News @ M-Media

Blog

  • အနီးဆုံးပြိုင်ဘက်ကို အလဲထိုးနိုင်ခဲ့တဲ့ ရီးယဲလ်၊ ဆွာရက်ဇ်ရဲ့ ဟက်ထရစ်နဲ့ အသက်ရှုချောင်သွားတဲ့ ဘာကာတို့ရဲ့ လာလီဂါပွဲစဉ် ၉

    အနီးဆုံးပြိုင်ဘက်ကို အလဲထိုးနိုင်ခဲ့တဲ့ ရီးယဲလ်၊ ဆွာရက်ဇ်ရဲ့ ဟက်ထရစ်နဲ့ အသက်ရှုချောင်သွားတဲ့ ဘာကာတို့ရဲ့ လာလီဂါပွဲစဉ် ၉

    အောက်တိုဘာ ၂၇၊ ၂၀၁၅
    M-Media

    laliga

    – ဒီတစ်ပတ်လာလီဂါမှာ ထိပ်ဆုံးကရီးယဲလ်က သူ့နောက်မှာ ကပ်လိုက်လာတဲ့ ရှုံးပွဲမရှိ ဆဲလ်တာဗီဂိုကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ကစားပြီး ဇယားကို ဆက်ဦးဆောင်နေပါတယ်။ ရော်နယ်ဒို၊ ဒါနီလိုနဲ့ မာဆယ်လိုတို့က တစ်ဂိုးစီ သွင်းပေးခဲ့ပေမယ့် ရီးယဲလ်နိုင်ပွဲအတွက် အဓိကျသူကတော့ ဂိုးသမား ကီလာနာဗက်စ်ဖြစ်ပြီး ဆဲလ်တာဗီဂိုရဲ့ အပိုင် ဂိုးသွင့်ခွင့် ၃ လုံးလောက်ကို လက်စွမ်းပြ ကာကွယ်ပေးသွားခဲ့ပါတယ်။

    ဘာကာကလည်း ဦဆောင်ဂိုးပေးခဲ့ရပြီး မာရှေရာနိုပါ အထုတ်ခံရပေမယ့် နေးမာ-ဆွာရက်ဇ် အတွဲအဖက်မိမှုနဲ့အတူ ဆွာရက်ဇ်ရဲ့ ဟက်ထရစ်နဲ့ အဆိပ်ရှိတဲ့ အိုက်ဘာကို အနိုင်ရပြီး ရီးယဲလ်ကို ထပ်မံ ဖိအားပေးနိုင်ဆဲပါပဲ။

    ၃၂ မိနစ်နဲ့ မိနစ် ၄၀ မှာ ရရှိခဲ့တဲ့ ဂိုး ၂ ဂိုးနဲ့အတူ အက်သလက်တီကိုက ခြေကျနေတဲ့ ဗလင်စီယာကို ၂ ဂိုး ၁ ဂိုးနဲ့နိုင်ပြီး တတိယနေရာကို ရောက်လာပါတယ်။ ဗလင်စီယာဂိုးသမားရဲ့ လက်စွမ်းကြောင့် အိမ်ရှင်တို့ ဒီထက်ပို ဂိုးမပြတ်ခဲ့တာပါ။

    ရာသီအစ ရုlaliga 3န်းကန်ခဲ့ရပေမယ့် ပြီးခဲ့တဲ့ ၃ ပွဲလောက်ကစပြီး ခြေစွမ်းပြလာနိုင်တဲ့ ဆီးဗီးလား ဒီတစ်ပတ်မှာလည်း ဂါမီရိုရဲ့ ဟက်ထရစ်နဲ့အတူ ဂီတာဖေးကို ၅ ဂိုးပြတ်နဲ့ နှိပ်ကွပ်ခဲ့ပါတယ်။
    လာလီဂါ ပွဲစဉ် ၉ ရဲ့ ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

    ဗယ်လက်ကာနို ၃-၀ အက်စပန်ညို
    ဆဲလ်တာဗီဂို ၁-၃ ရီးယဲလ်
    ဂရာနာဒါ ၁-၁ ရီးယဲလ်ဘက်တစ်
    ဆီးဗီးလား ၅-၀ ဂီတာဖေး
    မာလာဂါ ၂-၀ ဒီပို့တီဗို
    လီဗန်တေး ၀-၄ ဆိုစီဒက်
    လက်ပါးလ်မားစ် ၀-၀ ဗီလာရီးယဲလ်
    ဘာစီလိုနာ ၃-၁ အိုက်ဘာ
    အက်သလက်တီကို ၂-၁ ဗလင်စီယာ
    ဘီဘာအို ၃-၀ စပို့တင်းဂီဂျွန်

