News @ M-Media
Blog
  • ဗြိတိန် နံပါတ် ၁ နေရာကို လက်လွှတ်လိုက်ရတဲ့ တင်းနစ်မယ် ၀ပ်စတန်
    ဗြိတိန် နံပါတ် ၁ နေရာကို လက်လွှတ်လိုက်ရတဲ့ တင်းနစ်မယ် ၀ပ်စတန်
    စက်တင်ဘာ ၂၈၊ ၂၀၁၅
    M-Media
    heather
    – တရုတ်နိုင်ငံတွင် ကျင်းပပြုလုပ်နေသည့် Whan Open တင်းနစ်ပြိုင်ပွဲ ပထမအဆင့်တွင် ရှုံးနိမ့်ခဲ့သည့် နာမည်ကြီး တင်းနစ်မယ် ဟီသာ ၀ပ်ဆန်မှာ ဗြိတိန် နံပါတ် ၁ နေရာကို စွန့်လွန်လိုက်ရပြီဖြစ်သည်။
    ပြီးခဲ့သည့်တစ်ပတ်က ပြုလုပ်ခဲ့သည့် ကိုရီးယားအိုးပင်း တင်းနစ်ပြိုင်ပွဲတွင်လည်း ၀ပ်စတန်မှာ ပထမအဆင့်ကပင် ထွက်ခဲ့ရသည်။
    Ref: Dailymail
  • မီနာလူအုပ်တိုးဝှေ့မှုအတွင်း ကွယ်လွန်သူများ၏ ရုပ်ကလပ်များကို လိုချင်ပါက ဆော်ဒီ ပြန်ပို့ပေးမည်
    မီနာလူအုပ်တိုးဝှေ့မှုအတွင်း ကွယ်လွန်သူများ၏ ရုပ်ကလပ်များကို လိုချင်ပါက ဆော်ဒီ ပြန်ပို့ပေးမည်
    စက်တင်ဘာ ၂၈၊ ၂၀၁၅
    M-Media
    meccan
    – ပြီးခဲ့သည့် ကြာသာပတေးနေ့က မက္ကာမြို့အပြင်ဘက် မီနာတွင် ဟဂ်ျကျင့်စဉ်အတွင်း လူတိုးဝှေ့မှုကြောင့် ကွယ်လွန်သွားသူများကို မက္ကာမြို့ရှိ သုဿာန် ၆ ခု၌ မြှုပ်နှံသင်္ဂြိုဟ်သွားမည်ဟု ပြန်ကြားရေးအကြီးအကဲ အိုစာမာ ဇေတွန်က ပြောကြားခဲ့သည်။
    အဆိုပါ လူအုပ်တိုးဝှေ့မှုကြောင့် ကွယ်လွန်သွားသူများမှာ ၇၆၉ ဦးရှိပြီး မိသားစုများက ရုပ်ကလပ်ကို ဇာတိမြေတွင် မြှုပ်နှံချင်ပါက ဆော်ဒီအစိုးရက အလောင်းပေးပို့ကာ လိုအပ်သည်များကို ကူညီပေးသွားမည်ဖြစ်ပြီး ကျန်ရှိသည့် ရုပ်ကလပ်များကိုမူ ကျန်ရစ်သူများ၏ ခွင့်ပြုချက်ဖြင့် မက္ကာမြို့တွင် သင်္ဂြိုဟ်ပေးမည်ဖြစ်သည်။
    Ref: Arabnews
  • ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို မြှင့်တင်ပေးမည့် ကိုယ်စားလှယ်လောင်းများကို မဲပေးကြရန် ကာဒီနယ် ချားလ်စ်မောင်ဘို တိုက်တွန်း
    ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို မြှင့်တင်ပေးမည့် ကိုယ်စားလှယ်လောင်းများကို မဲပေးကြရန် ကာဒီနယ် ချားလ်စ်မောင်ဘို တိုက်တွန်း
    စက်တင်ဘာ ၂၈၊ ၂၀၁၅
    M-Media
