News @ M-Media

Blog

  • မွတ်စ်လင်မ် ကုသိုလ်ဖြစ်ဆေးရုံ က ဒေါက်တာ ဒေါ်ခင်ဝင်းကြူ ရဲ့ ပုံရိပ် တစေ့တစောင်း

    မွတ်စ်လင်မ် ကုသိုလ်ဖြစ်ဆေးရုံ က ဒေါက်တာ ဒေါ်ခင်ဝင်းကြူ ရဲ့ ပုံရိပ် တစေ့တစောင်း

    အောက်တိုဘာ ၇ ၊ ၂၀၁၄
    M-Media

    dr daw khin win kyu

    ရန်ကုန်မြို့က Muslim Free Hospital မှာတာဝန် ထမ်းဆောင်တဲ့ ဒေါက်တာဒေါ်ခင်ဝင်းကြူ ရဲ့ ပုံရိပ် တစေ့တစောင်း ဖြစ်ပါတယ်။

    မွတ်စလင်ဆေးရုံဆိုပေမယ့် ဗုဒ္ဓဘာသာဆရာဝန်တွေပါ လုပ်အားပေးပြီး ကုသပေးနေတယ်လို့ဆိုပါတယ်။

    လူမျိုးဘာသာမရွေး အခမဲ့ကုသပေးတယ်လို့လည်း သိရပါတယ်။

    လူသိနည်းတဲ့ ဒီဆေးရုံလေးအကြောင်း ကို Centre for Peace and Conflict Studies က စီစဉ်ရိုက်ကူးတင်ဆက်ထားတာ ဖြစ်ပါတယ်။

    A Consultant Obstetrician and Gynaecologist, Dr Khin Win Kyu has been volunteering much of her time for the last 17 years at the Muslim Free Hospital in Yangon, a hospital that treats poorer communities without charge, regardless of race, religion or ethnicity. Earlier Dr Khin Win Kyu worked in the government service for 22 years. Established in the 1930s, the hospital is a microcosm of what an ideal Myanmar society could be like, where people from all faiths work together to treat the less fortunate, irrespective of their religion, ethnicity or race.

    Video by Myanmar Portraits of Diversity
    Source: http://youtu.be/fAFLBm0ADY4

    မွတ်စ်လင်မ် ကုသိုလ်ဖြစ်ဆေးရုံ
    =================

    muslim free hospital
    လွန်ခဲ့သော ၇၇ နှစ် ၁၉၃၇ ဇန္နဝါရီလ ၅ ရက်နေ့ က မွတ်စ်လင်မ်လူငယ် တစ်စု မှ ဖွင့်လှစ်ခဲ့

    မွတ်စ်လင် ကုသိုလ်ဖြစ်ဆေးရုံ၏ အဓိက ရည်မှန်းချက်နှင့် ပန်းတိုင်မှာ ဘာသာ၊ အယူဝါဒ၊ အသွေးအရောင် ခွဲခြားမှုမရှိစေဘဲ ဆင်းရဲသားများအား လိုအပ်သော ဆေးကုသမှုကို ကူညီပေးရန် ဖြစ်

    ၂၀၀၈ ခုနှစ်တွင် နာဂစ်လေမုန်တိုင်း ဘေးဒုက္ခကျရောက်စဉ်ကလည်း မွတ်စ်လင်ကုသိုလ်ဖြစ်ဆေးရုံက ဆရာဝန်နှင့် သူနာပြုများ ပါဝင်သော အရေးပေါ် လေဘေးကယ်ဆယ်ရေးအဖွဲ့ကို ဖွဲ့စည်းစေခဲ့ပြီး၊ လေဘေးသင့် ဒေသများသို့ ဆေးဘက်ဆိုင်ရာ အကူအညီများ ပေးပို့ကူညီခဲ့ကြ

    အစိုးရက ကူညီထောက်ပံ့ရေးကာလ ပြီးဆုံးကြောင်း ကြေညာချက်ထုတ်ပြန်သည်အထိ ထိုအဖွဲ့သည် လေဘေးသင့်ဒေသတွင် ဆေးခန်းဖွင့် ကူညီကုသပေးသည့်အပြင်၊ ကွင်းဆင်းဆောင်ရွက်ချက်များကို ကူညီဆောင်ရွက်ခဲ့ကြသည်။ ထိုအဖွဲ့ကို ပြန်လည်ခေါ်ယူပြီး ဒုက္ခသည် လူနာများအား ရန်ကုန်သို့ ပို့ဆောင်စေကာ အတွင်းလူနာအဖြစ် ကုသပေးခဲ့

