News @ M-Media

Tag: boxing

  • မေ၀ယ်သာနှင့် ပက်ကွီအို မကျေပွဲပြန်ဖြစ်မည်ဟု လက်ဝှေ့နည်းပြပြော

    မေ၀ယ်သာနှင့် ပက်ကွီအို မကျေပွဲပြန်ဖြစ်မည်ဟု လက်ဝှေ့နည်းပြပြော

    နိုဝင်ဘာ ၅၊ ၂၀၁၅
    M-Media

    may

    – လက်ဝှေ့လောကမှ အနားယူသွားခဲ့သည့် အမေရိကန်လက်ဝှေ့ကျော် ဖလွိုက်မေ၀ယ်သာနှင့် ပက်ကွီအိုတို့မှာ မကျေပွဲအဖြစ် ပြန်လည်ထိုးသတ်ကြလိမ့်မည်ဟု ပက်ကွီအို၏ လက်ဝှေ့နည်းပြ ဖရက်ဒီ ရိုအာ့ခ်ျက ပြောကြားလိုက်သည်။

    ၎င်းတို့နှစ်ဦးမှာ ပြီးခဲ့သည့်မေလက ထိုးသတ်ခဲ့ပြီး ရာစုနှစ်၏ အကောင်းဆုံးပွဲအဖြစ် သတ်မှတ်ခံခဲ့ရသည့် ထိုပွဲတွင် ပက်ကွီအိုက အမှတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။ သို့သော်လည်း ပက်ကွီအိုကမူ ၎င်းမှာ လေ့ကျင့်စဉ် ပုခုံး၌ ဒဏ်ရာရရှိခဲ့သောကြောင့် စွမ်းဆောင်ရည် အပြည့်အ၀ ပြသနိုင်ခြင်းမရှိခဲ့ဟု ပွဲအပြီး၌ ပြောကြားခဲ့သည်။

    ထိုဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူခဲ့ရသည့် ပက်ကွီအိုမှာ လာမည့်နှစ်ဆန်းပိုင်းတွင် လက်ဝှေ့ကြိုးဝိုင်းအတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ရှိနေပြီး၊ အနားယူသွားခဲ့သည့် မေ၀ယ်သာ လက်ဝှေ့ပြန်ထိုးပါက မကျေပွဲနွှဲချင်သည်ဟု မကြာခဏ ပြောကြားခဲ့သည်။

    “ပုခုံးဒဏ်ရာ မရခဲ့ဘူးဆိုရင် ပက်ကွီအိုက လက်ဝှေ့သမားကောင်းဖြစ်ပြီး ပွဲကလည်း ကြည့်လို့လှမှာပါ။ ကျွန်တော်ကတော့ ဖလွိုက်မေ၀ယ်သာဟာ နောက်ထပ်တစ်ကြိမ် ပြန်ထိုးမယ်လို့ ထင်ပါတယ်။ ရပေါက်ရလမ်းက သိပ်များတယ်လေ။ သူတို့ ဘယ်အလွတ်ခံလိမ့်မလဲ” ဟု ရိုအာ့ခ်ျက ပြောကြားခဲ့သည်။

    ဗြိတိန်လက်ဝှေ့ကျော် အမီးရ်ခန်းကလည်း ပက်ကွီအိုနှင့် ထိုးသတ်ရန် ကြိုးစားနေသည်။

    Ref: Dailymail

  • မေ၀ယ်သာနှင့် မကျေပွဲနွှဲချင်သည်ဟု ပက်ကွီအိုပြော

    မေ၀ယ်သာနှင့် မကျေပွဲနွှဲချင်သည်ဟု ပက်ကွီအိုပြော

    အောက်တိုဘာ ၁၃၊ ၂၀၁၅
    M-Media

    pqp

    – မိမိ၏ပုခုံးဒဏ်ရာမှာ ၈၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းအထိ သက်သာနေပြီး လာမည့်နှစ်တွင် ကြိုးဝိုင်းထဲသို့ ပြန်ဝင်မည်ဖြစ်ကာ မေ၀ယ်သာနှင့် မကျေပွဲပြန်နွှဲရန် မျှော်လင့်နေသည်ဟု ပက်ကွီအိုက ပြောကြားလိုက်သည်။

    ပြီးခဲ့သည့်မေလက မေ၀ယ်သာအား ရှုံးနိမ့်ခဲ့သည့်ပွဲတွင် ပုခုံးဒဏ်ရာရခဲ့သည့် ပက်ကွီအိုမှာ လာမည့် နိုဝင်ဘာ သို့မဟုတ် ဒီဇင်ဘာလတွင် လေ့ကျင့်ခန်းဆင်းနိုင်မည်ဖြစ်ပြီး နှစ်ဆန်းတွင် တစ်ပွဲထိုးသတ်မည်ဖြစ်သည်။

