News @ M-Media

Blog

  • ဖိအားများ ရှိနေသော်လည်း ဆက်လက် တိုက်ပွဲ ၀င်သွားမည်ဟု နယူးကာဆယ် နည်းပြဆို

    ဖိအားများ ရှိနေသော်လည်း ဆက်လက် တိုက်ပွဲ ၀င်သွားမည်ဟု နယူးကာဆယ် နည်းပြဆို

    စက်တင်ဘာ ၃၀ ၊ ၂၀၁၄
    M-Media
    1412029538301_wps_14_STOKE_ON_TRENT_ENGLAND_SE
    – အသင်းမှနှုတ်ထွက်ရန် ပရိတ်သတ်များက ဖိအားပေးနေသော်လည်း မိမိအနေဖြင့် အသင်းအခြေအနေကောင်းရန် တိုက်ပွဲဝင်သွားမည်ဟု နယူးကာဆယ်နည်းပြ အလန် ပါဂျူးက ပြောဆိုလိုက်သည်။

    ယနေ့နံနက်က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲတွင် စတုတ်အား ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည့် နယူးကာဆယ်မှာ ၆ ပွဲကစားပြီးချိန်တွင် ၃ ပွဲသရေ၊ ၃ ပွဲရှုံးဖြင့် နိုင်ပွဲမရသေးဘဲ ဇယားအောက်ဆုံးသို့ ရောက်ရှိနေသည်။

    ထိုပွဲတွင် နယူးကာဆယ်ပရိတ်သတ်များမှာ ပါဂျူး အသင်းမှ နှုတ်ထွက်ပေးရန် စာတမ်းများကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြသည်။ သို့သော်လည်း ပါဂျူးကမူ ပရိတ်သတ်များ၏ အမြင်အား လေးစားကြောင်း မိမိမှာအသင်းတွင် ဆက်လက်ရှိနေ၍ တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    “(နည်းပြအလုပ် ဘယ်လောက်သေချာသလဲဆိုတာ) ကျွန်တော် မသိပါဘူး။ ဒါဟာ ကျွန်တော်တို့အတွက် နောက်ထပ်ရှုံးပွဲတစ်ပွဲဖြစ်ပြီး အရှုံးသံသရာကနေ ကျွန်တော်တို့ မထွက်နိုင်သေးပါဘူး။ ဒါကို သေသေချာချာ ကိုင်တွယ်ဖြေရှင်းရတော့မှာပါ။ ကျွန်တော်တို့ တိုက်ပွဲဝင်ရပါမယ်။ ကျွန်တော်တို့ အခြေအနေ ပြန်ကောင်းတဲ့အထိ ဒါကို ဆက်လုပ်ရမှာပါ” ဟု ပါဂျူးက ဆိုသည်။

    စတုတ်နှင့်ပွဲမတိုင်ခင် နာရီအနည်းငယ်အလိုကပင် နယူးကာဆယ် အသင်းပိုင်ရှင် မိုက်အရှက်လေက ထိုပွဲတွင် စတုတ်အား မနိုင်ပါက ပါဂျူးအား ထုတ်ပစ်မည်ဟု သတင်းထောက်များအား ပြောကြားခဲ့သော်လည်း နောက်ပိုင်းတွင် ထိုပြောဆိုမှုမှာ နောက်ပြောင်ခြင်းသာဖြစ်သည်ဟု ပြန်လည်ပြောဆိုခဲ့သည်။

    ပါဂျူးကမူ လာမည့်စနေနေ့ ဆွမ်ဆီးအသင်းနှင့် ပွဲမတိုင်ခင် မိုက်အရှက်လေနှင့် တွေ့ဆုံစကားပြောသွားမည်ဟု ဆိုသည်။

