News @ M-Media

Blog

  • အားပေးစကားအတွက် ပရိသတ်များကို မက်ဆီ ကျေးဇူးတင်

    အားပေးစကားအတွက် ပရိသတ်များကို မက်ဆီ ကျေးဇူးတင်

    စက်တင်ဘာ ၂၉၊ ၂၀၁၅
    M-Media

    messi

    – မိမိ၏ ဒဏ်ရာရမှုအတွက် အားပေးစကားပြောကြားသူများကို အလွန်ကျေးဇူးတင်သည်ဟု ဘာစီလိုနာ တိုက်စစ်မှူး လီယွန်နယ်မက်ဆီက ပြောကြားလိုက်သည်။

    ပြီးခဲ့သည်စနေနေ့က လာလီဂါပွဲတွင် ဒူးဒဏ်ရာရရှိခဲ့သည့် မက်ဆီမှာ အနည်းဆုံး ၂ လခန့် အနားယူရမည်ဖြစ်ပြီး ယမန်နေ့က ဆိုရှယ်မီဒီယာမှတစ်ဆင့် ပရိတ်သတ်များအား ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

    “ကျွန်တော့်ကို အားပေးစကားပြောကြားတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဘောလုံးကို ချစ်မြတ်နိုးတဲ့ဘယ်သူမဆို အခက်ခဲဆုံးအရာက ကွင်းထဲမှာ မရှိတာပါပဲ။ အခုအချိန်မှာတော့ ကောင်းကောင်းမွန်မွန်ပြန်လာနိုင်ဖို့ အားမွေးရမယ့်အချိန်ပါ။ ကျေးဇူးအထူးတင်ပါတယ်”

    Ref: Goal

  • ချီကာဂိုတွင် မိသားစုတစ်စု သေနတ်ပစ်ခံရ

    ချီကာဂိုတွင် မိသားစုတစ်စု သေနတ်ပစ်ခံရ

    စက်တင်ဘာ ၂၉၊ ၂၀၁၅
    M-Media

    chicago

    – အမေရိကန်ပြည်ထောင်စု အီလီနွိုက်စ်ပြည်နယ် ချီကာဂိုမြို့တွင် သေနတ်ပစ်မှုတစ်ခု ယမန်နေ့ညပိုင်းတွင် ဖြစ်ပွားခဲ့ပြီး အမျိုးသမီးနှစ်ဦး သေဆုံးခဲ့သည်ဟု သိရသည်။

    သေဆုံးသွားသူများမှာ ကိုယ်ဝန်ဆောင်ထားသည့် အမျိုးသမီးတစ်ဦးနှင့် အသက် ၁၁ လအရွယ် ကလေးငယ်တစ်ဦး၏ အဖွားဖြစ်ပြီး၊ ထိုကလေးငယ်နှင့်အတူ အခြား အမျိုးသားနှစ်ဦးမှာလည်း ဒဏ်ရာရခဲ့သည်။

    ၎င်းတို့မိသားစုမှာ အပျော်ခရီးမှ ပြန်လာပြီး ပါကင်ထိုးထားသောကားမှ မိသားစုလိုက် ထွက်လာစဉ် အမည်မသိသူများက ကားတစ်စီးဖြင့် လာရောက် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ အသက် ၂၅ နှစ်အရွယ်ရှိ အမျိုးသားနှစ်ဦးတွင် တစ်ဦးမှာ ခြေထောက်နှင့် တစ်ဦးမှာ ၀မ်းဗိုက်တို့အား သေနတ်မှန်ခဲ့ပြီး ကလေးငယ်မှာလည်း ပုံမှန်အနေအထား ရှိနေပြီဟု ၎င်းတို့က ထည့်သွင်းပြောကြားခဲ့သည်။

    ချီကာဂိုတွင် သေနတ်ပစ်မှုမှာ ပုံမှန်လိုလို ဖြစ်ပွားနေပြီး ယမန်နှစ်က ယခုအချိန်နှင့် နှိုင်းယှဉ်ပါက သေနတ်ပစ်ခတ်မှုမှာ ၂၀ ရာခိုင်နှုန်း တိုးလာသည်ဟု ရာဇ၀တ်မှု မှတ်တမ်းများအရ သိရသည်။

    Ref: PressTV

  • စတားရစ်ဂ်ျက အသင်းအတွက် အရေးပါသည်ဟု လီဗာပူးလ်နည်းပြပြော

    စတားရစ်ဂ်ျက အသင်းအတွက် အရေးပါသည်ဟု လီဗာပူးလ်နည်းပြပြော

    စက်တင်ဘာ ၂၉၊ ၂၀၁၅
    M-Media

    liver

    – မိမိတို့အသင်း ချန်ပီယံလိဂ် ၀င်ခွင့်ရရန် ကြိုးပမ်းမှုအတွင်း ကွင်းလယ်လူ စတားရစ်ဂ်ျက ထူးခြားမှုများ ယူဆောင်လာပေးမည်ဟု လီဗာပူးလ်နည်းပြ ရော်ဂျာက ပြောကြားလိုက်သည်။

    ပြီးခဲ့သည့်ရာသီက ဒဏ်ရာကြောင့် အနားယူခဲ့ရသည့် စတားရစ်ဂ်ျမှာ ယခုနှစ် ၎င်း၏ ဒုတိယပွဲဖြစ်သော အက်စတွန်ဗီလာနှင့်ပွဲတွင် ခြေစွမ်းပြကာ အသင်းအတွက် ၂ ဂိုး သွင်းယူပေးခဲ့သည်။ ရော်ဂျာကမူ စတားရစ်ဂ်ျအား ဒဏ်ရာအနာတရမရဘဲ အသင်းအတွက် အဆုံးအဖြတ်ဖြစ်ရန် မျှော်လင့်နေသည်။

