News @ M-Media

တရုတ်နိုင်ငံတွင် အသက် ၂ နှစ်အရွယ် ကလေးငယ်တစ်ဦး ၀က်ကိုက်ခံရ၍ သေဆုံး

နိုဝင်ဘာ ၁၄ ၊ ၂၀၁၄
M-Media
1415884658050_wps_24_Pic_shows_Locals_cut_the_
– ၀က်ခြံနားသွားသည့် ကလေးငယ်တစ်ဦးအား ကလေးမွေးထားသည့် ၀က်မက ကိုက်သတ်ကာ ခန္ဓာကိုယ် အစိတ်အပိုင်းအချို့အား စားသောက်ခဲ့သည့် အဖြစ်အပျက်တစ်ခု တရုတ်နိုင်ငံတွင် ဖြစ်ပွားခဲ့သည်ဟု သိရသည်။

နိုင်ငံအရှေ့ပိုင်း ဂျီယန်ဆူပြည်နယ်တွင် ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အိမ်ရှေ့ရှိ ဥယျာဉ်တွင် ကစားနေသည့် ကီကီအမည်ရ အဆိုပါ ကလေးငယ်မှာ ၀က်ခြံသို့ သွားရောက်ရာမှ သားပေါက်ထားသည့် ၀က်မက ၎င်း၏ ကလေးများအား ကာကွယ်သည့်အနေဖြင့် ကီကီအား တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အခင်းဖြစ်ပွားချိန်တွင် မိဘနှစ်ဦးစလုံးမှာ အိမ်အတွင်းသို့ ၀င်သွားချိန်ဖြစ်ပြီး ကလေးငယ်၏ အော်သံကြားသည့်အတွက်ကြောင့် ထွက်ကြည့်ခဲ့ရာ ၀က်မမှာ ကလေးငယ်၏ မျက်နှာအား ကိုဖြတ် စားသောက်နေသည်ကို တွေ့ခဲ့ရသည်။

“ကျွန်တော်တို့ အိမ်ထဲဝင်ပြီး မိနစ်အနည်းငယ်အကြာမှာပဲ အော်သံကြားခဲ့ရတာပါ။ ကျွန်တော်တို့ထွက်လာတော့ ၀က်မက မီတာ ၈၀ အကွာမှာရှိနေပြီး ကီကီရဲ့ ဦးခေါင်းကို ကိုက်ဖြတ်နေပါတယ်” ဟု အသက် ၂၅ နှစ်အရွယ်ရှိ ဖခင်ဖြစ်သူ ဆန်ဆိုင်က ပြောကြားခဲ့သည်။

ထို့နောက် ရွာသားများရောက်ရှိလာကာ အဆိုပါဝက်မအား သတ်ဖြတ်ကြည့်ရှုခဲ့ရာ ဗိုက်ထဲတွင် ကလေးငယ်၏ ဦးခေါင်းအစိတ်အပိုင်းကို တွေ့ရှိခဲ့ရသည်ဟု သိရသည်။

“၀က်မတွေဟာ သွန်သင်ရ လွယ်ကူပေမယ့် ဇီးရှိတဲ့ အကောင်တွေနဲ့ သားပေါက်စ အကောင်တွေဟာ ရန်လိုတတ်ကြပါတယ်။ သူတို့နားကို ကပ်တဲ့ဟာမှန်သမျှ သူတို့ရဲ့ သားသမီးတွေကို ရန်မူမယ်လို့ပဲ ထင်ကြပါတယ်။ လယ်သမားတွေအနေနဲ့ သူတို့ရဲ့ ၀က်တွေကို ၀က်ခြံထဲမှာပဲထားဖို့ ကျွန်တော်တို့ တိုက်တွန်းထားပါတယ်” ဟု ရဲအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

ref_ Daily Mail

Comments

Leave a Reply