  • အာဖဂန် သမ္မတသစ် အဖြစ် အရှ်ရက်ဖ်ဂနီ ကျမ်းကျိန်

    အာဖဂန် သမ္မတသစ် အဖြစ် အရှ်ရက်ဖ်ဂနီ ကျမ်းကျိန်

    စက်တင်ဘာ ၃၀ ၊ ၂၀၁၄
    M-Media
    Ashraf-Ghani_3054762b
    – ရွေးကောက်ပွဲနှင့် ပတ်သက်၍ လပေါင်း များစွာကြာ ငြင်းခုံမှုများဖြစ်ပွားခဲ့သည့် အာဖဂန်နစ္စတန်၏ သမ္မတသစ် အဖြစ် အရှ်ရက်ဖ် ဂနီက ယမန်နေ့တွင် ကျမ်းကျိန်ခဲ့သည်ဟု သိရသည်။

    ၂၀၀၁ ခုနှစ် တာလီဘန် အစိုးရ ပြုတ်ကျသွားခဲ့ပြီးနောက် နိုင်ငံ၏ ပထမဆုံး ဒီမိုကရေစီနည်းကျ  အာဏာ လွှဲအပ်မှုဖြစ်သည့် သမ္မတ ကျမ်းကျိန်ပွဲကို ယမန်နေ့က မြို့တော် ကဘူးလ်တွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။

    “ကျွန်တော်ဟာ ခင်ဗျားတို့အားလုံးထက် ပိုကောင်းတဲ့သူ မဟုတ်ပါဘူး။ တကယ်လို့ ကျွန်တော်လုပ်တာမှန်ရင် ခင်ဗျားတို့ အားပေးကူညီကြပါ။ မှားနေတယ်ဆိုရင်တော့ ကျွန်တော့်ကို အမှန်ပြင်ပေးကြပါ” ဟု ဂနီက ကျမ်းကျိန်ပြီးနောက် ပြောကြားခဲ့သည်။

    ဂနီနှင့်ပြိုင်ဘက် အဗ္ဗဒူလ်လာကလည်း ၀န်ကြီးချုပ် အဆင့်နှင့်ညီသည့် အစိုးရ အမှုဆောင် အရာရှိအဖြစ် ကျန်းကျိန်ခဲ့သည်။ ၎င်းတို့နှစ်ဦးစလုံးမှာ ရွေးကောက်ပွဲ ရလဒ်အတွက် အခြေအတင်ဖြစ်ခဲ့ပြီး ပြီးခဲ့သည့် သီတင်းပတ် အနည်းငယ်ကမှ ညီညွတ်ရေး စာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။

    ယခုဖွဲ့စည်းမည့် အာဖဂန် အစိုးရသစ်တွင် သမ္မတနှင့် အမှုဆောင် အရာရှိချုပ်တို့က တိုင်းပြည်အား ပူးတွဲအုပ်ချုပ်သွားမည်ဖြစ်သည်။ အာဖဂန် သမိုင်းပညာရှင် ဟီလီနာ မာလစ်ယာ ကမူ သမ္မသစ် ဂနီကျမ်းကျိန်ခဲ့သည့်နေ့မှာ အာဖဂန်ပြည်သူအများစုအတွက် ခါးသီဖွယ်ရာများကြားမှ ချိမြိန်စရာကောင်းသောနေ့ဖြစ်သည် ဟု ပြောကြားခဲ့သည်။

    ref_ Al Jazeera and agencies

  • ဘယ်လ်ဂျီယံ အလှမယ်တစ်ဦး အစ္စလာမ်သို့ ကူးပြောင်း

    ဘယ်လ်ဂျီယံ အလှမယ်တစ်ဦး အစ္စလာမ်သို့ ကူးပြောင်း

    စက်တင်ဘာ ၃၀ ၊ ၂၀၁၄
    M-Media
    belgian-beauty-queen-converts-to-islam-1411865524-9399
    – ၂၀၁၂ ခုနှစ် ဘယ်လ်ဂျီယံမယ် ပြိုင်ပွဲဝင် လင်ဆေးဗန်ဂီလီက မိမိအနေဖြင့် အစ္စလာမ်သာသနာသို့ ပြောင်းလဲသက်ဝင်ခဲ့ပြီး မိမိ၏ အမည်ကိုလည်း အာအေရှာဟု ပြောင်းလဲခဲ့ပြီဟု သိရသည်။

