News @ M-Media

Category: အမေရိက

  • ၁၉၆၇ ခုနှစ်က အမေရိကန်ရဲ့ USS Liberty ကို အစ္စရေး တိုက်ခိုက်ခဲ့မှု Documentary ထွက်လာ

    ၁၉၆၇ ခုနှစ်က အမေရိကန်ရဲ့ USS Liberty ကို အစ္စရေး တိုက်ခိုက်ခဲ့မှု Documentary ထွက်လာ

    နိုဝင်ဘာ ၂ ၊ ၂၀၁၄
    M-Media
    B1N03t-CEAE9HD_
    – ၁၉၆၇ ခု အာရပ်-အစ္စရေး ၆ ရက် စစ်ပွဲ အရှိန်မြင့်နေတဲ့ကာလမှာ မြေထဲပင်လယ်က အမေရိကန် စပိုင် သင်္ဘော USS Liberty ကို အစ္စရေးက ရုတ်တရက် သွားရောက်တိုက်ခိုက်ခဲ့ပါတယ်။

    ပထမအကျော့မှာ အစ္စရေးစစ်တပ်က တိုက်လေယာဉ်ကနေ ဒုံးကျည်နဲ့ပစ်တာ၊ အမြှောက်နဲ့ပစ်တာ၊ မီးလောင်ဗုံးနဲ့ ထုတာ စသဖြင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ပြီး ဒုတိယအကျော့မှာ ဒီသင်္ဘော နစ်မြုပ်သွားဖို့ အတွက် တော်ပီဒိုနဲ့ ထုခဲ့ပါတယ်။ သင်္ဘောဟာ နစ်မြုပ်ခြင်း မရှိခဲ့ပေမယ့် ဒီပြင်းထန်တဲ့ တိုက်ခိုက်မှုကြောင့် USS Liberty က စစ်သားနဲ့ အရပ်သားလေ့လာဆန်းစစ်သူ ၃၄ ယောက် သေဆုံးခဲ့ပြီး ၁၇၁ ဦး ဒဏ်ရာရခဲ့ပါတယ်။

    နောက်ပိုင်းမှာ အစ္စရေးဟာ အီဂျစ်စပိုင် သင်္ဘောထင်လို့ မှားယွင်းတိုက်ခိုက်တာပါ ဆိုပြီး တောင်းပန်ခဲ့ပါတယ်။ ကိုယ့်နိုင်ငံသားတွေ ထိရင် ဆတ်ဆတ်ထိမခံတဲ့ အမေရိကန်ကတော့ ဒီအရေးမှာ နှုတ်ဆိတ်နေခဲ့ပြီး သတိပေးတာမျိုးတောင် မလုပ်ခဲ့ပါဘူး။ အဲဒီတုန်းက အမေရိကန် သမ္မတ ဂျွန်ဆင်ကတော့ ဒီကိစ္စဟာ မှားယွင်း တိုက်ခိုက်မိတာလို့ပဲ လက်ခံခဲ့ပါတယ်။

    နောက်ပိုင်းမှာ ဒီကိစ္စကို ဘယ်သူမှ သိပ်မပြောကြတော့ပါဘူး။ USS Liberty ပေါ်က တိုက်ခိုက်ခံရတဲ့ အမေရိကန် စစ်သားတွေတောင်မှ အဲဒီနေ့မှာ ဘာတွေဖြစ်ခဲ့သလဲဆိုတာကို ပြောဖို့ ရှောင်ရှားတတ်ကြပါတယ်။

    ဒါပေမယ့် အလ်ဂျာဇီးရား သတင်းဌာနက ဒီကိစ္စနဲ့ ပတ်သက်ပြီး နှစ်ပေါင်းများစွာ လေ့လာမှုတွေပြုလုပ်ခဲ့ကာ Documentary တစ်ခုကို ရိုက်ကူးခဲ့ပါတယ်။

