News @ M-Media

Blog

  • စက်တင်ဘာလအတွင်း ပါလက်စတိုင်းပြည်သူ ၅၀၀ ကျော်ကို အစ္စရေးက မတရားဖမ်းဆီး

    စက်တင်ဘာလအတွင်း ပါလက်စတိုင်းပြည်သူ ၅၀၀ ကျော်ကို အစ္စရေးက မတရားဖမ်းဆီး

    အောက်တိုဘာ ၂၊ ၂၀၁၅
    M-Media

    plansi

    – ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ပါလက်စတိုင်းပိုင်နက်များဖြစ်သော အနောက်ဘက်ကမ်းနှင့် ဂါဇာကမ်းမြှောင်တို့တွင် အစ္စရေးစစ်သားများက ဖမ်းဆီးခဲ့သည့် ပါလက်စတိုင်းပြည်သူ အရေအတွက်မှာ ၅၆၂ ဦး ရှိသည်ဟု ပါလက်စတိုင်အကျဉ်းသားများအဖွဲ့ PPS က ပြောကြားလိုက်သည်။

    အစ္စရေး၏ မတရားဖမ်းဆီးမှုကို ခံခဲ့ရသူများနှင့် ၎င်းတို့၏မိသားစုများကို ကိုယ်စားပြုသော အဆိုပါ PPS အဖွဲ့မှာ ယမန်နေ့က သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ဂျေရုစလင်တွင် ဖမ်းဆီးခံရသူ ပါလက်စတိုင်းပြည်သူ အရေအတွက်မှာ ၂၉၄ ဦးရှိကာ အများစုမှာ ကလေးများဖြစ်သည်ဟု ဆိုသည်။

    ဂျူးအစွန်းရောက်များနှင့် အစ္စရေးစစ်သားများက ပါလက်စတိုင်းပိုင် အလ်-အက်ဆွာ ဗလီဝတ်ကျောင်းတော်သို့ ၀င်ရောက်ကျူးကျော်မှုများ တိုးမြှင့်ပြုလုပ်ပြီးနောက်ပိုင်း ထိုကဲ့သို့ အရေအတွက် အများအပြား ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ၎င်းတို့ထဲမှ အများစုကို အကျဉ်းထောင်သို့ ပေးပို့ခဲ့သည်ဟု PPS က ထည့်သွင်းပြောကြားခဲ့သည်။

    ဂျူးနှစ်သစ်ကူး Rosh Hashanah အားလပ်ရက်အတွက် အလ်-အက်ဆွာ ဗလီဝတ်ကျောင်းတော် အနီးတစ်ဝိုက်တွက် အစ္စရေးတပ်ဖွဲ့များ တပ်ဖြန့်ချထားပြီးနောက် စစ်သားများနှင့် ပါလက်စတိုင်းပိုင်နက်အတွင်းရှိ အစ္စရေးက ဆောက်လုပ်ထားသော တရားမ၀င်အိမ်ယာများတွင် နေထိုင်သူ ဂျူးများမှာ ဗလီဝတ်ကျောင်းတော်အတွင်းသို့ ၀င်ရောက်ကာ ပါလက်စတိုင်း ၀တ်ပြုသူများကို
    တိုက်ခိုက်ခဲ့ကြပြီး ပါလက်စတိုင်းနှင့် အစ္စရေးတို့အကြား တင်းမာမှုများ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

    ဂါဇာတွင်မူ အစ္စရေးစစ်သားများမှာ ငါးဖမ်းသမား ၄၀ ဦး အပါအ၀င် ပါလက်စတိုင်းပြည်သူ ၅၆ ဦးခန့်ကို ဖမ်းဆီးခဲ့သည်။ ငါးဖမ်းသမားများမှာ ပါလက်စတိုင်း ရေပိုင်နက်အတွင်း အစ္စရေးတို့၏ တိုက်ခိုက်မှုကို ခံခဲ့ရသည်။

    ထို့ပြင် ဟီဘရွန်ရှိ အလ်-ခါလီလ် ဒေသတွင်မူ ပါလက်စတိုင်းပြည်သူ ၇၅ ဦး ရာမာလာရှိ အလ်- ဘီရာဒေသတွင် ၃၈ ဦး၊ ဘက်သလီဟမ်တွင် ၃၂ ဦး၊ ဂျီနင်တွင် ၂၂ ဦး၊ နဘ်လုစ်တွင် ၂၀ ဦး၊ တူလ်ကာမ်တွင် ၈ ဦး၊ ဂျီရီချိုတွင် ၆ ဦး၊ တူဘက်စ်တွင် ၅ ဦး၊ ကွာလ်ကွီလ်ယာတွင် ၄ ဦးနှင့် ဆာလ်ဖစ်တွင် ၂ ဦး အသီးသီး ဖမ်းဆီးခံခဲ့ရသည်။

