စက်တင်ဘာ ၃၀၊ ၂၀၁၅
M-Media
– ယနေ့မနက်က အိုလံပီယာကော့စ်နှင့်ပွဲတွင် အာဆင်နယ်အသင်း၏ ဂိုးနေရာ၌ အရန်ကစားသမား ဒေးဗစ်အော့စ်ပီနာအား ထည့်သွင်းခဲ့ခြင်းမှာ အာဆင်ဝင်းဂါး၏ မဟာအမှားဟု ဂန္တ၀င်ကစားသမားဟောင်း အီယန် ရွိုက်က ဝေဖန်ပြောကြားလိုက်သည်။
အီမရိတ်၌ ကစားခဲ့သည့် ထိုပွဲတွင် အာဆင်နယ်က ၃ ဂိုး ၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး အာဆင်နယ်ပေးရသည့်ုဒုတိယဂိုးမှာ အော့စ်ပီနာမသေသပ်၍ ပေးခဲ့ရခြင်းဖြစ်သည်။ ထိုပွဲအရှုံးကြောင့် ၂ ပွဲကစား ၂ ပွဲစလုံးရှုံးနိမ့်ကာ အာဆင်နယ်မှာ နောက်တစ်ဆင့်တက်ရေးအတွက် ရုန်းကန်ရတော့မည်ဖြစ်သည်။
“ပွဲအစကတည်းက အော့စ်ပီနာအတွက် ကျွန်တော် စိုးရိမ်ခဲ့တာပါ။ ဘာ့ကြောင့်လည်းဆိုတော့ နောက်ခံအလယ်လူနှစ်ယောက်က ရှိသင့်တဲ့ ယုံကြည်မှုမျိုးမှ မရှိတာ။ ကျွန်တော့်အတွက်တော့ သူဟာ တစ်ခုခုကို တွေးနေသလိုပါပဲ။ အနိုင်ကစားရမယ့်ပွဲမှာ အမြဲတမ်းမကစားရတဲ့ အော့စ်ပီနာကို ဘယ်လိုထည့်လို့ရမှာလဲ။ ဒီအတွက် နည်းပြကို မေးခွန်းထုတ်ရပါမယ်။ ဒါဟာ မဟာအမှားလို့
ကျွန်တော်ထင်ပါတယ်” ဟု ရွိုက်က ပြောကြားခဲ့သည်။
Ref: Goal


Leave a Reply
You must be logged in to post a comment.