စက်တင်ဘာ ၈၊ ၂၀၁၆
M-Media
သတင်း-မိုးစက်
.
ရန်ကုန်။ ။ ပညာရေး ဒီပလိုမာကျောင်းတက်ရန်အတွက် လျှောက်ထားသည့် မအေးရွှေစင်ဝင်းကို နိုင်ငံသားစီစစ်ရေးကတ်ပြား မရှိသည့်အတွက် တောင်ဒဂုံမြို့နယ် ပညာရေးမှူးရုံးမှ သင်တန်းတက်ခွင့်အတွက် လက်မခံနိုင်ဘဲ ငြင်းပယ်ခဲ့ကြောင်း သိရပါတယ်။
.
“သူတို့အစကတော့ လက်မခံဘူး၊ သူတို့လက်မခံဘူးဆိုတဲ့ အကြောင်းကို ကျွန်တော် လူမှုကွန်ယက်စာမျက်နှာပေါ်မှာလည်း တင်လိုက်တယ်၊ နောက် အဲ့ရုံးက စာရေးမချုပ်ကိုလည်း သေချာနားလည်အောင် ရှင်းပြတော့မှ သူတို့ဒီကလေးရဲ့ ဖောင်ကိုလက်ခံခဲ့တယ်။ အရင်ကတော့ လက်မခံဘူး။ အခုတော့ တစ်ဆင့်တက်ပြီး လက်ခံထားလိုက်တယ်၊ ဝင်ခွင့် ရမရတော့ ဘာဆက်လုပ်မလဲမသိဘူး။ ကျန်တာတော့ သူတို့လက်ထဲမှာ ရှိတာပေါ့” လို့ အဆိုပါ ကိစ္စရပ်ကို ကူညီလိုက်ပါ ဆောင်ရွက်ပေးနေသူ တစ်ဦးက M-Media ကို ပြောပါတယ်။
.
အစ္စလာမ်ဘာသာဝင်များ ဖြစ်ကြတဲ့ မအေးရွှေစင်ဝင်း ၏ မိဘ နှစ်ဦးစလုံးသည် နိုင်ငံသားစိစစ်ရေး ပန်းရောင်ကဒ်များ ရရှိထား သူများဖြစ်ကြပါတယ်။ ဖခင်သည် သံလျင်ရေနံချက် စက်ရုံဝန်ထမ်းတစ်ဦးဖြစ်ပြီး၂၀၀၈ ခုနှစ်က ကွယ်လွန်ခဲ့ပါတယ်။ မိခင်ကြီးမှာ ပင်စင်စားနေသူဖြစ်ကြောင်း သိရပါတယ်။
မအေးရွှေစင်ဝင်း အသက်၁၀နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကဒ်ကို ၂၀၀၈ ခုကတည်းက လျောက်ထားခဲ့သော်လည်း ယနေ့တိုင် မရရှိသေးကြောင်း သိရပါတယ်။
Leave a Reply
You must be logged in to post a comment.