အောက်တိုဘာ ၁၁၊ ၂၀၁၆
M-Media
– မိမိ၏ ခြေစွမ်းနှင့်ပတ်သက်၍ ဝေဖန်မှုများကို မိမိအနေဖြင့် နားလည်ပြီး၊ အသင်းအတွက် အမြဲတမ်း ရေကုန်ရေခန်း ပေးဆပ်နေသည်ဟု မန်ယူအသင်း၏ ပြင်သစ်တိုက်စစ်မှူး ပေါ့ဘာက ပြောကြားလိုက်သည်။
ပေါ့ဘာမှာ ယမန်နေ့က နယ်သာလန်အသင်းအား ပြင်သစ်က ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိသော ကမ္ဘာ့ဖလား ခြေစစ်ပွဲတွင် တစ်လုံးတည်းသော အနိုင်ဂိုးကို အဝေးကန်ချက်ဖြင့် သွင်းယူပေးနိုင်ခဲ့သည်။ မန်ယူသို့ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိပြီးကတည်းက ကလပ်နှင့် နိုင်ငံအသင်းတို့တွင် ခြေစွမ်းကောင်းများ မပြသနိုင်မှုအတွက် ပေါ့ဘာမှာ ဝေဖန်ခံနေရသည်။
“ကျွန်တော် ပြင်သစ်အသင်းအတွက် ကစားတာဖြစ်ပြီး အဲဒီအသင်းက ပေါ့ဘာတစ်ယောက်တည်းနဲ့ ကစားတဲ့အသင်း မဟုတ်ပါဘူး။ ကျွန်တော်တို့ တစ်ဦးကောင်းတစ်ယောက်ကောင်းအကြောင်း ပြောမှာ မဟုတ်ပါဘူး။ ကျွန်တော် အသင်းအတွက် ကစားတယ်၊ အမြဲတမ်း ရေကုန်ရေခမ်းကစားပေးတာပါ” ဟု ပေါ့ဘာက Canal+ သို့ ပြောကြားခဲ့သည်။
ထို့ပြင် မိမိအနေဖြင့် ဝေဖန်မှုများ ခံနေရသော်လည်း ပွဲများတွင်သာ အာရုံစိုက်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။
ပြင်သစ်လက်ရွေးစင်နည်းပြ ဒီဒီယာ ဒက်စ်ချမ့်ကမူ ပေါ့ဘာအား ဝေဖန်မှုမှာ မဖြစ်သင့်သော်လည်း ဘောလုံးလောကမှာ ထိုကဲ့သို့ပင်ဖြစ်ကြောင်း ပြီးခဲ့သည့်တစ်ပတ်တွင် ပြောကြားခဲ့သည်။
Ref : Goal