News @ M-Media

Author: M-Media

  • ကျွန်တော့် အာဇာနည်

    ဇူလိုင်-၁၆၊ ၂၀၁၁

    ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့ဟာ မြန်မာတစ်မျိုးသားလုံး ယူကြုံးမရ အပူလုံးကြွကြရတဲ့ နေ့ပါ။ အစားထိုးမရနိုင်တဲ့ နိုင်ငံခေါင်းဆောင်ကြီးများကို မသမာသူ လူတစ်ခုက ရက်ရက်စက်စက် လုပ်ကြံ သတ်ဖြတ်လိုက်ကြလို့ပဲ ဖြစ်ပါတယ်။

    ကျွန်တော့်အဖို့မှာတော့ အဲဒီအချိန်က အသက် ၇ နှစ်သာသာလောက်ရှိနေသေးတဲ့အရွယ်ဖြစ်တာမို့ ဒီအာဇာနည်ခေါင်းဆောင်ကြီးများအတွက် ယူကြုံးမရဖြစ်လောက်အောင် ခံစားနာကျင်ရမှန်း သိနားလည်ခြင်း မရှိခဲ့သေးပါဘူး။

    ဒါပေမယ့် ယနေ့ထက်ထိ ဘယ်သူ့ကိုမှ (ယုတ်စွအဆုံး ကျွန်တော့်မိခင်ကြီးကိုသော်မှ) ဖွင့်ဟပြောပြခြင်း မပြုခဲ့တဲ့ အာဇာနည်တစ်ယောက်အတွက်ကိုတော့ အဲဒီအသက်အရွယ်ကတည်းက စိတ်မကောင်းဖြစ်ရမှန်း ဝမ်းနည်းရမှန်း သိနေခဲ့တယ်လို့ ဆိုရပါမယ်။ (more…)

  • အာဇာနည်များ၏ မြှုပ်နှံမှုမှ ဖေါ်ကြူးသော စည်းလုံးညီညွတ်ရေး စိတ်ဓါတ်

    အာဇာနည်များ၏ မြှုပ်နှံမှုမှ ဖေါ်ကြူးသော စည်းလုံးညီညွတ်ရေး စိတ်ဓါတ်

    ဇူလိုင်-၁၁၊ ၂၀၁၁

    ဆောင်းပါးရှင် -၀မ်းအိုဝမ်းကျော်ဝင်းမောင်

    ဆရာကြီးဦးရာဇတ် နှင့် ရဲဘော် ကိုထွေး တို့အား မြှုပ်နှံထားရာ တာမွေသုသာန် သို့ ဆရာကြီးဦးရာဇတ်၏သားများလာရောက် ဆု တောင်းစဉ်

    ဆရာကြီးဦးရာဇတ်ကို ဒဖနာမြေမြှုပ်သဂြို င်္ဟ်သောနေသည် ဇူလိုင်လ ၂၁ ရက်နေ့ဖြစ်သည်။ ထိုနေ့သည် ရမသွာန်လ (၁) ရက်နေ့နှင့် သွားရောက်ကိုက်ညီနေပါသည်။
    ရမသွာန်လဆိုသည်မှာ အစ္စလာမ်ဘာသာဝင်များ၏ ဥပုသ်လဖြစ်ပါသည်။ ဥပုသ် စစောင့်တဲ့ ပထမရက်ဖြစ်ပါသည်။ ဤတွင် ပြဿနာတစ်ခု ရှိလာပြန်ပါသည်။ ရဲဘော်မောင်ထွေးဟာ ရှီအာမွတ်စလင်မ်တစ်ဦးဖြစ်ပါသည်။ သူ၏ ဖခင်မှာ (၃၁)လမ်းတွင်ရှိသော မဂိုရှီအာ ပလီမှ ဂေါပက လူကြီးဦးကိုလေးဆိုသူဖြစ်သဖြင့် ရှီအာ မွတ်စလင် သင်္ချိုင်းတွင် သဂြို င်္ဟ်ရန်ပထမ စီစဉ်ကြပါသေးသည်။

