စက်တင်ဘာ ၃၀၊ ၂၀၁၅
M-Media
– မြန်မာအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား အပစ်ရပ်ရေး ဆွေးနွေးမှုမှာ ပျက်ပြယ်သွားပြီဟု ဘန်ကောက်ပို့စ် သတင်းဌာနက ယနေ့တွင် ဖော်ပြခဲ့သည်။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၈ ဖွဲ့နှင့် ချင်းမိုင်မြို့တွင် ပြုလုပ်နေသည့် အဆိုပါ ဆွေးနွေးမှုတွင် မြန်မာအစိုးရက ကိုးကန့်နယ်စပ်ဒေသ၌ တိုက်ခိုက်နေသည့် အဖွဲ့ ၃ ဖွဲ့နှင့် အပစ်ရပ်ရေး ထပ်မံသက်တမ်းတိုးရန် ငြင်းဆန်ခဲ့ပြီးနောက် ပျက်ပြယ်သွားခြင်းဖြစ်သည်ဟု ဆိုသည်။
တိုင်းရင်းသား လက်နက်ကိုင် ၁၈ ဖွဲ့တွင် ၁၀ ဖွဲ့က အပစ်ရပ်ရေး သဘောတူညီချက်ကို လက်မှတ်မထိုးဘဲ ၎င်းတို့၏ နောက်ဆုံး ဆုံးဖြတ်ချက်ဟု ပြောကြားခဲ့ကြောင်း Myanmar Times သတင်းစာက ဖော်ပြခဲ့သည်။
ထိုအပစ်ရပ်ရေး ဆွေးနွေးမှုမှာ သမ္မတဦးသိန်းစိန်အစိုးရ၏ အဓိက ဆောင်ရွက်မှုဖြစ်ပြီး လွန်ခဲ့သည့် လေးနှစ်တာလုံးလုံး ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။
Ref: Bangkokpost


Leave a Reply
You must be logged in to post a comment.