News @ M-Media

Blog

  • ပါလက်စတိုင်းပြည်သူများ ပျက်ဆီး အိုးအိမ်များ သွားရောက်ကြည့်ရှု ၊ အပစ်ရပ်ရေး ၂ ရက် မြောက်ရှိပြီ

    ပါလက်စတိုင်းပြည်သူများ ပျက်ဆီး အိုးအိမ်များ သွားရောက်ကြည့်ရှု ၊ အပစ်ရပ်ရေး ၂ ရက် မြောက်ရှိပြီ

    သြဂုတ် ၁၂ ၊ ၂၀၁၄
    M-Media
    606x340_275540
    – ဂါဇာဒေသ ဒုတိယအကြိမ်မြောက် ၃ ရက်တာ အပစ်ရပ်ရေးမှာ ဒုတိယနေ့သို့ ရောက်ရှိလာခဲ့ပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသူ ပါလက်စတိုင်းများမှာလည်း ပြိုကျပျက်စီးနေသော ၎င်းတို့၏ အိမ်ရာများသို့ သွားရောက်ကြည့်ရှုနေကြသည်ဟု သိရသည်။

    ယမန်နေ့ည သန်းခေါင်ယံအထိ အပစ်ရပ်ရေးကို မည်သူမှ ချိုးဖောက်ခြင်းမရှိသေးဘဲ ဒုက္ခသည်များ ခိုလှုံရာ ကုလ၏ စာသင်ကျောင်းများတွင်လည်း ကားများ၊ မြင်းလှည်းများက ဒုက္ခသည်များအား စောင့်ဆိုင်းကာ ၎င်းတို့၏ နေရပ်များသို့ ပြန်လည် ပို့ဆောင်ပေးနေကြသည်။

    “ကျွန်တော်တို့အိမ်လေး ဘယ်လိုဖြစ်သွားတယ်ဆိုတာ ကျွန်တော်တို့ ပြန်ကြည့်ချင်ပါတယ်” ဟု သေးငယ်သောလှည်းပေါ်သို့ မိသားစုများနှင့် အတူ တိုးဝှေ့တက်ခဲ့ရသည့် အသက် ၅၈ နှစ်အရွယ် ဟစ်ကမတ် အတ္တာက ပြောကြားခဲ့သည်။

    ယာယီအပစ်ရပ်ရေးမှ အမြဲတမ်းအပစ်ရပ်ရေးဖြစ်လာရန် အစ္စရေးနှင့် ပါလက်စတိုင်း ကိုယ်စားလှယ်များက ကိုင်ရိုတွင် တစ်ဆင့်ခံဆွေးနွေးမှုများ ပြုလုပ်နေသည်။

    အစ္စရေး၏ ကျူးကျော်တိုက်ခိုက်မှုများအတွင်း ဒဏ်ရာများရခဲ့သည့် အသက် ၁ လအရွယ် ကလေးငယ်တစ်ဦးမှာ ထိုဒဏ်ရာများကြောင့် ယမန်နေ့တွင် သေဆုံးခဲ့သည်ဟု ပါလက်စတိုင်း အရေးပေါ်ဌာနမှ ပြောကြားခဲ့သည်။

    ထို့ကြောင့် တစ်လကျော်ကြာ ကြာမြင့်ခဲ့သည့် အစ္စရေး၏ တိုက်ခိုက်မှုများအတွင်း သေဆုံးသူအရေအတွက်မှာ ၁၉၄၅ ဦးအထိ ရောက်ရှိ ခဲ့ပြီဖြစ်သည်။ သေဆုံးသူ အများစုမှာ အရပ်သားများဖြစ်ကြသည်ဟု ကုလ၏ စစ်တမ်းများအရသိရသည်။

    Agencies
  • ရှစ်လေးလုံး ၂၆ နှစ် ပြည့် မန္တလေးနှင့် စစ်ကိုင်းတွင် ကျင်းပပြုလုပ်ခဲ့

