စက်တင်ဘာ ၁၃ ၊ ၂၀၁၆
M-Media
သတင်း-သီဟ
.
.
Ref: MOI
စက်တင်ဘာ ၁၃ ၊ ၂၀၁၆
M-Media
သတင်း-သီဟ
.
.
Ref: MOI
စက်တင်ဘာ ၅၊ ၂၀၁၆
M-Media
– ဘွန်ဒစ်လီဂါ ကလပ်အသင်းတစ်ခုဖြစ်သည့် Damstadt က ကင်ဆာဖြင့် သေဆုံးသွားခဲ့သော ပရိတ်သတ်တစ်ဦးကို ဂုဏ်ပြုသောအားဖြင့် ကွင်းအမည်အား ၎င်း၏အမည်သို့ ပြောင်းလဲခဲ့သည်ဟု သိရသည်။
သေဆုံးခဲ့သူမှာ ဂျိုနသန် ဟိုင်းမက်စ်ဆိုသူဖြစ်ပြီး အသင်းကွင်းအား ၎င်း၏အမည် ပြောင်းပေးရန်အတွက် ကွင်း၏ စပွန်ဆာဖြစ်သော Merck နှင့် သဘောတူညီချက်ကိုလည်း ရယူနိုင်ခဲ့သည်။ ဟိုင်းမက်စ်မှာ ဆယ်ကျော်သက်အရွယ်ကတည်းက ကင်ဆာရောဂါကို ခံစားခဲ့ရခြင်းဖြစ်ပြီး အသက် ၂၆ နှစ်အရွယ် ပြီးခဲ့သည့် မတ်လက သေဆုံးသွားခဲ့သည်။
ယခုအချိန်မှစ၍ ရာသီကုန်အထိ အသင်း၏ကွင်းအား Jonathan-Heimes-Stadion am Bollenfalltor ဟု ခေါ်ဆိုသွားမည်ဖြစ်ပြီး ထိုသို့ ဆောင်ရွက်မှုမှာ ကင်ဆာရောဂါ ခံစားနေရသည့် ကလေးငယ်များအား ကူညီထောက်ပံ့မှု ပြုလုပ်နေသည့် အကျိုးအမြတ်မယူသော Du Musst Kampfen အဖွဲ့အား ပံ့ပိုးရန် ရည်ရွယ်ခြင်းလည်း ဖြစ်သည်။
“ကျွန်တော့်သား အလွန် ချစ်မြတ်နိုးတဲ့၊ အားပေးတဲ့အသင်းရဲ့ကွင်းကို သူ့နာမည်ပေးဖို့အတွက် Merck က ခွင့်ပြုတာဟာ ကြီးကျယ်တဲ့ ဆောင်ရွက်ချက်တစ်ခုပါပဲ။ ဒီလိုနည်းလမ်းနဲ့ Du Musst Kampfen အဖွဲ့ရဲ့ လှုပ်ရှားမှုတွေကို လူတွေ ပိုသိလာမှာပါ” ဟု ဟိုင်းမက်စ်၏ ဖခင်ဖြစ်သူ မာတင်က ပြောကြားခဲ့သည်။
အသင်းခေါင်းဆောင် အေတက် ဆူလူကလည်း ထိုကဲ့သို့ ကွင်းအမည်ပြောင်းလဲလိုက်ခြင်းက အသင်းတန်းဆင်းရမည့် အခြေအနေမှ ရှောင်လွှဲနိုင်ရေး တွန်းအားတစ်ခု ဖြစ်လာမည်ဟု ဆိုသည်။
Ref: Goal
စက်တင်ဘာ ၅ ၊ ၂၀၁၆
M-Media
သတင်း-သီဟ
.
ပြင်ပ ဝန်ဆောင်မှုကုမ္ပဏီများဖြင့် ဟဂ်ျ ခရီးစဉ်သွားရောက်သူများနစ်နာမှု ရှိပါက ဆော်ဒီသံရုံး(ရန်ကုန်) သို့ တိုက်ရိုက် တိုင်ကြားနိုင်ကြောင်း ဆော်ဒီသံရုံး(ရန်ကုန်) မှ ကြေညာထားပါတယ်။
.