    အဲဒီအချိန်တွင် ဗ-မ-က အထွေထွေအတွင်းရေးမှုး မစ္စတာလတစ်ခန်( ခ) ဦးခင်မောင်လတ်၊ ဗ-မ-က အဖွဲ့ချုပ် တွဲဖက်အထွေထွေ အတွင်းရေးမှုး ဦးကြွယ်ဝ စတဲ့ ခေါင်းဆောင်များက ဦးကိုလေးနှင့် ဆွေးနွေးကြပါသည်။ ဆရာကြီးဦးရာဇတ်က စွန်နီသင်္ချိုင်းသွားမယ် ၊ ရဲဘော်မောင်ထွေးက ရှီအာမွတ်စလင်သင်္ချိုင်းသွားမယ်၊ အဲဒီလိုဆိုယင် မွတ်စလင်ညီညွတ်ရေးဟာ ပျက်ပြားသွားနိုင်တယ်၊ အဲဒါကြောင့်မွတ်စလင်တွေအနေနဲ့ စုစုစည်းစည်းနဲ့ပဲ တာမွေ စွန်နီမွတ်စလင် သင်္ချိုင်းမှာ ဒဖနာ (မြေမြှုပ် သဂြို င်္ဟ်) ဖို့လိုတယ် လို့ဆွေးနွေးညှိနှိုင်းကြပါသတဲ့။ တခြားဘာသာခြားတွေထဲမှာ ကိုယ့်အထုပ်ကိုယ်ဖြေပြသလိုဖြစ်နေမယ်။

    စွန်နီမွတ်စလင်တွေ အနေနဲ့လဲ သူတို့စွန်နီ ( သင်္ချိုင်း ) ကဘတ်စတန်မှာ ရှီအာမွတ်စလင် တွေရဲ့ မယတ် (အလောင်း) ကို မြှုပ်ခွင့်ပြုဖို့ ဆိုတာလဲ အစဉ်အလာမရှိဘူး။ ဒီလိုမြှုပ်ခွင့်ရအောင်လဲ ဗ-မ-က ခေါင်းဆောင်တွေအနေနဲ့ စွန်နီမွတ်စလင် အိုလမာအဖွဲ့ဝင်များနဲ့ သဘောတူချက်ရယူရပါတယ်။

    284034_251291044884610_100000111498246_1092923_8053015_n

    နှစ်ဘက်သဘောတူညီချက် ရတော့မှပဲ တာမွေ ကဘတ်စတန် (သင်္ချိုင်း) မှာ သဂြို င်္ဟ် မြှုပ်နှံလိုက်ပါတယ်။ ဒီဂျနာဇာ နမာဇ် (သရနဂုံတင်ပွဲ) ကိုလည်း မြန်မာနိုင်ငံလုံးဆိုင်ရာ အိုလမာအစ္စလာမ် သာသနာ့ ပညာရှင်များ အဖွဲ့ချုပ်ရဲ့ ဥက္ကဌင်္ကြီးဖြစ်တဲ့ မွတ်ဖ်သီ မာမွတ် ဒါဝတ် ယူစွတ် ကနေပြီး အီမာန်ရှေ့ဆောင် လုပ်ပြီး ဖတ်ပေးသွားမှာပါတဲ့။

    ဆေးရုံကြီးကနေ အလောင်းတွေကို ယူပြီးတော့ သယ်ဆောင်သွားကြပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်များရဲ့ အလောင်းများကို ဂျူဗလီဟောကို သယ်ဆောင်သွားတဲ့အခါမှာ ဆရာကြီး ဦးရာဇတ်နဲ့ ရဲဘော်မောင်ထွေးတို့ရဲ့ အခေါင်း ၂ခုလဲ ပါသွားတယ်၊ ဒီအခေါင်းတွေကို ရဲဘော်တွေကပဲ ထမ်းပြီး သယ်ဆောင်သွားခြင်းပါ။