    ရှစ်လေးလုံး ၂၆ နှစ် ပြည့် မန္တလေးနှင့် စစ်ကိုင်းတွင် ကျင်းပပြုလုပ်ခဲ့

    သြဂုတ် ၁၂၊ ၂၀၁၄
    M-Media
    သတင်း/ဓါတ်ပုံ- ချို
    10314464_10202167041648557_884682872566137849_n
    ၂၀၁၄ ခုနှစ် သြဂုတ်လ ၈ ရက်နေ့တွင်  မြန်မာနိုင်ငံ ဒီမိုကရေစီနေ့၊ လူထုဒီမိုကရေစီ အရေးတော်ပုံ (၂၆) နှစ်မြောက် အခမ်းအနားကို မန္တလေးမြို့၊ ဒက္ခိဏာရာမ ဘုရားကြီးတိုက် အလယ်တိုက်ကြီးတွင် ယခင်နှစ်များနည်းတူ ကျင်းပခဲ့ပါသည်။

    အဆိုပါအခမ်းအနားတွင် ခေတ်အဆက်ဆက် ဒီမိုကရေစီ တိုက်ပွဲအတွင်း ကျဆုံးခဲ့ရသော ရဟန်းရှင်လူ ကျောင်းသားပြည်သူ အာဇာနည် သူရဲကောင်းတို့အား အလေးပြုခြင်း၊ ခေတ်အဆက်ဆက် ဒီမိုကရေစီတိုက်ပွဲ အတွင်း ကျဆုံးခဲ့ရသော ရဟန်းရှင်လူ ကျောင်းသားပြည်သူ အာဇာနည်သူရဲကောင်းတို့အား ၀မ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် တစ်မိနစ်ငြိမ်သက်ခြင်းများ ပြုလုပ်ခဲ့သည်။

    ဆက်လက်ပြီး မန္တလေးမြို့ ဒက္ခိနာရာမဘုရားကြီးတိုက် ဆရာတော် ဦးခေမာက ရှစ်လေးလုံး လူထု ဒီမိုကရေစီအရေးတော်ပုံ (၂၆)နှစ်မြောက် အထိမ်းအမှတ် သြ၀ါဒစကား မိန့်ကြားခြင်း၊ ဆရာကြီးကိုလေး (အင်းဝဂုဏ်ရည်)က မြန်မာနိုင်ငံ ဒီမိုကရေစီနေ့ (သြဂုတ်လ ၈ရက်)နှင့် ပတ်သက်ပြီး ပြောကြားခြင်း၊ နိုင်ငံရေး အကျဉ်းသားဟောင်း ဦးရွှေထူးက ရှစ်လေးလုံးငွေရတုလွန် ကာလ မြန်မာ့နိုင်ငံရေးမြင်ကွင်းကို တင်ပြခြင်း၊ ရှစ်လေးလုံးငွေရတု ဆုံးဖြတ်ချက်များ ဖော်ဆောင်ရေးကော်မတီ (အထက်ဗမာပြည်)၏ အစီရင်ခံစာကို ကော်မတီဝင် တစ်ဦးဖြစ်သူ ဦးနေလင်းက ဖတ်ကြားတင်ပြခြင်း နှင့် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်ပြီး သင်္ကန်းစသော လှူဘွယ်ဝတ္ထုတို့အား ဆက်ကပ်လှူဒါန်းခဲ့ပါသည်။

    10590588_10202167042048567_482011343101680504_n

    ဒုတိယပိုင်း အစီအစဉ်တွင် ၂၀၁၅ နိုင်ငံရေး အခင်းအကျင်းကို လေ့လာ သုံးသပ်ခြင်းခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ကြသည်။ ဆက်လက်ပြီး ရှစ်လေးလုံး လူထုဒီမိုကရေစီ အရေးတော်ပုံ (၂၆)နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားမှ ရရှိလာသော သဘောထားများ ထုတ်ပြန်ကြေငြာခဲ့ပါသည်။

