News @ M-Media
Blog
  • ကျိုလီယာ မွတ်စလင် အသင်းရဲ့ လူမျိုးဘာသာမခွဲခြားတဲ့ ပညာဒါန သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
    နိုဝင်ဘာ ၂၃.၂၀၁၃
    M-Media
    A.N.Lay
    ကျိုလီယာမွတ်စလင်မ် သာသနာ့ရန်ပုံငွေအဖွဲ့၏ လူမျိုး/ဘာသာမခွဲခြားသော ပညာဒါန ကွန်ပျူတာနှင့် စက်ချုပ် သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
    DSC01206a
    ရန်ကုန်။ ။ ရန်ကုန်မြို့ ကျိုလီယာမွတ်စလင်မ် သာသနာ့ ရန်ပုံငွေအဖွဲ့မှ ဦးဆောင်၍ ပြုလုပ်သော ပဉ္စမအကြိမ် ကွန်ပျူတာနှင့် စက်ချုပ်သင်တန်း လူမျိုး/ဘာသာမခွဲခြားသော ပညာဒါန သင်တန်းဆင်းပွဲအခမ်းအနားကို နံနက် ၉း၃၀ အချိန်တွင် သင်္ဃန်းကျွန်းမြို့နယ် ကျိုလီယာမွတ်စလင်မ် သာသနာ့ရန်ပုံငွေအဖွဲ့ ခန်းမ၌ပြုလုပ်ခဲ့ကြောင်းသိရှိရသည်။
    ကုန်အာန်ကျမ်းတော်မြတ် ရွတ်ဖတ်၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့ပြီးနောက် ကွန်ပျူတာသင်တန်း level 1.2.3၊ Advance Excel နှင့် စက်ချုပ်သင်တန်းမှ ဆုရရှိသူများနှင့် အောင်မြင်သူများကို ဆုများအသီသီးချီးမြှင့်ခဲ့သည်။
    ၎င်းနောက် ဆရာတော်တစ်ဦးကလည်း “ဦးဇင်းက ကွန်ပျူတာကို အရမ်းစိတ်ဝင်စားလို့ လှိုင်သာယာနေတောင် ဒီအထိ ကြိုးကြိုးစားစားနဲ့ လာတက်တာပါ။ အဲဒီလို တက်လို့ရအောင်သင်တန်းကိုဖွင့်ပေးတဲ့ ကျိုလီယာမွတ်စလင် သာသနာ့ ရန်ပုံငွေအဖွဲ့မှ ဆရာများ ကွန်ပျူတာဘာသာရပ်ကို လူမျိုးမရွေး၊ ဘာသာမရွေး သင်ကြားပေးတဲ့ ဆရာများ၊ သင်တန်းမှဦးဇင်း မသိတာတွေ ပြောပြပေးတဲ့ ဆရာများအားလုံးကို ကျေးဇူးတင်ပါတယ်” ဟု ပြောကြားခဲ့သည်။
    ဆက်လက်၍ ကျိုလီယာ မွတ်စလင်မ် သာသနာ့ရန်ပုံငွေ အဖွဲ့မှ တာဝန်ရှိသူတစ်ဦးကလည်း ယခုလို ပဉ္စမ အကြိမ်မြောက် သင်တန်းကို အောင်အောင်မြင်စွာပြီးဆုံးသွားသည့်အတွက် အလွန်ဝမ်းမြောက်မိကြောင်း၊ ယခုအချိန်ထိ့ သင်တန်းသား သင်တန်းသူ ၁၅၀၀ ကျော်ကို အောင်မြင်စွာဖြင် မွေးထုတ်ပေးလိုက်ရသည့် အတွက် ပီတိဖြစ်မိကြောင်း၊ အောင်မြင်သွားသည့် ကျောင်းသား၊ ကျောင်းသူများအား ကွန်ပျူတာနှင့် ပတ်သက်သည့် လုပ်ငန်းများနှင့် အထည်ချုပ်ကုမ္ပဏီများဘက်မှ အလုပ်ခန့်ရန် ကမ်းလှမ်းထားသည်ဟု သိရကြောင်း၊ ယခုကဲ့သို့ သင်တန်းသားများ မိမိ၏ခြေထောက်ပေါ်သို့ ရပ်တည်နိုင်သည်ဟု သိရသည့်အတွက် အလွန်ဝမ်းမြောက်မိပါကြောင်း ပြောကြားခဲ့သည်။
