News @ M-Media

Blog

  • အမှတ်မှီပေမယ့် မှတ်ပုံတင်မရှိလို့ ဆေးတက္ကသိုလ် တက်ခွင့်မရတဲ့ ကျောင်းသူလေး မှ နိုင်ငံတော်ခေါင်းဆောင်များထံ မေတ္တာရပ်ခံစာပို့

    အမှတ်မှီပေမယ့် မှတ်ပုံတင်မရှိလို့ ဆေးတက္ကသိုလ် တက်ခွင့်မရတဲ့ ကျောင်းသူလေး မှ နိုင်ငံတော်ခေါင်းဆောင်များထံ မေတ္တာရပ်ခံစာပို့

    ဇူလိုင် ၂၉၊ ၂၀၁၆
    M-Media
    မိုးစက်
    001
    ရန်ကုန်။    ။ ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းအား (၅) ဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ပြီး ဆေးကျောင်း တက်ရန် လျှောက်ထားရာတွင် မှတ်ပုံတင်မရှိသည့် အတွက်ဆိုပြီး ဆေးတက္ကသိုလ်ကို တက်ရောက်ခွင့် မရသေးသည့် မနှင်းနှင်းဝေအား ပညာသင်ကြားခွင့် ရရှိနိုင်ရေးအတွက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထံသို့ မေတ္တာရပ်ခံစာ တစ်စောင် ပေးပို့ထား ခဲ့ပါတယ်။

    တက္ကသိုလ်ဝင်တန်းကို အမှတ်ပေါင်း (၅၂၇) မှတ်ဖြင့် အောင်မြင်ထားခဲ့သည့် မနှင်းနှင်းဝေမှာ ဆေးတက္ကသိုလ်မေဂျာလျှောက်ထား ခဲ့သော်လည်း  အခြေခံပညာဦးစီးဌာနမှ English Major ကိုသာ ပြန်လည်ချထားခြင်း ပေးခဲ့ပါတယ်။

    “အန်တီတို့လည်း လှိုင်မြို့နယ်က ဦးစီးဆီမှာ မှတ်ပုံတင်လုပ်ဖို့ အကြိမ်ကြိမ်သွား လုပ်ပါတယ်။ နောက်ဆုံး ထောက်ခံစာလေးတောင်း တာတောင်မှ လျှောက်ထားဆဲဆိုတဲ့ ထောက်ခံစာ မပေးဘူး။ သမီးက မွေးစာရင်း အသစ်ထဲမှာလည်း မပါသေးတော့ အဲ့ဒါအရင် တိုးခိုင်းတယ်။ ပြီးတော့မွေးစာရင်းတိုးပြီး ခွင့်ပြုမိန့်ကျပြီးမှ ဖခင်ပြုနိုင်ငံသား စာအုပ်မှာ နာမည်ဖြည့်ရမယ်။ ပြီးမှ ပြုလက်မှတ် စာရင်းပါမှ နိုင်ငံသားပြုခွင့်လျှောက်ထားရမယ်ဆိုတဲ့ ထောက်ခံစာပဲပေးတယ်။ လ.ဝ.က ကပေးလိုက်တဲ့ ထောက်ခံစာကို အခြေခံပညာဦးစီးဌာနက အကျူံးမဝင်ဘူးပြောတယ်” လို့ မနှင်းနှင်းဝေ ရဲ့ မိခင်က ရှင်းလင်းပြောပြခဲ့ပါတယ်။

    ၎င်းတို့မိသားစုအနေနှင့်လည်း မှတ်ပုံတင်လျှောက်ထားဆဲဆိုသည့် ထောက်ခံစာရအောင် လှိုင်မြို့နယ် လ.ဝ.က တွင် အကြိမ်ကြိမ်အဖန်ဖန် ကြိုးစားခဲ့သောလည်း ယနေ့တိုင် တစ်စုံတစ်ရာ အကျိုးသက်ရောက်မှု မရှိကြောင်း သိရပါတယ်။

    မနှင်းနှင်းဝေအား ဆေးတက္ကသိုလ်တက်ရောက် ပညာသင်ကြားနိုင်ရန်အတွက် တားဆီးပိတ်ပင်ခံနေရတဲ့ ကိစ္စရပ်များကို ကူညီဖြေရှင်းပေးရန်အတွက် မေတ္တာရပ်ခံစာကို နိုင်ငံတော်အတိုင်ပင်ခံထံနှင့်အတူ နိုင်ငံတော်သမ္မတ၊ ပညာရေးဝန်ကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ ပြည်ထောာင်စုဝန်ကြီးနှင့် ရန်ကုန်တိုင်းဝန်ကြီးချုပ်တို့ထံသို့ ပေးပို့ထားတယ့် သိရှိရပါတယ်။