“ဟဂ်ျ ခရီးစဉ် ဝန်ဆောင်မှု ကုမ္ပဏီတွေ ယူတဲ့ ငွေကြေးပမာဏ အရ လုပ်ပေးရမယ့် ဝန်ဆောင်မှုတွေကို အလုပ်အပ်တဲ့လူတွေကို တင်ပြမယ်၊ အဲဒီဝန်ဆောင်မှုတွေ မပေးခဲ့ရင်၊ ပျက်ကွက်ခဲ့ရင် သံရုံးကို တိုင်ပါ။ ငွေကြိုပေးထားပါပြီး ဟဂ်ျသွားခွင့်မရလို့ လူ ၂ ဦး ပြီးခဲ့တဲ့ သောကြာနေ့က သွားရောက်တိုင်ကြားခဲ့တယ် ” လို့ သွားရောက်တိုင်ကြားခဲ့သူနှင့် နီးစပ်သူ တစ်ဦးက ပြောပါတယ်။
.
ဆော်ဒီသို့ ဟဂ်ျခရီးစဉ် သွားဖို့ ဝန်ဆောင်မှု ကုမ္ပဏီတွေ ထံမှာ ငွေကြိုပေးထားပါလျက် ဟဂ်ျသွားခွင့်မရလိုက်သူများ၊ သွားခွင့်ရပါသော် လည်း ဝန်ဆောင်မှု ကုမ္ပဏီမှ သတ်မှတ်ထားသည့် ငွေထက် ပိုပေးရသူများ၊ ဝန်ဆောင်မှု ကုမ္ပဏီမှ ပေးပါမည်ဟု ကတိပြုထားသော service များကို အမှန်တကယ် မရရှိသူများ၊ ရန်ကုန်မြို့မှာရှိတဲ့ မြန်မာနိုင်ငံဆိုင်ရာ ဆော်ဒီသံရုံးကို အထောက်အထားများနှင့်တကွ သွားရောက်စာတင်ပြီး တိုင်တန်းနိုင်ကြောင်းသိရပါတယ်။ တိုင်တန်းတဲ့အခါ အထောက်အထားလည်း ပြည့်စုံတယ်၊ တစ်ဖက် ဝန်ဆောင်မှု ကုမ္ပဏီကို ရုံးချိန်အတွင်း တစ်ပါတည်း ခေါ်ဆောင်သွားနိုင်တယ်ဆိုလျှင် တစ်ထိုင်တည်း ဖြေရှင်းပေးပါကြောင်းသိရှိပါတယ်။
.
ဆော်ဒီသံရုံးအနေဖြင့် စည်းကမ်းဖောက်ဖျက်သည့် ဝန်ဆောင်မှု ကုမ္ပဏီများကို ဟဂ်ျအေးဂျင့် လုပ်ပိုင်ခွင့် Quota လျော့ချခြင်းမှ စတင်ပြီး လုံးဝအပြီး ပိတ်သိမ်းတဲ့အထိ အရေးယူသွားမယ်လို့ကြေညာထားပါတယ်။
ရန်ကုန်မြို့ရှိ ဆော်ဒီသံရုံး လိပ်စာ နှင့် ဆက်သွယ်ရန် ဖုန်းနံပါတ်များ
——————-
No.6 /S, Inya Avenue Street
10th Quarter, Mayangone Township
Yangon
Myanmar
TELEPHONE -(+95) 1-657-985 / 657-986
FAX- (+95) 1-657-983
EMAIL- [email protected]
စက်တင်ဘာ ၅၊ ၂၀၁၆
M-Media
– ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားနေသည့် ပြဿနာများအား ဖြေရှင်းရေးအတွက် အကြံဉာဏ်ကောင်းများ ပေးနိုင်ရန် ဖွဲ့စည်းထားသည့် ရခိုင်ပြည်နယ် အကြံပေးကော်မရှင်မှာ မိမိတို့အတွက် အထောက်အကူဖြစ်စေမည်ဖြစ်ပြီး၊ တိုင်းပြည်၏ အချုပ်အခြာနှင့် ပတ်သက်၍ မည်သည့် စိုးရိမ်စရာမှ မရှိဟု နိုင်ငံတော်၏ အကြံပေးပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်းနှင့် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် မစ္စတာ ကိုဖီအန်နန် ဦးဆောင်သည့် ကော်မရှင်အဖွဲ့ဝင်များနှင့် ယနေ့မနက်ပိုင်းက တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး ပြဿနများကို ကုစားရာတွင် ကော်မရှင်က အကူအညီဖြစ်စေမည်ဟုလည်း ဆိုသည်။
“ကော်မရှင်ဟာ ဒဏ်ရာတွေကို ကုစားရာမှာ ကျွန်မတို့အတွက် အကူအညီဖြစ်စေမယ်လို့ ကျွန်မတို့ မျှော်လင့်ပါတယ်။ ပြည်သူအားလုံးရဲ့ အခွင့်အရေးကို ပေးအပ်နိုင်တဲ့ တိုင်းပြည်မျိုး ကျွန်မတို့ လိုချင်ပါတယ်။ ကော်မရှင်ဟာ ရှေ့ဆက်ရမယ့် လမ်းကြောင်းတစ်ခုကို ညွှန်ပြပေးမယ်လို့ ကျွန်မတို့ ရှုမြင်ပါတယ်။ ပြည်သူတွေရဲ့လက်ထဲမှာ ခိုင်ခိုင်မြဲမြဲရှိနေတဲ့ အချုပ်အခြာအာဏာနဲ့ပတ်သက်ပြီး စိုးရိမ်စရာ ဘာမှမရှိဘူးလို့လည်း ကျွန်မ ထပ်ပြောပါရစေ” ဟု နိုင်ငံတော်၏ အကြံပေးပုဂ္ဂိုလ်က ပြောကြားခဲ့သည်။
အဆိုပါ အကြံပေးကော်မရှင်မှာ မနက်ဖြန်တွင် စစ်တွေသို့ သွားရောက်ရန်ရှိနေပြီး၊ ထိုမှတစ်ဆင့် ဒုက္ခသည်စခန်းများအား သွားရောက်ကြည့်ရှုမည်ဖြစ်သည်။
ကော်မရှင်မှာ ၎င်းတို့၏ တွေ့ရှိချက်များနှင့် ပြဿနာကို နိုင်ငံတကာစံနှုန်းများနှင့်အညီ ဖြေရှင်းနိုင်ရေးအတွက် အကြံပြုချက်များကို ၂၀၁၇ ခုနှစ် နှစ်အလည်ပိုင်း နောက်ဆုံးထား၍ မြန်မာအစိုးရသို့ တင်သွင်းရမည်ဖြစ်သည်။
ကော်မရှင်ဥက္ကဌ ကိုဖီအန်နန်ကမူ မိမိတို့အနေဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ သက်ဆိုင်သူများအားလုံး၏ အသံကို နားထောင်သွားမည်ဟု ပြောကြားခဲ့သည်။
“ပြည်နယ်အတွင်းက ပြည်သူတွေရဲ့ စိုးရိမ်မှုတွေ၊ မျှော်လင့်ချက်တွေ အပြည့်အ၀ပါဝင်တဲ့ အဆိုပြုချက်မျိုး ဖြစ်ပေါ်လာဖို့အတွက် ကျွန်တော်တို့ဟာ ရခိုင်ပြည်နယ်အတွင်းနဲ့ နိုင်ငံတော်အဆင့်မှာပါ ကျယ်ကျယ်ပြန့်ပြန့် တွေ့ဆုံဆွေးနွေးကာ အသံတွေကို နားထောင်သွားမှာပါ”
Ref: kofiannanfoundation
စက်တင်ဘာ ၅၊ ၂၀၁၆
M-Media
