နိုဝင်ဘာ ၁ ၊ ၂၀၁၄
M-Media
– ခင်ပွန်း၏ သူငယ်ချင်းဖြစ်သူ၏ အိမ်အတွင်းသို့ ၀င်ရောက်ကာ အဓမ္မပြုကျင့်မှု အတွက် အမေရိကန်မှ အမျိုးသမီးတစ်ဦးမှာ မုဒိမ်းမှုဖြင့် တရားစွဲဆိုခြင်း ခံထားရသည်ဟု သိရသည်။
အမေရိကန် ပြည်ထောင်စု တက္ကဆက်ပြည်နယ် ၀ီလီယံဆမ် ကောင်တီတွင် နေထိုင်သည့် အသက် ၃၁ နှစ်အရွယ် ဟိုလ်တင်းဆိုသည့် အမျိုးသမီးမှာ ပြီးခဲ့သည့် တနင်္လာနေ့က ခင်ပွန်းဖြစ်သူ၏ သူငယ်ချင်း နေအိမ်သို့ ၀င်ရောက်ကာ အိပ်ခန်းအတွင်း အိပ်နေသော အဆိုပါ အမျိုးသားအား အဓ္ဓမပြုကျင့်ခဲ့ခြင်း ဖြစ်သည်။
ဟိုလ်တင်းကလည်း အဓမ္မပြုကျင့်ကြောင်း ၀န်ခံခဲ့ပြီး ညအိပ်ဝတ်စုံဝတ်ထားသည့် သူမမှာ သော့မခတ်ထားသော နောက်ဖေး ခြံတံခါးမှ အိမ်အတွင်းသို့ ၀င်ကာ အိပ်ခန်းထဲသို့ ၀င်ရောက်ခဲ့သည်ဟု ထွက်ဆိုခဲ့သည်။
အဓမ္မပြုကျင့်ခံရသူ အမျိုးသားကလည်း တစ်စုံတစ်ယောက် မိမိအပေါ်သို့ ရောက်လာသည်ဟု ခံစားရသောကြောင့် အိပ်ရာမှ နိုးလာပြီး ဖုန်းမှဓာတ်မီးဖြင့် ကြည့်ရှုရာ သူငယ်ချင်း၏ မိန်းမဖြစ်သူက မိမိအား အဓမ္မပြုကျင့်သည်ကို တွေ့ရှိခဲ့ရကြောင်း၊ ၎င်းအား ထွက်သွားခိုင်း၍ မရသောကြောင့် ရဲတပ်ဖွဲ့အား ဖုန်းဆက် တိုင်းတန်းခဲ့ရကြောင်း ပြောကြားခဲ့သည်။
ဟိုလ်တင်းအား ၀ီလီယံဆမ်ကောင်တီ ရဲတပ်ဖွဲ့ တမင်ရည်ရွယ်ကာ အဓမ္မပြုကျင့်မှု၊ ဖောက်ထွင်းမှုတို့ဖြင့် တရားစွဲဆိုထားသည်။
ref_ Nypost
Leave a Reply
You must be logged in to post a comment.