News @ M-Media
Blog
  • ဒီဂီယာကြောင့် ၃ မှတ်ရခဲ့တဲ့ မန်ယူ၊ အာဆင်နယ်တို့ ရှုံးကြွေးထပ်တင်ခဲ့တဲ့ EPL ပွဲစဉ် ၇ စူပါဆန်းဒေးပွဲများ
    ဒီဂီယာကြောင့် ၃ မှတ်ရခဲ့တဲ့ မန်ယူ၊ အာဆင်နယ်တို့ ရှုံးကြွေးထပ်တင်ခဲ့တဲ့ EPL ပွဲစဉ် ၇ စူပါဆန်းဒေးပွဲများ
    အောက်တိုဘာ ၆ ၊ ၂၀၁၄
    M-Media
    – ပရီးမီးယားလိဂ် ပွဲစဉ် ၇ ရဲ့ Match of The Week အပါအ၀င် ပွဲစဉ် ၄ ပွဲကို ယမန်နေ့ညမှာ ကစားခဲ့ပြီး မန်ယူ၊ ချယ်ဆီး၊ စပါးနဲ့၊ ၀က်စ်ဟမ်းတို့ အနိုင်ရခဲ့ပါတယ်။
    6092014
    အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ မန်ယူနဲ့ အဲဗာတန်တို့ရဲ့ ပွဲမှာတော့ မိုနာကိုက အငှားနဲ့လာကစားတဲ့ တိုက်စစ်မှူး ဖယ်လ်ကာအိုရဲ့ အသင်းအတွက် ပထမဆုံးဂိုးနဲ့အတူ မန်ယူတို့ ရာသီသစ်မှာ နှစ်ပတ်ဆက်တိုက် နိုင်ပွဲရခဲ့ပါတယ်။ ပထမပိုင်းမှာ မန်ယူတို့ ကစားပုံပိုကောင်းခဲ့ပြီး ဂိုးသွင်းခွင့်အချို့ရခဲ့ပေမယ့် ၂၇ မိနစ်မှာ ဒီမာရီယာရဲ့ သွင်းဂိုး ၁ ဂိုးသာ ရခဲ့ပါတယ်။ မန်ယူအတွက် ကံကောင်းတာက ပထမပိုင်း နာကျင်အချိန်ပိုမှာ လေတန်ဘိန်းရဲ့ ပင်နယ်တီကို ဒီဂီယာ ကာကွယ်သွားနိုင်ခဲ့တာပါ။
    16092014
    ၅၅ မိနစ်မှာ စတီဗင် နိုင်စမစ်က အဲဗာတန်အတွက် ချေပဂိုး သွင်းပေးခဲ့ပြီး နောက်ပိုင်းမှာလည်း အပိုင်ဂိုးသွင်းခွင့် တစ်ချို့ရခဲ့ပေမယ့် မန်ယူဂိုးသမား အကောင်းဆုံး ကာကွယ်သွားတာကြောင့် အဲဗာတန်တို့ သရေရနိုင်မယ့်အခွင့်အရေး လက်လွှတ် ဆုံးရှုံးခဲ့ရပါတယ်။ မန်ယူအတွက် အနိုင်ဂိုးကိုတော့ ဖယ်လ်ကာအိုက ၆၂ မိနစ်မှာ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
    36092014
    မနှစ်က ၆ ဂိုးပြတ်နဲ့ ရှုံးခဲ့တဲ့ အာဆင်နယ်တို့ ဒီနှစ်မှာလည်း စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ အကြွေးထပ်တင်ခဲ့ပါတယ်။ ချန်ပီယံလိဂ်မှာ ဟက်ထရစ်သွင်းခဲ့တဲ့ ၀ဲလ်ဘတ်၊  ဆန်းချက်စ်၊ အိုဇေးလ်တို့နဲ့ အာဆင်နယ်တို့ အကောင်းဆုံးပွဲထွက်လာခဲ့ပေမယ့် ရာသီအစကတည်းက ခြေစွမ်းငြိမ်နေတဲ့ ချယ်ဆီးကိုတော့ မယှဉ်နိုင်ခဲ့ပါဘူး။
    26092014
    ချယ်ဆီးက ဂိုးသွင်းခွင့်တော်တော်များများ ရခဲ့ပြီး အာဆင်နယ်ဂိုးသမား ရှက်ဇက်နီ ကာကွယ်နိုင်ခဲ့တာ ကြောင့်သာ ဒီထက်ပိုပြီး ဂိုးမပြတ်ခဲ့တာပါ။ ချယ်ဆီးအတွက်ဂိုးတွေကိုတော့ ပင်နယ်တီကတစ်ဆင့် ဟာဇာ့ဒ်နဲ့ ဒီယေဂို ကော်စတာတို့က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
