News @ M-Media

Blog

  • ပါကစ္စတန် သမ္မတ မြန်မာသမ္မတထံ ရိုဟင်ဂျာအရေး စာပို့

    ပါကစ္စတန် သမ္မတ မြန်မာသမ္မတထံ ရိုဟင်ဂျာအရေး စာပို့

    (ကြားဖြတ်နှင့် သတင်းကျဉ်း)
    မဇ္ဈိမသတင်းဌာန |
    အင်္ဂါနေ့၊ သြဂုတ်လ ၀၇ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၃၆ မိနစ်

    နယူးဒေလီ (မဇ္ဈိမ) ။       ။ ရခိုင်ပြည်နယ်မှ လူမျိုးရေး ပဋိပက္ခများအတွင်း ရိုဟင်ဂျာ မူဆလင်များ သေဆုံးခဲ့ရမှုနှင့် ပတ်သက်၍ လေးနက်စွာ စိုးရိမ်ပူပန်ကြောင်း ပါကစ္စတန်သမ္မတ Asif Ali Zardari က မြန်မာသမ္မတ ဦးသိန်းစိန်ထံ အင်္ဂါနေ့က စာရေးသား ပေးပို့လိုက်သည်။

    ပါကစ္စတန် သမ္မတ Zardari

    သမ္မတ Zardari ၏ စာထဲတွင် ပြန်လည်နေရာချထားရေး လုပ်ငန်းစဉ်အား မြန်မြန်ထက်ထက် ဆောင်ရွက်ရန် တောင်းဆိုထားပြီး သို့မှသာ ရိုဟင်ဂျာများ ၎င်းတို့နေအိမ်များသို့ ပြန်သွားကာ လုံခြုံစိတ်ချရသည့်ဘဝသို့ ရောက်ရှိစေ မည်ဟု ပါရှိကြောင်း ပါကစ္စတန် အေပီ သတင်းတပုဒ်တွင် ဖော်ပြထားသည်။

    ပါကစ္စတန် အစိုးရနှင့် ပြည်သူများအနေဖြင့် မူဆလင်များ သေဆုံးကြရမှုအပေါ် များစွာ ကြေကွဲရပြီး အတိဒုက္ခရောက်မှု များ အတွက်လည်း နက်ရှိုင်းစွာ စိုးရိမ်ပူပန်လျက် ရှိကြကြောင်းလည်း Zardari က ဆိုသည်။

    ထို့အပြင် လူမှုအသိုက်အဝန်းများ ငြိမ်းချမ်းစွာ အတူနေထိုင်ခြင်းကသာလျှင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး နောက်ကြောင်းမပြန်ရန် အာမခံပေးနိုင်မည်ဖြစ်ကြောင်းလည်း ပါကစ္စတန် သမ္မတက ဦးသိန်းစိန်ထံ စာရေးသားပေးပို့ လိုက်သည်။

    ရခိုင်ပြည်နယ်မှ လူမျိုးရေးပဋိပက္ခများအတွင်း မူဆလင် အများအပြား သေဆုံးသွားရကြောင်း သတင်းများကြောင့် ပါကစ္စတန်ရှိ လက်ျာ နိုင်ငံရေးပါတီများ၊ ဘာသာရေး အခြေခံအဖွဲ့များက ၎င်းတို့အစိုးရအား အရေးတယူ ဆောင်ရွက် ပါရန် တောင်းဆိုမှုများ ရှိနေသည်။ ထို့အပြင် ပါကစ္စတန်အခြေစိုက် တာလီဘန် အကြမ်းဖက်အဖွဲ့တခုဖြစ်သည့် (TTP)ကလည်း မြို့တော် အစ္စလာမ်မာဘတ်ရှိ မြန်မာသံရုံးအား ပိတ်ရန်နှင့် နှစ်နိုင်ငံ အဆက်အသွယ်များ
    ဖြတ်တောက်ရန် Zardari အစိုးရအား တောင်းဆိုထားပြီး သို့မဟုတ်ပါက လက်တုန့်ပြန် အကြမ်းဖက်တိုက်ခိုက်မှုများ လုပ်ဆောင်သွားမည်ဟု မြန်မာအစိုးရအား ခြိမ်းခြောက်မှုများ ရှိနေသည်။

