News @ M-Media

Blog

  • အမေရိကန်သမ္မတ ထရမ့်၏သမီး သမ္မတအကြံပေးအဖြစ် ဆောင်ရွက်မည်

    အမေရိကန်သမ္မတ ထရမ့်၏သမီး သမ္မတအကြံပေးအဖြစ် ဆောင်ရွက်မည်

    မတ် ၃၀၊ ၂၀၁၇
    M-Media

    သမီး၊ သမက်နှင့်အတူ တွေ့ရသည့် ဒေါ်နယ်ထရမ့်

    – အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ သမီးဖြစ်သူ အိုက်ဗန်ကာထရမ့်မှာ ဖခင်ဖြစ်သူအတွက် လစာမယူသည့် အကြံပေးအဖြစ် အစိုးရတာဝန်ကို ထမ်းဆောင်သွားမည်ဟု အိမ်ဖြူတော်က ယမန်နေ့တွင် ကြေငြာလိုက်သည်။

    အိုက်ဗန်ကာ၏ ခင်ပွန်း ဂျာရဒ် ကက်ရှ်နာမှာလည်း ထရမ့်၏ အကြီးတန်းအကြံပေးအဖြစ် လစာမယူဘဲ တာဝန်ထမ်းဆောင်နေသည်။ အသက် ၃၅ နှစ်အရွယ်ရှိ အိုက်ဗန်ကာမှာ အိမ်ဖြူတော်တွင် ရုံးခန်းတစ်နေရာ ရရှိထားပြီး ထရမ့် သမ္မတဖြစ်လာပြီးကတည်းက အိမ်ဖြူတော်တွင် ပုံမှန် ရှိနေသူဖြစ်သည်။

    ထရမ့်က ဂျပန်ဝန်ကြီးချုပ် ရှ်ဇိုအာဘေး၊ ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်တို့နှင့် တွေ့ဆုံမှုများတွင်လည်း အိုက်ဗန်ကာမှာ အနားတွင် ရှိနေခဲ့သည်။

    ဖခင်၏ စီးပွားရေးလုပ်ငန်း အစိတ်အပိုင်းတစ်ခုအဖြစ် ဖက်ရှင်လုပ်ငန်းကို လုပ်ကိုင်နေသူ အိုက်ဗန်ကာတစ်ယောက် ဖခင်၏ တာဝန်ထမ်းဆောင်မှုအတွင်း ပါဝင်လာမှုမှာ အကျိုးစီးပွား ထိပ်တိုက်တွေ့ဆုံနိုင်သည်ဟု စိုးရိမ်မှုများလည်း ရှိနေသည်။

    အိုက်ဗန်ကာကမူ ထိုပြောဆိုမှုများမှာ အခြေအမြစ်မရှိကြောင်း မိမိအနေဖြင့် ကျင့်ဝတ်များအတိုင်း၊ အစိုးရ၀န်ထမ်းတစ်ယောက်၏ ဥပဒေများအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တုန့်ပြန်ပြောဆိုခဲ့သည်။

    သူမနှင့် သူမ၏ခင်ပွန်း ကက်ရှ်နာတို့မှာ နိုင်ငံရေးနှင့် ပြည်သူ့ဆက်ဆံရေးတွင် အတွေ့အကြုံ လုံးဝမရှိ
    သူများဖြစ်သည်။

    Ref: Aljazeera

  • လွတ်လပ်သော ပါလက်စတိုင်းနိုင်ငံပေါ်ပေါက်ရေး အာရပ်နိုင်ငံများ ဆက်လက်ထောက်ခံမည်

    လွတ်လပ်သော ပါလက်စတိုင်းနိုင်ငံပေါ်ပေါက်ရေး အာရပ်နိုင်ငံများ ဆက်လက်ထောက်ခံမည်

    မတ် ၃၀၊ ၂၀၁၇
    M-Media

    – ဆယ်စုနှစ်ချီ ကြာမြင့်နေသည့် အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခအတွက် နှစ်နိုင်ငံတည်ရှိရေးအဖြေကို အာရပ်ခေါင်းဆောင်များက တောင်းဆိုလိုက်ပြီး ပါလက်စတိုင်း ပိုင်နက်များတွင် အစ္စရေး၏ ခွဲခြားသော စနစ်ကိုလည်း ဆန့်ကျင်သည်ဟု ပြောကြားခဲ့သည်။