    တိုက်ခိုက်မှုအတွင်း အစ္စရေးတိုက် လေယာဉ်မှူးတွေနဲ့ သူတို့ကို တိုက်ရိုက် ကွပ်ကဲနေတဲ့ ဗိုလ်ချုပ်တွေရဲ့ ပြောစကား အသံတိပ်ခွေ၊ တိုက်ခိုက်မှုမှာ ပါဝင်ခဲ့တဲ့ အစ္စရေးဗိုလ်ချုပ်၊ အသက်ရှင် ကျန်ရစ်ခဲ့တဲ့ အမေရိကန် စစ်သားတွေ၊ အရာရှိတွေ၊ ၀ါရှန်တန်က ထိပ်တန်း စစ်အရာရှိဟောင်းတွေ စသဖြင့် အသေးစိတ်မေးမြန်းကာ ရိုက်ကူးထားတာပါ။

    အစ္စရေးဟာ ဘာရည်ရွယ်ချက်နဲ့ USS Liberty ကို တိုက်ခိုက်ခဲ့တာလဲ? ဆိုတာကိုတော့ အောက်ပါလင့်မှာ ကြည့်ရှုခံစားနိုင်ပါတယ်။

    http://aje.me/1vlwq4t

    Source: Al Jazeera

  • ယောကျာ်းဖြစ်သူ၏ သူငယ်ချင်းအား အဓမ္မပြုကျင့်ခဲ့သည့် အမေရိကန် အမျိုးသမီး တရားစွဲခံရ

    ယောကျာ်းဖြစ်သူ၏ သူငယ်ချင်းအား အဓမ္မပြုကျင့်ခဲ့သည့် အမေရိကန် အမျိုးသမီး တရားစွဲခံရ

    နိုဝင်ဘာ ၁ ၊ ၂၀၁၄
    M-Media

    documentfragment_6469465 ခင်ပွန်း၏ သူငယ်ချင်းဖြစ်သူ၏ အိမ်အတွင်းသို့ ၀င်ရောက်ကာ အဓမ္မပြုကျင့်မှု အတွက် အမေရိကန်မှ အမျိုးသမီးတစ်ဦးမှာ မုဒိမ်းမှုဖြင့် တရားစွဲဆိုခြင်း ခံထားရသည်ဟု သိရသည်။

    အမေရိကန် ပြည်ထောင်စု တက္ကဆက်ပြည်နယ် ၀ီလီယံဆမ် ကောင်တီတွင် နေထိုင်သည့်  အသက် ၃၁ နှစ်အရွယ် ဟိုလ်တင်းဆိုသည့် အမျိုးသမီးမှာ ပြီးခဲ့သည့် တနင်္လာနေ့က ခင်ပွန်းဖြစ်သူ၏ သူငယ်ချင်း နေအိမ်သို့ ၀င်ရောက်ကာ အိပ်ခန်းအတွင်း အိပ်နေသော အဆိုပါ အမျိုးသားအား အဓ္ဓမပြုကျင့်ခဲ့ခြင်း ဖြစ်သည်။

    ဟိုလ်တင်းကလည်း အဓမ္မပြုကျင့်ကြောင်း ၀န်ခံခဲ့ပြီး ညအိပ်ဝတ်စုံဝတ်ထားသည့် သူမမှာ သော့မခတ်ထားသော နောက်ဖေး ခြံတံခါးမှ အိမ်အတွင်းသို့ ၀င်ကာ အိပ်ခန်းထဲသို့ ၀င်ရောက်ခဲ့သည်ဟု ထွက်ဆိုခဲ့သည်။

    အဓမ္မပြုကျင့်ခံရသူ အမျိုးသားကလည်း တစ်စုံတစ်ယောက် မိမိအပေါ်သို့ ရောက်လာသည်ဟု ခံစားရသောကြောင့် အိပ်ရာမှ နိုးလာပြီး ဖုန်းမှဓာတ်မီးဖြင့် ကြည့်ရှုရာ သူငယ်ချင်း၏ မိန်းမဖြစ်သူက မိမိအား အဓမ္မပြုကျင့်သည်ကို တွေ့ရှိခဲ့ရကြောင်း၊ ၎င်းအား ထွက်သွားခိုင်း၍ မရသောကြောင့် ရဲတပ်ဖွဲ့အား ဖုန်းဆက် တိုင်းတန်းခဲ့ရကြောင်း ပြောကြားခဲ့သည်။

