News @ M-Media

Tag: US

  • ဂျပန်တွင် F-35 တိုက်လေယာဉ်များ အမေရိကန်ချထားမည်

    ဂျပန်တွင် F-35 တိုက်လေယာဉ်များ အမေရိကန်ချထားမည်

    အောက်တိုဘာ ၂၅၊ ၂၀၁၇
    M-Media

    – ကိုရီးယားကျွန်းဆွယ် တင်းမာမှုများ မြင့်တက်နေသည့်အချိန်တွင် အမေရိကန်လေတပ်က လာမည့်ရက်အနည်းငယ်အတွင်း ဂျပန်သို့ F-35 Lightning II တိုက်လေယာဉ်များ ပေးပို့ရန် စီစဉ်နေသည်ဟု သိရသည်။

    တိုက်လေယာဉ်များမှာ အိုကီနာဝါကျွန်းရှိ အမေရိကန်လေတပ်အခြေစိုက်စခန်းသို့ ရောက်ရှိမည်ဟု ပစိဖိတ်လေတပ် (PAF) က တနင်္လာနေ့တွင် ကြေငြာခဲ့သည်။

    လေယာဉ်များနှင့်အတူ လေယာဉ်မှူးများ၊ အင်ဂျင်နီယာများနှင့် အခြား သက်ဆိုင်သူ စစ်သား ၃၀၀ ကျော်လည်း ပါဝင်လာမည်ဖြစ်ပြီး ဂျပန်တွင် ၆ လတာ တပ်စွဲမည်ဖြစ်သည်။

    ပြီးခဲ့သည့်တစ်ပတ် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် ပြုလုပ်သော နိုင်ငံတကာလေကြောင်းအာကာသနှင့် ကာကွယ်ရေးပြပွဲ၌ F-35A တိုက်လေယာဉ်များကို ထုတ်ဖော်ပြသပြီးနောက် အာရှဒေသတွင် အဆိုပါလေယာဉ်များ ချထားတော့မည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။

    လေတပ်ဝန်ကြီးဟောင်း ဒီဘိုရာ လီ ဂျိမ်းစ်က ဖေဖော်ဝါရီလ ရာထူးမှ အနားမယူမီတွင် အမေရိကန်လေတပ်အနေဖြင့် ၂၀၁၇ ခုနှစ် အကုန်တွင် F-35 တိုက်လေယာဉ်များကို အာရှတွင် နှစ်နေရာခွဲ၍ ချထားမည်ဟု အရိပ်အမြွက်ပြောကြားခဲ့သည်။

    F-35 တိုက်လေယာဉ်များကို အမေရိကန်က ဥရောပတွင် ပထမဆုံးချထားခဲ့သည်။

    အမေရိကန် ရေတပ်တွင် ပြေးလမ်းတိုများတွင် အတက်အဆင်း လုပ်ဆောင်နိုင်သည့် F35B တိုက်လေယာဉ်များ ပိုင်ဆိုင်ထားပြီး ဇန်န၀ါရီလမှစ၍ ဂျပန်နိုင်ငံ အီဝါကူနီကျွန်းရှိ အမေရိကန်စစ်စခန်းတွင် တပ်ဖြန့်ထားသည်။

    Ref : Press TV

  • ကင်ဂျုံအန်မှာ ကန်ကိုပစ်နိုင်သည့် နျူလက်နက်ရတော့မည်ဟု စီအိုင်အေအကြီးအကဲ သတိပေး

    ကင်ဂျုံအန်မှာ ကန်ကိုပစ်နိုင်သည့် နျူလက်နက်ရတော့မည်ဟု စီအိုင်အေအကြီးအကဲ သတိပေး

    အောက်တိုဘာ ၂၁၊ ၂၀၁၇
    M-Media

    မြောက်ကိုရီးယား၏ ဒုံးကျည်စမ်းသပ်မှုတစ်ခု

    – ကင်ဂျုံအန်မှာ အမေရိကန်ရှိ ပစ်မှတ်များကို ပစ်ခတ်နိုင်သော နျူဒုံးကျည် ပိုင်ဆိုင်နိုင်မည့် အနေအထားတွင် ရှိနေပြီး ထိုကိစ္စကို တားဆီးရေး ဆောင်ရွက်ရမည်ဟု CIA အကြီးအကဲ မိုက် ပွမ်ပီယိုက သတိပေးလိုက်သည်။