    နောက်တစ်ခါ ဂျနာဇာ ၂ ခုသတ်သတ်ကို အဲဒီ အာဇာနည်တွေရဲ့ ခေါင်းတွေနောက်မှာ အစ္စလာမ်ဂျနာဇာ (အလောင်းထမ်းစဉ်) ၂ ခုလဲဆက်တိုက်ထမ်းလာခဲ့ကြတယ်။ ဂျူဗလီဟောကို ရောက်တဲ့အခါမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်တွေရဲ့ ခေါင်းတွေအားလုံးကို ဂျူဗလီဟောမှာပဲ ချထားလိုက်ပါတယ်။

    အဲဒီနောက် ဆရာကြီးနဲ့ ရဲဘော်ကိုထွေးတို့ရဲ့ ဂျနာဇာ ၂ ခုကို အနောက်ဖက်ကနေ ကလေမာ ရှဟာဒတ်ကို (အလ္လာဟ် အရှင်မြတ်နှင့် တမန်တော်မြတ်ကို သက်သေထွက်ဆိုခြင်း) ကျယ်လောင်စွာ ဖတ်ရွတ်ပြီး အပြင်ဘက်ကိုထမ်းပြီးထွက်လာကြပါတယ်။ အပြင်ဘက်ကိုရောက်တဲ့အခါမှာ ၀င်းပေါက်က စောင့်ကြိုနေတဲ့ ဗမာမွတ်စလင် (မြန်မာမွတ်စလင်) ထုကြီးဟာဆီးကြိုပြီး တစ်ယောက်တစ်လက် ထမ်းသွားပါတော့တယ်။ အဲဒီ ဗမာမွတ်စလင် (မြန်မာမွတ်စလင်) လူအုပ်ကြီးထဲမှာပဲ ဆရာကြီး ဦးရာဇတ်ရဲ့ ဇနီးသည် ဒေါ်ခင်ခင်ကိုယ်တိုင်လဲ လိုက်ပါပို့ဆောင်ခဲ့ပါတယ်။ ကန်တော်ကြီးလမ်းအတိုင်းသယ်ဆောင်သွားရာမှာ ဆရာကြီးဦးရာဇတ်အိမ်ရှေ့ ပဒုမ္မာလမ်း ခြံအမှတ်( ၁၀ ) အရှေ့ရောက်တော့ ဒေါ်ခင်ခင်လဲရှေ့ဆက်လိုက်မပို့တော့ဘူး၊ အိမ်မှာပဲဝင်နေလိုက်ပါတယ်။

    ဒီအသုဘပို့ဆောင်ရေးလုပ်ငန်းတစ်ခုလုံးကို ဗ-မ-က အဖွဲ့ချုပ်က မစ္စတာလတစ်ဖ်ခန်း( ဦးခင်မောင်လတ်) ၊ ဦးကြွယ်ဝ အစရှိတဲ့ ခေါင်းဆောင်များက ဦးစီးဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ဦးကြွယ်ဝ ကအရှေ့ ကဂျနာဇာကို ဦးဆောင်ပြီး အစီအစဉ်နဲ့ ရှေ့ဆောင်သွားပါတယ်၊ ကြက်ပျံမကျ စည်စည်ကားကား လိုက်ပို့ပေးကြပါတယ်။

    ဒီပရိတ်သတ်ထဲမှာ ဗမာမွတ်စလင် (မြန်မာမွတ်စလင်) အမျိုးသားအမျိုးသမီးများအပြင် အခြားမြန်မာတိုင်းရင်းသားလူမျိုးများ ဘာသာကွဲများကလဲ လိုက်ပါပို့ဆောင်ကြပါတယ်။ တစ်လမ်းလုံး ကလေမာ ရှဟာဒတ်ကို (အလ္လာဟ် အရှင်မြတ်နှင့် တမန်တော်မြတ်ကို သက်သေထွက်ဆိုခြင်း) ရွတ်ဆိုသွားတဲ့ အသံကြီးဟာလဲ မိုးပြိုမတတ်ပါဘဲ။