    ရာသီသစ်မှာ ခြေစွမ်းပြပြီး ဇယားထိပ်ဆုံးနားရောက်နေတဲ့ ဆောက်သက်တမ်ကတော့ အဝေးကွင်းမှာ စပါးကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးခဲ့ပါတယ်။ စပါးအတွက်တော့ ဒီနိုင်ပွဲဟာ ပွဲစဉ် ၂ နောက်ပိုင်း ရုန်းကန်ခဲ့ရပြီးနောက် ပထမဆုံးနိုင်ပွဲလည်း ဖြစ်ပါတယ်။
    ဆမ်အလာဒိုက်စ်ရဲ့ဝက်စ်ဟမ်းကတော့ အိမ်ကွင်းမျာ ကျူပီအာရ်ကို ၂ ဂိုး ပြတ်နဲ့ အနိုင်ရခဲ့ပါတယ်။
    ပရီးမီးယားလိဂ်ပွဲစဉ် ၇ ရဲ့ ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
    မန်ယူ ၂-၁ အဲဗာတန်
    ချယ်ဆီး ၂-၀ အာဆင်နယ်
    စပါး ၁-၀ ဆောက်သက်တမ်
    ဟားလ်စီးတီး ၂-၀ ခရစ္စတယ်ပဲလေ့စ်
    လက်စတာ ၂-၂ ဘန်လေ
    လီဗာပူးလ် ၂-၁ ၀က်စ်ဘရွန်း
    ဆန်းဒါးလန် ၃-၁ စတုတ်စီးတီး
    ဆွမ်ဆီး ၂-၂ နယူးကာဆယ်
    အက်စတွန်ဗီလာ ၀-၂ မန်စီးတီး
  • မြို့နယ် အုပ်ချုပ်ရေးမှူး တမင်ညစ်၍  ဇီးကုန်းမှ မွတ်စလင်များ ကုရ်ဘာနီ မလုပ်တော့
    မြို့နယ် အုပ်ချုပ်ရေးမှူး တမင်ညစ်၍ ဇီးကုန်းမှ မွတ်စလင်များ ကုရ်ဘာနီ မလုပ်တော့
    အောက်တိုဘာ ၆၊ ၂၀၁၄
    M-Media
    ဇာဏီ
    ပဲခူးတိုင်းအနောက်ခြမ်း ဇီးကုန်းမြို့ရှိ မွတ်စလင်များအနေဖြင့် မနက်ဖြန်မှာ ကျရောက်တဲ့ အစ္စလာမ်သာသနာဝင်တို့ရဲ့ အီးဒ်နေ့အား ပြုလုပ်တော့မှာ မဟုတ်ကြောင်း သိရပါတယ်။
    အီးဒ်နေ့မှာ ပြုလုပ်မယ့် သားကောင်များအတွက် မြို့ပြင်က သားသတ်ရုံမှာ မနက် နေမထွက်ခင် အပြီးလုပ်ဆောင်ရမှာဖြစ်ပြီး ပြဿနာတစ်ခုခုဖြစ်ပွားခဲ့ရင် တာဝန်မယူနိုင်ဟု မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောဆိုခဲ့သည့်အတွက် မွတ်စလင်များအနေဖြင့် စိုးရိမ်ကာ အီးဒ်နေ့ မလုပ်ဖြစ်တော့ဘူးဟု ဆိုပါတယ်။
    “နှစ်တိုင်း အီးဒ်နေ့ရောက်ရင် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်လှိုင်က အီးဒ်နေ့ အဆင်မပြေအောင် အမြဲညစ်ပါတယ်။ သူက ရခိုင်လူမျိုးပါ။ ဒီနှစ်မှာလည်း အခက်အခဲ ဖြစ်အောင် ညစ်နေတယ်။ အီးဒ်နေ့ သားကောင်လုပ်မှာကို မြို့ပြင်က သားသတ်ရုံမှာ နေမထွက်ခင် အပြီးလုပ်ရမယ်။ နေမထွက်ခင်ထိပဲ လုံခြုံရေးပေးမယ်။ နေထွက်မှ လုပ်ရင် တခုခုဖြစ်ရင် ကိုယ်ဖြစ်ကိုယ်ခံလို့ ပြောတယ်။
    မြို့နယ် အုပ်ချုပ်ရေးမှူးက ဒီလိုပြောခဲ့တော့ ၂၀၁၃-ခုနှစ်မှာ ဖျက်စီးခံခဲ့ရဖူးတဲ့ ဇီးကုန်းမြို့က မွတ်စလင်မ်တွေလည်း ကြောက်စိတ်နဲ့ အီးဒ် မလုပ်ဖြစ်တော့ဘူးလို့ အားလုံး တညီတညွတ်ထဲပြောနေတယ်။ စိတ်မကောင်းဖြစ်မိပါတယ်။ အားလုံး သတိရ ဒုအာ(ဆုတောင်း)ပေးစေချင်ပါတယ်။”လို့ ဇီးကုန်းမြို့ခံက M-Media ကို ပြောခဲ့ပါတယ်။
