နိုဝင်ဘာ ၁၄ ၊ ၂၀၁၄
M-Media
နေရာကား ထရိတ်ဒါးဟော်တယ်
ဓာတ်လှေကား တံခါးပွင့်သွားသည်နှင့် အထဲမှ အိုဘားမားနှင့် သက်တော်စောင့်နှစ်ဦးထွက်လာသည်
အမေရိကန်နိုင်ငံ၏ သမ္မတကြီး ဖြစ်သော်လည်း ယခုမူ သာမန် ပြည်သူတစ်ယောက်လို ရုပ်ဖျက်ထားသော အိုဘားမားက သက်တော်စောင့်ဘက်လှည့်၍
“မြန်မာနိုင်ငံကို ဘာတွေ အပြောင်းအလဲဖြစ်နေလဲ ဒီနေ့ ကျုပ်ကိုယ်တိုင်လေ့လာမယ်ပြောထားတာ စီစဉ်ထားရဲ့လား”
“ဟုတ် သမ္မတကြီး အကုန်စီစဉ်ပြီးသားပါ သမ္မတကြီးနဲ့အတူ လိုက်ပါဖို့ FBI ကမြန်မာနိုင်ငံကိုလွှတ်ထားတဲ့ စပိုင်တစ်ယောက် စီစဉ်ထားပါတယ်”
“ကောင်းပြီလေ တွေ့လိုက်ရအောင်”
ဟိုတယ်အပြင်သို့ထွက်လိုက်သည်နှင့် ၇ှပ်အင်္ကျီနှင့် ဂျင်းဘောင်းဘီကို ကျနစွာ ဝတ်ဆင်ထားသော ဘိုင်စကုပ်မင်းသားရှုံးလောက်အောင် ချောမောခန့်ညားလှသော လူတစ်ယောက်ကိုတွေ့လိုက်ရသည်
ထိုသူမှ သံလိုက်ဓာတ်ကဲ့သို့ဆွဲငင်အားကောင်းလှသော အသံဖြင့်
“ဂွတ်မောနင်း ကျနော်က အေးဂျင့်ဖွတ်ပါ တွေ့ရတာ ဝမ်းသာပါတယ်”
်”တွေ့ရတာ ဝမ်းသာပါတယ် အေးဂျင့်ဖွတ် ကျနော်တို့ သွားကြရအောင်လား”
“အိုကေ အိုမား”
“ငင် ဘယ်လိုကြီးခေါ်တာတုန်း”
“ဟုတ်ဘူးလေ သမ္မတကြီး နာမည် အိုဘားမားလို့ခေါ်ရင် လူတွေသိကုန်မပေါ့ ဟူစိန်လို့ခေါ်ရင်လဲ ဒီက မျိုးချစ်တွေက ရိုက်သတ်အုန်းမယ် အာ့ကြောင့် လျှို့ဝှက်နာမည် အိုမားလို့ ခေါ်တာပါ”
“အင် ကျုပ်က ကိုရီးယားလဲ မဟုတ် အမေလဲမဟုတ် ထားပါကွယ် ထားပါ ဒါဆို ကျုပ်တို့မြို့ထဲ သွားရအောင် ကားရော ဘယ်မလဲ”
“အိုမား ဟိုက ယူလာတဲ့ကားတွေ ဒီက ဆီအရောတွေထည့်မိပြီး အကုန် ဝပ်ရှော့ပို့ထားရတယ် ခဗျ”
“ဟမ် ရက်စက်ချက် မြန်မာပြည်ရယ် ဒါဖြင့် မထူးပါဘူး လုပ်သားပြည်သူတွေ ဘဝသိရအောင် ဘတ်စ်ကားစီးကြရအောင်လား”
“ကောင်းပါပြီ အိုမား”
“အဲ့နာမည်ကြီး တတ်နိုင်သမျှမခေါ်စမ်းပါနဲ့ကွာ”
“အိုကေ အိုမား ဟိုမယ် ကားလာပြီ တက်ရအောင်”
“ဖြည်းဖြည်းပေါ့ ကားတောင်မရပ်သေးဘူး”
“ကားတွေက မရပ်ဘူး ဟိုမယ် ၂စီး ပြိုင်မောင်းလာတာ ပြေးတက် ပြေး ပြေး”
ဟေ!