    ဒီမိုကရေစီ ကာကွယ်ရေး ဖက်ဒရေးရှင်း (FDD) က စီစဉ်သော ၀ါရှင်တန် ပေါ်လစီဖိုရမ်တွင် ကြာသာပတေးနေ့က သတိပေးလိုက်ခြင်းဖြစ်ပြီး အချိန်မရွေးကျရောက်လာနိုင်သည့် နျူကလီးယားအန္တရာယ်ကို ကာကွယ်ရန် သမ္မတဒေါ်နယ်ထရမ့်က ဆုံးဖြတ်ထားပြီးဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

    ထရမ့်အနေဖြင့် အရေးယူပိတ်ဆို့မှုနှင့် သံတမန်နည်းလမ်းများကို အသုံးပြု၍ ကင်ဂျုံအန်အား စားပွဲဝိုင်းသို့ ခေါ်ဆောင်ရန် ပိုလိုလားသည်ဟု ပွမ်ပီယိုနှင့် အမျိုးသားလုံခြုံရေးအကြံပေး အိခ်ျအာရ် မက်ခ်မာစတာတို့က ထိုဖိုရိမ်တွင် ထည့်သွင်း ပြောဆိုခဲ့သည်။

    သို့သော်လည်း မြောက်ကိုရီးယားက တာဝေးပစ် နျူဒုံးကျည် ပိုင်ဆိုင်မှုကို တားဆီးရန် စစ်အင်အား အသုံးပြုခြင်းမှာလည်း ရွေးချယ်စရာတစ်ခုအဖြစ် ရှိနေသည်ဟု ၎င်းတို့နှစ်ဦးစလုံးက သတိပေးခဲ့သည်။

    မြောက်ကိုရီးယား၏ နျူစီမံကိန်းကို အမေရိကန်ထောက်လှမ်းရေးက အနီးကပ်စောင့်ကြည့်ခဲ့ပြီး ၎င်းတို့၏ ဒုံးကျည်စွမ်းဆောင်ရည်မှာ အလျင်အမြန် တိုးတက်လာကာ အောင်မြင်မည့်အလားအလာ ရှိနေပြီဟုလည်း ပွမ်ပီယိုက ထည့်သွင်း ပြောကြားခဲ့သည်။

    အမေရိကန်အနေဖြင့် ရန်လိုသည့်ရပ်တည်ချက်ကို မရုပ်သိမ်းပါက မိမိတို့၏ နျူကလီးယား လက်နက်နှင့် တိုက်ချင်းပစ်ဒုံးကျည်အစီအစဉ်ကို စာပွဲဝိုင်းသို့ ယူဆောင်လာမည်မဟုတ်ဟု ကုလဆိုင်ရာ မြောက်ကိုရီးယား ဒုတိယ သံအမတ်က ယခုသီတင်းပတ်အစောပိုင်းတွင် ပြောကြားခဲ့သည်။

    မြောက်ကိုရီးယားအစိုးရမှာ အမေရိကန်ပြည်မရှိ မြို့ကြီးများ၊ ပစိဖိတ်ရှိ အမေရိကန် အခြေစိုက်စခန်းများကို ပစ်ခတ်နိုင်သည့် တိုက်ချင်းပစ်ဒုံးကျည်များ ထုတ်လုပ်ရန် ကြိုးစားမှုများကို လျှို့ဝှက်မထားဘဲ ပုံမှန် စမ်းသပ်မှုများကို ပြုလုပ်ပြနေသည်။