– နိုင်ငံအတွင်းရှိ အစ္စလာမ်ဘာသာဝင်များ ဘဏ္ဍာရေးလုပ်ငန်းများနှင့် ဆက်သွယ်ရာတွင် ပိုမိုလွယ်ကူစေရန်အတွက် အတိုးမဲ့ ဘဏ်လုပ်ငန်းကို စတင်မိတ်ဆက်ရေး အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် အိန္ဒိယဗဟိုဘဏ် (RBI) က အဆိုပြုလိုက်သည်ဟု သိရသည်။
ပြီးခဲ့သည့် သီတင်းပတ်က ထုတ်ပြန်ခဲ့သည့် ဗဟိုဘဏ်၏ အစီရင်ခံစာတွင် ထိုကဲ့သို့ အဆိုပြုလိုက်ခြင်းဖြစ်ပြီး ကမ္ဘာပေါ်တွင် အစ္စလာမ်ဘာသာဝင် ဒုတိယအများဆုံးဖြစ်သော အိန္ဒိယနိုင်ငံတွင် အစ္စလာမ်နည်းကျ ဘဏ္ဍာရေးလုပ်ငန်းများ ဖြစ်တည်လာရန် အစပျိုးလိုက်ခြင်းလည်းဖြစ်သည်။
RBI မှာ စောစောပိုင်းက မိမိတို့အနေဖြင့် အစ္စလာမ့်နည်းကျ ဘဏ္ဍာရေးလုပ်ငန်းကို ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့ သို့မဟုတ် သမ၀ါယမအသင်းတို့ကဲ့သို့ ဘဏ်လုပ်ငန်းမဟုတ်သည့် နယ်ပယ်များမှတစ်ဆင့် ၀န်ဆာင်မှုပေးသွားမည်ဟု ကြေငြာထားသော်လည်း ယခုအဆိုပြုမှုက ဗဟိုဘဏ်၏ ရပ်တည်ချက် ပြောင်းလဲမှုလည်းဖြစ်သည်။
အစ္စလာမ်က အတိုးပေးခြင်း၊ အတိုးယူခြင်းကို တားမြစ်ထားသာကြောင့် အိန္ဒိယဥပဒေအရ အတိုးကို အခြေခံသည့် ဘဏ်စနစ်တွင် အစ္စလာမ်ဘာသာဝင် သန်း ၁၈၀ က ပါဝင်အသုံးရန် အခက်အခဲရှိနေသည်။ RBI ကမူ မိမိတို့အနေဖြင့် အစိုးနှင့် ညှိနှိုင်းတိုင်ပင်ကာ အတိုးမဲ့ ဘဏ်လုပ်ငန်းကို မိတ်ဆက်ပေးရန် နည်းလမ်းရှာနေသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။ ထိုသတင်း ထွက်ပေါ်လာခြင်းက အတိုးမဲ့ ဘဏ်လုပ်ငန်း ဆောင်ရွက်ရန်အတွက် အထောက်အပံ့ဖြစ်စေမည့် ဥပဒေမျိုး ထွက်ပေါ်လာရန် ရှိနေသည်။
ကမ္ဘာတစ်ဝှမ်းတွင် ကြီးထွားလာခဲ့သည့် အစ္စလာမ့်နည်းကျ ဘဏ္ဍာရေးလုပ်ငန်းကို အိန္ဒိယတွင် အကောင်အထည်ဖော်ရန်အတွက် ဗဟိုဘဏ်မှ ယခင်က ကြိုးပမ်းခဲ့သော်လည်း အာဏာရ ဟိန္ဒူအမျိုးသားရေးပါတီ BJP မှ အစိုးရတာဝန်ရှိသူများနှင့် နိုင်ငံရေးသမားများ၏ ကန့်ကွက်မှုကြောင့် ထင်သလောက် ခရီးမပေါက်ခဲ့ပေ။
အစိုးရ၏ ပြင်ပ ငွေချေးအေဂျင်စီ Exim Bank က အစ္စလာမ့်ဖွံ့ဖြိုးဘဏ်၏ လက်ခွဲလုပ်ငန်းများအတွက် ကန်ဒေါ်လာ သန်း ၁၀၀ ထပ်မံထုတ်ပေးသွားမည်ဟု ဧပြီလတွင် ကြေငြာခဲ့သည်။
Ref: IINA