    ဆေးရုံကြီး စဖွင့်  သည့်  အချိန် မှ စပြီး ၂၀၀၈ ထိ စစ် တမ်း အရ

    အထွေထွေ ရောဂါ ကု ဆေး ကု သဆောင်ပြင်ပ လူနာဌာနတွင် .
    ———————————————
    လူနာအသစ်-(၆၅၀၉၃)ဦး၊
    လူနာအဟောင်း-(၇၃၄၃၇)ဦး
    မွတ်စလင်- (၇၀၈၅၇)ဦး၊
    ဗုဒ္ဓဘာသာ-(၅၁၆၈၇)ဦး၊
    ခရစ်ယျာန်- (၃၈၂၅)ဦး၊
    ဟိန္ဒူ- (၉၃၃၄)ဦး၊
    အခြား- (၂၇၂၇)ဦး၊
    စုစုပေါင်း- (၁၃၈၅၃၀)ဦး ကို ကျန်းမာရေး စောင့်ရှောက် မှု ပေးကု သပေးခဲ့  သည်။

    သားဖွားမီးယပ်ဆောင်ပြင်ပ လူနာဌာန တွင်
    ————————————————-
    လူနာအဟောင်း-(၁၁၂၉၆)ဦး၊
    လူနာအသစ်-(၄၁၄၃)ဦး၊
    မွတ်စလင်- (၈၃၇၂)ဦး၊
    ဗုဒ္ဓဘာသာ-(၅၉၇၂)ဦး၊
    ခရစ်ယာန်- (၂၄၉)ဦး၊
    ဟိန္ဒူ- (၈၄၆)ဦး၊
    စုစုပေါင်း- (၁၅၄၃၉)ဦး ကို ကုသပေးခဲ့  သည်။

    မျက်စိကု ပြင်ပလူနာဌာနတွင်

    လူနာအသစ်-(၃၆၂၄)ဦး၊
    လူနာအဟောင်း-(၄၁၈၆)ဦး၊
    မွတ်စလင်- (၂၄၆၇)ဦး၊
    ဗုဒ္ဓဘာသာ-(၄၇၂၇)ဦး၊
    ခရစ်ယာန် -(၁၈၉)ဦး၊
    ဟိန္ဒူ- (၄၂၇)ဦး၊
    စုစုပေါင်း- (၇၈၁၀)ဦးနှင့် 

    မျက်စိအတွင်းလူနာဆောင်တွင်
    ——————————-
    လူနာအသစ်-(၇၃၅)ဦး
    မွတ်စလင်- (၄၀၇)ဦး
    ဗုဒ္ဓဘာသာ-(၂၉၅)ဦး၊
    ခရစ်ယာန်- (၁၁)ဦး
    ဟိန္ဒူ – (၂၂)ဦး၊
    စုစုပေါင်း – (၇၃၅)ဦး ကို ကုသပေးခဲ့ သည်။

    ဆေးကုသဆောင်တွင်
    ———————–
    မွတ်စလင်- ၁၈၆ဦး
    ဗုဒ္ဓဘာသာ-၁၃၈ဦး
    ခရစ်ယာန်- ၁၁ဦး
    ဟိန္ဒူ- ၂၁ဦး၊
    စုစုပေါင်း- ၃၅၆ဦး ကို ကုသပေးခဲ့  သည်။

    ခွဲစိတ်လူနာဆောင်တွင်
    မွတ်စလင်- ၃၂၈ဦး
    ဗုဒ္ဓဘာသာ-၅၀၃ဦး
    ခရစ်ယာန်- ၂၅ဦး
    ဟိန္ဒူ- ၂၈ဦး
    စုစုပေါင်း- ၈၈၄ဦး ကို ကုသပေးခဲ့  သည်။