    ထရမ့်အစိုးရက နှစ်နိုင်ငံအဖြေကို ဦးစားမပေးဟု ပြောဆိုမှုကြောင့် စိုးရိမ်မှုရှိနေချိန် ယမန်နေ့က ဂျော်ဒန်နိုင်ငံ မြို့တော် အမ်နန်၌ ပြုလုပ်သည့် အာရပ်လိဂ် နှစ်ပတ်လည် အစည်းအဝေးတွင် အာရပ်ခေါင်းဆောင်များက ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

    ထရမ့် သို့မဟုတ် ၎င်း၏ ပါလက်စတိုင်းအရေး ပြောကြားချက်များကို လူသိရှင်ကြား ရည်ညွှန်းခဲ့ခြင်း မရှိသော်လည်း လွတ်လပ်သော ပါလက်စတိုင်းနိုင်ငံတစ်ခု ဖြစ်ပေါ်လာရေးအတွက် ဆက်လက် ထောက်ခံသွားမည်ဟု ဆိုသည်။

    ကာတာသမ္မတ ရှိခ် တာမင် ဘင် ဟာမဒ် အလ် သာနီက ၂၁ ရာစုတွင် အစ္စရေး၏ ခွဲခြားမှုစနစ်ကို ဆန့်ကျင်ရေး နိုင်ငံတကာအသိုင်းအ၀ိုင်းနှင့် ကုလတို့အား ထိထိရောက်ရောက် ပူးပေါင်း ဖိအားပေးရန် လိုအပ်သည်ဟု ပြောကြားခဲ့သည်။

    ဆော်ဒီဘုရင် အဘ်ဒူလာက အစ္စရေးနှင့်အတူ ပါလက်စတိုင်းနိုင်ငံ တည်ရှိရေးမှာ လုံးဝပြည့်စုံသည့် ငြိမ်းချမ်းရေး သဘောတူညီချက်၏ အခြေခံဖြစ်သည်ဟု ပြောကြားခဲ့ကာ၊ အစ္စရေးက ပါလက်စတိုင်းပိုင်နက်များတွင် ကျူးကျော်အိမ်ယာများ တည်ဆောက်ခြင်းက ငြိမ်းချမ်းရေးကို ထိခိုက်စေသည်ဟု ဆိုသည်။

    ပါလက်စတိုင်းသမ္မတ မဟ်မူးဒ်အဘတ်စ်က ၎င်း၏ မိန့်ခွန်းတွင် အစ္စရေးအနေဖြင့် ၂၀၀၉ ခုနှစ်ကတည်းက တရားမ၀င်အိမ်ယာများ တိုးချဲ့ဆောက်လုပ်ခြင်း၊ မြေယာများ သိမ်းပိုက်ခြင်းတို့ကို တိုးမြှင့်လုပ်ဆောင်ခဲ့ကာ နှစ်နိုင်ငံတည်ရှိရေးအဖြေကို ပျက်အောင်လုပ်ခဲ့သည်ဟု ပြောကြားခဲ့သည်။

    ၂ ရက်တာကြာမြင့်မည့် အဆိုပါ အာရပ်လိဂ် အစည်းအဝေး ပထမနေ့တွင် ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ဗီဒီယိုမှတစ်င့် မိန့်ခွန်းပြောကြားခဲ့ပြီး ပါလက်စတိုင်းနှင့် အစ္စရေးပြည်သူများအနေဖြင့် ၎င်းတို့၏ အမျိုးသားစိတ်ဓာတ်ကို အသိအမှတ်ပြုကာ၊ ငြိမ်ချမ်းမှု၊ လုံခြုံရေးနှင့် ဂုဏ်သိက္ခာရှိစွာ နေထိုင်နိုင်ေ
    ရးအတွက် ၂ နိုင်ငံအဖြကသာ တစ်ခုတည်းသော လမ်းကြောင်းဖြစ်စ်သည်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera

  • ကန်ရွေးကောက်ပွဲတွင် ရုရုားဝင်စွက်မှုကိစ္စအတွက် လူ ၂၀ ကို မေးမြန်းမည်

    ကန်ရွေးကောက်ပွဲတွင် ရုရုားဝင်စွက်မှုကိစ္စအတွက် လူ ၂၀ ကို မေးမြန်းမည်

    မတ် ၃၀၊ ၂၀၁၇
    M-Media

    – ပြီးခဲ့သည့်နှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် ရုရှားက ပါဝင်ပတ်သက်မှုရှိသည်ဆိုသည့် စွပ်စွဲချက်များအတွက် အမေရိကန် အထက်လွှတ်တော် ထောက်လှမ်းရေးကော်မတီက လူ ၂၀ ကို တွေ့ဆုံမေးမြန်းမှုပြုလုပ်ရန် မေတ္တာရပ်ခံထားသည်ဟု သိရသည်။

