News @ M-Media
Blog
  • ဖြေရှင်းချက် မပေးဘဲ ဆူပူအကြမ်းဖက်မှု ဖြစ်ပွားစေခဲ့သည့် သတင်း သစ်ထူးလွင် ဖျက်သိမ်း
    ဇူလိုင် ၂ ၊ ၂၀၁၄
    M-Media
    .သီဟ
    Google_Search_-_2014-07-02_13.41.48
    ယမန့်နေ့ညက ဖြစ်ပွားခဲ့သည့် မန္တလေးမြို့မှ ဆူပူအကြမ်းဖက်မှုများ စတင်စေခဲ့သည့် သစ်ထူးလွင် ဘလောဂ်တွင် ရေးသားဖော်ပြထားသော ဆန်းကဖီး လက်ဖက်ရည်ဆိုင် ပိုင်ရှင် ဘာသာခြားများက ဗုဒ္ဓဘာသာဝင် ဆိုင်အလုပ်သမတဦးကို အဓမ္မကျင့်သည်ဟူသော သတင်းကို အမှားပြင်ဆင်ချက် (သို) ဖြေရှင်းချက် တစုံတရာ ထုတ်ပြန်ခြင်း မရှိဘဲ ဖျက်သိမ်းလိုက်တာကို တွေ့ရှိရပါတယ်။
    သက်ဆိုင်ရာ ရဲတပ်ဖွဲ့၏ အတည်ပြုချက် တစုံတရာ မပါခဲ့တဲ့ အဆိုပါ ကျင့်ဝတ်မဲ့ သတင်းကို ဇွန်လ ၃၀ ရက်နေ့ သစ်ထူးလွင် သတင်းဘလောဂ်မှာ စတင် ဖော်ပြခဲ့တာဖြစ်ပြီး ယမန့်နေ့ည ဆူပူအကြမ်းဖက်မှုများ မဖြစ်ပွားခင် အချိန်ထိ ထပ်ဆင့်ဖြန့်ဝေမှုပေါင်း ၂၂၀၀ ကျော်ရှိခဲ့တာကိုတွေ့ရပါတယ်။
    လူမျိုးရေး/ဘာသာရေး အမုန်းပွားမှု တိုးပွားစေမည့် အဆိုပါ သတင်းကို ထပ်ဆင့် ကူးယူ ဖော်ပြမှု အများအပြားရှိခဲ့တာကိုတွေ့ရပါတယ်။
    (1)_Wira_Thu_-_2014-07-02_02.37.56
    သစ်ထူးလွင်မှ အဆိုပါသတင်းကို ဖျက်သိမ်းလိုက်သလို Myanmar Express မှလဲ တိုက်ဆိုင်စွာ ဖျက်သိမ်းလိုက်တာ လေ့လာတွေ့ရှိရပါတယ်။
    Thit Htoo Lwin
    သစ်ထူးလွင်မှာ ယခုကဲ့သို့ ပဋိပက္ခဖြစ်စေနိုင်သည့် လူမျိုးရေး/ဘာသာရေးဆိုင်ရာ သတင်းအမှားများကို ပထမဆုံးအကြိမ်တင်ခဲ့တာ မဟုတ်ဘဲ ယခင်က လဲ မကြာခဏ ဖော်ပြခဲ့ဘူးပါတယ်။
    “ဒုတိယအကြိမ် ဂျီဟာဒ်ကြေညာခြင်း” ဟူသော ဘာသာသာရေး ပဋိပက္ခ ဖြစ်ပွားရန် ရည်ရွယ်သည့် ကြေညာချက်အတု သတင်းအမှားကို ဇွန် ၁၈၊ ၂၀၁၃ တွင် ဖော်ပြခဲ့ဘူးပါတယ်။
    သစ်ထူးလွင် သတင်း ဘလောဂ်ကို တည်ထောင်သူမှာ အမေရိကန်ပြည်ထောင်စုတွင် အခြေစိုက်နေထိုင်သူ တစ်ဦးဖြစ်ပြီး ပြည်ပအခြေစိုက် မြန်မာသတင်း ဌာနများတွင် သတင်းထောက်အဖြစ် တာဝန်ထမ်းဆောင်ဘူးသူဖြစ်ကြောင်း ၂၀၁၃ ခုနှစ် မေလက ဧရာဝတီနှင့် ပြုလုပ်သည့် အင်တာဗျူးအရ သိရှိရပါတယ်။
    ဓါတ်ပုံ ၁ – ဆူပူအကြမ်းဖက်မှု ဖြစ်ပွားစေသည့် သတင်း Google Search တွင် ရှာတွေ့သည့် ရလဒ်