    005

    004

    003

    002

     

  • နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အမေရိကန်သွားမည်

    နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အမေရိကန်သွားမည်

    ဇူလိုင် ၂၉၊ ၂၀၁၆
    M-Media

    obama

    – နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှာ လာမည့် စက်တင်ဘာလတွင် အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ဒီစီသို့ သွားရောက်မည်ဟု သမ္မရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားလိုက်သည်။

    အိမ်ဖြူတော်မှ ဖိတ်ကြားမှုကို လက်ခံခဲ့ခြင်းဖြစ်ပြီး၊ နယူးယောက်တွင်ပြုလုပ်မည့် ကုလသမဂ္ဂ၏ ၇၁ ကြိမ်မြောက် အထွေထွေညီလာခံနှင့်လည်း တိုက်ဆိုင်နေသည်။ သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ ထိုခရီးစဉ်တွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော် ပါဝင်မည်မဟုတ်ဟု ဦးဇော်ဌေးက ဆိုသည်။

    အိုဘားမား၏ မဟာဗျူဟာ ဆက်ဆံရေးဆိုင်ရာ ဒုတိယအမျိုးသားလုံခြုံရေး အကြံပေး ဘန် ရူဒက်စ်မှာ ဇွန်လ ၂၇ ရက်နေ့က နေပြည်တောင်သို့ ရောက်ရှိစဉ်အတွင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား ထိုကဲ့သို့ ဖိတ်ကြားခဲ့ခြင်းဖြစ်ပြီး၊ အမေရိကန်အနေဖြင့် မြန်မာနိုင်ငံအား စီးပွားရေးထောက်ပံ့မှုအဖြစ် ကန်ဒေါ်လာ ၂၁ သန်းကို ပေးအပ်သွားမည်ဟုလည်း ကြေငြာခဲ့သည်။

    ဒေါ်အောင်ဆန်းစုကြည် ယခုကဲ့သို့ သွားရောက်မှုမှာ ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ရွေးကောက်ပွဲနောက်ပိုင်း ပထမဆုံး အမေရိကန်ခရီးစဉ်လည်း ဖြစ်မည်ဖြစ်သည်။

    သမ္မတအိုဘားမားမှာ ၎င်းတို့၏ သမ္မတသက်တမ်းအတွင်း ၂၀၁၂ ခုနှစ်က မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး ထိုအချိန်တွင် ဒေါ်အောင်ဆန်းစုကြည်မှာ နေအိမ်အကျယ်ချုပ်ဖြင့် နေရသည့်ကာလ ဖြစ်သည်။ ၂၀၁၄ ခုနှစ် ဒုတိယအကြိမ် လာရောက်သည့်အခါတွင်မူ အိုဘားမားမှာ ဒေါ်ဆောင်ဆန်းစုကြည်၏ နေအိမ်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

    ဒေါ်ဆောင်ဆန်းစုကြည်မှာ နိုင်ငံတော်အကြီးအကဲရာထူးကို ရယူပြီးနောက်ပိုင်း မေလတွင် လာအိုနိုင်ငံသို့ သမ္မတဦးထင်ကျော်နှင့်အတူ သွားရောက်ခဲ့ပြီး၊ ပြီးခဲ့သည့်လက ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့ကာ မလေးရှားနိုင်ငံသို့ မကြာမီ သွားရောက်ရန် ရှိနေသည်။ ဒေါ်အောင်ဆန်းစုကြည်အား မြောက်ကိုရီးယားကလည်း လာရောက်ရန် ဖိတ်ကြားထားသည်။

    Ref: mmtimes

  • အမေရိကန်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဆီးရီးယားတွင် အရပ်သားများ သေဆုံးပြန်

    အမေရိကန်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဆီးရီးယားတွင် အရပ်သားများ သေဆုံးပြန်

    ဇူလိုင် ၂၉၊ ၂၀၁၆
    M-Media

    manbij

    – အမေရိကန်ဦးဆောင်သည့် မဟာမိတ်အဖွဲ့က ဆီးရီးယားနိုင်ငံရှိ IS များ ထိန်းချုပ်ထားရာ ဒေသအား ယမန်နေ့က လေကြောင်းမှ တိုက်ခိုက်မှုအတွင်း အရပ်သား ၂၈ ဦး သေဆုံးခဲ့ပြီး ဒါဇင်နှင့်ချီ၍ ဒဏ်ရာရရှိခဲ့သည်ဟု ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ SOHR က ပြောကြားခဲ့သည်။