    လွန်ခဲ့သော ၂၆နှစ် ရှစ်လေးလုံး လူထုဒီမိုကရေစီ အရေးတော်ပုံကြီးတွင် မန္တလေးမြို့နည်းတူ စစ်ကိုင်းမြို့၌လည်း ရဟန်းရှင်လူ ကျောင်းသူပြည်သူ ၃၀၀ကျော် သွေးမြေကျ သတ်ဖြတ်ခြင်းခံခဲ့ရသော အောက်မေ့ဘွယ် အခမ်းအနားအား သြဂုတ်လ ၉ ရက်နေ့တွင် စစ်ကိုင်းမြို့၌ ကျင်းပခဲ့ပါသည်။ လူအင်အား ၁၀၀နီးပါးခန့်က လွမ်းသူ့ပန်းခြင်းများကိုင်ဆောင်ကာ စစ်ကိုင်းမြို့၊ မြို့မဈေးကြီးအနီးမှ စတင်လမ်းလျှောက်ထွက်ခွာခဲ့ပြီး သွေးမြေကျခဲ့သည့် လမ်းတစ်လျှောက် ပန်းများကျဲခြင်း၊ ရဲစခန်းရှေ့တွင် ကမ္ဘာမကြေဘူးသီချင်းများ သီဆိုခြင်းများ ပြုလုပ်ခဲ့ကြပြီး မြစ်ဆိပ်အထိ လမ်းလျှောက်ခဲ့ကြပြီး စစ်ကိုင်းတံတားအနီး ဧရာဝတီမြစ်အတွင်းသို့ သတ်ဖြတ်ခံရသော ရဟန်းရှင်လူ ကျောင်းသား ပြည်သူအပေါင်းအား မျှောချခဲ့သည့်အတိုင်း ပန်းခြင်းများ၊ ပန်းခွေများအား မျှောခဲ့ကြကြောင်း သိရသည်။

  • အတိတ်က အမှားများမှ သင်ခန်းစာ ရခဲ့ပြီဟု ရီးယဲလ် ဂိုးသမား ကာဆီးလက်စ်ဆို

    အတိတ်က အမှားများမှ သင်ခန်းစာ ရခဲ့ပြီဟု ရီးယဲလ် ဂိုးသမား ကာဆီးလက်စ်ဆို

    သြဂုတ် ၁၂၊ ၂၀၁၄
    M-Media
    413337_heroa
    – ကလပ်အသင်းနှင့် နိုင်ငံအသင်းတို့တွင် ပြုလုပ်ခဲ့သည့် အမှားများမှ သင်ခန်းစာများ ရခဲ့ပြီး ကစားသမားဘ၀ အခက်ခဲဆုံးအချိန်ကို ဖြတ်ကျော်နိုင်ခဲ့ပြီဟု ရီးယဲလ်အသင်းကို ဂိုးသမား ကာဆီးလက်စ်က ပြောကြားလိုက်သည်။

    ကာဆီးလက်စ်မှာ ပြီးခဲ့သည့် မေလအတွင်းက အက်သလက်တီကိုနှင့် ကစားခဲ့သော ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် အမှားတစ်ချို့ကို ပြုလုပ်ခဲ့ပြီး စပိန်အသင်းနှင့် ကမ္ဘာ့ဖလား ပြိုင်ပွဲတွင်လည်း လက်စွမ်းမပြနိုင်သောကြောင့် ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသူဖြစ်သည်။

    သို့သော်လည်း မိမိအနေဖြင့် အမှားများကို လေ့လာဆန်းစစ်ခဲ့ပြီး ယခုနှစ်တွင် အောင်မြင်သော ဘောလုံးရာသီဖြစ်လာရေး ယုံကြည်မှုများရှိနေပြီဟု ကာဆီးလက်စ်ကဆိုသည်။