    လွန်ခဲ့သည့် ၄ နှစ်က မာလီနွယ်ဖွား ဘယ်လ်ဂျီယံဘောလုံးသမား မာမြူတို အန် ဒိုင်ယီနှင့် လက်ထပ်ခဲ့ပြီးနောက် အစ္စလာမ်သာသနာ သို့ပြောင်းလဲရန် ရွေးချယ် ခဲ့ခြင်းဖြစ်ကြောင်း လင်ဆေး၏ ပြောကြားမှုကို  Morocco World News သတင်းစာတွင် ယမန်နေ့က ဖော်ပြခဲ့သည်။
    “မာမြူတိုက ကျွန်မကို လက်ထပ်ခွင့်တောင်းတဲ့ အချိန်ကတည်း ကျွန်မဟာ မွတ်စလင် ဖြစ်လာခဲ့တာပါ။ လူမှုရေးအရ တရားရုံးတက် လက်မှတ်ထိုးတာဟာ ကျွန်မ အတွက်တော့ မလုံလောက်ပါဘူး။ နောက်ပြီး ကျွန်မရဲ့ အယူဝါဒပြောင်းလဲမှုကို ထောက်ခံတာမျိုးကိုလည်း လိုချင်ပါတယ်” ဟု လင်ဆေးက Het Laatste Nieuws သို့ ပြောကြားခဲ့သည်။

    လင်ဆေးမှာ လွန်ခဲ့သည့် ၂ နှစ်ခန့်ကပင် အစ္စလာမ်သို့ ပြောင်းလဲ သက်ဝင်ခဲ့ခြင်း ဖြစ်သော်လည်း သူမ ပညာသင်ယူနေသည့် Ghent တက္ကသိုလ် ပြန်ကြားရေးဌာနက မကြာသေးမီကမှ လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။

    ref_ World Bulletin

  • ခါကာဘိုရာဇီတွင် အဆက်သွယ် ပြတ်သွားသည့် ထိုင်းရဟတ်ယာဉ် ပျက်ကျဟု ထူးဖောင်ဒေရှင်း သတင်းထုတ်ပြန်

    ခါကာဘိုရာဇီတွင် အဆက်သွယ် ပြတ်သွားသည့် ထိုင်းရဟတ်ယာဉ် ပျက်ကျဟု ထူးဖောင်ဒေရှင်း သတင်းထုတ်ပြန်

    စက်တင်ဘာ ၃၀ ၊ ၂၀၁၄
    M-Media
    Hkakabo-Razi-Mountaineer-3
    – ခါကာဘိုရာဇီ တောက်တက်သမားနှစ်ဦးပျောက်ဆုံးမှု ရှာဖွေရေး လုပ်ငန်းများတွင် ပါဝင်ကူညီနေရင်း ပျောက်ဆုံးသွားခဲ့သည့် ထိုင်းထောက်ပံ့ရေး ရဟတ်ယာဉ် တစ်စင်းမှာ ပျက်ကျသွားခြင်းဖြစ်သည်ဟု ထူးဖောင်ဒေးရှင်းက ယနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

    နောင်မွန်ဒေသရှိ ရွာသားများက ယနေ့နံနက် ၃ နာရီခန့်တွင် ရဟတ်ယာဉ်ပျက်ကို တွေ့ရှိကြောင်း ဒေသခံ အာဏာပိုင်များသို့ အကြောင်း ကြားခဲ့ခြင်းဖြစ်ပြီး စစ်တပ်နှင့် ဒေသတွင်း ရဲတပ်ဖွဲ့ဝင်များက ထိုနေရာသို့ သွားရောက်ကြည့်ရှုရန် ကြိုးစားနေကြသည်။ အဆိုပါ ရဟတ်ယာဉ်တွင် ထိုင်းရဟတ်ယာဉ်မှူး တစ်ဦးနှင့် မြန်မာရဟတ်ယာဉ်မှူး  ၂ ဦးတို့ လိုက်ပါသွားကြပြီး ၎င်းတို့၏ အခြေအနေကို မသိရသေးပေ။