  • ရိုဟင်ဂျာတွေကို သတ်ဖြတ်နေဟု မြန်မာကို ဆော်ဒီအာရေးဗီးယားက စွပ်စွဲ

    သြဂုတ်၊ ၇ ရက်၊ ၂၀၁၂

    RFA

    ရခိုင်ပြည်နယ်က မူဆလင် ရိုဟင်ဂျာတွေကို မြန်မာအစိုးရက လူမျိုးတုန်း သတ်ဖြတ်မှုတွေ ကျူးလွန်နေတယ်လို့ ဆော်ဒီအာရေးဗီးယား အစိုးရက မနေ့က စွပ်စွဲပြောဆိုလိုက်ပါတယ်။ ဆော်ဒီအစိုးရအဖွဲ့ရဲ့ သဘောထားကို အစိုးရသတင်းဌာန SPA က ပြောဆိုရာမှာ မြန်မာနိုင်ငံက မူဆလင် ရိုဟင်ဂျာတွေကို မြန်မာအစိုးရက ရက်စက်စွာ တိုက်ခိုက်မှုတွေ ရှိနေပြီး၊ လူမျိုးတုန်း သတ်ဖြတ်မှုတွေ ကျူးလွန်နေကြောင်း ၊ ဆော်ဒီအစိုးရ အနေနဲ့ ပြင်းထန်စွာ ရှုံ့ချကြောင်း ပြောဆိုတယ်လို့ သိရပါတယ်။

    ဒါ့အပြင် နိုင်ငံတကာ အသိုင်းအ၀ိုင်း အနေနဲ့ မြန်မာနိုင်ငံက မူဆလင် ရိုဟင်ဂျာတွေရဲ့ လူနေမှုဘ၀တွေ ကောင်းမွန်လာရေး၊ သူတို့တွေရဲ့ အသက်အန္တရာယ်ကို အကာအကွယ်ပေးနိုင်ဖို့ ၊ နောက်ထပ် အသက်ဆုံးရှုံးမှုတွေ မဖြစ်အောင် ကာကွယ်စောင့်ရှောက်ပေးဖို့ လိုအပ်ကြောင်း ဆော်ဒီအာရေးဗီးယား အစိုးရက တိုက်တွန်းလိုက်ပါတယ်။

    တစ်ချိန်တည်းမှာပဲ ရခိုင်ပြည်နယ်က ဘင်္ဂါလီ ရိုဟင်ဂျာတွေအရေးနဲ့ ပတ်သက်ပြီး အီဂျစ်နိုင်ငံသား တစ်ချို့က အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော်မှာရှိတဲ့ မြန်မာသံရုံးရှေ့မှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဆန္ဒပြခဲ့ကြပါတယ်။ အီဂျစ်အစိုးရ အနေနဲ့ မြန်မာအစိုးရ နဲ့ သံတမန် ဆက်ဆံရေး ဖြတ်တောက်ဖို့ ဒါဇင်လောက်ရှိတဲ့ ဆန္ဒပြသူတွေက တောင်းဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။ အလားတူ ဆန္ဒပြပွဲကိုလည်း လာမယ့် သြဂုတ်လ ၁၀ ရက်နေ့မှာ မြန်မာသံရုံးရှေ့မှာ ထပ်မံကျင်းပသွားမယ်လို့ သိရပါတယ်။

    ကမ္ဘာမှာ အစ္စလမ်ဘာသာဝင် အများစု နေထိုင်တဲ့ အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဆူဆီလို ယုဟိုရိုနိုကတော့ မြန်မာနိုင်ငံက ရခိုင်တိုင်းရင်းသားတွေ နဲ့ ဘင်္ဂါလီ ရိုဟင်ဂျာ ပဋိပက္ခဟာ ဘာသာရေး ပဋိပက္ခ မဟုတ်ကြောင်း၊ ဒေသတွင်း လူအုပ်စုကြား ဖြစ်ပွားတဲ့ ပဋိပက္ခသာ ဖြစ်ပြီး မြန်မာအစိုးရဟာ အကောင်းဆုံးဖြစ်အောင် ကိုင်တွယ်ဖြေရှင်းနေကြောင်း ပြောပါတယ်။