    “ရီးယဲလ်၊ စပိန်အသင်းတို့နဲ့ ကစားခဲ့တဲ့ ပြီးခဲ့တဲ့ ပွဲအနည်းငယ်မှာ ကျွန်တော်ဟာ အကောင်းဆုံး ပုံစံ မရခဲ့ပါဘူး။ ဒါပေမယ့် အဲဒါတွေကနေ ကျွန်တော် သင်ယူနိုင်ခဲ့ပါတယ်။ ကစားသမားဘ၀ ဆိုးရွားတဲ့ အချိန်တွေကို ကျွန်တော် ဖြတ်ကျော်ခဲ့ပြီးပါပြီ” ဟု ကာဆီးလက်စ်က ယမန်နေ့တွင် ကစားမည့် ဆီးဗီးလားအသင်းနှင့် စူပါဖလားပြိုင်ပွဲမတိုင်မီ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

    ထို့ပြင် မိမိတို့အသင်းမှာ ယခုနှစ်တွင်လည်း ဆုဖလားများရရှိအောင် ကစားသွားမည်ဟု ဆုံးဖြတ်ထားကြောင်း၊ မိမိအနေဖြင့်လည်း အောင်မြင်မှုများ ရယူရန်အတွက် စိတ်လှုပ်ရှားနေကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

  • ဂါဇာ၌ အစ္စရေးတို့ စစ်ရာဇ၀တ်မှု ကျူးလွန်ခြင်း ရှိ/မရှိ  စုံစမ်းရန် ကုလ စုံစမ်းရေး ကော်မရှင်ဖွဲ့

    ဂါဇာ၌ အစ္စရေးတို့ စစ်ရာဇ၀တ်မှု ကျူးလွန်ခြင်း ရှိ/မရှိ စုံစမ်းရန် ကုလ စုံစမ်းရေး ကော်မရှင်ဖွဲ့

    သြဂုတ် ၁၂၊ ၂၀၁၄
    M-Media
    201481234332353734_20
    – ဂါဇာကမ်းပြဿနာအတွင်း ကျူးလွန်နိုင်ဖွယ်ရှိသည့် စစ်ရာဇ၀တ်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများအား စုံစမ်းစစ်ဆေးရန်အတွက် ကျွမ်းကျင်သူများပါဝင်သော နိုင်ငံတကာ စုံစမ်းစစ်ဆေးရး ကော်မရှင်တစ်ခုကို ကုလသမဂ္ဂက ယမန်နေ့တွင် ဖွဲ့စည်းလိုက်သည်ဟု သိရသည်။

    အဆိုပါ အဖွဲ့မှာ လွတ်လပ်သောအဖွဲ့ဖြစ်ပြီး ဇွန်လ ၁၃ ရက်နေ့မှ စတင်ကာ အစ္စရေးက ပြုလုပ်ခဲ့သော စစ်ဆင်ရေးများတွင် လူသားချင်း စာနာထောက်ထားသည့် နိုင်ငံတကာ ဥပဒေများနှင့် နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေများအား ချိုးဖောက်မှု အားလုံးကို စုံစမ်းစစ်ဆေးသွားမည်ဟု ကုလမှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

    အစ္စရေးကမူ အဆိုပါ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ငြင်းပယ်လိုက်ပြီး ကုလလူ့အခွင့်းအရေးကောင်စီအား “သားပိုက်ကောင် ခုံရုံး” ဟု ပြက်ရယ်ပြု ပြောဆိုခဲ့သည်။

    အစ္စရေးက အကြမ်းဖက်အဖွဲ့စည်းဟု သမုတ်ထားသည့် ဟားမက်စ်မှ ပြောရေးဆိုခွင့်ရှိသူ အဘူဇူဟ်ရီကမူ ကုလ၏ အဆိုပါ စုံစမ်း စစ်ဆေးရေးကော်မတီ ဖွဲ့စည်းမှုကို ကြိုဆိုခဲ့ပြီး စုံးစမ်းစစ်ဆေးရေး လုပ်ငန်းများ အမြန်ဆုံး စတင်ရန် တိုက်တွန်းခဲ့သည်။

