ဇူလိုင် ၂ ၊ ၂၀၁၄
M-Media
– ကမ္ဘာ့ဖလား ၁၆ သင်းအဆင့်တွင် အာဂျင်တီနားအားရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခဲ့ရခြင်းကို လက်ခံရန် အချိန်ယူရမည်ဟု ဆွဇ်ဇာလန် နောက်ခံလူ ယိုဟန် ဂျိုရူးက ပြောကြားလိုက်သည်။
ဆွဇ်ဇာလန်အသင်းမှာ ပထမပိုင်းတွင် အာဂျင်တီးနားအား ခြိမ်းခြောက်နိုင်ခဲ့ပြီး ဂိုးသွင်းခွင့်များ ရခဲ့သော်လည်း ဂိုးသွင်းယူနိုင်ခဲ့ခြင်း မရှိဘဲ အချိန်ပို ၁၁၈ မိနစ်တွင်ဒီမာရီယာက အာဂျင်တီးနားအတွင် အနိုင်ဂိုး သွင်းယူပေးခဲ့သောကြောင့် ဆွဇ်ဇာလန်အသင်းမှာ ပြိုင်ပွဲမှ ထွက်ခဲ့ရသည်။
“ပွဲပြီးကာနီး ရှုံးနိမ့်တာမျိုးထက် ဘောလုံးလောကမှာ ပိုပြီးခက်ခဲတာ ရှိမယ်လို့ ကျွန်တော် မထင်ပါဘူး။ ဘောလုံးလောကဟာ တစ်ခါတစ်ရံမှာ ကြမ်းကြုတ်ပါတယ်။ ၃ ဂိုး ဂိုးမရှိ၊ ၄ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်တာမျိုးဆိုရင်တော့ ကျွန်တော်တို့မှာ အခွင့်အရေး မရှိဘူလို့ ပြောလို့ရပါတယ်။ဒါပေမယ့် ဒီနေ့ပွဲရဲ့ ပထမပိုင်းမှာ ကျွန်တော်တို့ အခွင့်အရေး အများအပြား ရခဲ့ပေမယ့် ဂိုးအဖြစ်တော့ မပြောင်းလဲနိုင်ခဲ့ပါဘူး” ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။
ထို့ပြင် နည်းပြ ဟစ်ဇ်ဖဲလ်ဒ်၏ ဆောင်ရွက်ချက်များအတွက် မိမိတို့မှာ ဂုဏ်ယူရမည်ဖြစ်ကြောင်း၊ ဟစ်ဇ်ဖဲလ်ဒ်မှာ လူငယ်ကစားသမားများကိုခေါ်ဆောင်ကာ တိုးတက်အောင် ပြုလုပ်ပေးခဲ့ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
Goal
Leave a Reply
You must be logged in to post a comment.