    “တကယ်လို့ (မေ၀ယ်သာနဲ့ ပြန်ထိုးချင်လားလို့) မေးရင်တော့ တကယ်ပါ ကျွန်တော် ပြန်ထိုးချင်ပါတယ်။ သူအနားယူသွားပြီလို့ ကျွန်တော်ကြားတယ်။ တကယ်လို့ သူတကယ်ပဲ အနားယူသွားတယ်ဆိုရင်တော့ ပွဲဖြစ်လာမှာ မဟုတ်ပါဘူး။ အဲဒီလို မဟုတ်ရင်တော့… (မကျေပွဲနွှဲချင်ပါတယ်)။ (ပြီးခဲ့တဲ့ပွဲမှာ) သူက ပတ်ပြေးနေပြီး ကျွန်တော့်ကို သူ ယှဉ်မထိုးချင်ဘူးဗျ” ဟု ပက်ကွီအိုက ပြောကြားခဲ့ပြီး ပုခုံးဒဏ်ရာသက်သာသည့် ၎င်းမှာ မေ၀ယ်သာအား ဒုက္ခပေးနိုင်မည်ဟု မျှော်လင့်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    လက်ရှိတွင် အမီးရ်ခန်းနှင့် ပက်ကွီအိုတို့ ထိုးသတ်ရန် ဆွေးနွေးမှုများ ပြုလုပ်နေသည်ဟု သတင်းများ ထွက်ပေါ်နေပြီး ပက်ကွီအိုကမူ အမီးရ်ခန်းမှာ မိမိ၏ပြိုင်ဘက် ဖြစ်လာနိုင်သော်လည်း ဆုံးဖြတ်ချက်မချရသေးဟု ပြောကြားခဲ့သည်။

    Ref: Dailymail

  • ရှုံးမှာကြောက်၍ မေ၀ယ်သာက မိမိအား ရှောင်ခဲ့ခြင်းဟု အမီးရ်ခန်းပြော

    ရှုံးမှာကြောက်၍ မေ၀ယ်သာက မိမိအား ရှောင်ခဲ့ခြင်းဟု အမီးရ်ခန်းပြော

    အောက်တိုဘာ ၁၂၊ ၂၀၁၅
    M-Media

    amir

    – ဖလွိုက် မေ၀ယ်သာမှာ အနိုင်ထိုးရလွယ်သည့် ကစားသမားဖြစ်ပြီး ၎င်း၏ အားနည်းချက်များကို လူအများ သိမည်စိုးသောကြောင့် မိမိအား ရှောင်ခဲ့ခြင်းဖြစ်သည်ဟု ဗြိတိန်နာမည်ကြီး လက်ဝှေ့သမား အမီးရ်ခန်းက ပြာကြားလိုက်သည်။

    “ဘာတိုနဲ့ပွဲကို ကြည့်ရင် မေ၀ယ်သာဟာ အနိုင်ထိုးရလွယ်တဲ့ ကစားသမားဆိုတာ တွေ့ရမှာပါ။ သူ အမှားနည်းနည်းလုပ်ခဲ့တယ်။ ဒါပေမယ့် တော်တော်လေး ထိခဲ့ပါတယ်။ ကျွန်တော် ဘယ်တုန်းကမှ မမြင်ဘူးတဲ့ ပုံစံမျိုးတွေပါ။ ပုံမှန်ဆိုရင်တော့ မေ၀ယ်သာဟာ တောင့်တင်းတဲ့ လက်ဝှေ့သမားပါ။ ဘယ်တော့မှ မခံရပါဘူး။ ဒါပေမယ့် အသက်က စကားပြောတာကို မြင်နိုင်ပါတယ်။ ဒါ့ကြောင့်လည်း သူ အနားယူလိုက်တာဖြစ်ပြီး ဒါ့ကြောင့်ပဲ သူ ကျွန်တော်နဲ့ မထိုးခဲ့တာ ဖြစ်ပါလိမ့်မယ်။ သူ့ရဲ့ လက်ဝှေ့သမားဘ၀မှာ အမီးရ်ခန်းက
    အကြီးဆုံးပြဿနာ ဖြစ်စေမယ်ဆိုတာ သူသိခဲ့ပါတယ်”