    ဟိုလ်တင်းအား ၀ီလီယံဆမ်ကောင်တီ ရဲတပ်ဖွဲ့ တမင်ရည်ရွယ်ကာ အဓမ္မပြုကျင့်မှု၊ ဖောက်ထွင်းမှုတို့ဖြင့် တရားစွဲဆိုထားသည်။

    ref_ Nypost

  • မက္ကဆီကိုတွင် ပျောက်နေသည့် ကျောင်းသားများရှာရင်း အစုလိုက်အပြုံလိုက် လူသေများ မြှုပ်ထားမှု ထပ်မံတွေ့ပြန်

    မက္ကဆီကိုတွင် ပျောက်နေသည့် ကျောင်းသားများရှာရင်း အစုလိုက်အပြုံလိုက် လူသေများ မြှုပ်ထားမှု ထပ်မံတွေ့ပြန်

    အောက်တိုဘာ ၃၀ ၊ ၂၀၁၄
    M-Media
    2014102455457336734_20
    – ပြီးခဲ့သည့် လနှောင်းပိုင်းက ပျောက်ဆုံးသွားခဲ့သည့် ပညာရေးကောလိပ်မှ ကျောင်းသား ၄၃ ဦးအား ရှာဖွေမှုအတွင်း လူသေများ အစုလိုက်အပြုံလိုက်မြှုပ် ထားသော နေရာတစ်ခုကို ထပ်မံတွေ့ ရှိခဲ့သည်ဟု မက္ကဆီကို တရားသူကြီးများက ပြောကြားလိုက်သည်။

    လူသေများအား အစုလိုက်အပြုံလိုက် မြှုပ်နှံထားသည့် ထိုနေရာအား ကျောင်းသားများပျောက်ဆုံးသွားခဲ့သည့် အီဂွါလာမြို့အနီး ကိုကူလာမြို့တွင် တွေ့ရှိခဲ့ ရခြင်းဖြစ်ပြီး ပျောက်ဆုံးနေသော ကျောင်းသားများ၏ ရုပ်ကြွင်းများ ဟုတ်မဟုတ် စစ်ဆေးသွားမည်ဟု သိရသည်။

    ပြီးခဲ့သည့် ရက်အနည်းငယ်ကလည်း လူများအား မီးရှို့ကာ အစုလိုက်အပြုံလိုက် မြှုပ်နှံထားသည့် နေရာတစ်ခုကို အီဂွါလာမြို့အနီးတွင် တွေ့ရှိခဲ့ရသည်။ ထိုနေရာတွင် အလောင်း ၃၈ လောင်းအား မြှုပ်နှံထားခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ ၂၈ လောင်းအား စစ်ဆေးပြီးဖြစ်ကာ ပျောက်ဆုံးသွားသော ကျောင်းသားများ မဟုတ်ဟု တာဝန်ရှိသူများက ဆိုသည်။

    ပညာရေးကောလိပ်တစ်ခုမှ အဆိုပါကျောင်းသားများ ပျောက်ဆုံးသွားမှုတွင် တိုက်ရိုက်ပါဝင်ပတ်သက်သည်ဟု သံသယရှိသော မူးယစ်ဂိုဏ်းသား ၂ ဦးကို မက္ကဆီကို ရဲတပ်ဖွဲ့က တနင်္လာနေ့တွင် ဖမ်းဆီးခဲ့ပြီး၊ နာမည်ကြီး မူးယစ်ဂိုဏ်း Guerreros Unidos မှ ဂိုဏ်းသားများအပါအ၀င် ထိုအမှုနှင့်ပတ်သက်၍ ဖမ်းဆီးထားသူများမှာ စုစုပေါင်း ၅၆ ဦးအထိ ရှိလာပြီဖြစ်သည်။

    Source: AFP

    ဆက်စပ် သတင်းနှင့် ဆောင်းပါးဖတ်လိုလျှင်
    ————————————-
    လူသေ အလောင်းများ အစုလိုက်ပြုံလိုက် မြှုပ်နှံမှု မက္ကဆီတွင်တွေ့
    http://www.m-mediagroup.com/news/32603