    charles
    – မကြာမီအချိန်ကာလအတွင်း ကျင်းပပြုလုပ်တော့မည့် မြန်မာနိုင်ငံ၏ သမိုင်းဝင်ရွေးကောက်ပွဲတွင် နိုင်ငံသားများအနေဖြင့် ဒီမိုကရေစီယဉ်ကျေးမှု၊ လူ့အခွင့်အရေးနှင့် အမျိုးသားရင်ကြားစေ့ရေးကို မြှင့်တင်ဆောင်ရွက်ပေးမည့် ကိုယ်စားလှယ်လောင်းများ၊ ပါတီများကိုသာ ရွေးချယ်ကြရန် ပုပ်ရဟန်းမင်းကြီး၏ ကာဒီနယ် ဆရာတော် ချားလ်စ်မောင်ဘိုက တိုက်တွန်းပြောကြားလိုက်သည်။
    “မြန်မာနိုင်ငံသားများသို့” ဆိုသည့် ခေါင်းစဉ်ဖြင့် ရေးသားထားသော ဆရာတော်၏ မေတ္တာရပ်ခံ ပန်ကြားလွှာတွင် မြန်မာပြည်သူများအနေဖြင့် လာမည့် နိုဝင်ဘာ ၈ ရက်နေ့တွင် ပြုလုပ်မည့် ရွေးကောက်ပွဲအား စစ်မှန်သော ဒီမိုကရေစီကျင့်သုံးမှု ဖြစ်အောင် ဆောင်ရွက်ရန် လိုအပ်သည်ဟု ဖော်ပြထားပြီး၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ခရီးမှာ ခက်ခဲရှည်ကြာမည်ဟု ဆိုသည်။
    “မဲပေးတယ်ဆိုတာ ဒီမိုကရေစီရဲ့ အခြေခံအခွင့်အရေးပါ။ ဒီတာဝန်ကို ရွေးကောက်ပွဲမှာ ဖြည့်ဆည်းပေးကြပါ။ မဲရုံတွေဆီ သွားကြပါ။ မှန်ကန်တဲ့ ကိုယ်စားလှယ်တွေကို ရွေးချယ်မဲပေးကြပါ” ဟု မြန်မာနိုင်ငံမှ ခရစ်ယာန်ကက်သလစ် ဂိုဏ်းချုပ်ဆရာတော် ချားလ်စ်မောင်ဘိုက စက်တင်ဘာ ၂၄ ရက်နေ့တွင် ထုတ်ပြန်သည့် ထိုပန်ကြားလွှာ၌ တိုက်တွန်းခဲ့သည်။
    “ဒီရွေးကောက်ပွဲဟာ နိုင်ငံအတွက် တကယ့် အခွင့်အလမ်းကြီးပါ။ ငြိမ်းချမ်းမှုနဲ့ သာယာဝပြောမှုဟာ လွပ်လပ်ပြီး၊ တရားမျှတတဲ့ ရွေးကောက်ပွဲရဲ့ အသီးအပွင့်တွေ ဖြစ်ပါတယ်”
    ထိုပန်ကြားလွှာ မထုတ်ပြန်ခင်တစ်ရက်က ဆရာတော်ချားလ်စ်မှာ UCANEWS သို့ ပြောကြားရာတွင် ယခုရွေးကောက်ပွဲမှာ ပြောင်းလဲဖို့လိုအပ်နေသည့် နိုင်ငံအတွက် အလွန်အရေးကြီးသည့်အချိန် ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် အသိဥာဏ်ရှိရှိ မဲပေးကြရန် မိမိအနေဖြင့် တိုက်တွန်းချင်ကြောင်း ပြောကြားခဲ့သည်။
    “အာဏာရှင်ဟောင်းတွေ သတ်မှတ်ခဲ့တဲ့ စနစ်က ဘာပြောင်းလဲမှုမှ ဖြစ်မလာပါဘူး။ ဒါ့ကြောင့် ပြည်သူတွေဟာ ဘယ်သူက စစ်မှန်တဲ့အပြောင်းအလဲကို ယူဆောင်လာနိုင်လဲဆိုတာ သတိထားဖို့ လိုပါတယ်”
