နိုဝင်ဘာ ၁၇ ၊ ၂၀၁၄
M-Media

– အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်မှ ကွန်ပျုတာ ကျောင်းသားတစ်ဦးမှာ သိုးတစ်ကောင်အား လိင်ဆက်ဆံခဲ့သည့်အတွက် တရားစွဲဆိုခြင်း ခံထားရသည်ဟု သိရသည်။
ပြီးခဲ့သည့် တစ်ပတ် အင်္ဂါနေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး Fresno State တက္ကသိုလ်အနီးရှိ သိုးခြံတစ်ခုတွင် နံနက် ၃ နာရီခွဲခန့်၌ ထူးဆန်းသော အသံများကို ကြားရခြင်းကြောင့် အနီးရှိအဆောင်မှကျောင်းသူ တစ်ဦးက ထွက်ကြည့်ရာ ပဉ္စမနှစ် တက်ရောက်နေသူ အသက် ၂၃ နှစ်အရွယ် ကျောင်းသားတစ်ဦးက သိုးနှင့် လိင်ဆက်ဆံနေသည်ကို တွေရှိခဲ့ရခြင်းဖြစ်သည်။ ရဲတပ်ဖွဲ့ကမူ ပြစ်မှုကျူးလွန်သူ၏ အမည်အား ဖော်ပြခဲ့ခြင်းမရှိချေ။
အဆိုပါ ကျောင်းသားကမူ မိမိမှာ နှစ်ဝက်စာမေးပွဲနှင့် ပတ်သက်၍ စိတ်ဖိစီးမှုများဖြစ်ခဲ့ကြောင်း၊ ထို့ကြောင့် တနင်္လာနေ့ညပိုင်းတွင် အရက်များ အလွန်အကျွံသောက်ပြီးနောက် နွားတင်းကုပ်သို့ သွားရောက်ခဲ့ကြောင်း၊ မိမိ၏ အစီစဉ်မှာ စိတ်ဖိစီးမှုကို ဖြေဖျောက်ရန်အတွက် နွားများကို ရိုက်နှက်ရန်ဖြစ်ပြီး ရဲအရာရှိတစ်ယောက် သိုးခြံပေါ်တွင် ဘောင်းဘီကျွတ်လျက် အိပ်ပျော်နေသည်ကို တွေ့ရှိခဲ့သောကြောင့် သိုးနှင့် လိင်ဆက်ဆံခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။
အဆိုပါကျောင်းသားကို တိရစ္ဆာန်အား လက်ရောက်ကျူးလွန်မှုဖြင့် တရားစွဲဆိုခဲ့သော်လည်း နောက်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့သည်။ ကယ်လီဖိုးနီးယား ဥပဒေတွင် ပုဒ်မ ၅၉၇ အရ ကာကွယ်ထားသော တိရစ္ဆာန်များအား ရာဂစိတ်ကို နှိုးဆွရန် သို့မဟုတ် လိင်စိတ်အား ဖြေဖျောက်ရန် ရည်ရွယ်ချက်ဖြင့် မည်သူမဆို လက်ရောက် ကျူးလွန်ခဲ့ပါက အပြစ်ရှိသည်ဟု ပြဌာန်းထားသည်။
Independent

Leave a Reply
You must be logged in to post a comment.