    ဓါတ်ပုံ ၂- ၉၆၉ ဦးဆောင်ဆရာတော် ရှင်ဝီရသူ မှ အဆိုပါသတင်းကို ထပ်ဆင့် ဖြန့်ဝေထားပုံ
    ဓါတ်ပုံ ၃- သစ်ထူးလွင် ဘလောဂ် တည်ထောင်သူ ကိုဒီ (Photo- ဧရာဝတီ)
    ရည်ညွှန်း-
    သစ်ထူးလွင် ဖော်ပြခဲ့သည့် လင့်
    http://www.thithtoolwin.com/2014/06/blog-post_6239.html
    Myanmar Express  ဖော်ပြခဲ့သည့် လင့်
    http://www.myanmarexpress.net/2014/06/blog-post_8256.html
    “ဒုတိယအကြိမ် ဂျီဟာဒ်ကြေညာခြင်း” သတင်းအမှားကို M-Media မှ ဖြစ်စဉ် အမှန်တင်ထားသည့် သတင်းလင့် =>http://www.m-mediagroup.com/news/29249
  • အချိန်ပိုရောက်မှ ၂ ဖက်ဂိုးသွင်းပြီး ဘယ်လ်ဂျီယံ ကွာတား တက်တဲ့ ပွဲ
    ဇူလိုင် ၂ ၊ ၂၀၁၄
    M-Media
    ဘယ်လ်ဂျီယံ ၂-၁ အမေရိကန်
    10462941_928979570451224_5553130353612876285_n
    ဘယ်လ်ဂျီယံနဲ့ အမေရိကန်တို့ရဲ့ ပွဲမှာလည်း အချိန်ပိုရောက်မှ အရှုံးအနိုင်ပေါ်ခဲ့ပါတယ်။  ဘယ်လ်ဂျီယံတို့ အမေရိကန်ဂိုးပေါက်ကို ခြိမ်းခြောက်နိုင်ခဲ့ပေမယ့် လိုအပ်နေတဲ့ အနိုင်ဂိုးကိုတော့ အချိန်ပို ၉၃ မိနစ်နဲ့ ၁၀၅ မိနစ်တွေမှာ ဒီဘရိုက်တန်နဲ့ လူစားဝင်ကစားသမား လူကာကူတို့က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
    ဒီပွဲမှာ ချီးကျူးရမှာက အမေရိကန် ဂိုးသမား တင်ဟောင်းဝပ်ဖြစ်ပြီး ဘယ်လ်ဂျီယံတို့ရဲ့ အပိုင်ကန်ချက်တော်တော်များများကို လက်စွမ်းပြ ကာကွယ်သွားနိုင်ခဲ့ပါတယ်။
    ၁၀၇ မိနစ်မှာ ဂျူလီယံ ဂရင်းက အမေရိကန်အတွက် ချေပဂိုးပြန်သွင်းပေးခဲ့ပေမယ့် နောက်တစ်ဆင့်တက်ဖို့အတွက်တော့ မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ ဘယ်လ်ဂျီယံနဲ့ အာဂျင်တီးနားတို့ရဲ့ ကွာတားဖိုင်နယ်ပွဲစဉ်ကိုတော့ ဇူလိုင် ၅ ရက် ည ၁၀ နာ ရီခွဲမှာ ကစားမှာဖြစ်ပါတယ်။
    10513286_928847377131110_5448818427308917136_n
    10446733_928847387131109_1700208396452874905_n
    Photo Credit- FIFA 
  • “ကမ္ဘာမကြေ သီချင်းအဆိုတော် အုပ်စု၏ လက်ချက်ဖြင့် ပျက်ဆီးသွားသော မန္တလေးမြို. အပျက်အစီးများမှာ” (CJ သတင်း)
