News @ M-Media

Tag: China

  • မြောက်ကိုရီးယားကိစ္စနှင့်ပတ်သက်၍ စိတ်လျှော့ရန် ထရမ့်ကို တရုတ်က မေတ္တာရပ်ခံထား

    မြောက်ကိုရီးယားကိစ္စနှင့်ပတ်သက်၍ စိတ်လျှော့ရန် ထရမ့်ကို တရုတ်က မေတ္တာရပ်ခံထား

    သြဂုတ် ၁၂၊ ၂၀၁၇
    M-Media

    – မြောက်ကိုရီးယားနှင့် အမေရိကန်တို့အကြား စကားစစ်ထိုးပွဲများကြောင့် ကမ္ဘာကြီးက စိုးရိမ်မှုရှိနေချိန်တွင် မီးလောင်ရာလေပင့်စေမည့် စကားမျိုး မပြောရန်အတွက် တရုတ်သမ္မတ ရှီကျင့်ဖျင်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အး သတိပေးစကား ပြောကြားလိုက်သည်။

    ခေါင်းဆောင်နှစ်ဦးမှာ ယနေ့တွင် ဖုန်းပြောဆိုခဲ့ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက လက်ရှိတင်းမာနေသည့် အခြေအနေကို ပိုမိုဆိုးရွားစေမည့် စကားလုံးများ၊ လုပ်ရပ်များကို ရှောင်ကျဉ်ရန်အတွက် သမ္မတရှီက ဒေါ်နယ်ထရမ့်အား တိုက်တွန်းခဲ့သည်ဟု ဆိုသည်။

    မြောက်ကိုရီးယားက ပစိဖိတ်ရှိ အမေရိကန်ပိုင် ဂူအမ်ကျွန်းအနီးသို့ တာလတ်ပစ်ဒုံးကျည် ၄ လုံးအား ဂျပန်ကိုကျော်ကာ ပစ်ခတ်နိုင်မည့်အစီအစဉ်မှာ သြဂုတ်လလယ်ပိုင်းတွင် ပြီးစီးမည်ဟု ခြိမ်းခြောက်ထားပြီး၊ ထရမ့်က ကမ္ဘာကြီးအနေဖြင့် မည်သည့်အချိန်ကမှ မမြင်ဖူးခဲ့သည့် ပုံစံမျိုးဖြင့် မြောက်ကိုရီးယားကို တုန့်ပြန်သွားမည်ဟု သတိပေးချက်နောက်ပိုင်း ပေါ်ထွက်လာခြင်းလည်း ဖြစ်သည်။

    ထို့ပြင် ယမန်နေ့ကလည်း ထရမ့်က မြောက်ကိုရီးယားအနေဖြင့် အမေရိကန်အပေါ် ရန်လိုသည့်လုပ်ရပ် လုပ်ဆောင်ပါက လုံးဝ နောင်တရသွားမည်ဟု ပြောကြားခဲ့သည်။

    မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှု ပေါ်ထွက်လာပြီးနောက် နိုင်ငံအနောက်ပိုင်းတွင် Patriot ဒုံးဖျက်စနစ်ကို ချထားနေသည်ဟု ဂျပန်က ပြာကြားခဲ့သည်။

    Ref: Aljazeera

  • မြောက်ကိုရီးယားက အမေရိကန်ကို စတင်တိုက်ခိုက်လျှင် တရုတ်က ကြားနေအဖြစ် ရှိမည်

    မြောက်ကိုရီးယားက အမေရိကန်ကို စတင်တိုက်ခိုက်လျှင် တရုတ်က ကြားနေအဖြစ် ရှိမည်

    သြဂုတ် ၁၁၊ ၂၀၁၇
    M-Media

    – အမေရိကန်နှင့် မြောက်ကိုရီးယား၏ လတ်တလောတင်းမာမှုတွင် မြောက်ကိုရီးယားဘက်မှ စတင် တိုက်ခိုက်လာပါက တရုတ်နိုင်ငံမှာ ကြားနေနိုင်ငံအဖြစ် ရှိသွားမည်ဟု အာဏာရ တရုတ်ကွန်မြူနစ်ပါတီ၏ အာဘော်သတင်းစာ Global Times က ယနေ့တွင် ဖော်ပြခဲ့သည်။