    ============================
    ဇီးကုန်းတွင် ကုရ်ဘာနီ အီးဒ် အဆင်ပြေချော့မွေ့စွာ ပြုလုပ်နိုင်ခဲ့ (နောက်ဆက်တွဲ သတင်းထုတ်ပြန်ချက်)
    အောက်တိုဘာ ၇ ၊ ၂၀၁၄
    M-Media
    ဇာဏီ
    ပဲခူးတိုင်းအနောက်ခြမ်း ဇီးကုန်းမြို့ရှိ မွတ်စလင်များ ဘက္ကဒီးရ် အီးဒ်နေ့မှာ ကုရ်ဘာနီ ကောင်းမွန်စွာ ပြုလုပ်နိုင်ခဲ့ကြောင်း ပြန်လည် သိရပါတယ်။
    အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး အောက်တိုဘာ ၅ ရက် ညပိုင်း M-Media ရဲ့ ကနဦး စုံစမ်းသိရှိတဲ့သတင်းများအရ ဇီးကုန်းမှ မွတ်စလင်များ ကုရ်ဘာနီ မလုပ်တော့ ကြောင်း သတင်းတပုဒ်ကို တင်ဆက်ပေးခဲ့ပါတယ်။
    M-Media မှ ထုတ်ပြန်ခဲ့သော ဇီးကုန်းမြို့နယ်နဲ့ ပတ်သက်သည့် သတင်း အတိုင်းမဟုတ်ဘဲ အီးဒ်နေ့အေးချမ်းစွာ ကျင်းပခွင့် ရခဲ့ကြောင်း ဗလီဂေါပကအဖွဲ့မှ အတည်ပြု ရှင်းလင်းပါ၍ အဆိုပါသတင်းကို ပြန်လည် အသိပေးအပ်တယ်။
    http://www.m-mediagroup.com/news/32668
    http://mmedianews.blogspot.com/2014/10/blog-post_59.html
  • လူသေ အလောင်းများ အစုလိုက်ပြုံလိုက် မြှုပ်နှံမှု မက္ကဆီတွင်တွေ့
    လူသေ အလောင်းများ အစုလိုက်ပြုံလိုက် မြှုပ်နှံမှု မက္ကဆီတွင်တွေ့
    အောက်တိုဘာ ၅ ၊ ၂၀၁၄
    M-Media
    Mexico-corpses-650x320
    – ပြီးခဲ့သည့် သီတင်းပတ်က တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီးနောက် ကျောင်းသား ၄၃ ဦးပျောက်ဆုံးသွားခဲ့သည့် မက္ကဆီကိုမြို့တစ်မြို့တွင် လူသေများ အစုလိုက်အပြုံလိုက် မြှုပ်နှံထားသည့် နေရာတစ်ခုကို ရဲတပ်ဖွဲ့က တွေ့ရှိခဲ့ရသည်ဟု သိရသည်။
    ဂွာရဲရိုးပြည်နယ်၊ အီဂွါလာမြို့ ဆင်ခြေဖုံးတွင် တွေ့ရှိခဲ့ရခြင်းဖြစ်ပြီး အလောင်းများမှာ ပျောက်ဆုံးသွားသည့် ကျောင်းသားများ ဟုတ်၊ မဟုတ် စစ်ဆေးရန်အတွက် မှုခင်းဆေးဘက်ဆိုင်ရာ ဌာနသို့ ပေးအပ်ထားသည်ဟု ဂွာရဲရိုး ပြည်နယ်တရားသူကြီးက ပြောကြားခဲ့သည်။
    အလောင်းများ၏ အရေအတွက်ကို တရားဝင်ထုတ်ပြန်ခြင်းမရှိသော်လည်း Reuters သတင်းဌာနကမူ အလောင်းများမှာ ၂၀ အထိရှိမည်ဟု ဖော်ပြခဲ့သည်။