    ဇူလိုင် ၂ ၊ ၂၀၁၄
    M-Media
    .ဗေဒါလမ်း(CJ)
    10492051_727063750665461_4046381300952713156_n
    ၂၆ ဘီလမ်း ဆိုင်းတန်းရုပ်ရှင်အနီးရှိ ရော့ကတ် ကုန်မာဆိုင်ရှေ.မှ ကားအဖြူရောင်အားမီးရှို့ခံရ ပြီး ရှေ့ခေါင်းပိုင်းလောင်သွားတာတွေ့ရပါတယ်။
    ဆိုင်ကိုလည်း ကျောက်ခဲများဖြင့်ပစ်ပေါက်သဖြင့် မှန်များကွဲ၊၂၆ လမ်းပေါ်ရှိ ရွှေတစ်ချောင်း အနောက်ဘက်ရှိ မွန်းစတား ကုန်မာဆိုင်နှင့်တက်စိန် တရုပ်အပေါင်ဆိုင် ကိုလည်း ခဲများဖြင့်ပစ်ထားပြီး မှန်များကွဲသွားကြောင်း တွေ့ခဲ့ရပါတယ်။
    ဒါအပြင် ၂၅ လမ်းရှိ ဗုဒ္ဓဘာသာဝင် သွတ်ပြားဆိုင်များ၏ ဆိုင်းဘုတ်များကိုလည်း ခဲဖြင့်ထုခွဲထားပြီး  ၊၈၃လမ်း-၂၆ဘီလမ်းထောင့်ရှိ ဗဟိုပိုက်ဆိုင်၊ ၂၆လမ်း ၈၂.၈၃ ကြားရှိ ယခင် မင်း ကွန်ပြူတာယခု HTC ဖုန်းအရောင်းပြခန်းဆိုင်လည်း ခဲဖြင့်ထုခံခဲ့ရပါတယ်။
    ၂၆ လမ်းကျုံးထောင့်ရှိ ဗဟိုဗလီရှေ.တွင် ခဲပုံတွေ့သော်လည်း ပျက်ဆီးမှုမတွေ.ရပါ။ ( လမ်းပေါ်မှသာကြည့်ခြင်းဖြစ်ပါသည်၊သို့သော် ည ကကြားရသောသတင်းအရ ဗဟိုဗလီအောက်ရှိ ရေသန့်ပစ္စည်းအရောင်းဆိုင် ကိုလည်း ခဲနဲ့ထုခံရဟုသိရပြီး တံခါးပိတ်ထားသဖြင့် မမြင်ခဲ့ရပါ)။
    ၂၆ ဘီလမ်း တစ်လျှောက် ကျုံးဘေးမှ မန်းသီရိဈေးအထိ ရဲတပ်ဖွဲ.မှအပြာရောင် မီးသတ်ကားများအပါအဝင် M-16 မောင်းပြန်များကိုင်ဆောင်သောရဲ လုံထိန်းများ နှင့် ရဲတပ်ဖွဲ.များ အများအပြားချထားတာကို တွေ့ခဲ့ရပါတယ်။
    10518661_727063770665459_3965417471589587945_n
    အခင်းဖြစ်ပွားရာတဝိုက်လမ်းများအား တစ်ပြ ပတ်လည် ပိတ်ဆို့ထားပါတယ်။
    သေနတ်လေးချက် ပစ်ဖောက်ခဲ့သော ကျွန်တော်နေရာ ရပ်ကွက်တွင်လည်း ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေးယူထားပြီး ဘဏ် ၂နှင့် ၃ နေရာတွင် တွင်ချထားပါတယ်။
    သေနတ်လေးချက်ပစ်ဖောက်သဖြင့် ၂ ဦးဒဏ်ရာရပြီး တစ်ဦးကိုဆေးရုံကြီးသို့တင်ပို့ကုသပြီး နားရွက်ဘေးရှပ်ထိသဖြင့် အသက် အန္တရယ် မစိုးရီမ်ရပါ။
    မန္တလေး ဈေးချို ၂၆ ဘီလမ်းဘက်မှာလည်း မသင်္ကာ စရာတွေ.လို့ဆိုပြီး စစ်တပ်က မိုင်းရှင်းလင်းရေး အဖွဲ.တွေလာတာလည်း မနက် ၉း၃၀ လောက်ကတွေ.လိုက်တယ်။