    Advance Aviation B-4  ရဟတ်ယာဉ်မှာ ကယ်ဆယ်ရေး အဖွဲ့သားများရှိရာ စခန်းသို့ ရိက္ခာသွားရောက် ပို့ဆောင်ရန် ပူတာအိုလေဆိပ်မှ စနေနေ့ နေ့လည်ပိုင်းတွင် ပျံသန်းခဲ့ပြီးနောက် မိနစ် ၂၀ ခန့်အကြာတွင် အဆက်သွယ် ပြတ်တောက်သွားခဲ့ခြင်းဖြစ်သည်။

    ref: ဆင်ဟွာ

  • မြန်မာ-သီရိလင်္ကာ သာသနာရေးကို ဦးဝီရသူ အိုးမဲသုတ် ဟု မွန်လူမျိုး သံဃာတော် တပါးပြောကြား

    မြန်မာ-သီရိလင်္ကာ သာသနာရေးကို ဦးဝီရသူ အိုးမဲသုတ် ဟု မွန်လူမျိုး သံဃာတော် တပါးပြောကြား

    စက်တင်ဘာ ၃၀ ၊ ၂၀၁၄
    M-Media

    တနင်္ဂနွေနေ့က ကိုလံဘိုလေဆိပ်မှာ တွေ့ရတဲ့ ဒေသခံ အစွန်းရောက် Bodu Bala Sena အုပ်စု နဲ့ ဦးဝီရသူ (Photo-The Republic Square)

    ဗုဒ္ဓဘာသာတွေဟာ မူစလင်တွေရဲ့ အကြမ်းဖက်မှုကို ခံနေကြရပြီး  သီရိလင်္ကာမှာရှိတဲ့ Bodu Bala Sena လို့ ခေါ်တဲ့ ဗုဒ္ဓဘာသာ အင်အားစု နဲ့ ၉၆၉ လှုပ်ရှားမှု အင်အားစုတို့ လက်တွဲ ဆောင်ရွက်သွားကြမယ်လို့ ပြောကြားခဲ့တဲ့ ဦးဝီရသူရဲ့ မိန့်ခွန်း အပေါ် မွန်လူမျိုး သံဃာတော်တပါးဖြစ်တဲ့ U Ravika က သူသဘောထားအမြင်ကို ၄င်းရဲ့ FB စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ U Ravika ရဲ့ ရေးသားမှုကို M-Media စာဖတ်ပ၇ိတ်သတ် ဖတ်ရှုနိုင်အောင် မူရင်းအတိုင်း ကူးပြီးတင်ပြပေးလိုက်ပါတယ်။

    မြန်မာ-သီရိလကာင်္ သာသနာရေးကို ဆရာတော်ဝီရသူ အိုးမဲသုတ်

    အရှင်ပန်စတေးတပ်စ်ကို မန့်ဖို့ စိတ်ကူးပေမဲ့ စကားက နည်းနည်းရှည်နေလို့ ကိုယ့်စတေးတပ်စ်အဖြစ်နဲ့ ရေးတင်လိုက်ပါတယ်။
    ဆရာတော်ဝီရသူကို ဖိတ်ကြားတဲ့ Bodu Bala Sena အဖွဲ့ဟာ မူစလင်ဆန့်ကျင်ရေးအဖွဲ့အစည်းတစ်ခု ဖြစ်လို့ ပွဲကို တက်ရောက်ဖို့ ဖိတ်ကြားပေမဲ့ မကုဋာရာမမြန်မာကျောင်းနာယကဆရာတော်များက ငြင်းဆိုခဲ့ကြောင်း အရှင်ပန်က ရေးတယ်။

