News @ M-Media

Blog

  • ပျောက်ဆုံး Air Asia လေယာဉ်၏ အပျက်အဆီးများနှင့် ခရီးသည်အလောင်းများ တွေ့ပြီ

    ပျောက်ဆုံး Air Asia လေယာဉ်၏ အပျက်အဆီးများနှင့် ခရီးသည်အလောင်းများ တွေ့ပြီ

    ဒီဇင်ဘာ ၃၀၊ ၂၀၁၄
    M-Media
    10906314_818634334845705_210146338402055823_n
    – တနင်္ဂနွေနေ့က ပျောက်ဆုံးသွားခဲ့တဲ့ Air Asia လေကြောင်းလိုင်းက လေယာဉ်အမှတ် QZ8501 ရဲ့ အပျက်အဆီး အစိတ်အပိုင်းတွေကို ရှာဖွေတွေ့ရှိခဲ့ပြီး ရုပ်အလောင်း ၄၀ ကျော်ကိုလည်း ဆယ်ယူရရှိခဲ့တဲ့တယ်လို့ အင်ဒိုနီးရှား ကယ်ဆယ်ရေး တာဝန်ရှိ သူတွေက ပြောကြားလိုက်ပါတယ်။

    အပျက်အစီးတွေကို ဒီကနေ့ နေ့ခင်းပိုင်းက ကလီမန်တန် ကမ်းရိုးတန်းနားက ရေပြင်မှာ မြောပါနေ တာကို တွေ့ခဲ့ရတာဖြစ်ပြီး နောက်ပိုင်း မှာတော့ ခရီးဆောင် အိတ်တွေ၊ သက်ကယ်အင်္ကျီတွေနဲ့ အလောင်းတွေကိုပါ တွေ့ ရှိခဲ့ရတာ ဖြစ်ပါတယ်။

    အင်ဒိုနီးရှားလေတပ်ကတော့ ပင်လယ်ကြမ်းပြင်မှာ လေယာဉ်လို့ ယူဆရတဲ့ အရိပ်တစ်ခုကို တွေ့ရှိ ခဲ့ရပြီး ပျောက်ဆုံး သွားတဲ့လေယာဉ် ဖြစ်နိုင်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

    အင်ဒိုနီးရှား စံတော်ချိန် ၇ နာရီ ၅ မိနစ်မှာတော့ ရှာဖွေမှုကို ရပ်ဆိုင်းခဲ့ပြီး မနက်ဖြန်မှ ဆက်လက်ရှာဖွေမှာဖြစ်ပါတယ်။

    ခရီးသည်နဲ့ လေယာဉ်အမှုထမ်းနဲ့ ခရီးသည်စုစုပေါင်း ၁၆၂ ဦးတင်ဆောင်ပြီး ဂျာဗားကျွန်းကနေ စင်ကာပူကို တနင်္ဂနွေနေ့ နံနက်ပိုင်းက ပျံသန်းစဉ် အဆက်အသွယ်ပြတ်တောက်ပြီး ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

    ဖိလစ်ပိုင်က Air Asia လေယာဉ်တစ်စင်းကတော့ ဒီနေ့ညနေပိုင်းမှာ လေယာဉ်ပြေးလမ်း ချော်သွားတဲ့အတွက်ကြောင့် ခရီးသည်တွေဟာ အရေးပေါ် အပေါက်ကိုသုံးပြီး အပြင်ထွက်ခဲ့ရပါတယ်။

    Ref : channelnewsasia

  • M-Media e-NewsLetter Vol1.No14 ထွက်ပါပြီ။

    M-Media e-NewsLetter Vol1.No14 ထွက်ပါပြီ။

    ဒီဇင်ဘာ ၃၀ ၊ ၂၀၁၄
    M-Media
    Cover
    ဤစာစောင်ငယ်သည် အွန်လိုင်းလုံးဝ အသုံးမပြုနိုင်သူများ၊ အွန်လိုင်း အမြဲမသုံးနိုင်ဘဲ အချိန်အခက်အခဲရှိသူများ personal print ထုတ်ဖတ်နိုင်ရန် ၊ လက်ဆင့်ကမ်း ဖြန့်ဝေနိုင်ရန် သတင်းနှင့်ဆောင်းပါးအချို့ ကို ကန့် သတ် အနေဖြင့် စုစည်းပေးထားခြင်းဖြစ်ပါတယ်။