    Ref : CNA

  • တရုတ်၏ သြဇာကို တန်ပြန်ရန် အမေရိကန်က အိန္ဒိယနှင့် ဆက်ဆံရေးမြှင့်မည်

    တရုတ်၏ သြဇာကို တန်ပြန်ရန် အမေရိကန်က အိန္ဒိယနှင့် ဆက်ဆံရေးမြှင့်မည်

    အောက်တိုဘာ ၂၀၊ ၂၀၁၇
    M-Media

    အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တီလာဆန်

    – အာရှတွင် တရုတ်၏ သြဇာလွှမ်းမိုးမှု မြင့်တက်လာသည့်အချိန်တွင် အိန္ဒိယနှင့် ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်ရန် ဆန္ဒရှိနေသည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ် တီလာဆန်က ပြောကြားခဲ့သည်။

    တီလာဆန်မှာ လာမည့်တစ်ပတ်တွင် အိန္ဒိယသို့ သွားရောက်ရန် ရှိနေပြီး ဗုဒ္ဓဟူးနေ့က Center for Strategic and International Studies တွင် ပြောကြားသော မိန့်ခွန်း၌ ယခုမှတ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

    အိန္ဒိယမှာ မဟာဗျူဟာမြောက် ဆက်ဆံရေးတွင် အမေရိကန်၏ မိတ်ဖက်ဖြစ်ပြီး၊ မိမိတို့မှာ ဒီမိုကရေစီလူ့အဖွဲ့အစည်းမဟုတ်သော တရုတ်နိုင်ငံနှင့် ထိုကဲ့သို့ ဆက်ဆံရေးမျိုး မည်သည့်အခါမှ ရှိမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်မှာ နိုဝင်ဘာတွင် အာရှနိုင်ငံများသို့ သွားရောက်ရန် ရှိနေသည်။

    တီလာဆန်က အမေရိကန်ပြည်ထောင်စုမှာ တရုတ်နှင့် အပြုသဘောဆောင်သော ဆက်ဆံရေးမျိုး တည်ဆောက်သွားမည်ဖြစ်သော်လည်း အမေရိကန်နှင့် မဟာမိတ်နိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများ၏ အချုပ်အခြာအာဏာကို ထိပါးနှောက်ယှက်သည့် အပြုအမှုများကို လက်ခံမည်မဟုတ်ဟု သတိပေးပြောကြားခဲ့သည်။

    အမေရိကန်နှင့် အိန္ဒိယမှာ ကမ္ဘာ့မိတ်ဖက်နိုင်ငံများ ဖြစ်လာခဲ့ပြီး မိမိတို့မှာ ဒီမိုကရေစီအရ နီးစပ်မှုရှိရုံသာမက အနာဂတ် မျှော်မှန်းချက်များတွင်လည်း တူညီသည်ဟု တီလာဆန်က ဆိုသည်။

    Ref; BBC

     

  • အမေရိကန်က နျူစာချုပ်ကို လက်မခံလျှင် မိမိတို့လည်း စာချုပ်မှထွက်မည်ဟု အီရန်ပြော

    အမေရိကန်က နျူစာချုပ်ကို လက်မခံလျှင် မိမိတို့လည်း စာချုပ်မှထွက်မည်ဟု အီရန်ပြော

    အောက်တိုဘာ ၁၉၊ ၂၀၁၇
    M-Media

    အီရန်အဓိပတ အယာတိုလာ ခါမေနီ

    – ကမ္ဘာ့အင်အားကြီး ၆ နိုင်ငံနှင့် ချုပ်ဆိုထားသည့် နျူသဘောတူညီချက်တွင် ပါဝင်သူတစ်ဦးဦးက လက်မခံပါက ထိုသဘောတူညီချက်မှ ထွက်မည်ဟု အီရန်အဓိပတိ အာယာတိုလာ ဆိုင်ယဒ် အလီခါမေနီက သတိပေးလိုက်သည်။