    ဆရာတော်ဦးဝီရသူ မိန့်ခွန်းကို မနေ့ကပဲ နားထောင်ခဲ့ပါတယ်။ ထူးထူးခြားခြား မပါလို့ စိတ်မဝင်စားသလို သူ့အကြောင်းကို မန့်ရင် အလကားသက်သက် ၉၆၉ အတွက် အားဆေးတစ်ခွက် ဖြစ်နေမှာစိုးလို့ မရေးခဲ့ပါ။

    ဆရာတော် မိန့်သလိုသာ ဗုဒ္ဓဘာသာတွေဟာ မူစလင်တွေရဲ့ အကြမ်းဖက်မှုကို ခံနေကြရရင် ဒီတစ်ခုကို ထောက်ပြစရာ ရှိတယ်။ မကုဋာရာမကျောင်းဆိုတာ မူစလင်ရပ်ကွက်မှာ ရှိနေတာ ဖြစ်တယ်။ မူစလင်တွေကြားမှာ နေနေရတာ ဖြစ်တယ်။ မိမိကိုယ်တိုင်လည်း နေခဲ့ဖူးတဲ့ ကျောင်းဖြစ်တယ်။ မကုဋာရာမအရေးကို ရင်လေးကြောင်း ဆိုပြီး မဟနက မြန်မာသံရုံးကတစ်ဆင့် သိမ်းဖို့ ကြိုးစားရာ ခုခံသူထဲမှာ မိမိပါခဲ့ပါတယ်။ အရှင်ပန်လည်း ဒီအကြောင်းကို အသိဆုံးပါ။

    ဆရာတော် မိန့်သလိုသာ ဗုဒ္ဓဘာသာတွေဟာ မူစလင်တွေရဲ့ အကြမ်းဖက်မှုကို ခံနေကြရရင် ဒီတစ်ခုကို ထောက်ပြစရာ ရှိတယ်။ မကုဋာရာမကျောင်းဆိုတာ မူစလင်ရပ်ကွက်မှာ ရှိနေတာ ဖြစ်တယ်။ မူစလင်တွေကြားမှာ နေနေရတာ ဖြစ်တယ်။ မိမိကိုယ်တိုင်လည်း နေခဲ့ဖူးတဲ့ ကျောင်းဖြစ်တယ်။

    ဝါသနာ ပါသပဆိုရင် မူစလင်မလေးတွေ နောက်ဖေးမှာ အဝတ်လျှော် အဝတ်လှန် လုပ်ရင် မျက်စိစားပွဲထိုး လုပ်လို့ ရတယ်။ တံတိုင်းတစ်ခုပဲ ခြားတဲ့ မူစလင်အိမ်တွေပါ။ ဒါပေမဲ့ ဘုန်းကြီးများက မူစလင်မလေးများကို စိတ်မဝင်စားသလို မူစလင်များကလည်း မြန်မာကျောင်းကို မျက်စိဒေါက်ထောက် ကြည့်မနေကြပါ။ ဘုန်းတော်ကြီးများက မူစလင်တွေ ရောင်းတဲ့ ဘိုရယာနီ ထမင်းထုပ်ကိုပဲ ဝင်ဆွဲကြပါတယ်။
    ဆရာတော်ဝီရသူက မူစလင်တို့ ကန့်ကွက်နေတဲ့ကြားမှာ သူ့ကို ခွင့်ပြုခဲ့တဲ့ သီရိလကာင်္သမ္မတ မဟိန္ဒရာဇပက္ခကို ကျေးဇူးတင်ကြောင်း မိန့်ကြားခဲ့ပါတယ်။ ဆရာတော်ဝီရသူ သီရိလကာင်္ရောက်တာနဲ့ ချိန်ကိုက်ပြီး စစ်တပ်အားပေး ဒီမိုယောင်ယောင် လစ်ဘရယ် ဟန်ဆောင်သူ တစ်ယောက်ဟာ သီရိလကာင်္ သမ္မတကို မျိုးချစ်တစ်ဦး အဖြစ် သတ်မှတ်ပြီး ပြည်တွင်းစစ်ကို အဆုံးသတ်နိုင်ခဲ့သူ ဖြစ်လို့ အာဇနည်တစ်ဦးဖြစ်ကြောင်း အမွှန်းတင်ခဲ့ပါတယ်။