  • အင်ဒို လွှတ်တော်မှ ရိုဟင်ဂျာအရေး လေ့လာရေးအဖွဲ့ စေလွှတ်ရန်စီစဉ်

    အင်ဒို လွှတ်တော်မှ ရိုဟင်ဂျာအရေး လေ့လာရေးအဖွဲ့ စေလွှတ်ရန်စီစဉ်

    သြဂုတ်လ၊ ၇ ရက်၊ ၂၀၁၂

    မဇ္ဈိမ

    နယူးဒေလီ (မဇ္ဈိမ)။   ။ ကမ္ဘာ့ မူဆလင် လူဦးရေ အများဆုံး နိုင်ငံဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံ၏ ပြည်သူ့လွှတ်တော်မှ ကိုယ်စားလှယ်အဖွဲ့တဖွဲ့အား မြန်မာပြည်ရှိ ရိုဟင်ဂျာ မူဆလင်များအရေး သွားရောက်လေ့လာရန် ရွေးချယ်စေလွှတ်မည်ဟု သိရသည်။

    မြန်မာနိုင်ငံအတွင်းရှိ မူဆလင် ရိုဟင်ဂျာများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်နေသည်ဆိုသည့် စွပ်စွဲချက်များနှင့်ပတ်သက်၍ သွားရောက်လေ့လာရန် အတွက် ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌ Marzuki Alie က ဆိုသည်။

    “ကိုယ်စားလှယ်အဖွဲ့တခု စေလွှတ်ဖို့ ကျနော်တို့ စဉ်းစားနေပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး (နိုင်ငံခြားရေးရာ) လွှတ်တော်ကော်မတီနဲ့ ကျနော် ဆွေးနွေးပါမယ်” ဟု အင်ဒိုနီးရှား လွှတ်တော်ဥက္ကဋ္ဌ Marzuki အား ကိုးကား၍ The Jakata Post သတင်းတရပ်တွင် ဖော်ပြပါရှိသည်။

    “မူဆလင် လူ့အဖွဲ့အစည်းတခုအနေနဲ့ ကျနော်တို့ဟာ သူတို့အတွက် တိုက်ပွဲဝင်ရပါ့မယ်။ ဒါမှသာ နိုင်ငံတကာ အဖွဲ့အစည်းတွေက ပါဝင်လာမှာ ဖြစ်ပါတယ်” ဟု Marzuki Alie က ဖြည့်စွက်ပြောကြားသွားသည်။

    ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများနှင့်ပတ်သက်၍ လွန်ခဲ့သည့် သီတင်းပတ်အတွင်းက မြန်မာနိုင်ငံသို့ လာရောက် လေ့လာသွားခဲ့သည့် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Tomas Ojea Quintana ကလည်း လွတ်လပ်သော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် တောင်းဆိုထားပြီး ထိုလုပ်ငန်းအတွက် နေပြည်တော်ရှိ လွှတ်တော်အား တာဝန် ပေးအပ်သင့်ကြောင်း အကြံပြုသွားခဲ့သည်။

    ထို့ပြင် နိုင်ငံပေါင်း ၅၇ နိုင်ငံဖြင့် ဖွဲ့စည်းထားသည့် OIC ခေါ် ကမ္ဘာ့မူဆလင် အဖွဲ့ကြီးကလည်း အချက်အလက် စူးစမ်းရှာဖွေရေး မစ်ရှင်တခုအား မြန်မာနိုင်ငံရှိ ပဋိပက္ခ ဖြစ်ပွားရာနေရာသို့ စေလွှတ်ရန် ဆုံးဖြတ်လိုက်သည်။