    ဆီးရီးယားနိုင်ငံ ရက်ကာမြို့နှင့် တူရကီနိုင်ငံတို့အကြား အရေးပါသည့် ဒေသဖြစ်သော မန်ဘစ်ဂ်ျဒေသမှ အနောက်မြောက်ဖက်ရှိ ဂန်ဒူးရ်မြို့ဖြစ်ပြီး၊ ဆီးရီးယားရှိ စစ်ရေးလှုပ်ရှားမှုများကို ကိုင်တွယ်နေသည့် အမေရိကန် ဗဟိုစစ်ဌာနချုပ်ကလည်း ထိုမြို့အား တိုက်ခိုက်မှုအတွင်း အရပ်သားများ ထိခိုက်သေဆုံးမှုရှိခဲ့သည်ဟု အတည်ပြုခဲ့သည်။

    ပြီးခဲ့သည့် တစ်ပတ်ကလည်း အဆိုပါ မန်ဘစ်ဂ်ျဒေသတွင် အမေရိကန်ဦးဆောင်သည့် မဟာမိတ်များ၏ လေကြောင်းမှ တိုက်ခိုက်မှုအတွင်း အရပ်သားများ သေဆုံးခဲ့ပြီး စုံစမ်းစစ်ဆေးမှု ပြုလုပ်မည်ဟု အမေရိကန်က ကြေငြာပြီး တစ်ပတ်အကြာတွင် ယခုကဲ့သို့ ထပ်ဖြစ်ခြင်းဖြစ်သည်။

    Ref: Aljzazeera

  • ‘ထရမ့်ရေ – အမေရိကန်မွတ်စလင်တွေ တိုင်းပြည်အတွက် ပေးဆပ်ခဲ့သလို ခင်ဗျား ဘာမှ မပေးဆပ်ရသေးပါဘူး’ (ခိုင်ဇာရ် ခန်း)

    ‘ထရမ့်ရေ – အမေရိကန်မွတ်စလင်တွေ တိုင်းပြည်အတွက် ပေးဆပ်ခဲ့သလို ခင်ဗျား ဘာမှ မပေးဆပ်ရသေးပါဘူး’ (ခိုင်ဇာရ် ခန်း)

    ဇူလိုင် ၂၉၊ ၂၀၀၁၆
    M-Media

    khan

    – အီရတ်နိုင်ငံမှာ တိုင်းပြည်တာဝန်ထမ်းဆောင်ရင်း ကျဆုံးသွားခဲ့တဲ့ အမေရိကန်မွတ်စလင်ဗိုလ်ကြီးတစ်ဦးရဲ့ ဖခင်ဖြစ်သူက လူမျိုးရေးခွဲခြားမှုတွေ ပြုလုပ်နေတဲ့ ရီပက်ဘလစ်ကန်ပါတီ အမေရိကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်ကို ဝေဖန်ပြစ်တင်လိုက်ပြီး အခြေခံဥပဒေကို နားလည်အောင်လုပ်ဖို့ တိုက်တွန်းလိုက်ပါတယ်။

    ခိုင်ဇာရ်ခန်း ဆိုသူဖြစ်ပြီး ဖီလာဒဲလ်ဖီးယားမှာ ပြုလုပ်နေတဲ့ ဒီမိုကရက်တစ်ပါတီ နိုင်ငံလုံးဆိုင်ရာ ညီလာခံမှာ ယမန်နေ့ညက ဇနီးဖြစ်သူ ဂါဇာလာနဲ့အတူ ပြောကြားတဲ့ မိန့်ခွန်းမှာ ဒီလို ထည့်သွင်း ပြောဆိုလိုက်တာဖြစ်ပါတယ်။ ခိုင်ဇာရ်ခန်းနဲ့ ဂါဇာလာတို့ရဲ့ သားဖြစ်သူ ဟူမေယွန် ခန်းဟာ ၂၀၀၄ ခုနှစ်က အီရတ်စစ်ပွဲမှာ ကျဆုံးခဲ့တာဖြစ်ပြီး ကျဆုံးချိန်မှာ အသက် ၂၇ နှစ်အရွယ်သာ ရှိပါသေးတယ်။