  • အာဖဂန်-ပါကစ္စတန်ငလျင် သေဆုံးသူ ၃၀၀ ကျော်ပြီ

    အာဖဂန်-ပါကစ္စတန်ငလျင် သေဆုံးသူ ၃၀၀ ကျော်ပြီ

    အောက်တိုဘာ ၂၇၊ ၂၀၁၅
    M-Media

    paki

    – ယမန်နေ့ ညနေပိုင်းက အာဖဂန်နှင့် ပါကစ္စတန်မြောက်ပိုင်းတို့တွင် လှုပ်ခတ်သွားခဲ့သည့် မြေငလျင်ကြောင့် သေဆုံးသူမှာ ၃၃၅ ဦး ရှိလာခဲ့ပြီး တောင်တန်းများထူထပ်သည့် အဆိုပါဒေသတွင် ကယ်ဆယ်ရေးလုပ်ငန်းများမှာ အခက်အခဲတစ်ချို့ ရှိနေသည်။

    ပြင်းအား ၇.၅ မဂ္ဂနီကျုရှိသည့် အဆိုပါ ငလျင်ပြီးနောက် နောက်ဆက်တွဲ ငလျင်များ လှုပ်ခတ်ခဲ့သောကြောင့် ပြည်သူများမှာ ကြောက်ရွံ့ထိတ်လန့်ကာ ၎င်းတို့၏ နေအိမ်များသို့ မပြန်ဝံ့ကြဘဲ ရေခဲအမှတ်နားအထိ နီးအောင် အေးခဲသော ရာသီဥတုကို အန်တုကာ အိမ်အပြင်တွင်သာ နေထိုင်နေကြသည်။

    ပါကစ္စတန်ကမူ ငလျင်ဒဏ်ခံဒေသများသို့ စစ်တပ်နှင့် အရပ်သား ကယ်ဆယ်ရေးလုပ်သားများကို စေလွှတ်ထားပြီး သေဆုံးသူမှာ ပါကစ္စတန်တွင် ၂၅၃ ဦးရှိကာ၊ အာဖဂန်တွင် အနည်းဆုံး ၈၂ ဦးရှိနေသည်။ ထို့ပြင် ဒဏ်ရာရသူများမှာ ၂၀၀၀ ကျော်ရှိကာ၊ အဆောက်အဦးများ ပြိုကျပျက်ဆီးမှုလည်း များပြားသည်။

    Ref: Aljazeera

  • စပရက်တလေ ကျွန်းစုအနီးမှ အမေရိကန်စစ်သင်္ဘော မောင်းခြင်းမှာ ရန်စခြင်းဟု တရုတ်ပြော

    စပရက်တလေ ကျွန်းစုအနီးမှ အမေရိကန်စစ်သင်္ဘော မောင်းခြင်းမှာ ရန်စခြင်းဟု တရုတ်ပြော

    အောက်တိုဘာ ၂၇၊ ၂၀၁၅
    M-Media

    china

    – တောင်တရုတ်ပင်လယ်အတွင်း ပိုင်နက်အငြင်းပွားနေသာ စပရက်တလေကျွန်းစုတွင် တရုတ်က ဆောက်လုပ်နေသည့် ကျွန်းတု၏ အလွန်နီးကပ်သည့် နေရာမှ အမေရိကန်ရေတပ် သင်္ဘောတစ်စီး ယနေ့မနက်စောစောပိုင်းက ဖြတ်သန်းသွားခဲ့ပြီး တရုတ်နိုင်ငံကမူ အမေရိကန်၏ ထိုလုပ်ရပ်က မိမိတို့အား ရန်စခြင်းသာဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ပဲ့ထိန်းဒုံးဖျက် USS Lassen စစ်သင်္ဘောဖြစ်ပြီး အိမ်ဖြူတော်က ထိုကဲ့သို့ ဖြတ်သန်းသွားရန် ခွင့်ပြုခဲ့ခြင်းဖြစ်သည်ဟု အမည်မဖော်လိုသည့် အမေရိကန်အစိုးရ တာဝန်ရှိသူတစ်ဦးက AP သတင်းဌာနသို့ ပြောကြားခဲ့သည်။

    တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ယီကမူ အဆိုပါ အမေရိကန် စစ်သင်္ဘောအနေဖြင့် ကျွန်းစုမှ ၁၂ မိုင်ဇုန်အတွင်း ၀င်ရောက်ခဲ့ခြင်း ရှိ၊ မရှိကို အတည်ပြုရန် ကြိုးစားနေသည်ဟု ပြောကြားခဲ့သည်။

    “တကယ်အမှန်ဆိုရင်တော့ အမေရိကန်အနေနဲ့ အလုပ်မလုပ်ခင် ကြိုစဉ်းစားဖို့ ကျွန်တော်တို့ အကြံပေးလိုပါတယ်။ နမော်နမဲ့ ဒါမှမဟုတ် ဘာမဟုတ်တာအတွက် ပြဿနာရှာတာမျိုး မလုပ်ပါနဲ့”

    Ref: Aljazeera

  • မြန်မာနိုင်ငံက မွတ်စလင် မုန်းတီးရေး လှုံ့ဆော်မှု့  နောက်ကွယ်က လက်သည် အလ်ဂျာဇီးရား ဖော်ထုတ်

    မြန်မာနိုင်ငံက မွတ်စလင် မုန်းတီးရေး လှုံ့ဆော်မှု့ နောက်ကွယ်က လက်သည် အလ်ဂျာဇီးရား ဖော်ထုတ်

    အောက်တိုဘာ ၂၇ ၊ ၂၀၁၅
    M-Media
    မိုးဝေ တင်ဆက်သည်။

    Burma riots
    ၂၀၁၃ ခုနှစ် မတ်လ တွင်း ဖြစ်ပွားခဲ့သည့် မိထ္ထီလာမှ မွတ်စလင်များအား အကြမ်းဖက်မှု

    – မြန်မာနိုင်ငံမှာ မြင့်တက်လာတဲ့ မွတ်စလင်ဆန့်ကျင်ရေး သဘောထားတွေကို မြန်မာအစိုးရကိုယ်တိုင်က လှုံ့ဆော်ဖြန့်ချီနေတယ်လို့ စုံစမ်းရေးအဖွဲ့က ရရှိခဲ့တဲ့ စာရွက်စာတမ်း အထောက်အထားတွေကို ကိုးကားပြီး အလ်ဂျာဇီးရား သတင်းဌာနက ဖော်ထုတ်လိုက်ပါတယ်။

    အဲဒီအထောက်အထားတွေထဲက အထင်အရှားဆုံးနဲ့ အခိုင်လုံဆုံးကတော့ မြန်မာနိုင်ငံရဲ့ ရုံးစိုက်ရာမြို့တော် နေပြည်တော်မှာ ပြုလုပ်တဲ့ အစိုးရ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ လေ့ကျင့်သင်ကြားမှု အစီအစဉ်မှာ ထည့်သွင်း သင်ကြားတဲ့ သင်ခန်းစာ(presentation ) ပဲ ဖြစ်ပါတယ်။ အဲဒီသင်ခန်းစာကို သင်တဲ့သူက မွတ်စလင်တွေဟာ နိုင်ငံတစ်ခုလုံးနဲ့ ဗုဒ္ဓဘာသာကိုပါ ခြိမ်းခြောက်နေသူတွေအဖြစ် မြင်လာအောင် ဗိုလ်လောင်းတွေကို ပုံသွင်းပေးပါတယ်။

    “အမျိုးပျောက်မှာ စိုးကြောက်စရာ” ဆိုတဲ့ ခေါင်းစဉ်နဲ့ presentation ရဲ့ စာမျက်နှာတစ်ခုမှာလည်း အစ္စလာမ်က မြန်မာနိုင်ငံအပေါ် အန္တရာယ်ရှိပုံကို အသားပေး ဖော်ပြထားပြီး အထူးသဖြင့် “ဘင်္ဂါလီမွတ်စလင်တွေ” ရဲ့ ပရိယာယ်တွေကြောင့် “လူမျိုးပျောက်တော့မယ်” ဆိုပြီးလည်း လှုံ့ဆော်ထားပါတယ်။