    မှတ်ချက်** ယနေ့ မနက် ကိုယ်တိုင်သွားရောက်ကြည့်ရှုပြီး မျက်မြင်တွေ့ရှိချက်များဖြစ်ပါတယ်။ အပျက်အဆီးဒဏ်ရာရ စာရင်း ဒီထက်ပိုများနိုင်ပါတယ်။
    Photo Credit=> DVB
  • ရသင့်တဲ့အနိုင်နဲ့ ကွာတားဖိုင်နယ် တက်ခဲ့တဲ့ အာဂျင်တီးနား
    ဇူလိုင် ၂ ၊ ၂၀၁၄
    M-Media
    10464272_928553497160498_6860358687586205301_n
    အာဂျင်တီးနား ၁-၀ ဆွဇ်ဇာလန်
    – ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ အာဂျင်တီးနားနဲ့ ဆွဇ်ဇာလန် တို့ရဲ့ ပွဲကတော့ မထင်မှတ်ပဲ ကြည့်ကောင်းခဲ့ပါတယ်။ ပွဲအစပိုင်းမှာ အာဂျင်တီးနားတို့ အနည်းငယ် ဖိကစားနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ ဆွဇ်ဇာလန် က ပြန်လည်ထိုးဖောက်တိုက်စစ်ဆင်နိုင်ခဲ့ပြီး အာဂျင်တီးနား ဂိုးပေါက်ကို ခြိမ်းခြောက်နိုင်ခဲ့ကာ ဂိုးသမား ရိုမယ်ရိုလက်စွမ်းပြနိုင်ခဲ့တာကြောင့် အာဂျင်တီးနားတို့ စောစောစီးစီး ဂိုးမပေးခဲ့ရတာပဲဖြစ်ပါတယ်။ ကွင်းလယ်ပိုင်းမှာ အာဂျင်တီးနား အသာရခဲ့ပြီး အားထားရတဲ့ မက်ဆီကို ဆွဇ်နောက်တန်းက အပိုင်ထိန်းချုပ်နိုင်ခဲ့တာကြောင့် တိုက်စစ် ထင်သလောက် အလုပ်မဖြစ်ခဲ့ပါဘူး။ ၃၈ မိနစ်မှာ ဆွဇ်တိုက်စစ်မှူး ဒါမစ် လူကျွံထောင်ချောက်ကနေ လွတ်ထွက်သွားပြီး ရိုမယ်ရိုနဲ့တစ်ယောက်ချင်းအတွေ့ ကျော်ပြီး သွင်းခဲ့ပေမယ့် အနည်းငယ်အားပျော့ခဲ့တာကြောင့် ရိုမယ်ရိုက လွယ်လွယ်ကူကူနဲ့ ဖမ်းနိုင်ခဲ့ပါတယ်။
    10468107_928553530493828_3854472870976951408_n
    ဒုတိယပိုင်းအစမှာ အာဂျင်တီးနားက တင်ကစားခဲ့ပြီး ဒီမာရီယာရဲ့ ကန်ချက်၊ ဟီဂူအင်ရဲ့ အပိုင်ခေါင်းတိုက်ချက်တွေကို ဆွဇ်ဂိုးသမား ဘနာဂ်လီယို အကောင်းဆုံး ကာကွယ်သွားနိုင်ခဲ့ပါတယ်။ အာဂျင်တီးနားကပဲ တောက်လျှောက်ဖိကစားခဲ့ပြီး ၇၆ မိနစ်မှာမက်ဆီက ဧရီယာအတွင်းထဲအထိ ဆွဲဝင်လာပြီး အပိုင်ကန်သွင်းမှုကိုလည်း ဆွဇ်ဂိုးသမား အကောင်းဆုံး ကာကွယ်နိုင်ခဲ့ပါတယ်။ ပွဲပြီးတဲ့အထိ ဂိုးမရှိသရေကျနေတာကြောင့် အချိန်ပိုဆက်ကန်ခဲ့ရပြီး အာဂျင်တီးနားကပဲ တရစပ်ဖိကစားနိုင်ခဲ့ပေမယ့် လိုအပ်နေတဲ့ အနိုင်ဂိုးကိုတော့ အချိန်ပို ဒုတိယပိုင်းပြီးကာနီး ၂ မိနစ်အလိုကျမှ ရခဲ့တာပါ။ ဒီဂိုးကိုတော့ အုပ်စုပွဲတွေမှာ အရေးပါတဲ့ဂိုးတွေ သွင်းယူပေးခဲ့တဲ့ မက်ဆီရဲ့ ဖန်တီးမှုကတစ်ဆင့် ဒီမာရီယာက အဆုံးသတ်ခဲ့တာဖြစ်ပါတယ်။ နာကျင်အချိန်ပိုမှာ ဆွဇ်တိုက်စစ်မှူး ရှကီရီရဲ့ ခေါင်းတိုက်ချက် တိုင်ထိထွက်ခဲ့တာက ဆွဇ်တို့ကို အိမ်ပြန်ဖို့ဖြစ်စေခဲ့ပါတယ်။