    အဆိုပါ အဖွဲ့ကို ကနေဒါမှ လူသားချင်း စာနာထောက်ထားမှု ဥပဒေရေးရာ ကျွမ်းကျင်သူ ၀ီလီယံချာဘတ်စ်က ဦးဆောင်မည်ဖြစ်ပြီး နိုင်ငံတကာမှ ဥပဒေရေးရာ ကျွမ်းကျင်သူများ ပါဝင်မည်ဖြစ်သည်။

    နိုင်ငံတကာ စုံစမ်းရေးကော်မရှင်မှာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ၂၀၁၅ ခုနှစ် မတ်လ နောက်ဆုံးထား၍ ၎င်းတို့၏ တွေ့ရှိချက်များကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီသို့ တင်သွင်းရမည်ဖြစ်သည်။ အစ္စရေးကမူ အဖွဲ့ဝင် ၄၇ နိုင်ငံ ပါဝင်သည့် အဆိုပါ ကောင်စီမှာ ဘက်လိုက်သည်ဟု ပြောဆိုထားသည်။

    ဟားမက်စ်တို့၏ ဒုံကျည်ပစ်ခတ်မှုကို လက်တုံ့ပြန်သည်ဟုဆိုကာ ဂါဇာဒေသအား အစ္စရေးတို့က တစ်လကျော်ကြာ တိုက်ခိုက်မှုအတွင်း ဂါဇာပြည်သူ ၂ ထောင်နီးပါး သေဆုံးခဲ့ရသည်။

    အစ္စရေး၏ ထိုလုပ်ရပ်များအတွက် ထင်ရှားကျော်ကြားသူများအပါအ၀င် ကမ္ဘာတစ်ဝှမ်းရှိ ပြည်သူများက ရှုတ်ချမှုများပြုလုပ်ခဲ့ကြသည်။ ကုလလူ့အခွင့်အရေး အကြီးအကဲ နဗီးပီလေးကမူ အစ္စရေး၏ လုပ်ရပ်မှာ စစ်ရာဇ၀တ်မှုအဖြစ် မှတ်ယူ၍ ရနေပြီဟု ပြောကြားခဲ့သည်။

     

    ref_Reuters

  • ငြိမ်းချမ်းပါစေ မြန်မာပြည် (ပြည်သူ့အသံ)

    ငြိမ်းချမ်းပါစေ မြန်မာပြည် (ပြည်သူ့အသံ)

    သြဂုတ် ၁၂ ၊ ၂၀၁၄
    M-Media
    .ပေးပို့သူ- အောင်နိုင်သူ
    myanmar peaceကျွန်တော့် ဘ၀ တစ်သက်တာမှာ အံ့သြစရာတွေအများကြီးကြုံခဲ့ဖူးပါတယ်- – –

    အဲဒီ အထဲမှာမှ အံ့သြစရာ အကောင်းဆုံးကတော့ ပစ္စုပ္ပန် ယခုကာလမှာဖြစ်ပေါ်လာတဲ့ ဗုဒ္ဓဘာသာ သံဃာအချို့နဲ့ ဗုဒ္ဓဘာသာဝင် အချို့ရဲ့ ထုထည် အစိုင်အခဲနဲ့ဖြစ်ပေါ်လာတဲ့  အမုန်းတရားတွေဘဲဖြစ်ပါတယ်။

    သင်္ကန်းစည်းထားသော ဘုရားသားတော်ဟူသော ဂုဏ်ဒြပ်ကို ရယူထားကြတဲ့ သံဃာတစ်စုဟာ ဗြဟ္မစိုရ်တရားကို မေ့ပျောက်ကာ အမုန်းတရားတွေ နှလုံးသားထဲ သက်ရောက်ပြီး သကာလ လူတစားကို အသက်တွေပျောက်စေချင်တာဟာ ဗုဒ္ဓ၀ါဒ မဟုတ်မှန်း ဒို့တတွေသိကြတာပေါ့ –