    ဆရာတော်ချားလ်စ်မှာ ယခင်က နိုင်ငံသားဖြစ်ခွင့်နှင့် အခြေခံလူမှုဝန်ဆောင်မှုများကို ငြင်းပယ်ခြင်းခံထားရသည့် ရိုဟင်ဂျာများ၏ ကိစ္စအပါအ၀င် မြန်မာနိုင်ငံအတွင်းရှိ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို ပွင့်ပွင့်လင်းလင်း ဝေဖန်ပြောဆိုခဲ့ဖူးသည်။
    ယခုထုတ်ပြန်လိုက်သည့် ပန်ကြားလွှာတွင် ဆရာတော်က ကိုယ်စားလှယ်လောင်းများကို မှတ်ကျောက်တင်ရန် လမ်းညွှန်ချက် ၁၀ ခုကိုလည်း ဖော်ပြထားသည်။ ထိုလမ်းညွှန်ချက်များတွင် “မတူညီသော တိုင်းရင်းသားလူမျိုးစုများ၊ ဘာသာတရားများ” နှင့်အတူ အလုပ်လုပ်နိုင်သည့် စွမ်းရည်နှင့် နိုင်ငံ၏ သဘာဝ သယံဇာတများကို နိုင်ငံခြား အင်အားကြီးနိုင်ငံများ၏ လက်ဝါးကြီးအုပ်ခြင်းမှ ကာကွယ်ပေးနိုင်သည့် စွမ်းရည်တို့ပါဝင်သည်။
    ထိုလမ်းညွှန်ချက်များမှ အချို့ကို လက်ရှိအစိုးရအား တိုက်ခိုက်မှုအဖြစ် သမုတ်နိုင်သော်လည်း မိမိအနေဖြင့် နိုင်ငံ၏ အခြေအနေအမှန်ကိုသာ ပွင့်ပွင့်လင်းလင်း ပြောကြားရန် လိုအပ်သည်ဟု အင်တာဗျူးတွင် ဆရာတော်က ထည့်သွင်းပြောကြားခဲ့သည်။
    အသက် ၆၇ နှစ်အရွယ် ရှိပြီဖြစ်သည့် ဆရာတော်ချားလ်စ်က မိမိတို့ ကက်သလစ်အသင်းတော်မှာ ဘာသာဝင်များကို လမ်းညွှန်မှုပေးခြင်း၊ လက်ကမ်းစာဆောင်များ ဝေငှခြင်းဖြင့် နိုင်ငံအား ကူညီနိုင်မည်ဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
    Ref: radiovaticana
  • တောမီးလောင်မှုအတွက် နိုင်ငံတကာမှ အကူအညီကို တံခါးဖွင့်ထားဟု အင်ဒိုပြော
    တောမီးလောင်မှုအတွက် နိုင်ငံတကာမှ အကူအညီကို တံခါးဖွင့်ထားဟု အင်ဒိုပြော
    စက်တင်ဘာ ၂၈၊ ၂၀၁၅
    M-Media
    indo
    – နိုင်ငံအတွင်း ဖြစ်ပွားနေသည့် တောမီးလောင်မှုအား တွန်းလှန်ရန်အတွက် စင်ကာပူအပါအ၀င် မည်သည့်နိုင်ငံမှ ကူညီမှုများကိုမဆို မိမိတို့က တံခါးဖွင့်ထားသည်ဟု အင်ဒိုနီးရှား ဒုတိယသမ္မတ ဂျူဆွဖ် ကာလ်လာက နယူးယောက်တွင် ယမန်နေ့က ပြုလုပ်ခဲ့သော ထိပ်သီးအစည်းအဝေးတွင် ပြောကြားခဲ့သည်။