    ယခု ထုတ်ဝေဖြန်ချိလိုက်တဲ့ e-Newsletter ကို ဖတ်ရှုသူများ အနေဖြင့် မျက်နှာဖုံးနဲ့ မာတိကာမှာ ပါရှိတဲ့ Link များကို နှိပ်ရုံဖြင့် သတင်းရှိရာ စာမျက်နှာသို့ ရောက်ရှိသွားအောင် Hyperlink များ ထည့်သွင်းပေးထားပါတယ်။

    ကဏ္ဍများကို ယခင်ထက် စုံလင်အောင် စီစဉ်ပေးထားပါတယ်။

    M-Media မှ e-Newsletter ကို ၂ ပတ်တကြိမ် ပုံမှန် ကြိုးစား တင်ဆက်ပေးသွားပါမယ်။

    File Size 9.9 MB

    Online တွင် ဖတ်ရန်
    ————————-
    https://www.scribd.com/doc/251324980/M-Media-e-NewsLetter-Vol1-No14

    DownLink
    ————–
    http://goo.gl/sRv7PR

    https://www.dropbox.com/s/gticptxr8xwoino/M-Media%20e-NewsLetter%20Vol1.No14.pdf?dl=0

  • ရိုဟင်ဂျာအားလုံးကို နိုင်ငံသားပေးဖို့ တောင်းဆိုသည့် ဆုံးဖြတ်ချက် ကုလတည်ပြု

    ရိုဟင်ဂျာအားလုံးကို နိုင်ငံသားပေးဖို့ တောင်းဆိုသည့် ဆုံးဖြတ်ချက် ကုလတည်ပြု

    ဒီဇင်ဘာ ၃၀၊ ၂၀၁၄
    M-Media
    0,,16968137_303,00
    – နိုင်ငံအတွင်းရှိ ရိုဟင်ဂျာများအား ပြည့်ဝသော နိုင်ငံသားအဖြစ် သတ်မှတ်ပေးရန်နှင့် ၎င်းတို့အား လွတ်လပ်စွာ သွားလာလှုပ်ရှား ခွင့်ပေးရန် မြန်မာအစိုးရအား တိုက်တွန်းထားသော ဆုံးဖြတ်ချက်မူကြမ်း တစ်ခုကို ကုလသမဂ္ဂ အထွေထွေညီလာခံက အတည်ပြုခဲ့သည်ဟု သိရသည်။

    တနင်္လာနေ့က အများ သဘောဆန္ဒ အရ အတည်ပြုခဲ့သည့် အဆိုပါ မူကြမ်းတွင် ရိုဟင်ဂျာများအား အစိုးရ၏ ဆက်ဆံပုံများနှင့် ပတ်သက်၍ အလွန်အမင်း စိုးရိမ်မိကြောင်း ဖော်ပြထားသည်။

    ထို့ပြင် နိုင်ငံအတွင်းရှိ လူနည်းစုများအား မြန်မာအစိုးရက ဆက်ဆံမှုပုံများကို ပြောင်းလဲစေရန် နိုင်ငံတကာအသိုင်းအ၀ိုင်းက စုပေါင်းဆောင်ရွက်ရမည်ဟု အဖွဲ့ဝင် ၁၉၃ နိုင်ငံပါသော ကုလသမဂ္ဂက ဆော်သြထားသည်။

    ရိုဟင်ဂျာများအနေဖြင့် ၎င်းတို့ အသိုင်းအ၀ိုင်း အတွင်းသို့ ဘေးအန္တရာယ်ကင်းစွာ ပြန်လည်ဝင်ရောက် အခြေချနိုင်ရေး မြန်မာ အစိုးရက သေချာစွာ ဆောင်ရွက်ပေးရန်၊ လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် လွတ်လပ်သော စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ပေး ရန်လည်း အဆိုပါ ဆုံးဖြတ်ချက်တွင် တိုက်တွန်းထားသည်။