    သူက ဆက်ပြီး မြန်မာတိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများကို သူပုန်လို့ သတ်မှတ်ပြီး မြန်မာပြည်ကို ကရင်ပြည်မဖြစ်အောင် ကာကွယ်နိုင်ခဲ့တဲ့ မြန်မာ့ တပ်မတော်ကို ကျေးဇူးတင်သင့်ကြောင်း ဖော်ညွှန်းခဲ့ပါတယ်။ တိုင်းရင်းသားများကို အပြုတ်တိုက်ပြီး ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ ဆော်အော်ခဲ့ရာ ကြိုက်သူထဲမှာ ဒီမိုအချို့တောင် ရောပါသွားခဲ့ပါတယ်။

    ဒီတော့ ဆရာတော်ဝီရသူမစ်ရှင်ဟာ ငြိမ်းချမ်းရေးမစ်ရှင်တစ်ခု မဟုတ်ဘူး။ ပုဂံခေတ်က ရှိခဲ့တဲ့ မွန်ဆရာတော်များရဲ့ မစ်ရှင်များ၊ မြန်မာဆရာတော်များရဲ့မစ်ရှင်များ၊ ဟံသာဝတီခေတ်က မွန်ဆရာတော်များရဲ့ မစ်ရှင်များ၊ အင်းဝခေတ်ရှိမြန်မာဆရာတော်များရဲ့ မစ်ရှင်များ၊ ကုန်းဘောင်ခေတ်က ရာမညနိကာယမွန်ဆရာတော်များရဲ့ မစ်ရှင်များ၊ အမရပူရ မြန်မာဆရာတော်များရဲ့ မစ်ရှင်များ၊ အင်္ဂလိပ်ခေတ်က မကုဋာရာမစတဲ့ မြန်မာကျောင်းများကို တည်ထောင်ခဲ့တဲ့ မွန်မြန်မာဆရာတော်များရဲ့ မစ်ရှင်များ၊ ရွှေကျင်သာသနာကို စတင်ခဲ့တဲ့ မြန်မာဆရာတော်များရဲ့ မစ်ရှင်များကို မှေးမှိန်စေပါတယ်။

    သူဟာ ၂၀၀၇ ရွှေဝါရောင်တုန်းက ရခဲ့တဲ့ ရဟန်းများရဲ့ ကမ္ဘာ့ထောက်ခံမှုကို ပျက်စီးအောင် လုပ်ခဲ့သူ ဖြစ်တယ်။ အာဏာရှင်စနစ်ကို ဆန့်ကျင်နေတဲ့ ကျောင်းသား၊ တိုင်းသူပြည်သား၊ ဘုရားသား(၃)မျိုးထဲမှာ ဘုရားသားတော်ဖြစ်တဲ့ သံဃာတော်များက ဒီမိုကရေစီတိုက်ပွဲကို စိတ်မဝင်စားဘဲ စစ်အာဏာရှင်စနစ်ကို ထောက်ခံလာအောင် စည်းရုံးနေသူ ဖြစ်တယ်။ ဘုရားသားတော်များကို အသုံးချလို့ ပြည်သူပြည်သားများကိုလည်း နိုင်ငံရေးကို စိတ်မဝင်စားစေဘဲ သိန်းစိန်ကို ထောက်ခံအောင် စည်းရုံးနေသူ ဖြစ်တယ်။ အခု မြန်မာသီရိလကာင်္မှာ ရှိနေခဲ့တဲ့ သာသနာရေးဆိုင်ရာကူးလူးဆက်ဆံမှုကိုပါ အိုးမဲသုတ်ခဲ့ပါပြီ။

    မူရင်းလင်ခ် =>https://www.facebook.com/ven.ravika/posts/568065456655027