    ၎င်းနောက်အဆိုပါ အခမ်းအနားကို နံနက် ၁၁ နာရီခန့်တွင် တောင်းဆုဒိုအာ ဖြင့်ရုပ်သိမ်းခဲ့ပြီး အခမ်းအနားသို့တက်ရောက်သူ ဦးရေမှာ ကျောင်းသားနှင့် မိဘများ စုစုပေါင်း ၄၀၀ ခန့်ရှိကြောင်းသိရှိရသည်။
    ဓါတ်ပုံများ Facebook တွင် ကြည့်ရန် Click Here
  • ဗြိတိန်အစိုးရမှ မှ ၄င်းပြည်သူများ၏ ကိုယ်ရေးအချက်အလက်များကို အမေရိကန်အား သူလျှိုလုပ်ခွင့်ပြု
    နိုဝင်ဘာ ၂၃ ၂၀၁၃
    M-Media
    Tony-Blair-2313083
    ၂၀.၁၁.၂၀၁၃ ညဥ့်သတင်းထုတ်ပြန်ချက်အရ တိုနီဘလဲ (Tony Blair) ၏အစိုးရဌာနမှ  သန်းပေါင်းများစွာသော ဗြိတိန်ပြည်သူတို့၏ အချက်အလက်များကို လေ့လာရန် အမေရိကန် လျှို့ဝှက်ထောက်လှမ်းရေးများကို ခွင့်ပြုလိုက်သည်ဟု သိရသည်။
    အကြမ်းဖက်သူဟု သံသယ၀င်သူများ၊ ၄င်းတို့နှင့်ဆက်နွှယ်နေသူများ၏ အီးမေးလ်များ၊ ဖုန်းများ နှင့် အင်တာနက် မှတ်တမ်းများကို အမေရိကန်နိုင်ငံ အမျိုးသားလုံခြုံရေးဌာန(America’s National Security Agency) အား သိမ်းဆည်းထားခွင့် နှင့် လေ့လာခွင့်များပေးအပ်ထားသည်။
    ပေါက်ကြားသွားသည့်အချက်အလက်များအရ ၂၀၀၄ ခုနှစ်မှစ၍ ပြည်တွင်း ဖုန်းလိုင်းများအား ဖောင်းပွအောင်လုပ်ခြင်းဖြင့်  NSA သည် ၄င်းတို့အား ဖြတ်တောက်ပစ်စရာ မလိုတော့ကြောင်း ဗြိတိန်က ဆိုသည်။
    ၂၀၀၅ ခုနှစ်က NSA ၏ အကြီးတန်းအရာရှိမှရေးသားထားသော ဒုတိယမှတ်တမ်းထဲ၌ အမေရိကန်များသည် ဗြိတိန်အစိုးရ၏ ခွင့်ပြုမိန့်ကို မရယူဘဲ ဗြိတိန်လူမျိုးများအား လျှို့ဝှက်လေ့လာ ထောက်လှမ်းရန် စီစဉ်ပေးထားကြောင်း တွေ့ရသည်။
    သို့သော် ယင်းဖော်ပြပါစာပိုဒ်အပေါ် “NOFORN” ဟု အမှတ်အသားပြုထားသည်။ ထိုအဓိပ္ပာယ်သည် ဗြိတိန်များကိုပင် ပေးဖတ်ခွင့်မရှိဟုဖြစ်ကြောင်း၊ အမေရိကန်များသည် မိမိတို့အစိုးရကိုအသိပေးခြင်းမရှိဘဲ ဗြိတိန်တို့အပေါ်တွင် ကိုယ်ပိုင်ဆုံး ဖြတ်ချက်ဖြင့် လေ့လာနိုင်အောင်စီစဉ်ပေးထားသည့် အထူးသီးသန့်လျှို့ဝှက်ချက်ဟု ရည်ညွှန်းသည်။
    ၂၀၀၆ ခုနှစ်အထိ နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဂျက်စထရော(Jack Straw) နှင့် စီမံသူ မာဂရက် ဘက်ကက်(Margaret Beckett) တို့သည် ၂၀၀၇ ခုနှစ်အတွင်း ၄င်းစာချုပ်ချုပ်ဆိုရာတွင် အသိသက်သေများဖြစ်ကြသော်လည်း သူတို့က သုံးသပ်ချက်ပေးရန် ငြင်းဆိုခဲ့ကြသည် ဟု Channel 4 News သတင်းဌာနမှ တင်ပြခဲ့သည်။
    NSA နှင့် GCHQ အဖွဲ့များသည်လည်း ပေါက်ကြားမှုနှင့်စပ်လျဉ်း၍ ဆွေးနွေးရန် ငြင်းဆိုခဲ့သည်။
