ဒီဇင်ဘာ ၂၉၊ ၂၀၁၄
ဆောင်းပါးရှင် – ညီသွေး
M-Media
နော်ဝေဘုရင်တစ်ရက်အတွက် ဂေါဝိန်သားတွေဘဝပျက်ပြီးနော
ဂျာနယ်အပေါင်းရဲ့စာမျက်နှာ ဒိုရေမီဖာတွေဟာ ပဋိပက္ခ၊ သပိတ်စခန်းဖြိုခွင်း၊ အိမ်ယာမြေဖျက်သိမ်း၊ အင်အားသုံးဖြေရှင်းစဉ် သွေးမြေကျ စတဲ့အမင်္ဂလာသံတွေညံလို့၊ ကဗျာမဆန်သောနေ့ရက်များ၊ လူမဆန်သောနေ့ရက်များသာ သက္ကရာဇ်ရဲ့ ပြက္ကဒိန်စာမျက်နှာထက် ကြက်ခြေခတ်ရာတွေ ပြည့်နှက်လို့…. သြော် – မြန်မာ မြန်မာ၊ ဒီမြန်မာပြည်မှာ သန်မာထွားကျိုင်းတာဆိုလို့ မတရားမှုတွေပဲ ရှိပါတော့လား။ နတ်လူအပေါင်း သာဓုခေါ်စေကြောင်းသတင်း၊ ပြည်သူအများရဲ့ လတ်ခုတ်သြဘာ စိတ်ချမ်းသာရစေမည့်သတင်း၊ မေတ္တာတရား ကိုယ်ချင်းစာတရားနှင့် အရာရာကိုကြိုးပမ်းအောင်မြင်
တိုင်းပြည်ကချောက်ထဲမကျသေး။
ဒီနေရာမှာ အကြောင်းသင့်လို့ အိန္ဒိယနိုင်ငံသမိုင်းမှာ တန်ခိုးတင့်တယ်လှတဲ့ စူလတန်ဘုရင်ကြီးတစ်ပါးအကြော
ဘုရင်က ရိုက်နေတဲ့ ရိုက်ချက်တွေကိုရပ်ပြီး အံ့သြတကြီးနဲ့မေးရပြီပေါ့။ ဘာကြောင့်လဲ၊ ဘာအတွက်လဲ။ သင်မရဲ့ ငိုသံအစား ရယ်မောသံဟာ ငါ့ဘုရင်ကို ပုစ္ဆာဖြစ်စေတယ်။ အဲဒီမှာ ကျွန်မကလေးပြန်ဖြေတဲ့စကား “ကျွန်မဟာ မိမိရင်ထဲက အိပ်ချင်တဲ့ဆန္ဒမပါဘဲ ကိုယ်ပိုင်မဟုတ်တဲ့ အိပ်ရာပေါ်မှာ ခေတ္တလဲလျောင်းမိရာက အိပ်ပျော်သွားမိတဲ့အပေါ်မှာ ကြိမ်ဒဏ်အချက်တစ်ရာ အရိုက်ခံရတယ်။ ဒီအိပ်ရာကြီးပေါ်မှာ နှစ်ရှည်လများ ဇိမ်ခံအိပ်စက်လာခဲ့တဲ့သူ အဖို့တော့ ဘယ်လိုများ၊ ဘယ်လောက်တောင် သံသရာမဆုံးခင်မှာ ခံရ၊ ပေးဆပ်ရမလဲဆိုတာ တွေးဆစဉ်းစားမိလို့ ရယ်မောရတာပါလို့ လျှောက်သတဲ့။ ဘုရင်ကြီး ခေါင်းနပန်းကြီးသွားတယ်။ ဘာသာတရား၊ လောကနီတိတွေနဲ့ ကြီးပြင်းခဲ့ရတဲ့ဘုရင် ငြိမ်ငြိမ်သက်သက် စဉ်းစားတယ်။ စောစောစီးစီး အချိန်မီ နောင်တနဲ့သံဝေဂ ပေါင်းရသွားတယ်ထင်ပါရဲ့။ ကြိမ်ဒဏ်ပေးတာကိုရပ်စဲလိုက်
အစိုးရသော ထီးဆောင်းမင်းတရားကြီးတွေဟာ
မိုးကြိုးပြင်ရွာက အသက် (၅၆) နှစ်ပဲရှိသေးတဲ့ ဒေါ်ခင်ဝင်းကတော့ သေဆုံးလို့ သူ့ဘဝ၊ သူ့ဝါကျဟာ အစစအရာရာမှာ ရပ်တန့်ပြီးသွားခဲ့သယောင်ပါ