    မြန်မာပြည်တွင်း၌ စေတနာ့ဝန်ထမ်း လူမှုလုပ်ငန်းများကို ကိုယ်ကျိုးစွန့် ဆောင်ရွက်နေသူများအား ၎င်းတို့၏လုပ်ရပ်များ အတွက်ချီးမြှင့်သည့် ပြည်သူ့ဂုဏ်ရည် (Citizen of Burma Award) ဆုအတွက် ၂၀၁၀ ပြည့်နှစ် မှ ယခု ၂၀၁၂ အထိ (၃) ကြိမ်ဆက်တိုက် ပဏာမစာရင်းတွင်ပါဝင်ခဲ့

    မွတ်စလင် ကုသိုလ်ဖြစ်ဆေးရုံတည်ရှိရာ လိပ်စာမှာ အမှတ် ၈၀/၈၆ မဟာဗန္ဓုလပန်းခြံလမ်း(ဘားလမ်း) ၊ ရန်ကုန်မြို့ဖြစ်ပြီး၊

    WebSite မှာ http://www.muslimfreehospital.com/ ဖြစ်ပါသည်။

    ဆက်စပ်ပိုစ်များ ဖတ်လိုလျှင်

    ၁။ လူမျိုး၊ဘာသာမခွဲ ကုသပေးနေတဲ့ မွတ်စလင် ကုသိုလ်ဖြစ်ဆေးရုံ ၇၆ နှစ်ပြည့်တော့မည်။ http://goo.gl/s2mXH5

    ၂။ ကျောက်တံတားမြို့နယ်ရှိ မွတ်စ်လင်မ် ကုသိုလ်ဖြစ်ဆေးရုံ http://goo.gl/N9cL3P

    ၃။ မွတ်စ်လင်မ် ကုသိုလ်ဖြစ် အခမဲ့ဆေးရုံသည် မြန်မာ့ ညီညွတ်သွေးစည်းခြင်း မျှော်လင့်ချက်တစ်ခု http://goo.gl/OZQPH0

    ၄။ ဓါတ်ပုံများ ကြည့်ရန် http://goo.gl/0mqPKr

  • မလေးရှား ခရီးသည်တင်လေယာဉ် MH 370 ရှာဖွေမှုများကို ပြန်လည်ပြုလုပ်

    မလေးရှား ခရီးသည်တင်လေယာဉ် MH 370 ရှာဖွေမှုများကို ပြန်လည်ပြုလုပ်

    အောက်တိုဘာ ၆ ၊ ၂၀၁၄
    M-Media
    443b2242-a387-455c-a643-bc6d79e1a616-460x276
    – မတ်လ ၈ ရက်နေ့မှ ကွာလာလမ်ပူမှ ပေကျင်းသို့ အသွား ပျောက်ဆုံးသွားခဲ့သည့် မလေးရှား ခရီးသည်တင်လေယာဉ် MH 370 ရှာဖွေမှု လုပ်ငန်းများကို အောက်တိုဘာလ ၆ ရက်နေ့တွင် ပြန်လည် စတင်ခဲ့သည်ဟု ရှာဖွေရေး လုပ်ငန်းများကို ဦးဆောင်ပြုလုပ်နေသည့် သြစတေးလျ သယ်ယူ ပို့ဆောင်ရေး ဗျူရို ATSB က ပြောကြားလိုက်သည်။

    အိန္ဒိယသမုဒ္ဒရာတောင်ပိုင်း ၆၀၀၀၀ စတုရန်း ကီလိုမီတာ အကျယ်အ၀န်းရှိသည့် နေရာကို ဆွဲသင်္ဘော ၃ စီးဖြင့် တစ်နှစ်ခန့် ရှာဖွေ သွားမည်ဖြစ်ပြီး ထိုသင်္ဘော ၃ စီးထဲမှ မလေးရှား ဆွဲသင်္ဘော Go Phoenix မှာ ရှာဖွေမည့်နေရာသို့ ရောက်ရှိနေပြီဖြစ်သည်။ အခြားနှစ်စီးမှာ ဟော်လန်နိုင်ငံမှဖြစ်ပြီး ရှာဖွေရေးပြုလုပ်မည့်နေရာသို့ လာရောက်လျက်ရှိနေသည်။