    အယ်ဒီတာ့အာဘော်တွင် ယခုကဲ့သို့ ဖော်ပြခဲ့ခြင်းဖြစ်ပြီး အမေရိကန်နှင့် မြောက်ကိုရီးယားတို့မှာ ‘နမော်နမဲ့ ကစားပွဲ’ တစ်ခုကို ကစားနေကာ ‘တွက်ချက်မှုအလွဲများနှင့် မဟာဗျူဟာမြောက် စစ်ပွဲတစ်ခု’ ကို ဦးတည်နေသည်ဟုလည်း ဆိုသည်။

    “မြောက်ကိုရိးယားက အမေရိကန်မြေကို ဒုံးကျည်နဲ့ ခြိမ်းခြောက်ပစ်ခတ်မယ်၊ အမေရိကန်ကလည်း လက်တုန့်ပြန်မယ်ဆိုရင် တရုတ်အနေနဲ့ ကြားနေနိုင်ငံအဖြစ်ရှိမယ်လို့ ရှင်းရှင်းလင်းလင်း ကြေငြာသင့်ပါတယ်” ဟု သတင်းစာတွင် ဖော်ပြထားသည်။

    သို့သော်လည်း အမေရိကန်နှင့် တောင်ကိုရီးယားတို့မှာ တိုက်ခိုက်မှုများပြုလုပ်ကာ မြောက်ကိုရီးယားအစိုးရကို ဖြုတ်ချရန်၊ ကိုရီးယားကျွန်းဆွယ်၏ နိုင်ငံရေးပုံစံကို ပြောင်းလဲရန် ကြိုးစားလာပါက တရုတ်အနေဖြင့် ထိုကိစ္စကို တားဆီးလိမ့်မည်ဟု ဆိုသည်။

    မြောက်ကိုရီးယား၏ ဒုံးကျည်နှင့် နျူလက်နက်အစီအစဉ်များအတွက် ကမ္ဘာတွင် မရှိဖူးသည့် ပုံစံမျိုးနှင့် တုန့်ပြန်သွားမည်ဟု အမေရိကန်သမ္မတထရမ့်က ယခုတစ်ပတ်အစောပိုင်းတွင် ပြောကြားခဲ့ပြီး၊ မြောက်ကိုရီးယားကလည်း မိမိတို့အနေဖြင့် ပစိဖိတ်ရှိ အမေရိကန်ပိုင် ဂူအမ်ကျွန်းကို ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်သွားမည်ဟု ခြိမ်းခြောက်ခဲ့သည်။

    တရုတ်မှာ မြောက်ကိုရီးယားကို ထိန်းကျောင်းရန် ဆောင်ရွက်မှုမရှိဟု အမေရိကန်က စွပ်စွဲထားပြီး တရုတ်ကမူ ထိုပြဿနာအတွက် နိုင်ငံရေးဆွေးနွေးညှိနှိုင်းခြင်းကသာလျှင် တစ်ခုတည်းသော အဖြေဖြစ်သည်ဟု ပြောကြားထားသည်။

    Ref: Aljazeera

  • နှစ် ၉၀ ပြည့်မှာ ပါဝါပြတဲ့ တရုတ်စစ်တပ်

    ဇူလိုင် ၃၁၊ ၂၀၁၇
    M-Media

    – တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်တည်ထောင်မှု နှစ်ပေါင်း ၉၀ ပြည့်မြောက်တဲ့ အထိမ်းအမှတ်အဖြစ် တရုတ်က မနေ့မှာ ကြီးကျယ်တဲ့ စစ်ရေးပြပွဲ အခမ်းအနားတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။

    တပ်ဖွဲ့ဝင် ၁၂၀၀၀ ကျော် ပါဝင်ပြီး၊ စစ်လက်နက်ပစ္စည်းပေါင်း ၆၀၀ ကျော်နဲ့ လေယာဉ်ပေါင်း ၁၀၀ ကျော်ကို အသုံးပြုထားတဲ့ ဒီစစ်ရေးပြအခမ်းအနားကို တရုတ်သမ္မတ ရှီကျင့်ဖျင် တက်ရောက်ခဲ့ပါတယ်။ ဒီအခမ်းအနားမှာ လက်နက်အသစ်တွေကိုလည်း တရုတ်က ထုတ်ပြခဲ့ပါတယ်။