    ကော်မတီဥက္ကဌ ရီပက်ဘလစ်ကန်အမတ် ရစ်ချက် ဘားရ်က ထရမ့်၏ သားမက် ဂျာရဒ် ကက်ရှ်နာမှာ ထို လူ ၂၀ တွင် ပါဝင်သည်ဟု ပြောကြားခဲ့သော်လည်း အခြားသူများကိုမူ ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။ ဘားရ်နှင့် ကော်မတီမှ ထိပ်တန်း ဒီမိုကရက်အမတ် မာ့ခ် ၀ါနာတို့က မိမိတို့အနေဖြင့် စုံစမ်းစစ်ဆေးမှုတွင် နိုင်ငံရေးမ
    ပါဝင်အောင် ကိုင်တွယ်သွားမည်ဟု ဆိုသည်။

    အိမ်ဖြူတော်က သတင်းထုတ်ပြန်မှုတွင် ထရမ့်၏ အကြီးတန်းအကြံပေးဖြစ်သူ ကက်ရှ်နာက ရုရှား သံအမတ်၊ အခြားသော တာဝန်ရှိသူများနှင့် တွေ့ဆုံရန် စီစဉ်ပေးခဲ့မှုအတွက် မိမိသဘောဆန္ဒအလျောက် ကော်မတီသို့ ဖြေကြားသွားမည်ဟု ဆိုသည်။

    ကော်မတီဥက္ကဌ ဘာရ်းမှာ ရွေးကောက်ပွဲတွင်းက ထရမ့်၏ မဲဆွယ်မှုအဖွဲ့ လုံခြုံရေးအကြံပေးအဖြစ် ဆောင်ရွက်ခဲ့သောကြောင့် ယခုစုံစမ်းစစ်ဆေးမှုတွင် ၎င်းအပေါ် မယုံကြည်မှုများရှိနေသည်။

    ရွေးကောက်ပွဲတွင် ရုရှားက ပါဝင်စွက်ဖက်ခဲ့သည်လာဆိုနှင့်ပတ်သက်၍ အောက်လွှတ်တော်တွင်လည်း သီးခြား စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီး ထောက်လှမ်းရေးကော်မတီဥက္ကဌမှာ ထရမ့်နှင့် မဟာမိတ်ဖြစ်သည့် ဒီဗင် နူနက်စ်ဖြစ်ကာ ၎င်း၏ ကိုင်တွယ်မှုများကိုလည်း ဝေဖန်မှု ရှိနေသည်။

    Ref: Aljazeera

  • ပုပ်ရဟန်းမင်းကြီးဖရန်စစ် မီလန်မြို့မှ မွတ်စလင်အိမ်တစ်အိမ်ကို သွားရောက်လည်ပတ်

    ပုပ်ရဟန်းမင်းကြီးဖရန်စစ် မီလန်မြို့မှ မွတ်စလင်အိမ်တစ်အိမ်ကို သွားရောက်လည်ပတ်

    မတ် ၂၉၊ ၂၀၁၇
    M-Media

     

    – ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ မနေ့က မီလန်မြို့ အိမ်ယာတစ်ခုက မွတ်စလင်မိသားစုအိမ်တစ်အိမ်ကို သွားရောက်လည်ပတ်ခဲ့ပြီး ထူးခြားတဲ့ လက်ဆောင်တစ်ခုကိုလည်း ရရှိခဲ့ပါတယ်။

    မော်ရိုကနေ ရွှေ့ပြောင်းအခြေချလာပြီး လက်ရှိ မီလန်မှာ အာရဘီစာ သင်ကြားပေးနေတဲ့ မီဟူလ် အဘ်ဒဲလ် ကရင်မ်ဆိုသူရဲ့ နေအိမ်ဖြစ်ပြီး၊ ပုပ်ရဟန်းမင်းကြီးရဲ့ ရုတ်တရက်လာရောက်လည်ပတ်မှုအတွက် ကရင်မ်တို့မိသားစုက အံ့သြခဲ့ရပါတယ်။

    ကရင်မ်ဟာ သူရဲ့ ဇနီး ဟာနာနီ၊ သားဖြစ်သူ မဟ်မူးဒ်၊ သမီးဖြစ်သူ ဂျီနာနီတို့နဲ့ ပုပ်ရဟန်းမင်းကြီးကို မိတ်ဆက်ပေးခဲ့ပါတယ်။