အိုမားခဗျာ အဲ အိုဘားမားခဗျာ အေးဂျင့်ဖွတ်နောက်မှ အိမ်ဖြူတော် ဝင်အစီးခံရသလို အူယားဖာယား လိုက်ပြေး၍ ကားပေါ်ခုန်တက်လိုက်ရသည်
“”
ဟူး မလွယ်ပါလားကွာ ကားစီးရတာတောင်
ထိုစဉ် စပယ်ယာက
“ကဲကဲ နောက်တက်လေးတွေ ကားခလှမ်းမယ်!”
အေးဂျင့်ဖွတ်မှ အိတ်ကပ်ထဲမှ ပိုက်ဆံထုတ်လိုက်ပြီး ဒီမယ် ၂ ယောက်ခ ၂၀၀ ပါ
စပယ်ယာ ။” ဒါအထူးကား တစ်ယောက် ၂၀၀ ကျတယ်!”
အိုမား ။ “ဟင် အထူးကားဆိုပြီး ထိုင်ခုံလဲမရ လူတွေလဲ ပြည့်လို့”
စပယ်ယာ ။ “မရှည်နဲ့ မစီးချင် အခုဆင်း ဒါထုံးစံပဲ!”
အိုမား ။ “အွတ် ရော့ရော့ နောက်ထပ် ၂၀၀”
ပိုက်ဆံလှမ်းယူလိုက်ပြီး စပယ်ယာက
“ကဲကဲ အားလုံး နောက် ၂ မှတ်တိုင်ဆို ဂိတ်ဆုံးမယ်နော်!”
“အိုမား ။ ဟင်ခုမှ တက်တာလေ မှတ်တိုင်ရောက်ဖို့အဝေးကြီးလိုသေးတဲ့ဟာ”
“မရှည်နဲ့ ခုက ရုံးဆင်းချိန် ဟိုဘက်ကြောကို ကွေ့မှ မကျေနပ် ပြန်လိုက်စီး ဒါပဲ”
“အူကြောင်ကြောင်နဲ့ ဘယ်ကလာတဲ့ တောသားလဲမသိ ဘတ်စ်ကား မစီးဘူးဝူးထင်တယ်!”
အိုဘားမားခဗျာ နိုင်ငံတကာက ခေါင်းဆောင်များ လွှတ်တော်တွင်း အမတ်များနှင့် စကားစစ်ထိုးလာသမျှ မြန်မာနိုင်ငံက စပယ်ယာနှင့်တွေ့မှ ပိတ်ဟောက်ခံနေရသဖြင့် ခပ်ကုပ်ကုပ်နေလိုက်ရသည် ။
ကဲ ဂိတ်ဆုံးပြီ အားလုံး ဆင်းမယ်!
အိုမားလဲ စပယ်ယာကို ဘုရှိုးရှိုးရင်း ကားပေါ်က အဆင်း
ဗွမ်း
” ဖူး ဝရူး ဖူး ဟ ဟ အေးဂျင့်ဖွတ် လုပ်ပါအုန်း ကားကြီးက ဘယ်ချောင်းထဲ ဆင်းသွားတာလဲ မသိ ရေနစ်နေတယ် လုပ်ပါအုန်း”
“အေးဆေးပါ အိုမားရ စောနက မိုးရွာသွားလို့ရေကြီးနေတာ”
“ဟေ ရေကြီးတာက ကျုပ်ခါးလည်လောက်ရှိတယ် အခု အဝတ်အစားတွေလဲ စိုကုန်ပြီ ဂြိုလ်တုဖုန်းပေး အဝတ်အစားသစ် လာပို့ခိုင်းရအောင်”
“ခုတလော မီးခဏခဏပျက်တာနဲ့ အားမသွင်းဖြစ်လို့ ထားခဲ့တယ် အိုမား ရော့ ဒီမယ် အမ်ပီတီနဲ့ဆက်”
“ပေးကွာ”
‘တီ တီ တီ’
‘လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ….’