    ဗုဒ္ဓဟူးနေ့က တီဟီရန်မြို့၌ အီရန် ထိပ်တန်းပညာရှုင်အဖွဲ့နှင် တွေ့ဆုံရာတွင် ခါမေနီက ထိုကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်ပြီ အီရန်က သဘောတူစာချုပ်အတိုင်း လိုက်နာသည်ကို လက်မခံသော အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ပြစ်တင်ရှုတ်ချခဲ့သည့် ဥရောပနိုင်ငံများ၏ ရပ်တည်ချက်ကို ကြိုဆိုကြောင်း ထည့်သွင်း ပြောဆို
    ခဲ့သည်။

    “ထရမ့်အနေနဲ့ JCPOA (နျူသဘောတူစာချုပ်) ကို ပျက်စီးရာပျက်စီးကြောင်း မလုပ်သင့်ဘူးလို့ ဥရောပသမဂ္ဂက ဒီထက်ပိုပြီး ပြောသင့်ပါတယ်၊ ဘာလို့လဲဆိုတော့ JCPOA ဟာ သူတို့အကျိုးစီးပွားအတွက်ပါပဲ၊ တစ်ခြား ပါဝင်သူတွေက JCPOA ကို မဖျက်သ၍ ကျွန်တော်တို့ဘက်ကလည်း ဖျက်ဖို့ မရှိပါဘူး”

    အီရန်မှာ အဆိုပါစာချုပ်အတိုင်း လိုက်နာဆောင်ရွက်နေသည်ဟု နိုင်ငံတကာ နျူစွမ်းအင်အေဂျင်စီ (IAEA) က ထပ်တလဲလဲ ပြောကြားထားသော်လည်း ထရမ့်က အီရန်မှာ စာချုပ်၏ရည်ရွယ်ချက်ကို မလိုက်နာဟု ပြီးခဲ့သည့်တစ်ပတ်တွင် စွပ်စွဲခဲ့သည်။

    ခါမေနီက နျူစာချုပ်နှင့် ပတ်သက်၍ ၀ါရှင်တန်၏ ခြိမ်းခြောက်မှုအပေါ် ဥရောပသမဂ္ဂအနေဖြင့် လက်တွေ့ကျကျဆောင်ရွက်သင့်ကြောင်း၊ အီရန်နိုင်ငံ၏ ဒေသတွင်း အခန်းကဏ္ဍနှင့် တိုင်းပြည်ကာကွယ်ရေးအစီအစဉ်အား အမေရိကန်၏ ကန့်ကွက်မှုတွင် ဥရောပအနေဖြင့် မပါဝင်ဟု ငြင်းဆိုသင့်ကြောင်း ပြောကြားခဲ့သည်။

    Ref : Press TV

  • အမျိုးသားရင်ကြားစေ့ရေးတွင် ၀င်မရှုပ်ရန် ပါလက်စတိုင်းက အမေရိကန်ကိုပြော

    အမျိုးသားရင်ကြားစေ့ရေးတွင် ၀င်မရှုပ်ရန် ပါလက်စတိုင်းက အမေရိကန်ကိုပြော

    အောက်တိုဘာ ၁၉၊ ၂၀၁၇
    M-Media

    – ဟားမက်စ်နှင့် ဖာတာအဖွဲ့တို့အကြား အမျိုးသားညီညွတ်ရေးမှာ ငြိမ်းချမ်းရေးကို ဆောင်ကျဉ်းပေးနိုင်မည့် ပြည်တွင်းရေးဖြစ်သည်ဟု ပါလက်စတိုင်းအာဏာရပါတီ ဖာတာမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားလိုက်ပြီး ဟားမက်စ်ကို လက်နက်ဖြုတ်သိမ်းရန် အမေရိကန်၏ ပြောကြားမှုကို တုန့်ပြန်လိုက်ခြင်းဖြစ်သည်။

    ၁၀ စုနှစ်တစ်ခုကျော်ကြာ ရှိခဲ့သည့် ဟားမက်စ်နှင့် ဖာတာအဖွဲ့တို့၏ သဘောထားကွဲလွဲမှုကို အဆုံးသတ်ရန်အတွက် ထိုအဖွဲ့များမှ ကိုယ်စားလှယ်များမှာ ပြီးခဲ့သည့်တစ်ပတ်က အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တွင် သဘောတူညီချက်တစ်ခုကို လက်မှတ်ရေးထိုးခဲ့သည်။

