News @ M-Media

ရန်ကုန်မြို့ ဆိပ်ကမ်းသာလမ်းတွငိ ၁၅ ထပ်အထပ်မြင့်ကား ပါကင်ဆောက်လုပ်

နိုဝင်ဘာ-၂၄ ၂၀၁၃
M-Media
သီရိ

Yangon-Traffic-580x386

ရန်ကုန်။           ။ရန်ကုန်မြို့တော်တွင် ယာဉ်အစီးရေ တိုးပွားလာမှုနှင့် အတူ ယာဉ်ရပ်နားနိုင်သည့်နေရာ မရှိသည့်အတွက် ယာဉ်ကြော ပိတ်ဆို့မှုများဖြစ်ပေါ်လျက် ရှိပါသည်။

ထိုသို့ ယာဉ်ကြော ပိတ်ဆို့မှုများကို ဖြေရှင်းနိုင်ရန် ရည်ရွယ်၍ ကားပါကင်များ ဆောက်လုပ်ရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးမှ ရည်ရွယ်ခဲ့ရာ ယခုပထမဆုံး အနေဖြင့် ၁၅ ထပ်အမြင့်ရှိ ကားပါကင်အား ရန်ကုန်မြို့ ဆိပ်ကမ်းသာလမ်းတွင် ဆောက်လုပ်ရန် စီစဉ်နေသည်ဟု သိရပါသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီပိုင်မြေ အကျယ်အ၀န်း ပေ ၃၀× ပေ ၅၀ ရှိ မြေကွက်တွင်ဆောက်လုပ်သွားရန် စီစဉ်နေပြီး တစ်ထပ်လျှင် ကားရှစ်စီးမှ ၁၀ စီးခန့်အထိ ရပ်နားနိုင်မည်ဖြစ်ကာ စုစုပေါင်း ၁၅ ထပ်အတွက် ကားအစီးရေ ၁၀၀ ကျော်ရပ်နားနိုင်မည်ဖြစ်သည်၊ ယင်းသို့ရပ်နားခြင်းအတွက် ယာဉ်ရပ်နားခ ကောက်ခံမည်ဖြစ်ကြောင်း သိရပါသည်။

ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းနိုင်ရန်အတွက် ရည်ရွယ်၍ အထပ်မြင့်ကားပါကင်များကို ဆောက်လုပ်ရန် ပြည်ပ လုပ်ငန်းရှင်များကို ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေက စက်တင်ဘာလက ပြောကြားခဲ့ပါသည်။

Comments

Leave a Reply