    “ဒေါ်နယ်ထရမ့်လိုသာဆိုရင် ကျွန်တော့်သားဟာ အမေရိကန်မှာတောင် ရှိမှာမဟုတ်ပါဘူး။ ဒေါ်နယ်ထရမ့်ဟာ မွတ်စလင်တွေရဲ့ ကိုယ်ကျင့်သိက္ခာတွေကို စော်ကားသူတစ်ယောက်ပါ။ ပြီးတော့ သူဟာ အခြားသော လူနည်းစုတွေ၊ အမျိုးသမီးတွေ၊ တရားသူကြီးတွေ၊ သူ့ပါတီရဲ့ ခေါင်းဆောင်ပိုင်းတွေကိုတောင်မှ မလေးမစားလုပ်သူပါ။ သူဟာ လူ့အဖွဲ့အစည်းအတွင်းမှာ စည်းခြားဖို့၊ မွတ်စလင်တွေကို တိုင်းပြည်တွင်းကို ၀င်ရောက်ခွင့်ပိတ်ပင်ဖို့ သန္ဓိဌာန်ချထားသူပါ” လို့ ခန်းက ဆိုပါတယ်။

    ဗိုလ်ကြီး ဟူမေယွန်ခန်းဟာ ၂၀၀၄ ခုနှစ် ဇွန်လ ၈ ရက်နေ့က စစ်စခန်းအတွင်း ကင်းကျတဲ့ စစ်သားတွေကို စစ်ဆေးနေစဉ်အတွင်းမှာ စခန်းနားကို ကပ်လာတဲ့ တက္ကဆီတစ်စီးကို တွေ့သွားခဲ့ပါတယ်။ အဲဒီအချိန်မှာ သူ့ရဲ့ တပ်ဖွဲ့ဝင်တွေကို မြေပြင်မှာဝပ်နေဖို့ ပြောကာ အဲဒီတက္ကဆီကို တားဆီးဖို့ ထွက်သွားခဲ့ပြီး သူအနားရောက်တဲ့အခါမှာတော့ ကားထဲက အသေခံဗုံးခွဲသမားဟာ ကားကို ဖောက်ခွဲလိုက်တာကြောင့် ဟူမေယွန်လည်း ကျဆုံးခဲ့ပါတယ်။

    အဲဒီအဖြစ်အပျက်အတွင်း အီရတ်အရပ်သား ၂ ဦး၊ အသေခံဗုံးခွဲသမား ၂ ဦးတို့လည်း သေဆုံးခဲ့ပါတယ်။

    အဲဒီအချိန်တုန်းက ဗိုလ်ကြီး ဟူမေယွန်ခန်းဟာ အီရတ်မှာ သေဆုံးတဲ့ အမေရိကန်စစ်သားတွေထဲမှာ ရာထူးအမြင့်ဆုံးဖြစ်ပြီး စစ်အခမ်းအနားနဲ့တကွ Arlington စစ်သချိင်္ုင်းမှာ မြှုပ်နှံသင်္ဂြိုဟ်ခဲ့ပါတယ်။ ခန်းရဲ့ စွန့်လွှတ်စတေးမှုကြောင့် တိုင်းပြည်က Bronze Star ဆုတံဆိပ်၊ Purple Heart ဆုတံဆိပ်တွေကို ချီးမြှင့်ခဲ့ပါတယ်။

    khan 2
    ကျဆုံးသွားသည့် ဗိုလ်ကြီး ဟူမေယွန်ခန်း

    “ခင်ဗျား Arlington သုသာန်ကို သွားကြည့်ပြီးပြီလား။ မကြည့်ရသေးရင် ခင်ဗျားသွားကြည့်ပါ။ အဲဒီမှာ တိုင်းပြည်ကိုကာကွယ်ရင်း ကျဆုံးခဲ့သူတွေထဲမှာ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ၊ လိင်ပေါင်စုံ ပါဝင်တယ်ဆိုတာကို ခင်ဗျား တွေ့ရပါလိမ့်မယ်။ ခင်ဗျားကတော့ ဘယ်သူ့အတွက် ဘာမှ မစတေးရသေးပါဘူး” လို့ ထရမ့်ကိုရည်ညွှန်းပြီး ခိုင်ဇာရ်ခန်းက ပြောကြားခဲ့ပါတယ်။

    လာမယ့် နိုဝင်ဘာရွေးကောက်ပွဲမှာ ရီပက်ဘလစ်ကန်ပါတီရဲ့ သမ္မတလောင်းအဖြစ် မကြာသေးခင်က ရွေးချယ်ခံခဲ့ရခဲ့သူပါ။ သူ့ရဲ့မိန့်ခွန်းတော်တော်များများမှာ ထရမ့်ဟာ မွတ်စလင်တွေကို စော်ကားတဲ့ မှတ်ချက်တွေကို ပြောကြားခဲ့ပါတယ်။

    ခိုင်ဇာရ်ခန်းကတော့ ထရမ့်အနေနဲ့ အခြေခံဥပဒေကို ဖတ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