    မြန်မာနိုင်ငံရှိ ရိုဟင်ဂျာ ၁.၃ သန်းခန့်မှာ နိုင်ငံသားဖြစ်ခွင့်ကို ငြင်းပယ်ခံထားရပြီး နိုင်ငံမဲ့များ အဖြစ် သတ်မှတ်ခြင်းခံထားရကာ မည်သည့် အခြေခံ အခွင့်အရေးမှ မရရှိပေ။

    မြန်မာ အာဏာပိုင်များကမူ ရိုဟင်ဂျာများအား အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမ၀င် ၀င်ရောက်လာသူများအဖြစ် သဘောသက်ရောက်စေသည့် ဘင်္ဂါလီဟူသော အသုံးအနှုန်းဖြင့်သာ ခေါ်ဝေါ်သုံးစွဲလေသည်။

    Ref : aljazeera

  • FFP စနစ်က ရင်းနှီးမြှုပ်နှံသူများကို အဟန့်အတားဖြစ်စေသည်ဟု အေစီမီလန် အားကစားဒါရိုက်တာ ပြောကြား

    ဒီဇင်ဘာ ၂၉၊ ၂၀၁၄
    M-Media

    10888714_818095584899580_1127220829721931463_n

    – ယူအီးအက်ဖ်အေက သတ်မှတ်ထားသည့် ဘဏ္ဍာရေးညီမျှမှုစည်းမျဉ်း FFP မှာ
    ဘောလုံးကအတွင်းသို့ ရင်းနှီးမြှပ်နှံမှုအသစ်များ ၀င်ရောက်ခြင်းကို အတားအဆီးဖြစ်စေသည်ဟု အေစီမီလန်အသင်း၏ အားကစားဒါရိုက်တာ အမ်ဘာတို ဂန်ဒီနီက ပြောကြားလိုက်သည်။

    ဒူဘိုင်းတွင် ပြုလုပ်ခဲ့သည့် နိုင်ငံတကာ အားကစားညီလာခံတွင် တို့ကဲ့သို့
    ပြောကြားလိုက်ခြင်းဖြစ်ပြီး FFP စည်းမျဉ်က တည်ဆောက်ထားပြီးသော အသင်းများ၏ မူလအခြေအနေကို အရင်အတိုင်းရှိစေပြီး တူညီသော ပြိုင်ပွဲယှဉ်ပြိုင်မှု အခြေအနေကို မဖြစ်ပေါ်စေဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။

    ဥရောပပြိုင်ပွဲများရှိ အသင်းများ၏ အကျိုးစီးပွားအတွက် ကိုယ်စားပြုဆောင်ရွက်ရန်
    ဖွဲ့စည်းထားသည့် ဥရောပ ကလပ်အသင်းများအဖွဲ့ ECA တွင် ဂန်ဒီနီမှာ ဒုတိယ ဥက္ကဌဖြစ်ပြီး ထိုအဖွဲ့မှာ UEFA ၏ ညွှန်ကြားချက်အသစ်များကို အကောင်အထည်ဖော်ရေးဆုံးဖြတ်ချက်များ၌ အဓိကကျသည့်အခန်းကဏ္ဍမှ ပါဝင်သည့် အဖွဲ့လည်း ဖြစ်သည်။

    `ဘဏ္ဍာရေးညီမျှမှုစည်းမျဉ်းဟာ ထိန်းချုပ်မှုအချို့နဲ့ ဥရောပမှာရှိတဲ့ ဘောလုံးအသင်းတွေရဲ့ အုပ်ချုပ်ရေးပိုင်းအတွက် အခြေခံတွေကိုလည်း ယူဆောင်လာပေးပါတယ်။ ဒါဟာ ဥရောပ ဘောလုံးလောကအတွက် ဆုံးရှုံးမှုအစုစုကို လျော့ချပေးပြီး အောင်မြင်တယ်လို့ ပြောလို့ရပါတယ်။ အခြားတစ်ဖက်မှာတော့ (ထိပ်တန်းအသင်းတွေက) အခြေကျသွားပြီး
    ပြိုင်ပွဲမှာ ရင်းနှီးမြှုပ်နှံဖို့ စောင့်နေတဲ့သူတွေကိုတော့ FFP က တားဆီးထားပါတယ်´ ဟု ဂန်ဒီနီက ဆိုသည်။