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ နိုင်ငံတကာရေးရာ ညှိနှိုင်းဆွေးနွေးရေး အထူးကိုယ်စားလှယ် ဂျာဆန် ဂရင်းဘလက်က ဟားမက်စ်အနေဖြင့် ညီညွတ်သောအစိုးရတွင် ပါဝင်ချင်ပါက လက်နက်ဖြုတ်သိမ်းရမည်ဟု ယမန်နေ့တွင် ပြောကြားခဲ့ပြီး ဟားမက်စ်-ဖာတာကိစ္စတွင် အမေရိကန်၏ ပထမဆုံး မှတ်ချက်ဖြစ်သည်။

    “ဟားမက်စ်နဲ့ လက်မှတ်ထိုးထားတဲ့ သဘောတူညီချက်ဟာ နိုင်ငံတကာ ဥပဒေနဲ့ ကိုက်ညီတဲ့ ၁၉၆၇ ခုနှစ် ဇွန်လ ၄ ရက်နေ့မှာ ရှိခဲ့တဲ့ နယ်မြေတွေအပေါ်မှာ ပါလက်စတိုင်းနိုင်ငံ တည်ထောင်ရး ဆွေးနွေးဖို့ ဖြစ်ပါတယ်” ဟု အိုဆာမာ ကာဝက်စ်မဟ်က ယနေ့တွင် တုန့်ပြန်ခဲ့သည်။

    ပါလက်စတိုင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ၂၀၀၂ ခုနှစ်က ဖွဲ့စည်းထားပြီး ကုလ၊ အမေရိကန်၊ ဥရောပသမဂ္ဂနှင့် ရုရှားတို့ပါဝင်သောအဖွဲ့က ထုတ်ပြန်ထားသည့် အဓိကအချက်များကို ဖာတာအဖွဲ့က လက်ခံသော်လည်း ဟားမက်စ်ကမူ အစ္စရေး၏ ကျူးကျော်သိမ်းပိုက်မှုအား ၎င်းတို့၏ လက်နက်ကိုင် တော်လှန်မှု သဘောထားနှင့် မကိုက်ညီဟု ပြောကြားထားသည်။

    ဟားမက်စ်တာဝန်ရှိသူများက ဂရင်းဘလတ်၏ ပြောကြားမှုကို မကြာခင် တရားဝင် တုန့်ပြန်သွားမည်ဟု ပြောကြားခဲ့သည်။

    ကာဝက်စ်မဟ်က ပါတီနှစ်ခု ညီညွတ်ရေးမှာ မိမိတို့၏ နိုင်ငံရေးလုပ်ငန်းစဉ်ကို အကူအညီဖြစ်စေရန်နှင့် ငြိမ်းချမ်းရေး ဆောင်ကျဉ်းပေးရန်ဖြစ်သည်ဆိုသည်ကို အမေရိကန်အား ရှင်းရှင်းလင်းလင်း ပြေထားသင့်သည်ဟု ထည့်သွင်း ပြောဆိုခဲ့သည်။

    “ပါလက်စတိုင်းခေါင်းဆောင်ပိုင်းကို ဖိအားပေးဖို့အတွက် အစ္စရေးဟာ သူ့မဟာမိတ်တွေကနေတစ်ဆင့် ကြိုးစားနေတယ်။ ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက်ဟာ ပါလက်စတိုင်းညီညွတ်ရေးရှေးရှုတဲ့၊ လွတ်လပ်တဲ့၊ နိုင်ငံလုံးဆိုင်ရာ ဆုံးဖြတ်ချက်ဖြစ်တယ်ဆိုတာ ကြေငြာလိုပါတယ်။ သွေးကွဲတဲ့အနေအထားမျိုးကို ကျွန်တော်တို့ြ
    ပန်သွားမှာမဟုတ်ပါဘူး”

    Ref: Aljazeera