    လက်ဝှေ့သမားဘ၀ နောက်ဆုံးပွဲတွင် မေ၀ယ်သာမှာ အမီးရ်ခန်း၏ ကမ်းလှမ်းမှုကို ရှောင်ရှား၍ အန်ဒရေဘာတိုနှင့် ထိုးသတ်ကာ အနိုင်ရယူခဲ့သည်။ လက်ရှိအချိန်တွင် အမီးရ်ခန်း၏ အဖွဲ့မှာ ပက်ကွီအိုနှင့် ထိုးသတ်ရန် ဆွေးနွေးနေပြီး ၎င်းကလည်း ထိုးသတ်ပွဲဖြစ်လာလိမ့်မယ်ဟု ယုံကြည်နေသည်။

    “ပက်ကွီအိုနဲ့ပွဲအတွက်တော့ ကျွန်တော့်အသင်းဟာ အားလုံးကို ဆောင်ရွက်နေပါတယ်။ ဖြစ်မယ်ဆိုရင် ဖြစ်လာပါလိမ့်မယ်။ ကျွန်တော်ဟာ ဘယ်သူနဲ့မဆို ထိုးသတ်နိုင်ပါတယ်။ ပက်ကွီအိုနဲ့ ထိုးရမှာတော့ ကျွန်တော် ကြိုက်ပြီး ဘာ့ကြောင့်လည်းဆိုတော့ စတိုင်တွေက ပွဲတွေကို ဖြစ်စေလို့ပါ”

    Ref: Dailymail

  • လာမည့်နှစ်တွင် တစ်ပွဲထိုးပြီးပါက ပက်ကွီအို လက်ဝှေ့လောကမှ အနားယူဖွယ်ရှိနေ

    လာမည့်နှစ်တွင် တစ်ပွဲထိုးပြီးပါက ပက်ကွီအို လက်ဝှေ့လောကမှ အနားယူဖွယ်ရှိနေ

    အောက်တိုဘာ ၈၊ ၂၀၁၅
    M-Media

    paq

    – လာမည့်နှစ်တွင် တစ်ပွဲထိုးသတ်ပြီးနောက် မိမိမှာ လက်ဝှေ့လောကမှ အနားယူရန် အလားအလာရှိနေသည်ဟု မတူညီသော ၀ိတ်တန်း ၈ ခု၌ ကမ္ဘာ့ချန်ပီယံဘွဲ့များ ရရှိထားသည့် ဖိလစ်ပိုင်လက်ဝှေ့ကျော် ပက်ကွီအိုက ပြောကြားလိုက်သည်။

    ပြီးခဲ့သည့်မေလ ဖလွိုက်မေ၀ယ်သာအား ရှုံးနိမ့်ခဲ့သည့် ပွဲအပြီးနောက် ပုခုံးဒဏ်ရာကြောင့် အနားယူနေရပြီး လာမည့်နှစ်ဆန်းပိုင်းတွင် လက်ဝှေ့ကြိုးဝိုင်းအတွင်းသို့ ၀င်ရောက်ရန် ရှိနေကာ လက်ရှိတွင် ဗြိတိန်လက်ဝှေ့ကျော် အမီးရ်ခန်းနှင့် ထိုးသတ်ရန် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေသည်။

    “(အနားယူဖို့) ကျွန်တော် အဆင်သင့်ဖြစ်ပြီလို့ ထင်ပါတယ်။ လက်ဝှေ့လောကမှာ နှစ် ၂၀ ကျော် ကျင်လည်ခဲ့ပြီးပြီလေ” ဟု ပက်ကွီအိုက ဆိုပြီး မိမိမှာ နောက်ထပ်တစ်ပွဲထိုးရန် အဆန္ဒရှိသော်လည်း လက်ဝှေ့လောကမှ အနားယူသွားခဲ့သည့် မေ၀ယ်သာနှင့် မဖြစ်နိုင်တော့ဟု ထည့်သွင်းပြောကြားခဲ့သည်။

    “(မေ၀ယ်သာနဲ့) ပြန်ထိုးဖြစ်မလားဆိုတာ မပြောနိုင်ပါဘူး။ သူ့အပေါ်မှာ မူတည်ပါတယ်”

    လက်ဝှေ့လောကမှ အနားယူလျှင် နိုင်ငံရေးသမားဘ၀သို့ ၀င်ရောက်ချင်သည့် ပက်ကွီအိုမှာ လက်ရှိတွင် ဖိလစ်ပိုင် အောက်လွှတ်တော်အမတ်တစ်ယောက်ဖြစ်ပြီး လာမည့်နှစ်တွင် အထက်လွှတ်တော်အမတ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည်ဟု တနင်္လာနေ့တွင် တရားဝင် ကြေငြာခဲ့သည်။