    လူတွေအားလုံးရဲ့ စိတ်ဓါတ်တွေဟာလဲ ကြေကွဲဝမးနည်းမှု တစ်ဘက်က ရှိနေသလို၊ တစ်ဘက်ကလဲ စိတ်ဓါတ်တွေဟာ ရန်သူ့အပေါ် အနိုင်မခံ အရှုံးမပေးလိုတဲ့ စိတ်ဓါတ်မျိုးနဲ့ ဒေါသရောင်တွေကလဲ လွှမ်းလျက်ရှိနေပါတယ်။ စိတ်ဓါတ်တွေဟာတက်ကြွမှုအပြည့်နဲ့ပါ။

    ရွှေတိဂုံပတ်ဝန်းကျင်ရောက်တဲ့အခါမှာလဲ မြန်မာများနဲ့ တခြားမြန်မာတိုင်းရင်းသား လူထုကြီးတစ်ရပ်လုံး ဟာလဲ လှိုက်လှိုက်လှဲလှဲ ဂျနာဇာကို စောင့်ကြိုနေကြပါတယ်။ အဲဒီကနေ့တစ်ချို့လဲ လိုက်ပါပို့ဆောင် ကြပါတယ်။ တာမွေ မွတ်စလင် စွန်နီ ( ကဘတ်စတန်) သင်္ချိုင်း ရောက်တဲ့အထိပဲ တစ်ယောက်နဲ့ တစ်ယောက် ပခုံးပြောင်းပြီး ဂျနာဇာများကို ထမ်းပို့ကြပါတယ်။

    ဒီအချိန်က အစ္စလာမ်ဘာသာဝင်များရဲ့ ပထမဦးဆုံး ဥပုသ်လ၀င်တဲ့ ပထမရက်။ တစ်နေ့လုံး အစားအစာ မစားရဘူး၊ ရေကြည်တစ်ပေါက်လဲ မသောက်ရတဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဥပုသ်ပါ။ လိုက်ပါပို့ဆောင်ကြတဲ့ မွတ်စလင်အများစုဟာလဲ ဥပုသ်စောင့်သူက အများစုဖြစ်ပါတယ်။ ဒါပေမဲ့ ဂျူဗလီဟောကနေ တာမွေဆိုတဲ့ခင်္ရီးဟာ ၂ မိုင် လောက်ဝေးပါမယ်။ နေပူထဲမှာပဲ ဒီဂျနာဇာ ကိုမောတာပန်းတာကို အပထားပြီး ပို့ဆောင်ကြပါတယ်။

    ကဘတ်စတန်သင်္ချိုင်း ရောက်ပြန်တော့ မျက်နှာဖြူ နိုင်ငံခြားသား တော်တော်များများလဲ ရောက်နေပါတယ်။

    အင်္ဂလိပ်တွေပဲ ဖြစ်မယ်လို့ ဆရာမောင်ကို ဂဖာရီက ပြောပြပါတယ်။ သတင်းထောက်တွေ နိုင်ငံရေးသမားတွေ ဖြစ်ပါမယ်။ အဲဒီအထဲမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အင်မတန်ရင်းနှီးခဲ့တဲ့ ဗြိတိသျှ လေဘာပါတီရဲ့ ပါလီမန်အမတ် မစ္စတာ ဘော့ထွန်လီလဲ ပါရှိပါတယ်။ ဥရောပတိုက်သားဧည့်သည်တွေထဲက တချို့တွေလဲ ဓါတ်ပုံတွေရိုက်ကြတယ်။ တချို့လဲ ရုပ်ရှင်ရိုက်ကြတယ်။