    ISIL ထက်ပိုပြီး ဆိုးရွား ရက်စက်တဲ့ မက္ကဆီကန် မူးယစ်ရာဇာများ
    http://www.m-mediagroup.com/news/33424

  • အမျိုးသားချင်း အဓမ္မ ကျင့်မှု အမေရိကန် စစ်တပ်၏ အဓိက ပြဿနာတစ်ခု ဖြစ်လာ

    အမျိုးသားချင်း အဓမ္မ ကျင့်မှု အမေရိကန် စစ်တပ်၏ အဓိက ပြဿနာတစ်ခု ဖြစ်လာ

    အောက်တိုဘာ ၂၈ ၊ ၂၀၁၄
    M-Media

    Military-Men-665x385
    – စစ်တပ်အတွင်း အမျိုးသမီးများမှာ အဓမ္မကျင့်မှု၏ သားကောင်ဖြစ်ရန် ရာခိုင်နှုန်း ပိုများသော်လည်း အမေရိကန်စစ်တပ်တွင်တော့ အမျိုးသားအချင်းချင်း အဓမ္မ ပြုကျင့်မှုမှာ ဆိုးရွားသည့်ပြဿနာတစ်ရပ်အဖြစ် လွှမ်းမိုးလာလေသည်။

    မကြာသေးမီက ကျော်ကြားသည့် အမျိုးသားမဂ္ဂဇင်း GQ တွင် ဖော်ပြခဲ့သော ဆောင်းပါး၌ အမေရိကန်စစ်တပ်မှ စစ်မှူထမ်းဟောင်းများနှင့် လက်ရှိတာဝန်ထမ်းဆောင်နေသူ  တစ်ဒါဇင်ကျော်မှာ ၎င်းတို့၏ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရမှုကို လည်းကောင်း၊  ပြစ်မှုကျူးလွန်သူများအား တရားဥပေဒရှေ့မှောက်သို့ ရောက်ရှိလာစေရန်နှင့် မိမိတို့အတွက် လိုအပ်သော စိတ်ကျန်းမာရေး အကူအညီများ ပေးအပ်ရန်တို့အတွက် စစ်တပ်ဘက်မှ ပျက်ကွက်ခဲ့မှုများကိုလည်းကောင်း ဖွင့်ဟပြောဆိုခဲ့လေသည်။

    အမျိုးသားတစ်ဦး အမေရိကန်စစ်တပ်ထဲဝင်ရောက်ပါက လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှု အလားအလာမှာ အပြင်လောကထက် ၁၀ ဆကျော်ရှိနေ၏။ ၂၀၁၂ တစ်ခုတည်းတွင်ပင် အမေရိကန်စစ်တပ်အတွင်း အမျိုးသားအချင်းချင်း အဓမ္မ ကျင့်မှုမှာ ခန့်မှန်းချေ ၁၄၂၀၀ မှုအထိ ရှိနေသည်။

    ထို့ပြင် ကျူးလွန်သူများ၏ ရာထူးကြောင့်၊ အခြားသော ဆက်ဆံရေးများတွင် ထိခိုက်မည်ဆိုးသောကြောင့် အဓမ္မ ကျင့်ခံရသူ စစ်သားများမှာ ၎င်းတို့စော်ကားခံရမှုများကို ဖွင့်ပြောရန် အလားအလာနည်းခြင်းက ပြဿနာတစ်ရပ်ဖြစ်နေသည်။ စစ်တပ်အတွင်း လုပ်ပိုင်ခွင့်ပေးထားမှုကလည်း ထိုကဲ့သို့ ကျူးလွန်မှုကို ပိုမိုပြန့်နှံစေ၏။ အဘယ့်ကြောင့်ဆိုသော် မိမိတို့အား ကျူးလွန်သူများမှာ မိမိတို့ထက်ရာထူးကြီးပါက ကျူးလွန်ခံရသူ ရာထူးနိမ့်များအနေဖြင့် တိုင်ကြားရန် ခက်ခဲသောကြောင့်ပင် ဖြစ်လေ၏။