    အဆိုပါလေယာဉ် ပျောက်ဆုံးသွားပြီးနောက် လေကြောင်းသမိုင်းတွင် အကြီးဆုံးအဖြစ် နိုင်ငံတကာမှ ပူးပေါင်းကာ ရှာဖွေမှုများပြုလုပ်ခဲ့သော်လည်း ယနေ့အချိန်အထိ မည်သည့် သဲလွန်စမှ မတွေးသေးပေ။

    အဆိုပါ Go Phoenix သင်္ဘောမှာ သမုဒ္ဒရာကြမ်းပြင်တွင် ဆိုနာ ကိရိယာဖြင့် ရှာဖွေသွားမည်ဖြစ်ပြီး သံသယဖြစ်ဖွယ်ရာ အပိုင်းအစများကို တွေ့ရှိပါက သင်္ဘောမှာ ရေအောက်သို့ငုပ်ကာ ထိုအပိုင်းအစအား MH 370 မှ အပိုင်းအစ ဟုတ်မဟုတ်ကို စစ်ဆေးသွားမည်ဖြစ်သည်။ ထို ဆွဲသင်္ဘောတွင် အရည်အသွေးမြင့် ကင်မရာများ တပ်ဆင်ထားပြီး ဆောင်ရွက်မှုအားလုံးကို မှတ်တမ်းတင်ထားမည်ဖြစ်သည်။

    Go Phoenix နှင့်အတူ ဟော်လန်နိုင်ငံမှ ဆွဲသင်္ဘောနှစ်စီးမှာ ရှာဖွေမှုလုပ်ငန်းများကို တစ်လှည့်စီ ဆောင်ရွက်သွားမည်ဖြစ်သည်။

    ref_ ဆင်ဟွာ

  • ကစားသမားသက်တမ်း တစ်လျှောက် ၂၂ ကြိမ်မြောက် ဟက်ထရစ်ဂိုး ရော်နယ်ဒို သွင်းယူ

    ကစားသမားသက်တမ်း တစ်လျှောက် ၂၂ ကြိမ်မြောက် ဟက်ထရစ်ဂိုး ရော်နယ်ဒို သွင်းယူ

    အောက်တိုဘာ ၆ ၊ ၂၀၁၄
    M-Media
    1412543330299_Image_galleryImage_MADRID_SPAIN_OCTOBER_05_C
    – ယမန်နေ့က ကစားခဲ့သည့် ဘီဘာအိုနှင့်ပွဲတွင် ရီးယဲလ်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုမှာ ၎င်း၏ ကစားသမား သက်တမ်းတစ်လျှောက် ၂၂ ကြိမ်မြောက် ဟက်ထရစ်ကို သွင်းယူနိုင်ခဲ့သည်ဟု သိရသည်။

    ၅ ဂိုးပြတ်ဖြင့် အနိုင်ရခဲ့သည့် အဆိုပါပွဲတွင် ရော်နယ်ဒို၏ ဟက်ထရစ်နှင့်အတူ ဘန်ဇီမာက ၂ ဂိုး သွင်းယူပေးခဲ့သည်။ ထိုပွဲ ဟက်ထရစ်ကြောင့် လာလီဂါ ၄ ပွဲ ကစားပြီးချိန်တွင် ရော်နယ်ဒို သွင်းယူထားသည့် ဂိုးအရေအတွက်မှာ ၁၃ ဂိုးအထိ ရှိပြီဖြစ်သည်။ ထို့ပြင် အိမ်ကွင်းတွင် ၁၄ ပွဲဆက်တိုက် ဂိုးသွင်းနိုင်ခြင်းလည်း ဖြစ်သည်။

    ဘီဘာအိုနှင့်ပွဲတွင် ရီးယဲလ်၏ BBC (ဘေးလ်၊ ဘန်ဇီမာ၊ ရော်နယ်ဒို) အတွဲမှာ အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ပြီ့း ဂိုးများမှာ ၎င်းတို့ ၃ ဦး၏ ပူးပေါင်း ဖန်တီးမှုများမှတစ်ဆင့် ရရှိခဲ့ခြင်းဖြစ်သည်။