    တရုတ်ဟာ လတ်တလောမှာ မြောက်ကိုရီးယားရဲ့ ဒုံးကျည်စမ်းသပ်မှုတွေကြောင့် ဖိအားတွေရှိနေပြီး အမေရိကန်သမ္မတ ထရမ့်က မြောက်ကိုရီးယားကို မကိုင်တွယ်မှုနဲ့ ပတ်သက်ပြီး တရုတ်ကို မနေ့မှာ ဝေဖန်ပစ်တင်ခဲ့ပါတယ်။

    ဒီဗီဒီယိုမှာတော့ တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်ရဲ့ အင်အား တစ်စိတ်တစ်ပိုင်းကို တွေ့မြင်ရမှာပါ။

     

  • သီရိလင်္ကာရှိ အဓိက ဆိပ်ကမ်းတစ်ခုကို တရုတ်က နှစ် ၁၀၀ နီးပါး ငှားရမ်း

    သီရိလင်္ကာရှိ အဓိက ဆိပ်ကမ်းတစ်ခုကို တရုတ်က နှစ် ၁၀၀ နီးပါး ငှားရမ်း

    ဇူလိုင် ၃၀၊ ၂၀၁၇
    M-Media

    – သီရိလင်္ကာနိုင်ငံ အရှေ့တောင်ပိုင်းရှိ ဆိပ်ကမ်းတစ်ခုကို ကန်ဒေါ်လာ ၁.၁ ဘီလီယံဖြင့် တရုတ်က ၉၉ နှစ်ငှားရမ်းလိုက်သည်ဟု သိရသည်။

    Hambantota ဆိပ်ကမ်းဖြစ်ပြီး ယမန်နေ့က တရုတ်နှင့် သီရိလင်္ကာအာဏာပိုင်များအကြား လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ အသစ်တည်ဆောက်ပြီးစီးခဲ့သော အဆိုပါဆိပ်ကမ်း၏ ရှယ်ယာ ၇၀ ရာခိုင်နှုန်းကို တရုတ်ကုမ္ပဏီတစ်ခုဖြစ်သော China Merchants Ports Holdings ကို ရောင်းချရန် သီရိလင်္ကာက သဘောတူခဲ့သည်။

    ပြည်သူများ၏ ဆန္ဒပြမှုကြောင့် သဘောတူညီချက် လက်မှတ်ရေးထိုးရေးမှာ ကြန့်ကြာခဲ့ပြီး ဆန့်ကျင်ကန့်ကွက်သူများကမူ နယ်မြေဆုံးရှုံးမှု၊ တရုတ်စစ်ဖက်က အဆိုပါဆိပ်ကမ်းအား အသုံးပြုနိုင်မှုတို့အတွက် စိုးရိမ်ကြောင်း ပြောကြားခဲ့သည်။

    အဆိုပါ ဆိပ်ကမ်းမှာ ဥရောနှင့် အာရှအကြား သယ်ယူပို့ဆောင်ရေး အဓိကလမ်းကြောင်းတွင် တည်ရှိသည်။

    ယခုကဲ့သို့ အဓိကဆိပ်ကမ်းတစ်ခု အသုံးပြုခွင့်ရခြင်းမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်၏ One Belt, One Road စီမံကိန်း အကောင်အထည်ဖော်မှုတွင် ရှေ့တစ်လှမ်းတိုးနိုင်ခြင်းလည်း ဖြစ်သည်။

    တရုတ်၊ အာရှ၊ ဥရောပနှင့် အာဖရိက နိုင်ငံများအကြား လွယ်ကူစွာ ဆက်သွယ်ဆောင်ရွက်နိုင်ရေး ရည်ရွယ်သည့် အဆိုပါ စီမံကိန်းတွင် နိုင်ငံပေါင်း ၆၀ တွင် တရုတ်၏ ကူညီမှုဖြင့် ဆိပ်ကမ်းများ၊ အဝေးပြေးလမ်းများနှင့် ဓာတ်အားလိုင်းများ တည်ဆောက်ရေး အစီအစဉ်များ ပါဝင်သည်။

    Ref: Press TV

     

  • ဆိုက်ဘာတိုက်ခိုက်မှု မလုပ်နိုင်သည့် ဆက်သွယ်ရေးကွန်ယက်ကို တရုတ်က မကြာမီ အသုံးပြုမည်