    “ဒေါ်နယ်ထရမ့်ရေ – ခင်ဗျားက အနာဂတ်အတွက် အမေရိကန်ပြည်သူတွေအနေနဲ့ ခင်ဗျားကို ယုံပါလို့ ပြောနေတယ်။ ကျွန်တော်ကတော့ – အခြေခံဥပဒေကို ခင်ဗျား ဖတ်ပြီးပြီလားလို့ မေးပါရစေ။ ကျွန်တော့်မှာရှိတဲ့ အခြေခံဥပဒေစာအုပ်ကို ခင်ဗျားကို လိုလိုချင်ချင်နဲ့နဲ့ပဲ ငှားပေးချင်ပါတယ်။ အဲဒီထဲမှာ ‘လွပ်လပ်မှု’ ‘မျှတတဲ့ တရားဥပဒေစိုးမိုးမှု’ ဆိုတဲ့စကားလုံး ခင်ဗျား ရှာကြည့်ပေါ့ဗျာ” လို့ ခန်းက အခြေခံဥပဒေစာအုပ်ကို ထုတ်ကာ ထရမ့်အပေါ် မေးခွန်းထုတ်ခဲ့ပါတယ်။

    အဲဒီနောက်မှာတော့ ခန်းက လာမယ့်ရွေးကောက်ပွဲကို ပေါ့ပေါ့တန်တန်သဘောမထားကြဖို့၊ သမိုင်းဝင်မယ့် ဒီရွေးကောက်ပွဲမှာ တိုင်းပြည်ကို ချစ်တဲ့သူတွေအနေနဲ့ ဟီလာရီကလင်တန်ကို မဲပေးကြဖို့လည်း ထည့်သွင်း တိုက်တွန်းခဲ့ပါတယ်။

    Ref: Aljazeera, CNBC

  • လူမျိုးဘာသာမရွေး တက်ရောက်နိုင်တဲ့ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်း သင်တန်းများ

    လူမျိုးဘာသာမရွေး တက်ရောက်နိုင်တဲ့ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်း သင်တန်းများ

    ဇူလိုင် ၂၉ ၊ ၂၀၁၆
    M-Media
    . 13871967_2056527124572372_485709814_n
    ကျိုလီယာမွတ်စလင်မ် သာသနာသနာရန်ပုံငွေအဖွဲ့မှ ဖွင့်လှစ်လျုက်ရှိတဲ့ Computer / English speaking/ စက်ချုပ်နှင့် မော်တာချုပ် သင်တန်း များဖွင်လှစ်ခဲ့သည်မှာ ယခု ဆိုလျှင် ၁၅ ကြိမ်မြောက် ရှိပြီဖြစ်ကြောင်း သိရှိရသည်။
    .
    ၃ လ တစ်ကြိမ် အဆိုပါ သင်တန်းသစ်များကို ဖွင့်လှစ်လျက်ရှိပါသည်။
    .
    သင်တန်းတက်ရောက်မည့်လူများသည် သင်တန်းမစမှီ ၁လ ခန့်အလိုတွင် စာရင်းပေးသွင်း နိုင်ကြောင်း သိရှိရသည်။
    .
    အဆိုပါ သင်တန်းများကို လူမျိုး၊ ဘာသာမရွေး တက်ရောက်နိုင်တယ်လို့ သိရပါသည်။
    .
    ဒါအပြင် မျက်စိခွဲစိတ်ရန် ချို့တဲ့သူ လူမျိုးဘာသာမရွေးကိုလည်း တစ်ပတ်လျှင် လူနာ (၅၀) ခန့် မျက်စိခွဲစိတ်မှုတွေကို အခမဲ့ ကုသပေးနေကြောင်းသိရှိရပါသည်။
    .
    ပညာဒါန သင်တန်းတွေကိုတော့ အမှတ် (၁)၊ သုခလမ်း၊ ခ ရပ်ကွက်၊ သင်္ကန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့မှာ သင်ကြားပေးသွားမှာဖြစ်ပြီး စိတ်ဝင်စားသူ မည်သူမဆို အောက်ပါ ဖုန်းနံပါတ်တွေကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
    .
    ဖုန်း – ၅၇၇၄၇၃၊ ၈၅၅၁၁၉၁၊ ၀၉-၇၃၁၃၇၅၃၊ ၀၉-၇၉၇၅၄၂၅၉၀၊ ၀၉-၇၉၇၅၄၂၅၉၁

    13884292_2056526371239114_953565589_n

    13672066_2056526481239103_1909355427_n 13866872_2056526791239072_1706634888_n 13874912_2056526684572416_816114897_n 13883864_1264464436919834_66581170_n