“အေးဂျင့်ဖွတ် အမ်ပီတီက အရင်အတိုင်းပဲ လိုင်းမမိဘူး အခုပေါ်နေတဲ့ ကတ်လေးတွေပေးစမ်းပါဗျာ”
“ရော့ ဒီမယ် အော်ရီဒူး အိုမား”
‘တီ တီ တီ’
‘ဝမ်းနည်းပါတယ်ရှင် ………’
” တိန် အော်ရီဒူး လဲတူတူပါပဲလား အေးဂျင့်ဖွတ်ရယ် တယ်လီနော်ပဲ ပေးပါတော့”
“မရှိတော့ဘူး အိုမားရဲ့ နံပါတ်လှလို့ ပြန်ရောင်းစားလိုက်တာ”
” ဟမလေး အေးဂျင့်ဖွတ်ရဲ့ ရက်စက်ချက်ဗျာ”
” တတ်နိုင်ဘူးလေ ရေစိုကြီးနဲ့ပဲ ဆက်သွားကြတာပေါ့”
” ဒါနဲ့ ကျုပ်ခုဗိုက်ဆာလာပြီဗျ အေးဂျင့်ဖွတ် ကျုပ်ဒီကိုလာတုန်း မျိုးချစ်တွေ ဆန္ဒပြတဲ့အထဲ မုန့်ဟင်းခါးစားပါဆိုတာ တွေ့လိုက်တယ် စားဖူးတယ်ရှိအောင် သွားကြရအောင်”
” အိုကေ အိုမား ဟိုရှေ့က ဆိုင်ထဲ ဝင်ရအောင် ”
ဆိုင်ထဲ ဝင်၍ ထိုင်လိုက်ပြီး
” ဆိုင်က လူတွေခြောက်ကပ်နေပါလား စီးပွားရေးမကောင်းလို့ လူတွေ မွင်းခါးတောင် လာမစားနိုင်ကြဘူးထင်တယ် အေးဂျင့်ဖွတ်ရ”
မှာထားသော မွင်းခါးများလာချပြီး တစ်ဇွန်းခပ်စားကာ
” ဖွီ မွင်းခါးက အရေကျဲတောက်ပြီး ကြည်နေတာပဲ ငှက်ပျောအူ ကြက်သွန်ဥလဲမပါ ပဲကြော်ကပျော့ပြဲနေရတဲ့အထဲ မုန့်ဖတ်က ချဉ်နေသေးတယ် တော်ပြီကွာ မစားတော့ဘူး ဟေ့ ရှင်းမယ်”
“၁ သောင်း ကျပါတယ်”
” ဟေ မွင်းခါး၂ပွဲကို တစ်သောင်းတောင်ကျတယ် မွင်းခါးကလဲ ဒီလောက်ချာတူးလန်နေတဲ့ဟာ”
” ဒါက ဒီလိုရှိပါတယ် လာစားတဲ့သူမရှိလို့ တစ်ခါတစ်လေ လာစားတဲ့သူဆီက ရိတ်တာပါ ပိုင်ရှင် အပြစ်မဟုတ်ပါဘူး မကျေနပ်နောက်လာမစားနဲ့”
” အမယ် ပိုင်ရှင်ဖက်ကတောင် ဖာထေးပေးနေသေးတယ် ရင့်ကလဲ ရင့်သေး မန်နေဂျာခေါ်ကွာ မင်းနာမည် ဘယ်သူလဲ”
” ရဲထွဋ် ”
“ရဲထွဋ် ဒီနာမယ် ရင်းရင်းနှီးနှီးသိပါတယ် ဘယ်မလဲ မန်နေဂျာ”
မန်နေဂျာ “ဗူးလက်လှဆွေ” မအားဘူး ဒီဆိုင် ဘယ်လောက်ကောင်းကြောင်း ဖေ့ဘွတ်ပေါ် ပို့စ်တင်နေတယ်
” ဘာ ဒီလောက် စုတ်ပြတ်တဲ့ဆိုင်ကိုများကွာ နောက်မှတ်ထားရအောင် အေးဂျင့်ဖွတ် ဆိုင်နာမည် ကြည့်လိုက်စမ်းကွာ ဘာတဲ့လဲ”
” မိဘပြည်သူများခဗျာ တဲ့”
“ဟင် ဒါဆို ဒီ ဒီ ဆိုင်ပိုင်ရှင်က”
အိုဘားမားလဲ ကောင်တာမှ ဆိုင်ရှင်ကို လှမ်းကြည့်ကာ ပါးစပ်ကြီးအဟောင်းသားဖြစ်သွားရလေသည် ။
xxxxxxxxxxxxxxxxxxxxxx
အိမ်ကြို အိမ်ကြား ပလပ်ကျွတ် ဖွတ်ကြား ရေးသည်။
Comments