    အလောင်းများကို ကျင်း ၆ ခုတွင်မြှုပ်နှံထားခြင်းဖြစ်ပြီး မက္ကဆီကိုအမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ အဖွဲ့ဝင်တစ်ဦးကမူ လူများအား မီးရှို့ကာ တွင်းထဲ၌ မြှုပ်နှံထားခြင်းဖြစ်ပြီး ပျောက်ဆုံးနေသော ကျောင်းသားများဖြစ်မည်ဟု ပြောကြားခဲ့သည်။
    ဂွာရဲရိုးပြည်နယ်မှာ မူးယစ်ဂိုဏ်များအချင်းချင်း တိုခိုက်မှုများကြောင့် မကြာခဏ မတည်ငြိမ်မှုများ ဖြစ်ပွားသည့်ဒေသဖြစ်သည်။ အီဂွာလာမြို့တွင် စက်တင်ဘာ ၂၇ ရက်နေ့ကလည်း ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး နောက်ပိုင်းတွင် ဆရာများကောလိပ်မှ သင်တန်းသားများကို တင်ဆောင်လာသည့် ဘတ်စ်ကားတစ်စီးမှာ ပြန်ပေးဆွဲခံခဲ့ရသည်။
    ref_ Al Jazeera and agencies
  • တောင်နှင့် မြောက်ကိုရီးယား အကြီးတန်း အရာရှိများ ဆွေးနွေးမှုကို ဘန်ကီမွန် ချီးကျူး
    တောင်နှင့် မြောက်ကိုရီးယား အကြီးတန်း အရာရှိများ ဆွေးနွေးမှုကို ဘန်ကီမွန် ချီးကျူး
    အောက်တိုဘာ ၅ ၊ ၂၀၁၄
    M-Media
    013f00a4be68482f92e13b28d4ed1c7f
    – တောင်နှင့် မြောက်ကိုရီးယားမှ အကြီးတန်းအရာရှိများအကြား ဆွေးနွေးမှုများပြုလုပ်ခဲ့ခြင်းကို ကုလသမ္မဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်က ကြိုဆိုကြောင်း ပြောကြားလိုက်သည်။
    ယမန်နေ့က ပြုလုပ်ခဲ့သည့် အင်ချွန်အာရှအားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားသို့ မြောက်ကိုရီးခေါင်းဆောင် ကင်ဂျုံအန်၏ ထိပ်တန်း အကြံပေး ဗိုလ်ချုပ်ကြီးများ တက်ရောက်ခဲ့ကြပြီး နောက်ပိုင်းတွင် တောင်ကိုရီးယား အရာရှိများနှင့် ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြသည်။
    ထိုကိစ္စနှင့် ပတ်သက်၍ ဘန်ကီမွန်က ကြေညာချက်ထုတ်ပြန်ခဲ့ရာ ဆေးနွေးညှိနှိုင်းမှုကသာ ပြဿနာများကို ဖြေရှင်းရန် တစ်ခုတည်းသော နည်းလမ်းဖြစ်ကြောင်း၊ ကိုရီးယားကျွန်းဆွယ်အား ငြိမ်းချမ်းပြီး နျူကလီးယားကင်းမဲ့ဇုန် ဖြစ်လာစေရေး အပြုသဘောဆောင်သည့် အရှိန်အဟုန်တစ်ခုအား တည်ဆာက်ရန် သက်ဆိုင်ရာ ပုဂ္ဂိုလ်ျများက ဆက်လက်ဆောင်ရွက်လိ့မ်မည်ဟု မျှော်လင့်ပါကြောင်း ရေးသား ဖော်ပြခဲ့သည်။
    တောင်နှင့် မြောက်ကိုရီးယားမှ အကြီးတန်းအရာရှိများ ဆွေးနွေးမှုတွင် အောက်တိုဘာ နှောင်ပိုင်းနှင့် နိုဝင်ဘာအစောပိုင်းတို့တွင် ဒုတိယအကျာ့ အဆင့်မြင့်ဆွေးနွေးမှုများကို ပြုလုပ်ရန် သဘောတူညီခဲ့ကြသည်။ အဆိုပါ ဒုတိယအကျော့ဆွေးနွေးမှုနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များကို နှစ်နိုင်ငံ တာဝန်ရှိသူများ၏ လုပ်ငန်းပိုင်းဆိုင်ရာ အစည်းအဝေးတွင် ဆွေးနွေးသွားမည်ဖြစ်သည်။