    “သူ့လိုကစားသမားမျိုးဟာ ထူးခြားမှုတွေ လုပ်နိုင်ပါတယ်။ သူနောက်ဆုံးကစားခဲ့တဲ့ပွဲ (ဖေဖော်ဝါရီက စပါးနှင့်ပွဲ) ပြီးတဲ့နောက်ပိုင်း ကျွန်တော်တို့ ၃ ဂိုး မသွင်းနိုင်ခဲ့ပါဘူး။ ပွဲတွေနိုင်ဖို့နဲ့ အဆင့်လေးနေရာဝင်ရေး ယှဉ်ပြိုင်ဖို့ သူက ကြီးမားတဲ့ အခွင့်အလမ်းကို ဖြစ်စေပါတယ်။ သူဟာ ထူးခြားတဲ့၊ ပါမီရှိတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး၊ အခုတော့ သူကြံ့ခိုင်နေဖို့ မျှော်လင့်ပါတယ်”

    Ref: Goal

  • ထိုင်ဝမ်တွင် မုန်တိုင်းကြောင့် လူ ၂ ဦး သေဆုံး

    ထိုင်ဝမ်တွင် မုန်တိုင်းကြောင့် လူ ၂ ဦး သေဆုံး

    စက်တင်ဘာ ၂၉၊ ၂၀၁၅
    M-Media

    taiwan

    – ထိုင်ဝမ်ကျွန်းတွင် အင်အားပြင်းထန်သည့် တိုင်ဖုန်းမုန်တိုင်းတစ်ခု ယမန်နေ့က တိုက်ခတ်ခဲ့သောကြောင့် အနည်းဆုံး လူ ၂ ဦး သေဆုံးခဲ့ပြီး ၃၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်ဟု အာဏာပိုင်များက ယနေ့တွင် ပြောကြားလိုက်သည်။

    လေတိုက်နှုန်းမှာ တစ်နာရီလျှင် ၂၂၇ ကီလိုမီတာ ရှိခဲ့ပြီး မုန်တိုင်းကြောင့် လူဦးရေ ၁.၈ သန်းမှာ လျှပ်စစ်ဓာတ်အား ရရှိခြင်းမရှိဘဲ သစ်ပင်များ အမြစ်မှကျွတ်ထွက်ကာ ထိုင်ဝမ်ကျွန်းတစ်ဝိုက်တွင် မြေပြိုမှုများလည်း ဖြစ်ပွားခဲ့သည်။

    မြို့တော်ထိုင်ပေ အပြင်ဘက်တွင် ရွံ့နွံများကြောင့် လမ်းများ ပိတ်ဆို့နေပြီး မုန်တိုင်းမတိုက်ခင် လူပေါင်း ၁၂၀၀၀၀ ခန့်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့သည်ဟု အာဏာပိုင်များက ဆိုသည်။ လူပေါင်း ၃၀၀၀ ခန့်ကို ယာယီ ကယ်ဆယ်ရေးစခန်းများတွင် နေရာချထားပေးထားသည်။

    Ref : PressTV

  • ပက်ကွီအိုနှင့် အမီးရ်ခန်းတို့ လာမည့်နှစ်တွင် ထိုးသတ်ရန် အလားအလာရှိနေ

    ပက်ကွီအိုနှင့် အမီးရ်ခန်းတို့ လာမည့်နှစ်တွင် ထိုးသတ်ရန် အလားအလာရှိနေ

    စက်တင်ဘာ ၂၉၊ ၂၀၁၅
    M-Media

    – လာမည့်နှစ်ဆန်းတွင် လက်ဝှေ့ကြိုးဝိုင်းအတွင်းသို့ ပြန်လည်ဝင်ရောက်မည့် ပက်ကွီအို၏ ပြိုင်ဘက်မှာ အမီးရ်ခန်းဖြစ်လိမ့်မည်ဟု ပက်ကွီအို၏ ပွဲစီစဉ်သူ ဘော့ဘ် အေရမ်က ပြောကြားလိုက်သည်။

    မေ၀ယ်သာအား ရှုံးနိမ့်ခဲ့ပြီးကတည်းက ပက်ကွီအိုမှာ အမီးရ်ခန်းအား ၎င်း၏ အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် ဗြိတိန်လက်ဝှေ့ကျော်၏ ဦးလေး၊ ရှေ့နေတို့နှင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေသည်ဟု အေရမ်က ထည့်သွင်းပြောကြားခဲ့သည်။

    ခန်းမှာ မေ၀ယ်သာ၏ လက်ဝှေ့သမားဘ၀ နောက်ဆုံးပွဲတွင် ထိုးသတ်ရန် ဆန္ဒရှိခဲ့သော်လည်း မေ၀ယ်သာက လက်မခံဘဲ အန်ဒရေဘာတိုကိုသာ ရွေးချယ်ကာ အနိုင်ထိုးသက်ခဲ့သည်။ ပုခုံးဒဏ်ရာမှ ပြန်ကောင်းလာမည့် ဖိလစ်ပိုင်လက်ဝှေ့ကျော် ပက်ကွီအိုနှင့် အမီးရ်ခန်းတို့ ထိုးသတ်ဖြစ်ပါက လာမည့်နှစ် ဖေဖော်ဝါရီ သို့မဟုတ် ဧပြီလတွင် ဖြစ်လာနိုင်ဖွယ်ရှိနေသည်။

    ပက်ကွီအိုအတွက် ထိုပွဲမှာ နောက်ဆုံးဖြစ်မည်ဖြစ်ပြီး ထို့နောက်ပိုင်းတွင် နိုင်ငံရေးလောကထဲသို့ ၀င်ရောက်တော့မည်ဖြစ်သည်။

    Ref: Dailymail