    ၎င်းတို့ စေလွှတ်မည့် အချက်အလက်ရှာဖွေရေး မစ်ရှင်အား လက်ခံခွင့်ပြုရန် မြန်မာအစိုးရအား နားချပြောဆို မည်ဟုလည်း OIC အတွင်းရေးမှူးချုပ် Ekmeleddin Ihsanoglu က ဆိုသည်။

    ဇူလိုင်လအတွင်းက လန်ဒန်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့တခုဖြစ်သည့် Ansar Burney Trust International မှ ပါကစ္စတန် လူ့အခွင့်အရေးခေါင်းဆောင် Ansar Burney နှင့်အဖွဲ့အား မြန်မာနိုင်ငံသို့ ပြည်ဝင်ခွင့်ဗီဇာ ငြင်းပယ် ခံခဲ့ရဖူးသည်။ ထိုစဉ်က လန်ဒန်ရှိ မြန်သံရုံးက စာနယ်ဇင်းသမားများနှင့် လူ့အခွင့်အရေးအဖွဲ့များကို ရခိုင်ပြည်နယ် သို့ ၀င်ခွင့်မပေးဟု Ansar Burney အား အကြောင်းပြန်ကြားခဲ့သည်။

    ရခိုင်ပြည်နယ်အတွင်း ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂါလီ မူဆလင်များအကြား ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများ အတွင်း နှစ်ဘက် သေဆုံးမှုစာရင်းကို အစိုးရက တရားဝင် ထုတ်ပြန်ရာတွင် စုစုပေါင်း ၈၀ ထက် မပိုသော်လည်း ၎င်းမှာ “အလွန်အကျွံ လျှော့တွက်ထားခြင်းမျှသာ” ဖြစ်သည်ဟု အမေရိကန်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်မှုအဖွဲ့ (HRW)က သတ်မှတ်သည်။

    ပါကစ္စတန် ဆွန်နီ မူဆလင်ကောင်စီတခုဖြစ်သည့် (SIC)ကလည်း ကရာချီမြို့တွင် တနင်္လာနေ့က ဆန္ဒပြပွဲတခု ပြုလုပ်၍ မြန်မာနိုင်ငံအတွင်း မူဆလင်များ သတ်ဖြတ်ခံနေရမှုကို ရှုံချပြီး ထိုသွေးထွက်သံယိုမှုများ ရပ်တန့်စေရေးအတွက် OIC နှင့် မူဆလင်နိုင်ငံများအား ထိရောက်သောကဏ္ဍမှ ပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းလိုက်သည်။

    ထို့ပြင် ပါကစ္စတန်ရှိ Jamiat-e-Ulemah Pakistan ပါတီကလည်း မြန်မာပြည် ရိုဟင်ဂျာအရေး တနိုင်ငံလုံး ဆန္ဒပြပွဲ၊ ချီတက်ပွဲများကို သောကြာနေ့တွင် ဆင်နွှဲကြရန် ဆော်သြထားသည်။

    ပြင်သစ် ဒု-နိုင်ငံခြားရေးဝန်ကြီး Vincent Floreani ကလည်း ရခိုင်ပြည်နယ်အတွင်း အခြေအနေနှင့် ပတ်သက်၍ “လုံခြုံရေးတပ်ဖွဲ့တွေက အရပ်သားတွေအပေါ်မှာ စိုးရိမ်ဖွယ်ရာ အကြမ်းဖက် အပြုအမူတွေနဲ့ ပတ်သက်တဲ့ အစီရင်ခံချက်တွေ ရှိနေပါတယ်။ နိုင်ငံသားအားလုံးအပေါ်မှာ ခွဲခြားဆက်ဆံမှုမပြုဘဲ အကာအကွယ်ပေးဖို့နဲ့ မတရားပြုကျင့်မှုတွေကို စုံစမ်းစစ်ဆေးဖို့ မြန်မာအာဏာပိုင်များကို တောင်းဆိုလိုပါတယ်” ဟု တနင်္လာနေ့က ပြောဆိုလိုက်သည်။