    ဂျနာဇာနမာဇ်ဖတ်ရာမှာလဲ အခုခေတ် ဂျနာဇာနမဇ်ဖတ်ဖို့လုပ်ပေးထားတဲ့နေရာမှာပဲ ဖတ်ကြတယ်။ လူတွေကများလွန်းလို့ ဂျနာဇာနမာဇ်ဖတ်ရာမှာ ပြွတ်သိပ်ပြီး တန်းစီဖတ်ကြရတယ်။ ဂျနာဇာ နှစ်ခုစလုံးကို တနေရာတည်းမှာထားပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ အိုလမာသာသနာ့ ပညာရှင်များ အဖွဲ့ချုပ် ဥက္ကဌကြီး မွတ်ဖတီ မာမွတ်ဒါဝတ်ယူစွတ်က အီမာန်ရှေ့ဆောင် လုပ်ပြီး တစ်ချိန်တည်းဖတ်ပေးပါတယ်။

    (ဒီတုန်းက စွန်နီနဲ့ ရှီယာ မွတ်စလင်များရယ်လို့ ကွဲနေပေမယ့် အစ္စလာမ်ဘာသာဝင်အဖြစ် ကွဲကွဲ ပြားပြားရှိနေတဲ့ စွန်နီရှီယာရယ်လို့ခွဲတဲ့စိတ်ကို မျက်ကွယ် ပြုပြီး အစ္စလာမ်တို့ရဲ့ညီညွတ်ရေးကို ရှေးရှုတဲ့အနေနဲ့ ရှီအာနဲ့ စွန်နီ မွတ်စလင်အသိုင်းအ၀ိုင်းခေါင်းဆောင်ကြီင်္းတွေက ခွဲခြားမှုမလုပ်ပဲ ဒီ အာဇာနည်များရဲ့ ဂျနာဇာကို တစ်နေရာတည်းမှာ ပဲ ဒဖနာ (မြေမြှုပ် သဂြို င်္ဟ်) ခြင်းကို ပြုလုပ်ခဲ့ကြခြင်းဖြစ်ပါတယ်။

    တကယ်တော့ ဒီမြှုပ်နှံမှုကိုကြည့်ယင် မွတ်စလင်များအတွင်းမှာ စွန်နီ – ရှီအာ စုစည်းမှုတစ်ရပ်ကို တွေ့နိုင်သလို တိုင်းပြည်ကိုချစ်ကြတဲ့ မြန်မာနိုင်ငံဖွား တိုင်းရင်းသားညီနောင်များ အချင်းချင်းထားရှိခဲ့တဲ့ ချစ်ခင်မှု စိတ်ဓါတ်ကို အတုယူနိုင်ကြမှာဖြစ်ပါကြောင်း

    (၁၄-၂-၈၈) နေ့က ဆရာဦးမောင်ကို ဂဖာရီကို ကျမ်းပြုသူအိမ်မှာ ဖိတ်ကြားပြီး ဆရာကြီး ဦးရာဇတ် ဂျနာဇာ ( အသုဘ) ချတဲ့ နေ့က အကြောင်းတွေနဲ့ ပတ်သက်ပြီး တွေ့ဆုံမေးမြန်းတဲ့ အခါမှာသိရတဲ့ အချက်တွေကို မြန်မာ့အာဇာနည်ခေါင်းဆောင် ဆရာကြီး ဦးရာဇတ် စာအုပ်တွင်ဖေါ်ပြနိုင်ရန် ကျမ်းပြုသူ ၀မ်းအိုဝမ်းကျော်ဝင်းမောင်မှ မေးမြန်း စုစည်းတင်ပြချက်အား ပြန်လည်ကူးယူဖေါ်ပြပါသည်။

  • ပါကစ္စတန်မှာ ကာကွယ်ဆေး ဟန်ပြထိုးပြီး ဘင်လာဒင် ရဲ့ DNA ကို စီအိုင်အေ ရယူခဲ့

    အမေရိကန် စီအိုင်အေနှင့် နေဗီ ဆီးလ် အဖွဲ့တို့မှ အိုစမာ ဘင်လာဒင် ကို ရှင်းလင်းနိုင်ခဲ့တဲ့အပေါ် ယဉ်ကျေးတဲ့ ကမ္ဘာ့အသိုင်းအ၀ိုင်းက ချီးကျုးခဲ့ကြသည်။ သို့သော် ပါကစ္စတန် အဘော့တ်တဘဒ် မြို့ကြီးမှာ  ကလေးတွေကို အသည်းရောင် ဘီပိုး ကာကွယ်ဆေး ဟန်ပြထိုးရင်း၊ စီအိုင်အေက အကြံအဖန် လုပ်ခဲ့တဲ့ သတင်း ယခုရက်ပိုင်းထွက်လာတော့  ၀ိုင်းဆဲလာကြသည်။