    ရော်နယ်ဒိုမှာ ၂၀၀၉ ခုနှစ် မန်ယူမှ ပြောင်းရွှေ့ခဲ့ပြီးနောက် ရီးယဲလ်အတွက် ၂၅၇ ပွဲ ကစားပေးထားပြီး ၂၆၉ ဂိုး သွင်းယူပေးထားနိုင်သည်။ လာမည့်သီတင်းပတ်တွင် ရီးယဲလ်မှာ ပြိုင်ဘက် ဘာစီလိုနာအား အိမ်ကွင်းတွင် ဧည့်ခံကစားရမည်ဖြစ်ပြီး ထိုပွဲတွင် ရော်နယ်ဒို ဂိုးသွင်းနိုင်ပါက အိမ်ကွင်း ၁၅ ပွဲဆက်တိုက် ဂိုးသွင်းနိုင်သည့်စံချိန်ကို ရရှိမည်ဖြစ်သည်။

    ref_ Daily Mail

  • အစိုးရ၏ သတိပေးမှုကို ဖီဆန်၍ ဟောင်ကောင်တွင် ဆက်လက်ဆန္ဒပြ

    အစိုးရ၏ သတိပေးမှုကို ဖီဆန်၍ ဟောင်ကောင်တွင် ဆက်လက်ဆန္ဒပြ

    အောက်တိုဘာ ၆ ၊ ၂၀၁၄
    M-Media
    hk-protesters
    – အောက်တိုဘာ ၆ ရက်နေ့ နံနက်နောက်ဆုံးထား၍ ဆန္ဒပြမှုကို ရုပ်သိမ်းပေးရမည်ဟု ဟောင်ကောင်အစိုးရ၏ အမိန့်အား ဖီဆန်ကာ ဒီမိုကရေစီလိုလားသူများက လမ်းမများပေါ်တွင် ဆက်လက် ဆန္ဒပြလျက်ရှိနေကြသည်ဟု သိရသည်။

    ဟောင်ကောင်အုပ်ချုပ်ရေးမှူး Leung Chun-ying က ဥပဒေစိုးမိုးရေးကို  ထိန်းသိမ်းရန်အတွက် လိုအပ်သော အရေးယူမှုများကို ပြုလုပ်သွားမည်ဟု သတိပေးခဲ့ပြီး တနင်္လာနေ့ နံနက်နောက်ဆုံးထား၍ ဆန္ဒပြမှုကို ရပ်တန့်ပေးရန် တောင်းဆိုခဲ့သောကြောင့် ရဲတပ်ဖွဲ့က အင်အားသုံး လူစုခွဲမည်ကို စိုးရိမ်၍ ဆန္ဒပြသူများမှာ ယခင်နေ့များထက်စာလျှင် နည်းပါးသွားခဲ့သည်။

    သို့သော်လည်း ဆန္ဒပြသူများမှာ ယနေ့နံနက်တွင် အဓိက အစိုးရရုံးများသို့ ချီတက်ွားကြပြီး ၀င်ပေါက်အစိတ်အပိုင်းများကို အတားအဆီးများဖြင့် ပိတ်ဆို့ခဲ့ကာ တာဝန်ရှိသူများ ၀င်ရောက်ရန် လမ်းကျဉ်းတစ်ခုကိုသာ ထားရှိပေးခဲ့သည်။

    ၂၀၁၇ ခုနှစ် ရွေးကောက်ပွဲတွင် ဟောင်ကောင်အုပ်ချုပ်ရေမှူးအား ဟောင်ကောင်ပြည်သူများ၏ သဘောဆန္ဒဖြင့် တင်မြှောက်ခွင့်ရရန် တောင်းဆိုမှုကို တရုတ်အစိုးရက ပယ်ချခဲ့ပြီးနောက် ဟောင်ကောင်တွင် ဆန္ဒပြမှုများမှာ တစ်ပတ်ခန့် ရှိလာပြီဖြစ်သည်။

    ဟောင်ကောင်ရဲတပ်ဖွဲ့မှာ အစပိုင်းတွင် ငရုပ်ကောင်းအရည်များ၊ မျက်ရည်ယိုဗုံးများဖြင့် လူစုခွဲခဲ့ပြီး နောက်ပိုင်းတွင် တရုတ်အစိုးရ လိုလားသူများနှင့် ဆန္ဒပြသူများအကြား တိုက်ခိုက်မှုများဖြစ်ပွားခဲ့သည်။

    ref_ Al Jazeera and agencies
  • မြန်မာ နဲ့ နွားသနားတဲ့ ပြသနာကို မွတ်ဆလင်တွေ ဘယ်လို ဖြေရှင်းနိုင်မလဲ….