    ထိုသို့ ရခိုင်ပြည်နယ်တွင်း အဓိကရုဏ်းများနှင့်ပတ်သက်၍ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းမှ တောင်းဆိုနေကြစဉ် အတွင်းမှာပင် ကျောက်တော်မြို့နယ်အတွင်း အကြမ်းဖက်မှုများ တနင်္ဂနွေနေ့က ပြန်လည်ဖြစ်ပွားလာကာ လူ သုံးဦး သေဆုံးခဲ့ပြီး အနည်းတုံး ငါးဦး ဒဏ်ရာရရှိခဲ့သည်ဟု အစိုးရအရာရှိအား ကိုးကား၍ AFP သတင်းတရပ်တွင် ဖော်ပြပါရှိသည်။

  • တူရကီဝန်ကြီးချုပ် ဇနီးနှင့်အဖွဲ့ မြန်မာနိုင်ငံသွားမည်

    တူရကီဝန်ကြီးချုပ် ဇနီးနှင့်အဖွဲ့ မြန်မာနိုင်ငံသွားမည်

    သြဂုတ်၊ ၆ ရက်၊ ၂၀၁၂

    RFA

    တူရကီနိုင်ငံ ၀န်ကြီးချုပ်ရဲ့ဇနီးနဲ့ သမီးတို့ဟာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာတွေကို အကူအညီပေးဖို့ မြန်မာနိုင်ငံကို သွားရောက်မယ်လို့ သိရပါတယ်။

    တူရကီနိုင်ငံ ဝန်ကြီးချူပ် Recep Tayyip Erdogan

    လာမယ့် ဗုဒ္ဓဟူးနေ့မှာ ၀န်ကြီးချုပ်ရဲ့ဇနီးနဲ့သမီး ဦးဆောင်တဲ့ အဖွဲ့တစ်ဖွဲ့ဟာ မြန်မာနိုင်ငံကို သွားရောက်မှာ ဖြစ်ကြောင်း မနေ့က တူရကီ ရုပ်မြင်သံကြားမှာ ဖော်ပြပါတယ်။

    မြန်မာနိုင်ငံထဲက ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာတွေဟာ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေကြောင့် အိမ်နီးချင်း နိုင်ငံတွေဆီ ထွက်ပြေး ခိုလှုံနေရတယ်လို့ တူရကီ ၀န်ကြီးချုပ် မနေ့က ပြောဆိုကြောင်း တူရကီ သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

    မူဆလင်တွေရဲ့ ဥပုသ်လအတွင်း ဖြစ်နိုင်သမျှ အကူအညီ အထောက်အပံ့တွေကို ရိုဟင်ဂျာ မူဆလင်တွေအတွက် ပေးသွားမယ်လို့လည်း တူရကီ ၀န်ကြီးချုပ်က ပြောသွားပါတယ်။

  • Terrorized Muslims in Kyauk Taw are in very serious contidion

    August 6, 2012
    Yangon
    Kyauk Taw residences said Rakhine Buddhists keep torching Muslim villages, not allowing injured muslims to be hospitalized and not providing any aids to muslims whose houses have been destroyed so that muslims in Kyauk Taw are really in serious situation.
    ” Today 120 Muslims’ houses were torched by Rakhine Buddhists around noon. After that one mosque and one Arabic language school were torched.” said a residence of Kyauk Taw. Moreover, muslims ( from Shwe Haling and A Pauk villages) whose houses were burnt yesterday didn’t get any aids from authorities. So those refugees are living with their relatives in Auk Pike The village.
    Injured muslims are not allowed to be hospitalized and are cured by some registered muslim nurses in Auk Pike The village. The body of U Eliyahs , who was killed by Rakhine Buddhists yesterday, was found near Kisapanadi Bridge.
    Furthermore local media mentioned the news that muslims torched their own houses instead of mentioning Rakhine buddhists torched Muslims’ houses which is the truth.

    Source: Myanmar Muslim Net