    Ref: Dailymail

  • လက်ဝှေ့လောကကို စွန့်ခွာပါက အမီးရ်ခန်း ပရဟိတအလုပ်များကို ဇောက်ချလုပ်မည်

    လက်ဝှေ့လောကကို စွန့်ခွာပါက အမီးရ်ခန်း ပရဟိတအလုပ်များကို ဇောက်ချလုပ်မည်

    အောက်တိုဘာ ၂၊ ၂၀၁၅
    M-Media

    amir 2

    – လက်ဝှေ့သမားဘ၀မှ အနားယူပါက မိမိအနေဖြင့် ပရဟိတသမားအဖြစ် ဆောင်ရွက်ရန် အစီအစဉ်ရှိနေပြီး လူသားများ၏ ဘ၀ကို ထူးခြားမှုများဖြစ်အောင် ပြုလုပ်ပေးချင်သည်ဟု ဗြိတိန်လက်ဝှေ့ကျော် အမီးရ်ခန်းက ပြောကြားလိုက်သည်။

    အသက် ၂၈ နှစ်အရွယ် ရှိပြီဖြစ်သည့် အမီးရ်ခန်းမှာ ပြည်တွင်းစစ်ကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးလာရသည့် ဆီးရီးယားဒုက္ခသည်များအား ကူညီထောက်ပံ့မှုများ ပြုလုပ်ရန် ဂရိနိုင်ငံရှိ လက်စ်ဘော့စ်ကျွန်းသို့ မကြာသေးမီက သွားရောက်ခဲ့သူဖြစ်သည်။

    ထိုကျွန်း၌ တွေ့ကြုံခဲ့ရသည့် အခြေအနေက အနာဂတ်တွင် ဒုက္ခသည်များအား ကူညီရန် အမီးရ်ခန်း၌ စိတ်ဆန္ဒဖြစ်ပေါ်စေခဲ့ပြီး ၎င်းပိုင်ဆိုင်သည့် အိမ်အချို့ကိုလည်း အတိဒုက္ခရောက်နေသူ ထိုဒုက္ခသည်များအတွက် မျှဝေပေးသွားမည်ဟု ပြောကြားခဲ့သည်။

    “ထူးခြားမှုတွေဖြစ်စေဖို့ ဆောင်ရွက်ချင်ပြီး ကမ္ဘာတစ်ဝှမ်းလုံးကလူတွေကိုလည်း ကျွန်တော် ကူညီချင်ပါတယ်။ ဒါက လက်ဝှေ့လိုပဲ ကျွန်တော်တို့ကို နောက်ထပ် တွန်းအားတွေ ပေးပါလိမ့်မယ်။ ဘုရားသခင်ရဲ့ ကောင်းချီးကြောင့်သာ ကျွန်တော် ဒီလိုအခြေအနေမျိုး ရောက်နေတာပါ” ဟု အမရီးရ်ခန်းက ဆိုပြီး အင်္ဂလန်နှင့် နိုင်ငံရပ်ခြားတွင် အိုးအိမ် ၂၀၊ ၃၀ ခန့်ရှိသည်ဟုလည်း ထပ်လောင်းပြောကြားခဲ့သည်။

    တစ်ချိန်တစ်ခါက အသုံးအဖြုန်းကြီးလွန်းခဲ့သည့် ဘ၀ကိုလည်း နောက်ချန်ထားခဲ့ပြီဟု အမီးရ်ခန်းက ထည့်သွင်းပြောကြားခဲ့သည်။

    “ကျွန်တော် ဒီလိုမျိုး မဟုတ်တော့ပါဘူး။ ဒါတွေကို ကျွန်တော် နောက်ချန်ထားခဲ့ပါပြီ။ အခုအချိန်မှာ ကျွန်တော်လိုချင်တာအားလုံး သွားဝယ်လို့ရနေပြီဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမယ့် ပရဟိတအလုပ်ကိုသာ ကျွန်တော် ပိုလုပ်တော့မှာပါ။ ကျွန်တော် လက်ပတ်နာရီတွေကို ကြိုက်တုန်းပါပဲ။ ဒါပေမယ့် ဒါက လှုပ်ရမ်းပြီး ဟိတ်ဟတ်ထုတ်ယုံလောက်ပါ။ တစ်ကယ်လို့ တစ်ခုခု ကျွန်တော်ဝယ်ရမယ်ဆိုရင် အဲဒီပမာဏထက် ၃ ဆလောက်ကို ပရိဟိတအတွက် ကျွန်တော် သုံးသွားမှာပါ”

    လက်ဝှေ့သက်တမ်းတစ်လျှောက် ၃၁ ပွဲအနိုင်ရကာ ၃ ပွဲရှုံးထားသည့် အမီးရ်ခန်းမှာ လက်ရှိအချိန်တွင် ပပ်ကွီအိုနှင့်ထိုးသတ်ရန် ညှိနှိုင်းမှုများ ပြုလုပ်နေသည်။

    Ref : Dailymail