    အစ္စရေးအကျဉ်းထောင်များထဲတွင် ပါလက်စတိုင်းကလေးငယ် ၂၃၀ ဦး ရှိနေပြီး အခြေခံအခွင့်အရေးများကို ငြင်းပယ်ခံထားရကာ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှုများကို ခံနေရသည်ဟု PPS က ထည်သွင်းဖော်ပြခဲ့သည်။

    ပါလက်စတိုင်းအမျိုးသမီး ၂၅ ဦးကိုလည်း အစ္စရေးက ဖမ်းဆီးထားပြီး ၎င်းတို့ထဲမှ ၁၅ ဦးမှာ စက်တင်ဘာလအတွင်းမှာပင် အကျဉ်းထောင်သို့ ပို့ဆောင်ခံခဲ့ရသည်ဟု ဆိုသည်။

    အစ္စရေးအကျဉ်းထောင်နှင့် ထိန်းသိမ်းရေးစခန်း ၁၇ ခုတွင် ပါလက်စတိုင်းပြည်သူ ၇၀၀၀ ကျော် ရှိနေပြီး အများစုမှာ စွဲချက်မဲ့ မတရားဖမ်းဆီးခံထားရခြင်း ဖြစ်သည်။

    Ref: PressTV

  • ယခုနှစ် မြန်မာနိုင်ငံ၏ ဂျီဒီပီ ၁၀ ရာခိုင်နှုန်းတက်မည်

    ယခုနှစ် မြန်မာနိုင်ငံ၏ ဂျီဒီပီ ၁၀ ရာခိုင်နှုန်းတက်မည်

    အောက်တိုဘာ ၂၊ ၂၀၁၅
    M-Media

    myan

    – အာရှရှိ ဈေးကွက်ကြီးမားသည့် နိုင်ငံများတွင် စီးပွားရေးတိုးတက်မှုအတွက် ရုန်းကန်နေရသော်လည်း မြန်မာနိုင်ငံတွင် ယခု ဘဏ္ဏာရေးနှစ်၌ ဂျီဒီပီ ၁၀ ရာခိုင်နှုန်းအထိ မြင့်တက်မည်ဟု မြန်မာသမ္မတ ဦးသိန်းစိန်၏ စီးပွားရေးအကြံပေး ဦးအောင်ထွန်းသက်က ပြောကြားခဲ့သည်။

    CNBC သတင်းဌာနနှင့် အင်တာဗျူးတွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး ယခုနှစ် မတ်လမှ စတင်ခဲ့သည့် ဘဏ္ဏာရေးနှစ်တွင် အခြေခံအဆောက်ဦးများ ဖွံ့ဖြိုးလာခြင်းနှင့် နိုင်ငံခြားသားခရီးသွားများ မြင့်တက်လာခြင်းတို့ကြောင့် ဖြစ်သည်ဟု ဆိုသည်။ အာရှဖွံ့ဖြိုးရေးဘဏ်ကမူ မြန်မာနိုင်ငံ၏ ဂျီဒီပီမှာ ၇.၇ ရာခိုင်နှုန်း တက်မည်ဟု ခန့်မှန်းထားသည်။

    နိုင်ငံရပ်ခြားမှ တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုမှာ ယမန်နှစ်ကထက် ၂၅ ရာခိုင်နှုန်း မြင့်တက်လာမည်ဖြစ်ပြီး ကန်ဒေါ်လာ ၁၀ ဘီလီယံတန်ဖိုးအထိ ရောက်ရှိမည့် အလားအလာရှိသည်ဟု ဦးအောင်ထွန်းသက်က ထည့်သွင်းပြောကြားခဲ့သည်။

    “ရင်းနှီးမြှုပ်နှံသူတွေ တစ်ဖွဲဖွဲဝင်ရောက်လာတာကို ကျွန်တော်တို့ မြင်နေရပါတယ်။ အခြေခံအဆောက်အဦးလို ပုံမှန်လုပ်ငန်းတွေမှာသာမကဘဲ ၀န်ဆောင်မှုလုပ်ငန်းတွေနဲ့ ပညာရေးအခြေခံတဲ့ ကဏ္ဍတွေမှာလည်း ၀င်ရောက် လုပ်ကိုင်ကြပါတယ်။ ခရီးသွားလာရေးလုပ်ငန်းမှာလည်း ဖြစ်နိုင်ချေ တော်တော်များများကို ကျွန်တော်တို့ မြင်နေရပါတယ်”