    မြန်မာ နဲ့ နွားသနားတဲ့ ပြသနာကို မွတ်ဆလင်တွေ ဘယ်လို ဖြေရှင်းနိုင်မလဲ….

    အောက်တိုဘာ ၆ ၊ ၂၀၁၄
    M-Media
    .ဆွေမွန်ရေးသည်။

    Hmuu Zaw
    ကုရ်ဘာနီ နီးချိန်၌ ချိန်ကိုက်ပြိး လုပ်ဆောင်မှု များထဲမှ တခု (သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး(ခ) မှူး ဇော်မှ ၄င်း၏ FB စာမျက်နှာမှာ တင်ခဲ့သည့် ပိုစ်တခု ၊ တင်ပြိး မိနစ်ပိုင်းအတွင်း ပြန်ဖျက်သွားပါတယ်။)

    ကုရ်ဘာနီနီးလာတိုင်း မြန်မာပြည်မှာ ပြသနာက အလိုလို ပေါ်လာတတ်တာ သဘာဝဖြစ်နေပါပြီ။ တစ်နှစ်လုံး နွားသတ်၊ ကျွဲသတ်၊ ၀က်သတ်ကာ အလှူပွဲပေါင်းစုံမှာ အသားကြီး ငါးကြီး မပါရင် နှာခေါင်းရှုံ့ တတ်တဲ့ ပံ့သကူ အသားကြိုက် ပုဂ္ဂိုလ်တွေကိုယ်တိုင်က ဒီအချိန်ရောက်ရင် မေတ္တာအတုန်းလိုက် အတစ်လိုက်ထားပြကြမှာလည်း ထုံးစံလို ဖြစ်နေပါပြီ။ အစိုးရက ပိုကြိုက်မှာပေါ့ဗျာ။ မွတ်ဆလင်ဆို တံဆိပ်ပေါင်းစုံ ကပ်ချင်သူဆိုတော့ ဒီလို ဘာသာရေးပွဲတော်ကို ဆန္ဒပြတာတွေဆို ထိပ်ဆုံးက ခွင့်ပြုချက်ပေးမှာကလည်း အသေအချာပါပဲ။

    မြန်မာနိုင်ငံမှာ နေထိုင်တဲ့ မွတ်ဆလင်လူကြီးတွေ ဒီလို ကုရ်ဘာနီ နီးလာတိုင်း ပြသနာ အရှာခံရတာကို ကြိုတင်ပြင်ဆင်သင့်တယ်လို့ မြင်မိတယ်။ နှစ်တိုင်း ဒီလို သွားလို့ မရတာက သေချာနေရင် ဘာဆက်လုပ်သင့်သလဲ တွေးကြရအောင်ပါ။

    _2014-10-06_11.20.19
    ရခိုင်လူမျိုး သံဃာတော်တပါးဖြစ်သည့် ဦးပါမောက္ခ ဦးဆောင်သည့် ၉၆၉ (မ.ဘ.သ) တက်ကြွလှုပ်ရှားသူများ ကုရ်ဘာနီကို ပိတ်ပင်ရန် အောက်တိုဘာ ၅ ရက်နေ့က ရန်ကုန်မှာ ဆန္ဒပြခဲ့ကြသည်။

    ဗုဒ္ဓဘာသာအများစုနိုင်ငံမှာ ဗုဒ္ဓဘာသာအစိုးရ အုပ်ချုပ်ပါစေ၊ သမာသမတ်ကျတဲ့ အုပ်ချုပ်သူရှိနေရင် ဒီလို ကုရ်ဘာနီစွန့်လှူခြင်းဟာ ကြီးကျယ်တဲ့ ကိစ္စမဟုတ်ပါဘူး။ ရှေ့က ခွင့်ပြု နောက်က နားလှည့်ပါးရိုက် ကန့်ကွက် ခိုင်းတတ်တဲ့ အုပ်ချုပ်သူတွေ ရှိနေတဲ့ နိုင်ငံမှာ အရာအားလုံးဟာ အဖြေတစ်ခု နောက်ထပ် ရှိသင့်ပါတယ်။