    နောက်ပြီး ဘုရားသခင်ရဲ့ ဂုဏ်တော် ၉၉ ပါးကို အာရဘီလို စီချယ်ရေးသားထားတဲ့ ကားချပ်တစ်ခုကို ကရင်မ်က ပုပ်ရဟန်းမင်းကြီးကို ပေးအပ်ခဲ့ပြီး၊ သားဖြစ်သူ မဟ်မူးဒ်ကလည်း ခရစ်ယာန်နဲ့ မွတ်စလင်တွေရဲ့ ညီညွတ်မှုကို ဖော်ကျူးတဲ့ ကိုယ်တိုင်ရေး ရုပ်ပုံလေးတစ်ခုကို လက်ဆောင်အဖြစ် ပေးခဲ့ပါတယ်။

    ပုပ်ရဟန်းမင်းကြီးဟာ အဲဒီအိမ်ယာက အခြားမိသားစုတွေထံလည်း သွားရောက်လည်ပတ်ခဲ့ပြီး နောက်ပိုင်းမှာ အကျဉ်းထောင်း အကျဉ်းသားတွေကိုလည်း သွားရောက် အားပေးခဲ့ပါတယ်။

    Ref: 4News

  • ဥရောပမှခွဲထွက်ရေးလုပ်ငန်းစဉ် ဗြိတိန် စတင်

    ဥရောပမှခွဲထွက်ရေးလုပ်ငန်းစဉ် ဗြိတိန် စတင်

    မတ် ၂၉၊ ၂၀၁၇
    M-Media

    – ဥရောပသမဂ္ဂမှ ခွဲထွက်ရေး ၂ နှစ်တာကြာမြင့်မည့် ဆွေးနွေးညှိနှိုင်းမှု လုပ်ငန်းစဉ်များကို ဗြိတိန်က ယနေ့တွင် စတင်လိုက်သည်ဟု သိရသည်။

    လစ္စဘွန်းသဘောတူညီချက်၏ အပိုဒ် ၅၀ ကို အသိပေးအကြောင်းကြားမှုနှင့် ဥရောပသမဂ္ဂမှ ခွဲထွက်ရေး ဗြိတိန်၏ တရားဝင်အသိပေးစာကို ဥရောပကောင်စီဥက္ကဌ ဒေါ်နယ်တက်စ်ထံသို့ ဘရက်ဆဲလ်ရှိ ဥရောပဆိုင်ရာ ဗြိတိန်သံအမတ် တင်မ်ဘာရိုးက ယနေ့တွင် လွှဲပြောင်းပေးအပ်ခြင်းဖြင့် ခွဲထွက်ရေး လုပ်ငန်းစဉ်ကို
    စတင်ခဲ့ခြင်းဖြစ်သည်။

    အဆိုပါ စာလွှာများ၏ မိတ္တုများကို ဥရောပသမဂ္ဂ အဖွဲ့ဝင် ၂၇ နိုင်ငံသို့ ဖြန့်ဝေသွားမည်ဖြစ်သည်။

    ထိုစာလွှာပေးအပ်မှုနှင့် တိုက်ဆိုင်စွာ ပြုလုပ်ခဲ့သည့် လွှတ်တော်အစည်းအဝေးတွင် ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေက အရေးကြီးသောခရီးစဉ် စတင်မှုတွင် ညီညွတ်မှုရှိရန် တိုင်းပြည်ကို တိုက်တွန်းခဲ့သည်။

    ဥရောပသမဂ္ဂမှ ထွက်ခြင်း၏ အကျိုးဆက်များကို မိမိအနေဖြင့် သိရှိနားလည်းပြီး၊ မိမိတို့မှာ လွတ်လပ်စွာ သွားလာမှုကို လက်မခံဘဲ ဥရောပ စီးပွားရေးဈေးကွက်တွင် ဆက်လက်တည်ရှိသွားမည်ဟုလည်း မေက ပြောကြားခဲ့သည်။

    ဗြိတိန်မှာ ဥရောပမှခွဲထွက်ရေးအတွက် ပြီးခဲ့သည့်နှစ် ဇွန်လက ပြည်သူဆန္ဒခံယူခဲ့ပြီး ထောက်ခံမဲ ၅၂ ရာခိုင်နှုန်း၊ ကန့်ကွက်မဲ ၄၈ ရာခိုင်နှုန်း ရရှိခဲ့သည်။

    Ref: Aljazeera