပါအ၀င် နေရာစုံကို ပစ်ခတ်နိုင်သည့် စွမ်းရည်များလည်း ရှိနေပြီဟု သံအမတ်က ဆိုသည်။

    “အမေရိကန်ပြည်မကြီးတစ်ခုလုံးဟာ ကျွန်တော်တို့ရဲ့ ပစ်ခတ်နိုင်စွမ်းအတွင်းမှာ ရှိပါတယ်။ တကယ်လို့ ကျွန်တော်တို့အချုပ်အခြာကို တစ်လမလောက် အမေရိကန်က ကျူးကျော်ပြီဆိုတာနဲ့ ကမ္ဘာ့ဘယ်နေရာမှာပဲ ရှိနေနေ အမေရိကန်ဟာ ကျွန်တော်တို့ရဲ့ ပြင်းထန်တဲ့ အပြစ်ပေးမှုကနေ လွတ်မှာမဟုတ်ပါဘူး”

    ထရမ့်နှင့် ကင်ဂျုံအန်တို့အကြား ပြီးခဲ့သည့်သတင်းပတ်များအတွင်း စကားစစ်ထိုးပွဲများ ဖြစ်ခဲ့သော်လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်စ်တီလာဆန်က ပထမဆုံး ဗုံးမကြဲခင်အထိ သံခင်းတမန်ခင်းလမ်းကြောင်းကို ဖွင့်လှစ်ပေးထားသည်ဟု တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

    ကင်အင်ယွန်က မိမိတို့အနေဖြင့် နျူကင်းစင်ကမ္ဘာဖြစ်ရန် မျှော်လင့်သော်လည်း မိမိတို့၏ နျူစွမ်းအားကို မည်သည့်အခါမှ အဆုံးရှုံးခံမည်မဟုတ်ဟု ထပ်လောင်း ပြောကြားခဲ့သည်။ ထို့ပြင် မြောက်ကိုရီးယားအပေါ် အမေရိကန်က စစ်ရေးဖြင့် အရေးယူလျှင် အခြေားနိုင်ငံများ မပါဝင်ရန်နှင့် သို့မှသာ မြောက်ကိုရီးယား၏ လက်တုန့်ပြန်ခြင်းမှ ကင်းလွတ်ခွင့်ရမည်ဟု ၎င်းက ထည့်သွင်း သတိပေးခဲ့သည်။

    Ref: Aljazeera

  • ကိုရီးယားကျွန်းဆွယ်တစ်ဝိုက် ကန်-တောင်ကိုရီးယား စစ်ရေးလေ့ကျင်မှု စတင်

    ကိုရီးယားကျွန်းဆွယ်တစ်ဝိုက် ကန်-တောင်ကိုရီးယား စစ်ရေးလေ့ကျင်မှု စတင်

    အောက်တိုဘာ ၁၆၊ ၂၀၁၇
    M-Media

    USS Ronald Reagan လေယာဉ်တင်သင်္ဘော

    – ကိုရီးယားကျွန်းဆွယ်တစ်ဝိုက်ရှိ ရေပိုင်နက်တွင် တောင်ကိုရီးယားနှင့် အမေရိကန်တို့မှာ တစ်ပတ်တာကြာမြင့်မည့် ပူးတွဲ ရေတပ်စစ်ရေးလေ့ကျင့်မှုကို ယနေ့တွင် စတင်လိုက်သည်ဟု သိရသည်။

    နျူစွမ်းအင်သုံး USS Ronald Reagan လေယာဉ်တင်သင်္ဘောအပါအ၀င် နှစ်နိုင်ငံမှ စုစုပေါင်း စစ်သင်္ဘော ၄၀ ခန့် ပါဝင်မည်ဖြစ်ပြီး ကိုရီးယားကျွန်းဆွယ် အရှေ့ကမ်းရိုးတမ်းနှင့် အနောက်ကမ်းရိုးတမ်းတို့တွင် အောက်တိုဘာ ၁၆ ရက်နေ့မှ ၂၀ ရက်နေ့အထိ လေ့ကျင့်မှု ပြုလုပ်မည်ဟု တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ယနေ့တွင် ပြောကြားခဲ့သည်။

    အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို စစ်တိုက်ရန် ပြင်ဆင်နေခြင်းဖြစ်သည်ဟု မြောက်ကိုရီးယားက ပြောကြားထားသည်။

    သမ္မတ ဒေါ်နယ်ထရမ့်မှာ မြောက်ကိုရီးယားနှင့် သံတမန်ရေးအရ နှစ်များစွာ ဆွေးနွေးမှုမှာ အလုပ်မဖြစ်ဘဲ ပြဿနာဖြေရှင်းရန် တစ်နည်းသာ ကျန်တော့သည်ဟု ပြီးခဲ့သည့်သီတင်းပတ်တွင် ပြောကြားကာ ကျွမ်းကျင်သူများက စစ်ရေးကို ရည်ညွှန်းခြင်းဖြစ်မည်ဟု ခန့်မှန်းပြောဆိုကြသည်။

    အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တီလာဆန်က ထရမ့်မှာ မြောက်ကိုရီးယားကိစ္စကို သံတမန်အရေးရ ဖြေရှင်းနိုင်ရေး ဆက်လက်လုပ်ဆောင်ရန် ၎င်းအား အမိန့်ပေးထားသည်ဟု ယမန်နေ့တွင် ပြောကြားခဲ့သည်။

    Ref: CNA