    “အမြောက်တပ်ကြပ်တစ်ဦးက ခင်ဗျားကို “အ၀တ်တွေချွတ်လိုက်” လို့ပြောရင် ခင်ဗျားအနေနဲ့ ခိုင်းတဲ့ အတိုင်းလုပ်တာ ပိုကောင်းပါတယ်။ မေးခွန်းတွေ သွားမမေးမိပါစေနဲ့” ဟု မရိန်းတပ်သားဟောင်း ဆမ်မက်ဒရစ်(အမည်လွှဲ) က ပြောကြားခဲ့သည်။

    ကိုလီ ဝေါ့လ်ရှ်တစ်ယောက် ၂၀၀၇ ခုနှစ်က စစ်တပ်အတွင်း လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုကို ခံခဲ့ရသည်။ သို့သော်လည်း မိမိ၏ ရည်ရွယ်ချက် ပျက်ဆီးသွားနိုင်သည်ကို ကြောက်ရွံ့မိသည့်အတွက် ထိုအဖြစ်အပျက်အား တိုင်ကြားခြင်းမပြုခဲ့။

    “ဒီအနိုင်ကျင့်မှုကို ကျွန်တော်လစ်လျူရှုလိုက်ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်တော့် စစ်သားဘ၀ တစ်လျှောက် အနှောက်အယှက် မဖြစ်ချင်လို့ပါပဲ။ ကျွန်တော်အရာရှိတစ်ယောက် ဖြစ်ချင်တယ်။ ဒါ့ကြောင့် “မကောင်းတဲ့အတွေ့အကြုံပေါ့လေ။ နောက်ထပ် အဖြစ်မခံတော့ဘူး” လို့ပဲ ဖြေသိမ့်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒါရဲ့ အကျိုးဆက်က ထပ်ဖြစ်လာပါတယ်။ တစ်လခွဲလောက်ကြာတော့ အရာရှိ ၉ ရောက်လောက်က အခန်းတစ်ခုထဲမှာ ကျွန်တော့်ကို ခေါ်တွေတယ်။ ပြီးတော့ “မင်းမှာ HIV ရှိနေပြီ” လို့ ပြောပါတယ်။ တစ်ရက်အတွင်းမှာပဲ ကျွန်တော့်ကို တပ်ထဲက ထုတ်ပစ်လိုက်ပါတယ်။ သိပ်ကို တုန်လှုပ်စရာပါပဲ” ဟု ဝေါ့လ်ရှ်က GQ မဂ္ဂဇင်းသို့ ပြောကြားခဲ့သည်။

    လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရသူစစ်သားများမှာ ၎င်းတို့အဖြစ်အပျက်အတွက် တိတ်တိတ်မနေပါကလည်း ကျန်းမာရေးမကောင်းဟူသော အကြောင်းပြချက်ဖြင့် ၎င်းတို့မှာ စစ်တပ်မှထုတ်ခံရပြီး အနိုင်ကျင့်သူများကိုတော့ ဆက်လက် တာဝန်ထမ်းဆောင်စေလေသည်။

    ၂၀၀၁ ခုနှစ်မှ ၂၀၁၀ ခုနှစ်အတွင်း ကျန်းမာရေးမကောင်းဟုဆိုကာ တပ်မှ အတင်း အဓမ္မ ထုတ်ပစ်ခဲ့သော စစ်သားပေါင်း ၃၁၀၀၀ နီးပါးရှိလေသည်။ ၎င်းတို့ထဲမှ အများစု၏ ကျန်းမာရေးမှာ ရောဂါဖြစ်စအခြေအနေတွင် ရှိနေသော်လည်း စစ်မှုထမ်းဟောင်းရေးရာ VA ဌာန၏ အခမဲ့ဆေးကုသပေးမှုစနစ်တွင် သွားရောက်ကုသခွင့်မရခဲ့။ ကုသခွင့်ရသူများမှာလည်း ၎င်းတို့လိုအပ်သည့် အကူအညီများကို မရခဲ့ကြ။