    မိမိတို့မှာ အဆိုပါ တောမီးလောင်မှုအား ငြှိမ်းသက်ရန်အတွက် အစွမ်းကုန်ကြိုးစားနေသော်လည်း နိုင်ငံအတွင်း ခြောက်သွေ့မှုနှင့် လေတိုက်နှုန်းကြောင့် အချိန်တိုတိုအတွင်း ဖြေရှင်းရန်မှာ အခက်အခဲတွေ့နေသည်ဟုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
    အဆိုပါ တောမီးကြောင့် မီးခိုးများမှာ အိမ်နီးချင်း စင်ကာပူနှင့် မလေးရှားနိုင်ငံများအထိ ရောက်ရှိနေပြီး လေထုညစ်ငြမ်းမှုမှာ အန္တရာယ်ရှိသည့်အဆင့်အထိ ဖြစ်ပေါ်နေသည်။ တောမီးလောင်မှုအတွက် အင်ဒိုနီးရှား၏ ကိုင်တွယ်ပုံကို စင်ကာပူက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။
    “လာကြပါ။ ကျွန်တော်တို့ တံခါးဖွင့်ထားပါတယ်။ စင်ကာပူကလည်း ဒါကို တွေ့မြင်နိုင်ပါတယ်။ စင်ကာပူရေ- ခင်ဗျားတို့ ကူညီချင်ရင် လာခဲ့ပါ။ စကားတွေပဲ ပြောမနေပါနဲ့” ဟု ကာလ်လာက ဖိတ်ခေါ်ခဲ့သည်။
    Ref: hannelnewsasia
  • ဂျူဗင်တပ်စ်၏ အမှတ်သညာကို ပြန်လည်ရှာဖွေရမည်ဟု ဂိုးသမား ဘူဖွန်ပြော
    ဂျူဗင်တပ်စ်၏ အမှတ်သညာကို ပြန်လည်ရှာဖွေရမည်ဟု ဂိုးသမား ဘူဖွန်ပြော
    စက်တင်ဘာ ၂၈၊ ၂၀၁၅
    M-Media
    buffon
    – ရာသီသစ်တွင် ဆိုးရွားသည့် အခြေအနေများနှင့် ကြုံတွေ့နေရသည့် မိမိတို့အသင်း ပြန်လည် ဦးမော့လာရန်အတွက် မိမိတို့၏ အမှတ်သညာကို ပြန်လည်ရှာဖွေရမည်ဟု ဂျူဗင်တပ်စ်အသင်း၏ ၀ါရင့်ဂိုးသမား ဘူဖွန်က ပြောကြားလိုက်သည်။
    လက်ရှိ စီးရီးအေချန်ပီယံ ဂျူဗီမှာ စနေနေ့က အဝေးကွင်းတွင် နာပိုလီအသင်းအား ၂ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး ယခုနှစ်တွင် ၃ ပွဲမြောက် စီးရီးအေရှုံးပွဲလည်း ဖြစ်ခဲ့သည်။
    ဘူဖွန်ကမူ အသင်းသားများအနေဖြင့် ၅ ကြိမ်ဆက် စီးရီးအေချန်ပီယံဖြစ်ရေး ကိစ္စကို ခေါက်ထားရမည်ဟု ဆိုသည်။
    “ကျွန်တော်တို့ အားနဲ့မာန်နဲ့ ဒီအခြေအနေကို ရင်ဆိုင်ရပါမယ်။ တိုးတက်အောင် ပြောင်းလဲဖို့ လိုတယ်ဆိုတာလည်း ကျွန်တော် သိပါတယ်။ ဒါကို အခုအချိန်ကစပြီး တစ်ပွဲပြီး တစ်ပွဲ ဆောင်ရွက်သွားရမှာပါ။ ကျွန်တော်တို့ရဲ့ အမှတ်သညာကို ပြန်ရှာတွေ့ပြီး ညက်ညက်ညောညော ကစားမယ်ဆိုရင်၊ တကယ့်ကို တောင့်တင်းတဲ့ အသင်း ပြန်ဖြစ်လာမှာပါ”
    Ref: Goal