စက်တင်ဘာ ၂၉၊ ၂၀၁၅
M-Media
– အတိုးနှုန်းနိမ့်ပါးမှု ကြာရှည်နေခြင်းကြောင့် ကမ္ဘာ့ဘဏ္ဏာရေးဈေးကွက်မှာ ကမောက်ကမဖြစ်မည့် အန္တရာယ် ရှိနေသည်ဟု နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF က ယမန်နေ့တွင် ထုတ်ပြန်ခဲ့သည့် နှစ်ဝက်အစီရင်ခံစာတွင် သတိပေးလိုက်သည်။
ရှယ်ယာဈေးကွက်များ၊ ငွေတိုက်စာချုပ်များ၊ ငွေကြေးများမှာ ရောင်းနိုင်၊ ၀ယ်နိုင်ကာ ငွေဖြစ်လွယ်သော်လည်း လက်ရှိ ဈေးကွက်အခြေအနေမျိုးတွင် ပျက်သုံးသွားရန် လွယ်ကူပြီး ဘဏ္ဍာရေးဈေးကွက် တည်ငြိမ်မှုကို ပျက်ဆီးစေနိုင်သည်ဟု အဆိုပါ အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြခဲ့သည်။
“ဒီလိုငွေဖြစ်လွယ်မှု ပျက်သုံးသွားနိုင်တဲ့ အခြေအနေမျိုးအတွက် ဗဟိုဘဏ်တွေနဲ့ ဘဏ္ဍာရေး စီမံခန့်ခွဲသူတွေက ပြင်ဆင်ထားဖို့ပါတယ်။ ဘဏ္ဏာရေးဈေးကွက်က ငွေဖြစ်လွယ်မှု အဆင့်ဟာ ပိုင်ဆိုင်မှုပုံစံမျိုးတွေထဲမှာ သိသိသာသာ ကျသွားတာမျိုးတော့ တွေ့ရလေ့ မရှိပါဘူး။ ဒါပေမယ့် အတိုးနှုန်း နိမ့်နေတာက ဒါတွေရဲ့ ခုခံနိုင်စွမ်းကို တစ်ဖြည်းဖြည်း ပြိုဆင်းလာစေပါတယ်”
Ref: Channelnewsasia


Leave a Reply
You must be logged in to post a comment.