    ဥရောပဘောလုံးအဖွဲ့ချုပ်၏ ဘဏ္ဍာရေးစည်းမျဉ်းကြောင့် ယမန်နှစ်က
    ပီအက်စ်ဂျီအသင်းအပါအ၀င် ဥရောပထိပ်သီးအသင်းအချို့မှာ ဒဏ်ငွေဆောင်ရခြင်း၊ ဥရောပပြိုင်ပွဲများတွင် လူစာရင်း ကန့်သတ်ခံရခြင်း၊ အပြောင်းအရွှေ့တွင် ကစားသမားဝယ်ယူခွင့် ပိတ်ပင်ခံရခြင်း စသည့် အရေးယူမှုများကို ခံခဲ့ရသည်။

    Ref : goal.com

  • ရခိုင်က မွတ်စလင် သိန်းချီကြားထဲမှာ နေရတဲ့ ဗုဒ္ဓဘာသာဝင် ကျွန်တော်ဟာ ဘာအန္တရာယ်မှ မရှိခဲ့ပါဘူး´ (ကိုစိုင်းဟန်ထိုက်)

    ရခိုင်က မွတ်စလင် သိန်းချီကြားထဲမှာ နေရတဲ့ ဗုဒ္ဓဘာသာဝင် ကျွန်တော်ဟာ ဘာအန္တရာယ်မှ မရှိခဲ့ပါဘူး´ (ကိုစိုင်းဟန်ထိုက်)

    ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာဒုက္ခသည်ကလေးများ၏ ပန်းချီလက်ရာများအား ပြသရောင်းချ

    ဒီဇင်ဘာ ၂၉၊ ၂၀၁၄
    M-Media
    မိုးဇက်

    10897124_818105551565250_6112967581468984926_n

    ရန်ကုန်။ ။ ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ရိုဟင်ဂျာ ဒုက္ခသည်စခန်းများမှ ကလေးငယ်များ ကိုယ်တိုင် ရေးဆွဲထားသော ပန်းချီကားချပ်များ၊ ကလေးငယ်များ၏ ဘ၀ကို ဖော်ကြူးထားသည့် ဓာတ်ပုံများ၊ ပို့စ်ကဒ်များ၊ အင်္ကျီများနှင့် ပြက္ခဒိန်များကို ပြသကာ ရောင်းချသည့် ပန်းချီပြပွဲတစ်ခုကို ရန်ကုန်မြို့ ၃၅ လမ်း River Ayeyerwaddy Gallery တွင် ဒီဇင်ဘာလ ၂၈ ရက် တနင်္ဂနွေနေ့ က ပြုလုပ်ခဲ့သည်ဟု သိရသည်။

    အဆိုပါ ပြပွဲကို ဒုက္ခသည် ကလေးများ၏ စိတ်ခံစားမှုများအား လူအများ သိရှိ၊ နားလည် ခံစားတတ်စေရန်နှင့် အဆိုပါ ဒုက္ခသည်ကလေးများ၏ အလွန်ချို့တဲ့သော ဘ၀များအတွက် အထောက်အပံ့ပေးနိုင်ရေး ရန်ပုံငွေရရှိရန်တို့အတွက် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်သည်ဟု ဆိုသည်။

    “ဒီပုံလေးတွေက သူတို့ရဲ့စိတ်ခံစားချက်တွေ၊ သူတို့ရဲ့အကြောင်းအရာတွေကို သူတို့ကိုယ်တိုင် စိတ်ကူးစိတ်သန်းလေးတွေ နဲ့ရေးဆွဲထားတဲ့ ပန်းချီကားတွေဖြစ်ပါတယ်” ဟု ယင်းပြပွဲကို စီစဉ်သူတစ်ဦးက ပြောကြားခဲ့သည်။