    10420304_928553490493832_3672390939626488723_n
  • သမ္မတ အိုဘားမား၏ ရမ်ဿွာန်လ နှုတ်ခွန်းဆက်စကားကို အိမ်ဖြူတော်မှ ကြေညာချက် ထုတ်ပြန်ခဲ့
    သမ္မတ အိုဘားမား၏ ရမ်ဿွာန်လ နှုတ်ခွန်းဆက်စကားကို အိမ်ဖြူတော်မှ ကြေညာချက် ထုတ်ပြန်ခဲ့
    ဇူလိုင် ၂ ၊ ၂၀၁၄
    M-Media
    ObamaCongratulates-Muslims-on-Ramadan
    အမေရိကန်ပြည်ထောင်စု သမ္မတ ဘားရက်အိုဘားမားသည် ရမ်ဿွာန်ဥပုသ်လအ၀င်၌ အမေရိကန် မွတ်စ်လင်များနှင့် ကမ္ဘာ့မွတ်စ်လင်မ်တို့အား နှုတ်ခွန်းဆက်ကြိုဆိုသည့် သတင်းစကားကို ဇွန်လ ၂၇ ရက်၊ သောကြာနေ့တွင် အိမ်ဖြူတော်မှ ထုတ်ပြန်ခဲ့သည်။ ဤလမြတ်သည် ဆင်းရဲသူများ၊ ဒုက္ခသည်များကို သတိရစေကြောင်းနှင့် ထိုသူတို့အပေါ် လူတိုင်း တာဝန်ရှိကြောင်း အောက်ပါ အတိုင်း ပြောဆိုသွားသည်။
    “ အမေရိကန်ပြည်သူများကိုယ်စား မစ်ရှဲလ်နှင့် ကျွန်ုပ်(အိုဘားမား)သည် အမေရိကန်ပြည်ထောင်စု အတွင်းနှင့် ကမ္ဘာတစ်ဝှမ်းမှ မွတ်စ်လင်မ် လူ့အဖွဲ့အစည်းပေါ်သို့ ကောင်းခြင်း မင်္ဂလာသက်ရောက် ပါစေကြောင်း မြင့်မြတ်သော ရမ်ဿွာန်လ အဖွင့်တွင် ဆန္ဒပြုလိုက်ပါ၏။
    ထပ်လောင်း အတည်ပြုမည့် အခါသမယလည်း ဖြစ်ပေသည်။ မိမိတို့၏ဒါနပြုခြင်းအားဖြင့်သာမက ပညာရေး၊ နည်းပညာ၊ ကျန်းမာရေးစောင့်ရှောက်မှုများဖြင့် ကျောင်းသား၊ လုပ်သား၊ မိသားစုတို့ကို စွမ်းရည်တိုးမြှင့်စေလိုသော စွမ်းဆောင်ချက်များအားဖြင့်လည်း ဆင်းရဲမွဲတေမှု၊ ၀င်ငွေ မမျှတမှုကို လျှော့ချနိုင်အောင် ဆောင်ရွက်ရးအခွင့်အလမ်းအား နစ်မြုပ်ဖန်တီးကြသူ အမေရိကန်ပြည်ထောင်စုအတွင်းရှိ အမေရိကန်မွတ်စ်လင်မ်အဖွဲ့အစည်းများ၊ တစ်သီးပုဂ္ဂလများ၊ လုပ်ငန်းရှင်များ များစွာတို့အပေါ် ကျွန်ုပ်တို့မှ ကျေးဇူးဥပကာရတင်ရှိပါသည်။