    သူတို့က နွားဟာ ကျေးဇူးရှင်ပါလို့ ဟိန္ဒူတွေ အယူအဆကို လိုက်နင်းပြီး ပြောဆို ကန့်ကွက်နေရင် နှစ်ဖက်လုံးအတွက် မကောင်းဖြစ်ရပါတယ်။ နွားကလည်း မြန်မာ အာဏာပိုင်တွေအဆင့်ဆင့်နဲ့ နွားမှောင်ခိုသမားတွေ တရုတ်နဲ့ ထိုင်းကို ပို့လို့ ကုန်သလောက်ဖြစ်နေပါပြီ။ နောက် ၅ နှစ် ၁၀ နှစ် အတွင်း သူ့ဟာသူ အလိုလို နွားမျိုးလည်း ပြုတ်သလောက် ဖြစ်ပါတော့မယ်။ တစ်နေ့ကပဲ ကျွန်တော် နွားအကြောင်းရေးခဲ့ပါသေးတယ်။ မြန်မာပြည်မှာ အလှူလုပ်စရာ နွားကုန်ပါတော့မယ်။

    ဒီလို အခြေအနေတွေကို ကျော်လွှားဖို့ မွတ်ဆလင်တွေ ကြိုတင်ပြင်ဆင်ထားသင့်ပါပြီ။

    ပထမတစ်ချက် အကြံပြုချင်တာက မွတ်ဆလင်တွေကိုယ်တိုင် မွေးမြူရေးလုပ်နိုင်မလား၊ အဆင့်ဆင့်စဉ်းစားကြည့်သင့်ပါတယ်။ ၁၀ ကောင် ၁၅ ကောင် မွေးခိုင်းတာ မဟုတ်ပါဘူး။ အကောင် ထောင်ဂဏန်း သောင်းဂဏန်းမွေးနိုင်ဖို့ စဉ်းစားကြည့်ကြရမှာပါ။

    ဒုတိယအချက်အနေနဲ့ နိုင်ငံခြားကနေ နွားတွေ၊ ကုလားအုတ်တွေကို import လုပ်ပြီး မွေးသင့်သလား။ နွားထက် ကုလားအုတ်ကို မွေးသင့်ပါတယ်။  ရှယ်ယာ ရတဲ့ အပြင် ကျေးဇူးရှင်ပါလို့ ပြောလို့ မရတော့ပါဘူး။ သိုးကိုလည်း စဉ်းစားကြည့်သင့်ပါတယ်။

    တတိယအချက်ကတော့ မွတ်ဆလင်အသိုင်းအ၀ိုင်းထဲက မွတ်ဆလင်ဘဏ်လုပ်ငန်းကို ဖွင့်နိုင်တဲ့ သူဌေးတွေ ရှိနိုင်မလား။ အစ္စလာမ်မစ် ဘဏ်တွေနဲ့ ချိတ်ဆက်ပြီး ရန်ကုန်၊ မန္တလေး၊ နေပြည်တော် သုံးမြို့လောက်မှာ အစ္စလာမ်မစ်ဘဏ်ခွဲတွေ ဖွင့်လှစ်နိုင်ရင် ဒီကုရ်ဘာနီပြသနာဟာ ချုပ်ငြိမ်းသွားမှာပါ။