    Genocide Agenda

    ဘင်္ဂါလီဆိုတဲ့ စကားလုံးဟာ ဘင်္ဂလားဒေ့ရှ်နယ်စပ်နဲ့ ကပ်နေတဲ့ ရခိုင်ပြည်နယ်မှာ နေထိုင်တဲ့ နိုင်ငံမဲ့ ရိုဟင်ဂျာတွေကို မြန်မာအစိုးရက ခေါ်ဝေါ်တဲ့ အသုံးအနှုန်းပါ။

    ဒီဘင်္ဂါလီတွေဟာ သူတို့ရဲ့ ဘာသာတရားကို ၀ါဒဖြန့်ဖို့ ပြည်သူတွေကြားထဲကို စိမ့်ဝင်ပြီး၊ သူတို့ရဲ့လူဦးရေကိုတော့ တရားမ၀င် ရွှေ့ပြောင်းဝင်ရောက်မှုနည်းလမ်းနဲ့ တိုးပွားစေတယ်လို့လည်း အဲဒီ presentation မှာ ဖော်ပြထားပါတယ်။ နောက်ပြီး ဘင်္ဂါလီ မွတ်စလင်တွေဟာ လူဖောက်သာသနာပြုတယ်လို့လဲ ထည့်သွင်းဖော်ပြထားပါသေးတယ်။

    ဒီဝါဒဖြန့်မှုတွေကတော့ မြန်မာနိုင်ငံမှာ ထင်ရှားတဲ့ နိုင်ငံခြားသားကြောက် စကားပုံ “မြေမျို၍ လူမျိုးမပျောက်၊ လူမျိုမှ လူမျိုးပျောက်မည်” ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရေးသားထားတာပါ။

    နောက်ခေါင်းစဉ်တစ်ခုအောက်မှာ မွတ်စလင်တွေဟာ အခွင့်အရေးရတိုင်း မြန်မာလူမျိုးတွေအပေါ် အခွင့်ကောင်းယူတယ်လို့ အခိုင်အမာ ဆိုထားပြန်ပါတယ်။ Presentation ရဲ့ နိဂုံးချုပ်မှာတော့ “ငါတို့ဟာ ငါတို့လူမျိုးနဲ့ ဘာသာတရားကို တတ်တနိုင်သလောက် ကာကွယ်ဖို့လိုအပ်တယ်။ အဲဒီလို မဟုတ်ရင်တော့ ဗုဒ္ဓဘာသာဟာ ပျောက်ကွယ်သွားလိမ့်မယ်လို့” ရေးသားပြီး အဆုံးသတ်ထားပါတယ်။

    စစ်တပ်မှာ ဒီလိုသင်ကြားမှုနဲ့ပတ်သက်ပြီး ယခင်စစ်တပ်အသိုင်းအ၀ိုင်းနဲ့ ထဲထဲဝင်ဝင်ရှိကာ နောက်ပိုင်းမှာ ခွာပြဲခဲ့တဲ့ ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်းက ဒီလိုမုန်းတီးမှုတွေ သင်ပေးတဲ့ ကောလိပ်ကို သိရှိပြီး ဒါတွေကို “စည်းရုံးရေး” ဆိုတဲ့ ခေါင်းစည်အောက်မှာ သင်ကြားတာလို့ ဆိုပါတယ်။

    “သူတို့ဟာ ၀ါဒဖြန့်ချီရေးသမားတွေကို မွေးပြီး ကောလဟာလတွေဖန်တီးကာ လူထုထဲ ဖြန့်ပါတယ်။ ဒီလိုနည်းနဲ့ပဲ တိုင်းပြည်က ဒီပေါ်လစီကို သူတို့က လွှမ်းမိုးချုပ်ကိုင်ထားတာပါပဲ” လို့ သူက ပြောခဲ့ပါတယ်။ နောက်ပြီး ဒီပေါ်လစီရဲ့ ရည်ရွယ်ချက်က ပြည်သူတွေကြားထဲမှာ သောကရောက်အောင်၊ အကြောက်တရားတွေ၊ အမုန်းတွေ ပြန့်နှံအောင်၊ ပဋိပက္ခတွေဖြစ်လာအောင် ဆောင်ရွက်တာဖြစ်တယ်လို့လည်း သူက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    အန္တရာယ်ရှိသော ၀ါဒဖြန့်မှု
    ————————-
    အထက်ကဖော်ပြခဲ့တဲ့ စာရွက်စာတမ်းတွေက မြန်မာမွတ်စလင်တွေဟာ ဗုဒ္ဓဘာသာဝင်တွေ အတွက် အန္တရာယ်ဖြစ်တယ်ဆိုတဲ့ အယူအဆမျိုး ပြန့်နှံ့လာစေဖို့ ရည်ရွယ်တာဖြစ်ပြီး အလ်ဂျာဇီးရားက နောက်ထပ်ရခဲ့တဲ့ လျှို့ဝှက် စာရွက်စာတမ်းတစ်ခုကတော့ ဒီအန္တရာယ်တွေဟာ အခုချက်ခြင်း ဖြစ်လာတော့မယ်ဆိုတဲ့ အယူအဆကို ပြန်နှံ့စေဖို့ ရည်ရွယ်ဖြန့်ဝေတာကို တွေ့ခဲ့ရပါတယ်။