    မြန်မာနိုင်ငံ၏စီးပွားရေးမှာ ရေနံနှင့် သဘာဝဓာတ်ငွေတို့အပေါ် အလွန်အမင်း မှီခိုနေရပြီ ကမ္ဘာ့ဈေးကွက်တွင် ဈေးကျနေခြင်းက နိုင်ငံကို ထိခိုက်နစ်နာစေနိုင်သည်။ သို့သော်လည်း မကြာသေးမီက ဖွင့်လှစ်ခဲ့သည့် သီလ၀ါအထူးစီးပွားရေးဇုန်က ကုန်ထုတ်လုပ်မှုလုပ်ငန်းအတွက် ကုမ္ပဏီများစွာကို စွဲဆောင်နိုင်မည်ဟု သမ္မတအကြံပေးက ထပ်လောင်းပြောကြားခဲ့သည်။

    မြန်မာနိုင်ငံအတွင်း ဆက်သွယ်ရေးစနစ်များ အလျင်အမြန် ကြီးထွားလာမှု၊ အခြားနိုင်ငံများနှင့် ဆက်သွယ်သည့် အမြန်လမ်းမများကလည်း နိုင်ငံ၏ စီးပွားရေး ပိုမိုကြီးထွားမှုအတွက် အထောက်အကူ ဖြစ်စေမည်ဖြစ်သည်။

    credit rating (အကြွေးပေးရန် စိတ်ချသည့် အဆင့်သတ်မှတ်ချက်) နှင့်ပတ်သက်၍လည်း နိုင်ငံတကာမှ ငွေချေးသူများနှင့် မြန်မာနိုင်ငံက ဆွေးနွေးမှုများ ပြုလုပ်နေပြီး အောင်မြင်ခဲ့ပါက၊ ရင်းနှီးမြှုပ်နှံသူများ ပိုမိုဝင်ရောက်လာမည်ဖြစ်သည်။

    ဦးအောင်ထွန်းသက်ကမူ မိမိတို့မှာ ဂျပန်နိုင်ငံ၏ ကူညီမှုဖြင့် ယခုနှစ်ကုန်ပိုင်းတွင် စတော့အိတ်ချိန်းဈေးကွက်ကိုလည်း ဖွင့်လှစ်သွားမည်ဟု ဆိုသည်။

    “ကျွန်တော်တို့ ဖြည်းဖြည်းချင်း စတင်ရမှာပါ။ ရည်ရွယ်ချက်ကတော့ ပြည်တွင်းငွေစုသူတွေကို ဆွဲဆောင်ဖို့နဲ့ သူတို့ရင်းနှီးမြှုပ်နှံနိုင်မယ့် ရင်းမြစ်ကို ပြပေးဖို့ပါပဲ”

    Ref: CNBC

  • မန်ယူနှင့်စာချုပ်ပြည်လျှင် ဗန်ဂါးလ် အနားယူတော့မည်

    မန်ယူနှင့်စာချုပ်ပြည်လျှင် ဗန်ဂါးလ် အနားယူတော့မည်

    အောက်တိုဘာ ၂၊ ၂၀၁၅
    M-Media

    mu

    – မိမိမှာ မန်ယူဂန္တ၀င်နည်းပြ ဖာဂူဆန်၊ အာဆင်နယ်မှ သက်တော်ရှည်နည်းပြ အာဆင်ဝင်းဂါးတို့နှင့် ပုံစံခြင်းမတူဘဲ မိမိ၏ကတိကို တည်သွားမည်ဟု မန်ယူနည်းပြ ဗန်ဂါးလ်က ယမန်နေ့တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

    ပြီးခဲ့သည့်ရာသီက မန်ယူသို့ ရောက်ရှိလာခဲ့သည့် ဗန်ဂါးလ်မှာ ၂၀၁၇ ခုနှစ် အသင်းနှင့် စာချုပ်ပြည့်လျှင် နည်းပြဘ၀မှ အနားယူသွားရန် အစီအစဉ်ရှိသည်ဟု ယခင်က ပြောကြာခဲ့ဖူးပြီး ထိုစကားအတိုင်း လုပ်ဆောင်သွားမည်ဟု ၎င်းက ဆိုသည်။

    “ကျွန်တော်က ဖြစ်ချင်တာတွေကို သတ်မှတ်ထားပါတယ်။ ကလပ်အသင်းတွေ နိုင်ငံအသင်းတွေက ကျွန်တော့်ကိုလိုချင်တဲ့အတွက် ကျွန်တော် အရမ်း ကံကောင်းပါတယ်။ အာဆင်ဝင်းဂါးနဲ့ ဖာဂူဆန်ကတော့ အခြားပုံစံတစ်မျိုးလို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်က အမြဲတမ်း များများလိုချင်တာပါ။ ကျွန်တော့်ရဲ့ ရည်မှန်းချက်တွေကို အမြဲတမ်း ပိုပိုသာသာချထားပါတယ်။ အခုလည်း အဲဒီလိုမျိုးပါပဲ။ ကျွန်တော်နားမှာပါ။ ကျွန်တော်ပြောတာကိုပဲ အမြဲတမ်း လုပ်ပါတယ်”