  • ရော်နယ်ဒိုကို ချီးကျူးသော်လည်း မိမိအကြိုက်ဆုံး ကစားသမားမှာ မက်ဆီဖြစ်သည်ဟု ဘလတ္တာဆို
    နိုဝင်ဘာ ၂၃ ၂၀၁၃
    M-Media
    Blatter
    ကမ္ဘာဘောလုံးအဖွဲ့ချုပ် ဥက္ကဌဖြစ်သူ ဆပ်ဘလတ္တာက ရီးယဲလ်မဒ်ရစ် အသင်းမှ ပေါ်တူဂီ တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒို၏ စွမ်းဆောင်ရည်အား ချီးကျူးပြောဆိုခဲ့သော်လည်း သူ၏ အကြိုက်ဆုံး ကစားသမားမှာ လိုင်ယွန်နယ် မက်ဆီဖြစ်သည်ဟု ဖွင့်ဟခဲ့သည်။
    အသက် ၇၇ နှစ်အရွယ်ရှိပြီဖြစ်သည် ဘလတ္တာမှာ မကြာသေးမီက အခမ်းအနားတစ်ခုတွင် ရော်နယ်ဒိုအား ဆံပင်ညှပ်ဆိုင်တွင် အချိန်ကုန်သူတစ်ဦးဖြစ်သည်ဟု ဝေဖန်ခဲ့သောကြောင့် ကန့်ကွက်မှုများနှင့် ရင်ဆိုင်ခဲ့ရသူဖြစ်ပြီး၊ အထင်ကရပုဂ္ဂိုလ်များက သူ၏ မှတ်ချက်အား ရှုတ်ချပြောဆိုခဲ့သည်။ နောက်ပိုင်းတွင် ဘလတ္တာက သူ၏မှတ်ချက်အတွက် ပြန်လည် တောင်းပန်ခဲ့သည်။
    “ကျွန်တော်အတွက်တော့ သူ(ရော်နယ်ဒို) ဟာ ထူးခြားကောင်းမွန်တဲ့ ကစားသမားတစ်ဦးပါပဲ။ ဒါပေမယ့် ကျွန်တော်တို့တစ်ယောက်ချင်းဆီမှာ ကျွန်တော်တို့ အကြိုက်ဆုံးကစားသမားတွေ ရှိကြပါတယ်” ဟု ဘလတ္တာက ပြောဆိုခဲ့သည်။
    ထို့ပြင် ဖီဖာ၏ အဓိက ရည်ရွယ်ချက်များထဲမှ တစ်ခုမှာ လူမျိုးရေးခွဲခြားမှုကို တိုက်ဖျက်ရန်ဖြစ်ကြောင်း၊ လူမျိုးရေးခွဲခြားမှုမှာ ဘောလုံးလောကတွင် သာမက ဘောလုံးလောက၏ အပြင်တွင်ပါ ရှိနေကြောင်း ဘလတ္တာက ထပ်လောင်းပြောကြားခဲ့သည်။
  • ခွင့်ပြုမိန့်ဖြင့် ပြုပြင်သော အစ္စလာမ်ဘာသာရေးကျောင်းဆောင် သံဃာများဆန္ဒပြမှုကြောင့် ရပ်ဆိုင်းခံရ
    နိုဝင်ဘာ-၂၂ ၂၀၁၃
    M-Media
    သင်္ကန်းကျွန်းမြို့နယ်၊ ဇာဝေယာလမ်းရှိ “အစ္စလာမ့် လင်းရောင်ခြည်”ဘာသာရေးကျောင်းကို မြို့တော်စည်ပင် ခွင့်ပြုချက်ဖြင့် ပြန်လည်ပြင်ဆင်ဆောက် လုပ်နေခြင်းအား မကျေနပ်သဖြင့် သံဃာအပါး ၁၀၀ ကျော် မှ အရှေ့ပိုင်းခရိုင် အုပ်ချူပ်ရေးမှူးရုံးသို့ ဆန္ဒပြတောင်းဆိုပြီးနောက် တိုင်းအစိုးရမှ အဆိုပါ ဘာသာရေးကျောင်းပြင်ဆင်မှုကို ရပ်ဆိုင်းထားရန် အမိန့်စာထုတ်ပြန်ခဲ့သည်1463164_189659887893510_182688930_n
  • လက်ပတောင်းတောင် သပိတ်စခန်းကို မီးလောင်ဖြိုခွဲမှုအပေါ် မကျေနပ်တဲ့အတွက် ဆန္ဒပြသူများကို ထောင်ဒဏ်ချမှတ်
    နိုဝင်ဘာ ၂၂-၂၀၁၃
    M-Media
    သီရိ
    DSC01119