    ဗုဒ္ဓဘာသာဝင်တွေဟာ မြန်မာ့သမိုင်းအဆက်ဆက်မှာ အနန္တစကြာဝဋ္ဌာ အနန္တ သတ္တ၀ါတွေ ဘေးရန် ခပ်သိမ်းကင်းစေဘို့ နေ့စဉ်ဆုမွန်ချွေခဲ့သူတွေပါ။

    ဗုဒ္ဓဘာသာဝင်တွေဟာ လူမျိုးဘာသာမရွေး ခရီးသွား အာဂန္တုတွေ နားခိုအိပ်စက်ရာ ဇရပ်တွေဆောက်လုပ်လှူဒါန်းခဲ့ကြပါတယ်။

    ဆယ်ပါးသော အကျိုးရဘို့အတွက် အယုတ်အလတ် အမြတ်မရွေး နှလုံးအေးစေရာ ရေချမ်းစင်လေးတွေတည်ပေးခဲ့ကြပါတယ်။

    ဇီဝိတဒါနအဖြစ် မိမိတို့ရဲ့သွေးကိုလှူ ၊ ငှက်စာ စပါးတွဲလေးတွေ ချိတ်ကျွေး၊  ငှက်အိမ်လေးတွေတည်ဆောက် – လမ်းဘေးက ခွေးလေခွေးလွင့်ကိုပင် ခွေးစာခွက်ထား အစာကျွေးခဲ့ကြပါတယ်။

    ရွာရိုးကိုးပေါက်သူတကာတွေ လမ်းမှန်လျှောက်နိုင်ဘို့အရေး တံတားလေးတွေထိုးပေးခဲ့ကြပါတယ်။

    လူတကာတွေစားကြပါစေရဲ့လို့ စတုဒီတာ၊ နိဗ္ဗာန်ဈေး တည်ခင်းကျွေးခဲ့ကြတာလည်း ဗုဒ္ဓဘာသာဝင်တွေဘဲ မဟုတ်လား။

    ထမင်းရည်ချောင်းစီး၊ အလှုရေစက် လက်နဲ့မကွာ၊ ဝေနေယျာသတ္တ၀ါ အကျိုးဆောင်ခဲ့ကြတာလည်း ဗုဒ္ဓဘာသာဝင်တွေပါဘဲ။

    ဒီနေ့ အချိန်အခါမှာတော့ သံဃာတွေက အမုန်းစကားကို တရားလုပ်ဟော လူတစားကို သေစေလိုတဲ့သဘောတွေဆောင် ဗုဒ္ဓတရားယောင်ယောင်နဲ့ ဗုဒ္ဓ၀ါဒကို သွေးရောင်လွမ်းစေပြီလား၊ သူတပါးအိုးအိမ်တွေ မီးရှို့ဖျက်စီး၊ သူတစ်ပါး ဥစ္စာပစည်းတွေခိုးထုတ်၊ သူတစ်ပါးစီးပွားရေး အကျိုးယုတ်အောင် လှုံ့ဆော်၊ လောဘ-ဒေါသ-မောဟ-တွေရင်ခွင်ပိုက်၊ အာဏာရှင်ကောင်းစားရေး အလိုကျ အကုသိုလ် ဒုစရိုက်လုပ်နေတာ ဗုဒ္ဓ၀ါဒ မဟုတ်မှန်း မြပြင်စိမ်းလမ်း၊ ပြည်မြန်မာ ငြိမ်းချမ်းဘို့ဆိုရင် အလဇ္ဇီ သံဃာတွေ တောထုတ် ၊ပြည်သူတွေ လက်ချင်းဆုပ်လို့ အာဏာရှင်တွေ မျိုးပြုတ်ပါမှ လောကီ လောကုတ္တရာ ကောင်းကျိုးတွေဝေဖြာ ဒေါင်းအိုးဝေ အသေအချာက ပြည်မြန်မာ အလှတိုးတော့မှာပေါ့။