    ref_ ဆင်ဟွာ
  • ၄ နှစ် အရွယ်မှာ ပျောက်ဆုံးခဲ့သည့် အမေရိကန် ကလေး ၁၂ နှစ်ကြာပြီးနောက် မက္ကဆီမှာ ပြန်တွေ့
    ၄ နှစ် အရွယ်မှာ ပျောက်ဆုံးခဲ့သည့် အမေရိကန် ကလေး ၁၂ နှစ်ကြာပြီးနောက် မက္ကဆီမှာ ပြန်တွေ့
    အောက်တိုဘာ ၅ ၊ ၂၀၁၄
    M-Media
    texas-girl-kidnapped-12-years-ago-aged-four-is-found-alive-in-mexico
    – လွန်ခဲ့သည့် ၁၂ နှစ် အသက် ၄ နှစ်အရွယ်က အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်မှ ပျောက်ဆုံးသွားခဲ့သည့် မိန်းကလေးတစ်ဦးအား မက္ကဆီကို နိုင်ငံ၌ ပြန်လည်တွေ့ရှိခဲ့သည်ဟု သိရသည်။
    ဆာဘရီနာ အဲလင်ဆိုသည့် သမီးငယ်လေးဖြစ်ပြီး ၂၀၀၂ ခုနှစ်တွင် ဖခင်၏ အုပ်ထိန်းမှုအောက်မှ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကာ မက္ကဆီကိုစီးတီး အရှေ့ပိုင်း ကီလိုမီတာ ၁၄၀ အကွာရှိ အီစတာဖီတာ တလက်စ်ကာလာမြို့တွင် အင်္ဂါနေ့က ပြန်တွေ့ခဲ့သည်။
    အဲလင်၏ မိခင် ဒါရာမာရီ လိုရန်နှင့် အဖေဖြစ်သူ ဂျာ့ဂ်ျအဲလင်တို့မှာ ၂၀၀၀ ပြည့်နှစ်က ကွာရှင်းခဲ့ပြီးနောက်ပိုင်း အဲလင်အား အုပ်ထိန်းခွင့်ရရေးအတွက် အမှုဖြစ်ခဲ့ကြသည်။
    ထိုသို့မှုအဖြစ်နေချိန် ဖခင်နှင့် အတူရှိနေစဉ် မိခင်ဖြစ်သူ လိုရန်က အဲလင်အား ခိုးယူကာ ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။ အဲလင်အား အုပ်ထိန်းခွင့်ကို ဖခင်ဖြစ်သူ ဂျာ့ဂ်ျက ရရှိခဲ့ပြီး ရှာဖွေမှုများပြုလုပ်ခဲ့သော်လည်း မတွေ့ခဲ့ပေ။
    အဲလင်က မိခင်မှာ အဖမ်းခံရမှုမှ လွတ်မြောက်ရန် အတွက် မျက်နှာအား ခွဲစိတ်ပြုပြင်မှုများ ပြုလုပ်ထားပြီး သားအမိနှစ်ဦးစလုံးမှာ မက္ကဆီကိုတွင် အခြား နာမည်များဖြင့် နေထိုင်ခဲ့ကြသည်ဟု ဆိုသည်။
    ဂျာ့ဂ်ျကမူ သမီးဖြစ်သူအား ယခုကဲ့သို့ ပြန်လည်တွေ့ရှိခဲ့သည့် အတွက် ပျော်ရွှင်မိကြောင်း၊ မိမိတို့ မိသားစုတစ်ခုလုံးမှာ အဲလင်အား ရှာဖွေမှုတွင် ပါဝင်ကူညီခဲ့ကြသူများ အားလုံးကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။
    အဲလင်ပျောက်ဆုံးမှုမှာ အမေရိကန်တွင် ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့ပြီး အမေရိကန်၏ အလိုချင်ဆုံးသူအဖြစ် ၂ ကြိမ်တိုင်တိုင် TV မှ ကြေညာခြင်းခံခဲ့ရသည်။
    ref_ DailyTelegraph