News @ M-Media

ကစားသမားသက်တမ်း တစ်လျှောက် ၂၂ ကြိမ်မြောက် ဟက်ထရစ်ဂိုး ရော်နယ်ဒို သွင်းယူ

အောက်တိုဘာ ၆ ၊ ၂၀၁၄
M-Media
1412543330299_Image_galleryImage_MADRID_SPAIN_OCTOBER_05_C
– ယမန်နေ့က ကစားခဲ့သည့် ဘီဘာအိုနှင့်ပွဲတွင် ရီးယဲလ်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုမှာ ၎င်း၏ ကစားသမား သက်တမ်းတစ်လျှောက် ၂၂ ကြိမ်မြောက် ဟက်ထရစ်ကို သွင်းယူနိုင်ခဲ့သည်ဟု သိရသည်။

၅ ဂိုးပြတ်ဖြင့် အနိုင်ရခဲ့သည့် အဆိုပါပွဲတွင် ရော်နယ်ဒို၏ ဟက်ထရစ်နှင့်အတူ ဘန်ဇီမာက ၂ ဂိုး သွင်းယူပေးခဲ့သည်။ ထိုပွဲ ဟက်ထရစ်ကြောင့် လာလီဂါ ၄ ပွဲ ကစားပြီးချိန်တွင် ရော်နယ်ဒို သွင်းယူထားသည့် ဂိုးအရေအတွက်မှာ ၁၃ ဂိုးအထိ ရှိပြီဖြစ်သည်။ ထို့ပြင် အိမ်ကွင်းတွင် ၁၄ ပွဲဆက်တိုက် ဂိုးသွင်းနိုင်ခြင်းလည်း ဖြစ်သည်။

ဘီဘာအိုနှင့်ပွဲတွင် ရီးယဲလ်၏ BBC (ဘေးလ်၊ ဘန်ဇီမာ၊ ရော်နယ်ဒို) အတွဲမှာ အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ပြီ့း ဂိုးများမှာ ၎င်းတို့ ၃ ဦး၏ ပူးပေါင်း ဖန်တီးမှုများမှတစ်ဆင့် ရရှိခဲ့ခြင်းဖြစ်သည်။

ရော်နယ်ဒိုမှာ ၂၀၀၉ ခုနှစ် မန်ယူမှ ပြောင်းရွှေ့ခဲ့ပြီးနောက် ရီးယဲလ်အတွက် ၂၅၇ ပွဲ ကစားပေးထားပြီး ၂၆၉ ဂိုး သွင်းယူပေးထားနိုင်သည်။ လာမည့်သီတင်းပတ်တွင် ရီးယဲလ်မှာ ပြိုင်ဘက် ဘာစီလိုနာအား အိမ်ကွင်းတွင် ဧည့်ခံကစားရမည်ဖြစ်ပြီး ထိုပွဲတွင် ရော်နယ်ဒို ဂိုးသွင်းနိုင်ပါက အိမ်ကွင်း ၁၅ ပွဲဆက်တိုက် ဂိုးသွင်းနိုင်သည့်စံချိန်ကို ရရှိမည်ဖြစ်သည်။

ref_ Daily Mail

Comments

Leave a Reply