    1902071_1541901289355307_4037462482212448325_n

    အစ္စလာမ်မစ်ဘဏ်ခွဲတွေ ရှိလာရင် ကုရ်ဘာနီကို ဘဏ်တွေနဲ့ချိတ်ပြီး လုပ်သွားနိုင်ပါတယ်။ ကုရ်ဘာနီကျသင့်ငွေကို ဘဏ်တွေမှာ သွင်းလိုက်တာနဲ့ ကုရ်ဘာနီပြီးပါပြီ။ ဆော်ဒီ၊ အီဂျစ်စတဲ့ နိုင်ငံတွေမှာတောင် ဒီစနစ်ကို တွင်တွင်ကျယ်ကျယ်သုံးနေကြပါတယ်။ ကုရ်ဘာနီမတိုင်မီရက်တွေမှာ ငွေသွင်း၊ ကုရ်ဘာနီလုပ်ပြီးတဲ့ သားကောင်ကို တကယ်ဆင်းရဲတဲ့ နိုင်ငံတွေဆီကို အရောက် ဘဏ်ကတာဝန်ခံပြီး ပို့ပေးပါတယ်။ ကုရ်ဘာနီလည်း ဒီနိုင်ငံမှာ လုပ်ချင်မှ လုပ်မှာပါ။ ပို့စေချင်တဲ့ နိုင်ငံမှာ ကုရ်ဘာနီလုပ်၊ ဒါမှမဟုတ် ဘဏ်ကပဲ အဆင်ပြေသလို စီစဉ်ပေးသွားပါတယ်။ အကောင်လိုက်၊ ဒါမှမဟုတ် စည်သွပ်ပြီးအဆင့်ရောက်ပြီးမှ တကယ့်ဆင်းရဲတဲ့ ဒေသတွေကို တာဝန်ခံ ပို့ပေးတဲ့ ဘဏ်စနစ်ဖြစ်ပါတယ်။

    10666057_1541901309355305_7208211618855813867_n

    ဆိုးကျိုးက မြန်မာနိုင်ငံသားတွေ ဘယ်သူမှ မစားရတော့ပါဘူး။ အကောင်လိုက် အလှူဖြစ်သွားမှာပါ။ ကုရ်ဘာနီတာဝန်ကတော့ ကျေသွား ကျသွားမှာပါ။

    ဒီနှစ်အတွက် ဘဏ်နဲ့တွဲလုပ်တဲ့ ကုရ်ဘာနီဈေးအချို့က သိုး ဆိတ်တစ်ကောင် ပေါင် ၆၀ (ကျပ် ၁ သိန်းခွဲခန့်)၊ နွားတစ်ရှယ်ယာ ပေါင် ၄၀ (ကျပ် ၆ သောင်းခန့်)၊ နွားကြီးတစ်ကောင်လုံး ကုရ်ဘာနီလုပ်ချင်ရင် ပေါင် ၄၅၀ (ကျပ် ၇ သိန်းခန့်)၊ ကုလားအုတ်တစ်ကောင်လုံးကို ကုရ်ဘာနီလုပ်ချင်ရင် ပေါင် ၆၅၀ (ကျပ် ၁၀ သိန်းခန့်)၊ လောက်ပဲ ကျသင့်ပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိ ကျွဲ နွား ပေါက်ဈေးတွေထက် သက်သာတာကို တွေ့ရမှာပါ။

    တွေးသင့်တာက အာဏာပိုင်တွေအဆင့်ဆင့်က ဦးစီးဦးဆောင်ပြီး ပြသနာကို မီးထွန်းရှာနေတဲ့ အခြေအနေတွေကို သိပါလျှက်နဲ့ အဖြေကို ကြိုတင် မစဉ်းစားထားရင် နောက် ၃ နှစ် ၄ နှစ် အတွင်း ကုရ်ဘာနီပျောက်သွားပါလိမ့်မယ်။ ကုရ်ဘာနီပျောက်လေ နွားမှောင်ခိုသမားတွေ ကြိုက်လေပါပဲ။

    အထက်မှာ ပြောထားတာတွေထက် ပိုကောင်းတဲ့ အစီအမံတွေလည်း ရှိနိုင်ပါတယ်။ ဒီအဆင့်တွေကို အောက်လူတွေ လုပ်ဆောင်လို့ မရပါဘူး။ တရားဝင် အဖွဲ့အစည်းတွေ၊ လူကြီးတွေ ပေါင်းဆုံစဉ်းစားနိုင်ကြရင် အသင့်တင့်ဆုံး အဖြေတစ်ခု ပေါ်လာမှာပါ။ မွတ်ဆလင်တွေအ တွက်လည်း ဘယ်သူ့မျက်နှာမှ မကြည့်ရဘဲ လုပ်ချင်တဲ့ အလှူတစ်ခု ပြီးသွားမှာပါ။

    အမြင်တစ်ခုကို မျှဝေတဲ့ သဘောပါပဲ။

    ဆွေမွန်
    ၆ အောက်တိုဘာ