    Genocide Agenda 2

    ၂၀၁၃ ခုနှစ်က အစိုးရတာဝန်ရှိသူတွေနဲ့ အုပ်ချုပ်ရေးဌာတွေကို ဖြန့်ဝေခဲ့တဲ့ ညွှန်ကြားချက်တစ်ခုမှာ ဗုဒ္ဓဘာသာဝင်တွေ အပေါ် မွတ်စလင်တွေရဲ့ အန္တရာယ်ရှိတဲ့ လုပ်ကြံမှုတစ်ခုကို တန်ပြန်ဖို့အတွက် “လိုအပ်တဲ့ ပြင်ဆင်မှုတွေ” ပြုလုပ်ထားဖို့ သတိပေးတိုက်တွန်းထားပါတယ်။

    အဲဒီ လုပ်ကြံမှုနဲ့ပတ်သက်ပြီး “မိတ်ဖက်အဖွဲ့” တစ်ခုက အသိပေးတာလို့ ညွှန်ကြားစာမှာ ရေးထားပေမယ့် မိတ်ဖက်အဖွဲ့ရဲ့ အမည်ကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။

    ရန်ကုန်မြို့က တစ်ခြမ်းပဲ့ဗလီမှာ ဇူလိုင်လက စီစဉ်ခဲ့တဲ့ အဲဒီအကြံအစည်ကို ၂၀၁၃ ခုနှစ် သြဂုတ်နဲ့ စက်တင်ဘာလမှာ မွတ်စလင်တွေက အကောင်အထည်ဖော်မယ်လို့ အစိုးရဲ့ ဒီညွှန်ကြားစာမှာ ရေးသားထားပါတယ်။

    အဲဒီအကြံအစည်ကတော့ ဗုဒ္ဓဘာသာဝင်တွေနဲ့ မွတ်စလင်တွေကြားမှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အဓိကရုန်းတွေဖြစ်လာဖို့ မွတ်စလင် မိဘမဲ့ကျောင်းက ကျောင်းသားတွေဟာ ဗုဒ္ဓဘာသာဝင်တွေ လက်မခံနိုင်တဲ့ ပုံစံမျိုးနဲ့ မိန်းကလေးငယ်တွေကို အရှက်တကွဲဖြစ်အောင် လုပ်မယ်။ အဲဒီနောက် အဓိကရုန်းဖြစ်တဲ့ အခါမှာ မွတ်စလင်တွေက သူတို့ရဲ့ အိမ်တွေကို မီးရှို့မယ်၊ ဒါတွေကို ဓာတ်ပုံ၊ ဗီဒီယိုရိုက်ပြီး ချက်ခြင်း ကမ္ဘာကိုဖြန့်ကာ ဗုဒ္ဓဘာသာဝင်တွေကို အသရေဖျက်မယ်၊ တကမ္ဘာလုံးရဲ့ စာနာမှုကို ရအောင်လုပ်မယ်လို့လည်း အစိုးရရဲ့ ဒီညွှန်ကြားချက်မှာ ဖော်ပြခဲ့ပါတယ်။

    ၂၀၁၁ ခုနှစ် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနောက်ပိုင်း မွတ်စလင်မုန်းတီးရေး လှုပ်ရှားမှုဟာ မြန်မာနိုင်ငံမှာ အားကောင်းလာပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ နိုင်ငံအတွင်းက လူ့အဖွဲ့အစည်းတွေ စိတ်ဝမ်းကွဲအောင် ဘာသာရေး၊ လူမျိုးရေးလှုံ့ဆော်မှုတွေကို အရေးယူရမယ်လို့ အတိအလင်း ပြဌာန်းထားပေမယ့် အစိုးရကတော့ တုပ်တုပ်တောင် မလှုပ်ခဲ့ပါဘူး။