    “ကျွန်တော်အပြင်ကို စရောက်တဲ့အချိန်မှာ VA မှာ ကုသဖို့ ကျွန်တော် ကြိုးစားခဲ့ပါတယ်။ အဲဒီကို ကျွန်တော်ပြန်လာတဲ့အချိန်တိုင်းမှာ လူတွေက ပြောင်းပြောင်းသွားပါတယ်။ သူတို့က ဖောင်တွေထပ်ထပ်ဖြည့်ခိုင်းပြီး ကျွန်တော့်အကြောင်းကိုလည်း ပြန်ပြန်ပြောရပါတယ်။ တော်တော်လေးဆိုးပြီး ရယ်စရာလည်း ကောင်းပါတယ်” ဟု တပ်သားဟောင်း တစ်ဦးဖြစ်သူ တက်ဒ် စကိုရာနက်က ဆိုလေသည်။

    ထို့ပြင် ရေတပ်သားဟောင်း တယ်ရီနေးလ်ကလည်း ဆရာဝန်တစ်ယောက်က ၎င်းအား  “သားရယ် ယောကျော်းအချင်းချင်း မုဒိမ်းမကျင့်ပါဘူး” ဟု တုံ့ပြန်ခဲ့ကြောင်း ဆိုလေသည်။

    အခြားအကြောင်းရာတစ်ခုကတော့ တရားရုံးသို့ရောက်သော ထိုအမှုများမှ ၇ ရာခိုင်နှုန်းကိုသာ ပြစ်ဒဏ်စီရင်နိုင်ခဲ့သည့် စစ်တပ်၏ တရားရေးစနစ် ဖြစ်လေသည်။ ထို့ပြင် အနိုင်ကျင့်ခံရသူ ၈၁ ရာခိုင်နှုန်းက တိုင်ကြားခြင်းမရှိကြ။

    နယူးယောက် ဆီးနိတ်အမတ် ကရစ္စတင် ဂီလီဘရန်းကမူ စစ်တပ်၏ တရားရေးစနစ်အား ပြုပြင်ပြောင်းလဲရန်အတွက် “စစ်ဘက်တရားမျှတမှု တိုးတက်ရေး အက်ဥပဒေ” ကို အဆိုပြုခဲ့သည်။ အဆိုပါဥပဒေကြမ်းတွင် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုများအတွက် တပ်မှုများရရှိထားသည့် တရားစီရင်ခွင့်အာဏာကို ရုပ်သိမ်းထားပြီး လွပ်လပ်သော စစ်ဘက်အရာရှိများပါဝင်သော တရားသူကြီးအဖွဲ့အား ထိုအာဏာကို ပြန်လည်အပ်နှင်းထားသည်။

    အဆိုပါ မူကြမ်းကို ဆီးနိတ်လွှတ်တော်တွင် ထောက်ခံမှုရခဲ့သော်လည်း ဥပဒေအဖြစ် မဖြစ်လာစေရန် ကဖျက်ယဖျက်လုပ်သူများ၏ နှောက်ယှက်မှုကိုတော့ မတွန်းလှန်နိုင်ခဲ့။ ကျူးလွန်ခံရသူများကတော့ ဆက်လက်နှုတ်ဆိတ်လျက်ပင် ရှိနေလေ၏။