    ဘင်လာဒင်ရဲ့ DNA ရဖို့အတွက် အမေရိကန်နှင့် ပါကစ္စန် ကျန်းမာရေးအဖွဲ့တွေ ပူးပေါင်းပြီး အဘော့တ်တဘဒ် တစ်မြို့လုံးမှ ကလေးတွေကို ၂၀၀၇ ခုနှစ်မှာ ဘီပိုး ကာကွယ်ဆေး ထိုးပေးခဲ့သည်။ အိုစမာရဲ့ ခြံဝင်းထဲက ကလေးတွေကိုလည်း ကာကွယ်ဆေး ထိုးပေးပြီး၊ ဘင်လာဒင့်ရဲ့ DNA နှင့် သူ့ကလေးတွေရဲ့ အသံကို ရယူဖို့ ကြိုးစားခဲ့ခြင်း ဖြစ်သည်။ (more…)

  • မော်လမြိုင်ကျွန်းမြို့ ရှိ တခုတည်းရှိသော အစ္စလာမ်ဘာသာဝင်များ ၀တ်ပြုရာ ဗလီမီးလောင်

    မော်လမြိုင်ကျွှန်းမြို့ ရှိ တခုတည်းရှိသော အစ္စလာမ်ဘာသာဝင်များ ၀တ်ပြုရာ ကိုးခန်းတွဲ ဗလီတန်းလျားတခုလုံး ဇူလိုင်လ ၈ ရက်နေ့ညက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းမြန်မာနိုင်ငံ မီးသတ်ဌာနမှ သိရသည်။မော်လမြိုင်ကျွှန်းမြို့ ၅ ရပ်ကွက်  ဗန္ဓုလ  ၁၃ လမ်းရှိယင်းဗလီတန်းလျားတွင် နေထိုင်သူ ဦးချစ်စိန်၏ နေအိမ် မီးအားမြင့်စက် အပူလွန်ကဲရာမှ စတင် လောင်ကျွှမ်းခဲ့ကြောင်းဖြစ်သည်ဟု မီးသတ်ဌာနမှ တာဝန်ရှိသူတဦးကပြောသည်။ (more…)

  • Weekly News Roundup (11-07-2011)

    ဆူဒန်တောင်ပိုင်းသမ္မတနိုင်ငံပေါ်ထွက်လာ

    ဆူဒန်တောင်ပိုင်းသမ္မတနိုင်ငံသည် လွန်ခဲ့သည့် ဇူလိုင်လ ၉ ရက်နေ့က လွတ်လပ်သော သမ္မတနိုင်ငံ တစ်ခုအဖြစ် သတ်မှတ်ခြင်းခံရပြီး မကြာမီက ၁၉၃ နိုင်ငံမြောက် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်လာသည်။

    မလေးရှားဆန္ဒပြပွဲ အကြမ်းဖက်နှိမ်နင်း

    မလေးရှားနိုင်ငံတွင် ရွေးကောက်ပွဲဥပဒေနှင့် မဲပေးမှုစနစ်ကို ပြင်ဆင်ပေးရန် တောင်းဆို ဆန္ဒပြကြသူများအား ဇူလိုင်လ ၉ ရက်နေ့က ရဲတပ်ဖွဲ့မှ မျက်ရည်ယိုဗုံးများအသုံးပြု၍ အကြမ်းဖက်နှိမ်နှင်းခဲ့ပြီး တစ်ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြသည်။ (Islamonline) (more…)