    အဲဒီလို မွတ်စလင်မုန်းတီးရေး လှုံ့ဆော်မှုတွေကနေ တစ်ဆင့်တက်ပြီး ၂၀၁၂ ခုနှစ်ကစလို့ နိုင်ငံတစ်ဝှမ်း မွတ်စလင်တွေအပေါ် ပစ်မှတ်ထားတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ တောက်လျှောက် ဖြစ်လာခဲ့ပါတယ်။ အဲဒီလို အကြမ်းဖက်တိုက်ခိုက်မှုတွေ မဖြစ်ခင်မှာ တားဆီးလို့ရနိုင်တဲ့ အခြေအနေမျိုးတွေ ရှိခဲ့ပေမယ့် အစိုးရက မတားဆီးခဲ့တာ၊ ဖြစ်ပွားပြီးနောက်ပိုင်းလည်း အကြမ်းဖက်မှု ကျူးလွန်သူတွေကို ထိထိရောက်ရောက် အရေးယူမှု မရှိတာတွေကြောင့် ဒီလို တိုက်ခိုက်မှုတွေရဲ့ နောက်ကွယ်မှာ အစိုးရက ပါဝင်ပတ်သက်မှုရှိနေတယ်ဆိုတဲ့ စွပ်စွဲမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့ပါတယ်။

    မွတ်စလင်တွေအပေါ် ပစ်မှတ်ထားတဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေမှာ အစိုးရက ပါဝင် ပတ်သက်နေလားဆိုတာ မသေချာပေမယ့် မွတ်စလင်မုန်းတီးရေး လှုံ့ဆော်မှုမှာတော့ အစိုးရက နောက်ကွယ်ကနေ ကြိုးကိုင်နေတယ်ဆိုတာ အလ်ဂျာဇီးရားရဲ့ ဒီထုတ်ဖော်မှုက တစ်ဆင့် သိရှိရကြောင်းပါ။

    Ref: aljazeera
    ဗီဒီယို ကြည့်ရန်

  • ဟက်ထရစ်ရှင် ဆွာရက်ဇ်ကို ဘာကာနည်းပြ ချီးကျူး

    ဟက်ထရစ်ရှင် ဆွာရက်ဇ်ကို ဘာကာနည်းပြ ချီးကျူး

    အောက်တိုဘာ ၂၆၊ ၂၀၁၅
    M-Media

    baca

    – အသင်း၌ ပါဝင်ကစားခဲ့ရသည့် တစ်နှစ်တင်းတင်း ပြည့်သောအချိန်တွင် ဟက်ထရစ်သွင်းယူကာ အသင်းအနိုင်ရရှိရေးအတွက် ကူညီပေးခဲ့သည့် တိုက်စစ်မှူး ဆွာရက်ဇ်အား ဘာစီလိုနာနည်းပြ အန်းရစ်က ချီးကျူးပြောဆိုလိုက်သည်။

    ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၂၅ ရက်နေ့တွင် ဆွာရက်ဇ်မှာ အသင်းနှင့် ပွဲထွက်ခွင့်ရခဲ့ပြီး ယမန်နေ့က ကစားခဲ့သည့် အိုက်ဘာနှင့်ပွဲတွင်လည်း ဟက်ထရစ်သွင်းယူခဲ့ကာ ၁၀ ယောက်ကျန် ဘာစီလိုနာအား အနိုင် ၃ မှတ်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။

    “ဆွာရက်ဇ်ဟာ ကျွန်တော်တို့အတွက် အများကြီး ပေးဆပ်ခဲ့ပါတယ်။ သူပေးဆပ်ခဲ့တာတွေက တန်ဖိုးမဖြတ်နိုင်ပါဘူး။ ဂိုးစည်းထဲမှာ သူက ကျွန်တော်တို့ရဲ့ စွမ်းအားဖြစ်တယ်။ သူဟာ အစားထိုးလို့မရတဲ့ ကစားသမားတစ်ဦးပါ။ ပြီးတော့ ခံစစ်အတွက်လည်း သူက တော်တော်လေး အားကိုးရပါတယ်” ဟု အန်းရစ်က ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    Ref: Goal