    ရန်ကုန်။ ။ လွန်ခဲ့သောနှစ်က လက်ပတောင်းတောင် သပိတ်စခန်း အကြမ်းဖက်ဖြိုခွဲမှုကို ရန်ကုန်မြို့တွင် ဆန္ဒပြသခဲ့ကြသော၂၀၀၇ ဗကသ ကျောင်းသား ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ကိုဒီငြိမ်းလင်း အပါအ၀င် ကိုမိုးသွေး၊ ကိုသူကြီး၊ ကိုအောင်မျိုးဦး၊ ကိုမြင့်ကျော်ဦး နှင့် မသန္တာ တို့ကို စီတန်းလှည့်လည် ခွင့် ဥပဒေကို ချိုးဖောက်သည်ဟု ပုဒ်မ ၁၈ ဖြင့် စွဲချက်တင်ပြီး နိုဝင်ဘာလ ၂၁ ရက်နေ့က ကြည့်မြင့်တိုင်မြို့နယ်တရားရုံးက အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁ လချမှတ်ခဲ့ပါသည်။ယနေ့ နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ၄င်းတို့ကို အလုံမြို့နယ် တရားရုံးတွင် ရုံးထုတ်ခဲ့ရာ ကြည့်မြင့်တိုင် တရားရုံးနှင့် တစ်ပေါင်းတည်းကျခံစေဟူ၍ ထောင်ဒဏ် ၁ လ ချမှတ်ခဲ့သည်။
    “အခုလိုချမှတ်လိုက်တဲ့ ပုဒ်မ ၁၈ မှာ ငွေဒဏ်အပြစ်ပေးလို့ ရလျက်နဲ့ ထောင်ဒဏ် ချမှတ်လိုက်တာဟာ တမင်တကာကိုထောင်ချချင်လို့ပဲကို ထင်ရပြီး တရားရေးမဏ္ဍိုင်ကို အုပ်ချုပ်ရေး မဏ္ဍိုင်က လွှမ်းမိုးတယ်လို့မြင်ရတဲ့စိတ်ပိုင်းတစ်ခုပဲ” လို့ကိုဒီငြိမ်းလင်းရဲ့ ဖခင်ဖြစ်သူ ဦးဇော်မင်း(၈၈-ကျောင်းသားဟောင်း) ကပြောဆိုခဲ့ပါသည်။
    ဆက်လက်ပြီး ၈၈-ကျောင်းသားဟောင်း တစ်ဦးဖြစ်သူ ကိုမြအေးက “တစ်လဆိုတာနိုင်ငံရေးသမား တစ်ယောက်အတွက်ကဘာမှ မမှုစရာဆိုပေမဲ့ အခုလိုဆွေးးနွေးနေဆဲကာလမှာ အခုလို ထွက်ပေါက်မပေးဘဲ လုပ်လိုက်တာတော့ မကောင်းဘူးပေါ့ နိုင်ငံအတွက်ရော တရားစီရင်ရေး အပိုင်းကရော လွှတ်တော်အပိုင်းကရော တက်ကြွ လှုပ်ရှားသူတွေအပိုင်းကရော အခြေအနေအားလုံးရဲ့ကြားမှာ မကောင်းတဲ့ အလားအလာတွေပဲဖြစ်တယ်၊ ပုဒ်မ ၁၈ ကပြည်သူလူထုကို နှိပ်စက်တဲ့ လက်နက်ကရိယာလို့မြင်လာကြရင် အခုလိုဖျက်သိမ်းရေး လှုပ်ရှားမှုတွေဟာပိုများလာလိမ့်မယ်” လို့ပြောကြားခဲ့ပါသည်။
    ပုဒ်မ ၁၈ များကိုရှေ့နေလိုက်ပေးနေသော ရှေ့နေ ဦးရောဘတ်ဆန်းအောင်ကလည်း “ထောင်ထဲကိုရောက်တယ်ဆိုတာ ကောင်းတဲ့ အရပ်မဟုတ်ဘူး အဲတော့ မကောင်းတဲ့ အရပ်ကိုလူတွေကို တွန်းပို့နေတော့ မကောင်းတာတွေပဲ ထပ်ဖြစ်လာပါလိမ့်မယ် မဖြစ်စေချင်လို့ ထောင် မချကြပါနဲ့တော့ ရပ်တန်းကရပ်ပြီးတော့ နောက်ဆုံးမလွဲ မရှောင်သာရင်တောင်မှ ဒဏ်ငွေလောက်ဆိုရင်တော်ပါသေးတယ်” ဟုပြောကြားခဲ့ပါသည်။
    မြန်မာနိုင်ငံတွင်လက်ရှိ ပုဒ်မ ၁၈ အမှုနှင့်ရင်ဆိုင်နေရသူ ၁၀၀ ကျော်လောက်ရှိပြီး အကျဉ်းကျနေသူ ၅၀ ကျော်လောက် ရှိပါသည်။ဆက်လက်ပြီး တရားရုံးတွေမှာ တရားစွဲဆိုဖို့တွေရှိနေသေးကြောင်း သိရှိရပါသည်။