News @ M-Media

အမေရိကန် အထက်လွှတ်တော်အား ရီပက်ဘလစ်ကန်များ ထိန်ချုပ်

နိုဝင်ဘာ ၅ ၊ ၂၀၁၄
M-Media
_78766413_78766412
– အမေရိကန်တွင် ကျင်းပပြုလုပ်နေသည့် လွှတ်တော်နှစ်ရပ်၏ သက်တမ်းဝက် ရွေးကောက်ပွဲတွင် သမ္မတ၏ လုပ်ပိုင်ခွင့်အာဏာကို ကန့်သတ်နိုင်မည် အထက်လွှတ်တော်တွင် အတိုက်အခံ ရီပက်ဘလစ်ကပါတီက အနိုင်ရရှိခဲ့သည်ဟု သိရသည်။

အမတ်ဦးရေ ၁၀၀ ရှိ အထက်လွှတ်တော်၏ အမတ်နေရာ သုံးပုံတစ်ပုံကို ရွေးကောက်ခဲ့ရာ အမတ်နေရာ ၆ နေရာရရုံဖြင့် အထက်လွှတ်တော်အား ထိန်းချုပ်နိုင်မည့် ရီပက်ဘလစ်ကန်တို့မှာ အနည်းဆုံး ၁၂ နေရာ ရရှိခဲ့သည်။

အောက်လွှတ်တော်တွင်ရှိသည့် အမတ်နေရာ ၄၃၅ နေရာစလုံးအတွက် မဲပေးမှုများကို ဆက်လက်ပြုလုပ်နေပြီး အတိုက်အခံ ရီပက်ဘလစ်ကန်ကပင် လွှမ်းမိုးဖွယ်ရှိနေသည်ဟု သတင်းများ ထွက်ပေါ်နေသည်။

အမေရိကန်၏ ဒီမိုကရေစီစနစ်အရ အာဏာမှာ သမ္မတ၊ အောက်လွှတ်တော်နှင့် တရားလွှတ်တော်ချုပ်တွင် ခွဲဝေထားရှိပြီး အောက်လွှတ်တော်နှင့် တရားလွှတ်တော်ချုပ်တို့က သဘောမတူသော်လည်း အရေးကြီးသောဆုံးဖြတ်ချက်များကို သမ္မတ၏ လုပ်ပိုင်ခွင့်အမိန့်အာဏာဖြင့် ချမှတ်နိုင်သည်။ သို့သော်လည်း သမ္မတက လုပ်ပိုင်ခွင့်အာဏာကို အသုံးချရာတွင် အထက်လွှတ်တော်မှ အမတ်များ၏ ထောက်ခံမှုကို လိုအပ်သည်။

အထက်လွှတ်တော်အား အတိုက်အခံ ရီပက်ဘလစ်ကန်မှ အမတ်များ ထိန်းချုပ်ထားသောကြောင့်  ဒီမိုကရက်တစ်ပါတီမှ သမ္မတ အိုဘားမားမှာ ၎င်း၏ လုပ်ပိုင်ခွင့်အာဏာအတွက် အတားအဆီးများနှင့် ရင်ဆိုင်ရဖွယ်ရှိနေသည်။

လွှတ်တော်နှစ်ရပ်၏ ယခု သက်တမ်းဝက် ရွေးကောက်ပွဲမှာ ၂၀၁၆ ခုနှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲအတွက်လည်း လွှမ်းမိုးမှုများ ရှိလာနိုင်သည်။

Source: Al Jazeera and agencies

Comments

Leave a Reply