News @ M-Media

အကြမ်းဖက် ခိုးဆိုးလုယက်မှုများကို ကိုယ်တိုင်မှတ်တမ်းတင် ဖြန့်၀ေနေကြသည့် အစ္စရေးစစ်သားများ

ဖေဖေော်၀ါရီ ၂၆၊ ၂၀၂၄

M-Media 


ပါလက်စတိုင်းတွင် ရာဇ၀တ်မှုများ ကျူးလွန်နေကြသည့် အစ္စရေးစစ်သားများ

-ဂါဇာကမ်းမြှောင်မှာ ပါလက်စတိုင်းတွေအပေါ် အကြမ်းဖက်မှု ကျူးလွန်နေတဲ့ အစ္စရေးစစ်သားတွေဟာ သူတို့ရဲ့ ခိုးဆိုးလုယက်မှုတွေကို ကိုယ်တိုင်မှတ်တမ်းတင်ကာ ဆိုရှယ်မီဒီယာမှာ ဖြန့်၀ေမှုတွေ ပြုလုပ်လာပါတယ်။ 

အစ္စရေးစစ်သားတွေဟာ ပါလက်စတိုင်းတွေကို ညှင်းပမ်းတာ၊ နေအိမ်၊ စာသင်ကျောင်း၊ ဆေးရုံဆေးခန်းတွေကို ဖျက်ဆီးတာ၊ တန်ဖိုးကြီးပစ္စည်းတွေ လုယက်ယူငင်တာတွေကို ဂုဏ်ယူစွာ မှတ်တမ်းတင်ဗီဒီယို ရိုက်ကူးကြတာ ဖြစ်ပါတယ်။ 

နောက်ပိုင်းမှာ အဲဒီဗီဒီယိုတွေကို ဆိုရှယ်မီဒီယာမှာ ကိုယ်တိုင် လွှင့်တင်ခဲ့ကြပါတယ်။  

ဂါဇာက အိမ်တစ်အိမ်ကနေ အမျိုးသမီးစီး ဖိနပ်တွေကို လုယက်ပြီး စေ့စပ်ထားသူကို လက်ဆောင်ပေးတဲ့ အစ္စရေးစစ်သားတစ်ယောက်ရဲ့ ဗီဒီယိုဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဆိုရှယ်မီဒီယာမှာ ၀ေဖန်မှုအများဆုံး ဖြစ်ခဲ့ပါတယ်။

ပါလက်စတိုင်းဆိုင်ရာ ကုလအထူးကိုယ်စားလှယ် ဖရန်စက်စ်ကာ အလ်ဘန်နီစ်က ဒီလုပ်ရပ်တွေကို ရှုတ်ချခဲ့ပါတယ်။ 

“အစ္စရေးစစ်သားတွေဟာ သူတို့ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေကို ၀မ်းပမ်းတသာ မှတ်တမ်းတင်နေကြတာဟာ ဂါဇာမှာ ဘယ်လောက် အခြေအနေဆိုးလဲဆိုတာကို ဖော်ပြနေတာဖြစ်ပါတယ်”

ဂါဇာက အစ္စရေးရဲ့ တစ်ကျော့ပြန်လူသတ်ပွဲ ပထမ ၃ လအတွင်း ရွှေ၊ ငွေနဲ့ တန်ဖိုးကြီးပစ္စည်း အနည်းဆုံး ကန်ဒေါ်လာ ၂၅ သန်းဖိုးကို အစ္စရေးစစ်သားတွေက လုယက်ခဲ့တယ်လို့ ဂါဇာအစိုးရ ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။ 

Ref: Aljazeera