News @ M-Media

အစ္စရေး၏ ငြိမ်းချမ်းရေးကတိက၀တ်ကို ဘန်ကီမွန် မေးခွန်းထုတ်

မေ ၂၄၊ ၂၀၁၆
M-Media

bn

– အနာဂတ် ပါလက်စတိုင်းနိုင်ငံ တည်ထောင်ဖို့ ရည်ရွယ်ထားတဲ့ ဒေသတွေမှာ အစ္စရေးက တရားမ၀င်ကျူးကျော်မှုတွေ ဆက်လက်ပြုလုပ်နေတာနဲ့ပတ်သက်ပြီး အစ္စရေးရဲ့ ပါလက်စတိုင်းတွေနဲ့ ငြိမ်းချမ်းရေး ကတိက၀တ်ကို ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်က မေးခွန်ထုတ်လိုက်ပါတယ်။

ပါလက်စတိုင်းနယ်မြေတွေကို အခုလို ကျူးကျော်သိမ်းပိုက်မှုတွေဟာ နိုင်ငံတကာဥပေဒနဲ့ ငြိစွန်းရုံသာမက ၂ နိုင်ငံတည်ရှိရေး အဖြေကိုလည်း ဖျက်ဆီးပစ်ရာရောက်တယ်လို့ Anadolu သတင်းဌာနနဲ့ အင်တာဗျူးတစ်ခုမှာ ဘန်က ထည့်သွင်းပြောကြားခဲ့ပါတယ်။

“နေအိမ်တွေ ဖျက်ဆီးနေတာနဲ့ အဆောက်အအုံတွေ အခြေချဆောက်လုပ်နေတဲ့ အစ္စရေးရဲ့ အဆုံးစွန်သောရည်မှန်းချက်ဟာ အနောက်ဖက်ကမ်းကနေ ပါလက်စတိုင်းတွေကို အပြီးမောင်းထုတ်ပစ်ချင်တာလား ဒါမှမဟုတ် ပါလက်စတိုင်းနိုင်ငံရဲ့ ကောင်းမွန်တဲ့ အကူးအပြောင်းတစ်ရပ်ကို ဖျက်ဆီးနေတာလားဆိုပြီး မေးခွန်းထုတ်ချင်ပါတယ်”

နောက်ပြီး ရပ်တန့်နေတဲ့ ဆွေးနွေးညှိနှိုင်းမှုတွေကို နှစ်ဖက်စလုံး ပြန်လည်စတင်ဖို့လည်း ဘန်က တိုက်တွန်းခဲ့ပါတယ်။ ပါလက်စတိုင်းပိုင်နက်တွေမှာ အစ္စရေးက တရားမ၀င်အိမ်ယာတွေ ဆောက်လုပ်နေမှုကို နိုင်ငံတကာအသိုင်းအ၀ိုင်းက ရှုတ်ချထားပေမယ့် အစ္စရေးက လိုက်နာခြင်းမရှိပါဘူး။

Ref : IINA

Comments

Leave a Reply