    ထို့အတူ ကျွန်ုပ်တို့အပေါ်ဆက်ဆံစေလိုသည့်ပုံအတိုင်း သူတစ်ပါးအပေါ်ဆက်ဆံကြရန် (နှင့်) ငြိမ်းချမ်းရေး၊ တရားမျှတမှု၊ တန်းတူအခွင့်အရေးအား မျှော်လင့်တမ်းတနေကြသည့် ဘာသာတရားအသီးသီးရှိ လူတို့ကို ပေါင်းစည်းစေသော အခြေခံစည်းမျဉ်းများအတွက် လူတိုင်းတွင် တာဝန် ကိုယ်စီရှိကြောင်း ကျွန်ုပ်တို့အား သတိပေးလျက် ရှိနေပါသည်။ ကမ္ဘာတစ်ခွင် လူသားများစွာတို့မှာ အသိတရားမဲ့ အကြမ်းဖက်မှုနှင့် ပဋိပက္ခဒဏ်များကို ခံစားနေရသောအချိန်အခါ ဖြစ်သည်နှင့်အညီ ကျွန်ုပ်တို့မှာ တရားမျှတမှုဖော်ဆောင်ရန်၊ လူတိုင်း၏ဂုဏ်သိက္ခာကို တန်ဖိုးထားရန်
    ကျွန်ုပ်တို့ အားလုံး တာဝန်ရှိကြောင်း ဤလမြတ်ချိန်ခါက နှိုးဆော်နေပေသည်။
    ကျွန်ုပ်၏သမ္မတသက်တမ်းအတွင်း အမေရိကန်ပြည်ထောင်စုတစ်ဝှမ်းမှ အမေရိကန်မွတ်စ်လင်မ်တို့အား ဖိတ်ကြားပြီး စုပေါင်းဝါဖြေညစာစားပွဲ ကျင်းပပေးလေ့ရှိပါသည်။ ယင်းသို့ပြုလုပ်ခြင်းက ကျွန်ုပ်တို့တိုင်းပြည် အတွက် အမေရိကန်မွတ်စ်လင်မ်တို့၏ ပေးဆပ်စွမ်းဆောင်ကြမှုကို အမေရိကန်ပြည်ထောင်စုမှ အသိအမှတ်ပြုမှတ်တမ်းတင်ပါကြောင်း၊ ကမ္ဘာ့မွတ်စ်လင်မ်ထုတစ်ရပ်လုံး မိသားစု၊ အသိုင်းအ၀ိုင်း၊ ငြိမ်းချမ်းရေးနှင့် နားလည်မှုဆိုင်ရာ ပျော်ရွှင်မှုရသတို့ကို ဤလမြတ်အားဖြင့် ရရှိခံစားနိုင်ပါစေကြောင်း ဆန္ဒပြုပြောကြားရန် ကျွန်ုပ်အဖို့ နောက်ထပ်အခွင့်အရေးတစ်ရပ် ရရှိသွားစေပါသည်။ သန့်စင်မြင့်မြတ် မင်္ဂလာရှိသော ရမ်ဿွာန်လပါခင်ဗျား ”။
    အစ္စလာမ့်ပြက္ခဒိန်တွင် အမြင့်မြတ်ဆုံးသောလ “ရမဿွာန်”ကို နက္ခတ္တဗေဒတွက်ချက်နည်း အရ မြောက်အမေရိက တိုက်တွင် ဇွန်လ ၂၈ ရက်၊ စနေနေ့က စတင်ခဲ့သည်။ နာမကျန်းသူနှင့် ခရီးသည်တို့မှအပ အရွယ်ရောက်ပြီးသူများသည် ရမ်ဿွာန်လတွင် နံနက်အရုဏ်ချိန်မှ ညနေနေ၀င်ချိန်အထိ အစားအစာ၊ ရေ၊ ဆေးလိပ်၊ ကာမဆက်ဆံရေး တို့အား စွန့်လွှတ်ရှောင်ကြဉ်ကြရသည်။ အစ္စလာမ်သာသနာဝင် မွတ်စ်လင်မ်တို့သည် ၀တ်ပြုခြင်းများ၊ မိမိကိုယ်ကို ထိန်းချုပ်စောင့်စည်းခြင်းများ၊ ကောင်းမှု လုပ်ရပ်များအားဖြင့် တစ်လတာ အချိန်ကုန်လွန်စေလေ့ရှိကြသည်။
    အမေရိကန်ပြည်ထောင်စု၌ မွတ်စ်လင်မ်လူဦးရေ ပမာဏ ၆ သန်းမှ ၇ သန်းအထိ ရှိနေပါသည်။
    Ref : The Press Office of White House, OnIslam