    ကလေးငယ်များရေးဆွဲထားသော အဆိုပါ ပန်းချီကားတစ်ချပ်၏ ဈေးနှုန်းကို ၁၀၀၀၀ ကျပ်မှ စတင်သတ်မှတ်ထားပြီး ပန်းချီကားပေါင်း ၁၀၀ ကျော်ကို ပြခန်းတွင် ပြသထားသည်။

    စစ်တွေမြို့ရှိ ဒုက္ခသည်စခန်းများတွင် ကလေးငယ်ပေါင်း ၈၀၀၀၀ ကျော် ရှိနေပြီး ကလေးငယ်များ အနေဖြင့် ပညာရေး၊ ကျန်းမာရေးထောက်ပံ့မှုများ ကို အဓိက လိုအပ်နေသည်ဟု သိရသည်။ ယင်းကလေးငယ်များအတွက် လူမှုကယ်ဆယ်ရေး အဖွဲ့အစည်းများမှ ကျန်းမာရေးအသိပညာပေးခြင်းများ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ မြှင့်တင်ပေးမှု တို့ကိုလည်း ဆောင်ရွက်ပေးလျက်ရှိနေသည်။

    စစ်တွေရှိ ဒုက္ခသည်စခန်းများတွင် ကလေးငယ်များ၏ လိုအပ်ချက်များကို ကူညီဖြည့်ဆည်းပေးနေ သူ ကိုစိုင်းဟန်ထိုက် (အပေအတေအကိတ်လေး) က အဆိုပါ ကလေးငယ်များနှင့် ပတ်သက်ပြီး “ကျွန်တော်ကတော့ စခန်းတစ်ခုချင်းဆီက ကလေးငယ်တွေကို သူတို့ပျော်ရွှင်မှုတွေ ရလာအောင် ပြိုင်ပွဲတွေ၊ ကျန်းမာရေးနဲ့ပတ်သက်ပြီး အာဟာရကျွေးတာမျိုးတွေကို တတ်နိုင်သလောက် လုပ်ပေးနေပါတယ်။ ကလေးတွေရဲ့ စိတ်အခြေအနေတွေ ကလည်း တိုးတက်လာပါတယ်။ ကျွန်တော့်ကိုလည်း သူတို့တွေ ယုံကြည်မှုအပြည့် ရှိကြပါတယ်။ မွတ်စလင် ၁ သိန်းကျော်ရှိတဲ့နေရာမှာ ကျွန်တော့်လို ဗုဒ္ဓဘာသာဝင် တစ်ယောက်တည်းနေပေ မယ့်လည်း ကျွန်တော်အခုချိန်ထိ အန္တရာယ် တစ်စုံတစ်ရာ မရှိခဲ့ပါဘူး။ ရှေ့ဆက်လည်း ကလေးငယ်တွေအတွက် တတ်နိုင်သလောက်လုပ်သွားမှာပါ” ဟု ၎င်း၏ ခံစားချက်ကို ဖွင့်ဟခဲ့သည်။

    ယခုကဲ့သို့ ပန်းချီကားများ၊ အလှဓာတ်ပုံများ၊ အင်္ကျီနှင့် ပြက္ခဒိန်များကို ရန်ပုံငွေအဖြစ် ရောင်းချသည့် ပွဲတော်ကို ယခင်ကလည်း တစ်ကြိမ်ပြုလုပ်ခဲ့ဖူးပြီး စုစုပေါင်း ရန်ပုံငွေ ၃၆ သိန်းကျော်မျှ ရရှိခဲ့ကြောင်း သိရသည်။

    10885397_818105521565253_2758535379600346022_n

    10885491_818105478231924_5849639002145186326_n10891623_818105448231927_3364142314486031398_n10891961_818105388231933_5127614020918620310_n