    “ကျွန်တော်ယောက်ျားတွေကို ကြောက်ပါတယ်။ ကျွန်တော်လိင်တူစိတ်ဝင်စားသူတစ်ဦးပါ။ ယောက်ျားတွေကို ကြောက်ပါတယ်။ ကျွန်တော်သီးသန့်နေပါတယ်။ ရုပ်ရှင်တွေ၊ ဂီတပွဲတွေ မသွားပါဘူး။ ကျွန်တော့်မှာ အိပ်မက်ဆိုးတွေ ရှိပါတယ်။ ပြီးခဲ့တဲ့ ခရစ္စမတ်က  သူငယ်ချင်းတစ်ချို့နဲ့ ညစာစားပွဲတစ်ခုသွားပါတယ်။ အဲဒီမှာ ကျွန်တော်စိတ်ခြောက်ခြားပြီးစားသောက်ဆိုင်အပြင်ဘက်ကို ထွက်ပြေးခဲ့ပါတယ်။ တကိုယ်လုံးလည်း တုန်နေပြီးဒီအကြောင်းကို ပြီးခဲ့တဲ့ ဇူလိုင်လအထိ ဘယ်သူကိုမှ မပြောခဲ့ပါဘူး။ ဒီလိုပုံစံမျိုးနဲ့ နှစ် ၃၀ လောက်နေခဲ့ရတာ ဘာနဲ့တူသလဲဆိုတာ ခင်ဗျားသိသလား” ဟု အမေရိကန်စစ်တပ်တွင် အဓမ္မ ပြုကျင့်ခံခဲ့ရသည့် စစ်သားဟောင်း ဂရေးဂျုန်းစ် (အမည်လွှဲ) က ပြောကြားခဲ့လေ၏။

     

    ref_ Daily Mail

  • ဘရာဇီးလ်သမ္မတ ရွေးကောက်ပွဲ လက်ရှိသမ္မတ အနိုင်ရရှိ

    ဘရာဇီးလ်သမ္မတ ရွေးကောက်ပွဲ လက်ရှိသမ္မတ အနိုင်ရရှိ

    အောက်တိုဘာ ၂၇ ၊ ၂၀၁၄
    M-Media
    Dilma Rousseff
    – လက်တင်အမေရိကမှ ဖွံ့ဖြိုးတိုးတက်မှုအမြန်ဆုံး နိုင်ငံတစ်ခုဖြစ်သည့် ဘရာဇီးလ်၏ သမ္မတ ရွေးကောက်ပွဲတွင် လက်ရှိသမ္မတ ဒီလ်မာ ရူးဆက်ဖ်က အနိုင်ရရှိခဲ့သည်ဟု သိရသည်။

    ရွေးကောက်ပွဲရလဒ်များကို ယနေ့တွင် ကြေညာခဲ့ရာ ရူးဆက်ဖ်မှာ မဲပေးမှု စုစုပေါင်း ၉၉.၆၆ ရာခိုင်နှုန်းတွင် ၅၁.၆၀ ရာခိုင်နှုန်းဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ၎င်း၏ ပြိုင်ဘက်ဖြစ်သူ အဲစီယို နီဗက်စ်မှာ မဲအရေအတွက် ၄၈.၄၀ ရာခိုင်နှုန်းသာ ရရှိခဲ့သည်။

    မဲရလဒ်များ ထွက်ပေါ်လာပြီးနောက် ပြောကြားခဲ့သော မိန့်ခွန်းတွင် ရူးဆက်ဖ်က ၎င်း၏ ဒုတိယ သက်တမ်းတွင် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်သွားရန် မျှော်လင့်ထားပြီး ဘရာဇီးလ် ပြည်သူများက တောင်းဆိုသော ပြုပြင်ပြောင်းလဲမှုများကိုလည်း လုပ်ဆောင်သွားရန် ဆုံးဖြတ်ထားကြောင်း ပြောကြားခဲ့သည်။

    အစောပိုင်းတွင် နီဗက်စ်မှာ ရူးဆက်ဖ်ထက် ၄ ရာခိုင်နှုန်းမှ ၆ ရာခိုင်နှုန်းကြား အသာရခဲ့သော်လည်း နောက်ဆုံးအချိန်ကျမှ ရူးဆက်ဖ်က အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ နီဗက်စ်ကလည်း မိမိရှုံးနိမ့်ကြောင်း အတည်ပြုပြောကြားခဲ့သည်။

    ဘရာဇီးလ်သမ္မတ ရူးဆက်ဖ်မှာ နိုင်ငံ၏ စီးပွားရေးကျဆင်းမှု၊ ငွေကြေးဖောင်းပွမှု စသည့် စိန်ခေါ်မှုများဖြင့် ရင်ဆိုင်ရမည်ဖြစ်သည်။

    ref_ Al Jazeera and agencies