    Ref: Goal

  • တာလီဘန်များ အာဖဂန်မြောက်ပိုင်းဒေသများကို သိမ်းပိုက်

    တာလီဘန်များ အာဖဂန်မြောက်ပိုင်းဒေသများကို သိမ်းပိုက်

    အောက်တိုဘာ ၂၊ ၂၀၁၅
    M-Media

    afghan

    – အာဖဂန်မြောက်ပိုင်း မဟာဗျူဟာကျသည့် ကန်ဒက်ဇ်မြို့အား နေတိုးအဖွဲ့ အားပြုထားသည့် အာဖဂန်အစိုးရတပ်များ ပြန်လည်သိမ်းယူခဲ့ပြီးနောက် တာလီဘန်များမှာ မြောက်ပိုင်းပြည်နယ်များရှိ နယ်မြေများကို ထပ်မံသိမ်းယူနေကြသည်။

    ဘာဒက်ခ်ဟန်၊ ဘာ့ဂ်ဟ်လန်နှင့် တာခါရ်ပြည်နယ်များမှ အနည်းဆုံး ခရိုင်တစ်ခုစီကို တာလီဘန်တို့က သိမ်းယူနိုင်ခဲ့သည်ဟု ဆိုသည်။ အာဖဂန်အစိုးရကမူ ကန်ဒက်ဇ်မြို့အား ၆ နာရီကြာ တိုက်ခိုက်ခဲ့ပြီး ဗုဒ္ဓဟူးနေ့က မိမိတို့ ပြန်လည်သိမ်းယူနိုင်ခဲ့ကာ လုံခြုံရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိဟု ယမန်နေ့တွင် ကြေငြာခဲ့သည်။

    ပြည်ထဲရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဆီဒစ်က် ဆီဒ်ကီကမူ ကန်ဒက်ဇ်တိုက်ပွဲတွင် တာလီဘန် ၂၀၀ ခန့် သေဆုံးခဲ့ကြောင်း မိမိတို့မှာ ကန်ဒက်ဇ်မြို့တစ်ခုတည်းကိုသာ တိုက်ခိုက်သွားမည်မဟုတ်ဘဲ တာလီဘန်များ ထိန်းချုပ်ထားသည့် ဒေသများကိုလည်း ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Aljazeera

  • အမေရိကန်ကောလိပ်တွင် သေနတ်ပစ်မှုကြောင့် လူ ၁၀ ဦးသေဆုံး

    အမေရိကန်ကောလိပ်တွင် သေနတ်ပစ်မှုကြောင့် လူ ၁၀ ဦးသေဆုံး

    အောက်တိုဘာ ၂၊ ၂၀၁၅
    M-Media

    635793103457150409-Roseburg-News-Review-shooting-UCC

    – အမေရိကန်ပြည်ထောင်စု အော်ရီဂွန်ပြည်နယ် ရိုစီဘာ့ဂ်ရှိ Umpqua Community ကောလိပ်တွင် ယမန်နေ့က သေနတ်ဖြင့် ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၁၀ ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဒေသတာဝန်ရှိသူက ပြောကြားခဲ့သည်။

    သေနတ်ဖြင့်ပစ်ခတ်သူမှာ အသက် ၂၆ နှစ်အရွယ် ခရစ်ဟာဘာ မာဆာရ်ဆိုသူဖြစ်ပြီး စာသင်ခန်းထဲသို့ဝင်ရောက်ကာ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် ရဲတပ်ဖွဲ့နှင့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး သေနတ်သမားလည်း သေဆုံးခဲ့သည်။

    _85865311_88c8b19f-35b6-4475-83c4-68bd5ab2c3b5

    အိုဘားမားကမူ အမေရိကန်မှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအတွက် မည်သည်ကိုမှ မလုပ်နိုင်ဟု သတင်းထောက်များအား ဒေါသတကြီး ပြောကြားခဲ့ပြီး လက်နက်ထိန်းချုပ်မှုအတွက် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ သေဆုံးသွားသူများနှင့် ထိခိုက်ဒဏ်ရာရသူများအတွက် ၀မ်းနည်ကြောင်း ပြောကြားခဲ့သည်။

    ယခုနှစ်အတွင်း အမေရိကန်တစ်ဝှမ်း စာသင်ကျောင်းများနှင့် ကောလိပ်များ၌ သေနတ်ဖြင့်ပစ်ခတ်မှုမှာ ယခုအဖြစ်အပျက်နှင့် ဆိုလျှင် ၄၅ ခုမြောက် ရှိပြီဖြစ်သည်။

    Ref: Aljazeera