    ဆိုက်ဘာတိုက်ခိုက်မှု မလုပ်နိုင်သည့် ဆက်သွယ်ရေးကွန်ယက်ကို တရုတ်က မကြာမီ အသုံးပြုမည်

    ဇူလိုင် ၂၆၊ ၂၀၁၇
    M-Media

    – ဟက်ကာတွေ ဆိုက်ဘာတိုက်ခိုက်မှု မလုပ်နိုင်မယ့် ကွမ်တန်နည်းပညာအခြေပြု ဆက်သွယ်ရေးကွန်ယက်စနစ်တစ်ခုကို တရုတ်နိုင်ငံက သြဂုတ်လမှာ စတင်အသုံးပြုတော့မယ်လို့ သိရပါတယ်။

    ဂျီနန်ပြည်နယ်က တရုတ်အစိုးရ၊ ဘဏ္ဍာရေး၊ စစ်တပ်တာဝန်ရှိသူ ၂၀၀ လောက်အသုံးပြုမယ့် အဲဒီနည်းပညာကို အခုလအစောပိုင်းမှာ အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပါတယ်။

    အလင်းအခြေပြု ကွမ်တန်စကားဝှက်နည်းလမ်းကို အသုံးပြုထားတဲ့ အဲဒီကွန်ယက်ဟာ လက်ရှိအသုံးပြုနေတဲ့ အင်တာနက်နဲ့ ဖုန်းလိုင်းတွေထက်ပိုလုံခြုံပြီး ဖောက်ထွင်းဝင်ရောက်ဖို့ ကြိုးစားမယ်ဆိုရင်လည်း ချက်ခြင်းသိရှိနိုင်မှာဖြစ်သလို၊ ဒီကွန်ယက်မှာ အသုံးပြုတဲ့ စကားဝှက်နည်လမ်းကို အခြားသူတွေက ဖော်ထုတ်နိုင်မှာမဟုတ်ပါဘူး။

    “နိုင်ငံတော်ကာကွယ်ရေး၊ ဘဏ္ဍာရေးနဲ့ အခြားနယ်ပယ်တွေမှာ ဒီကွန်ယက်ကိုအသုံးပြုဖို့ ကျွန်တော်တို့ စီစဉ်ထားပြီး ရှေ့ပြေးစီမံကိန်း အောင်မြင်မယ်ဆိုရင် တရုတ်နိုင်ငံနဲ့ ကမ္ဘာတစ်ဝှမ်း ချဲ့ထွင်အသုံးပြုဖို့ မျှော်လင့်ပါတယ်” လို့ ဒီနည်းပညာကို အဓိကကိုင်တွယ်တဲ့ Jinan Institute of Quantum Technology က လက်ထောက်ညွှန်ကြားရေးမှူး ကျိုဖေးက ပြောကြားခဲ့ပါတယ်။

    ကွမ်တန်ဆက်သွယ်ရေးကွန်ယက် အခုလိုပေါ်ထွက်လာမှုဟာ သိပ္ပံနယ်ပယ်မှာ တရုတ်နိုင်ရဲ့ ခေါင်းတစ်လုံသာမှုကို ဖော်ပြလိုက်တာဖြစ်ပါတယ်။ တရုတ်အစိုးရကတော့ ၂၀၃၀ ရောက်တဲ့အချိန်ကျရင် ဉာဏ်ရည်တုနယ်ပယ်မှာ ကမ္ဘာ့ဦးဆောင်နိုင်ငံဖြစ်ဖို့ ရည်ရွယ်ထားတယ်လို့ အခုလအစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။

    ဂျီနန်က ဒီ ကွမ်တန်ကွန်ယက်ဟာ ကမ္ဘာ့ကွမ်တန်ကွန်ယက်တွေထဲမှာ အရှည်ဆုံးဖြစ်ပြီး ဂျီနန်အခြေစိုက် ဒေတာစင်တာကို ဖြတ်ကာ ဘေဂျင်းကနေ ရှန်ဟိုင်းအထိ ကီလိုမီတာ ၂၀၀၀ လောက်ကို ဒေတာအသွားအပြန် လုပ်နိုင်မှာဖြစ်ပါတယ်။

    ကွန်ယက်အတွက် ကုန်ကျစားရိတ်က ကန်ဒေါ်လာ ၁၅ သန်းလောက်ရှိခဲ့ပြီး တစက္ကန့်ကို ဒေတာပေါင်း ၄၀၀၀ လောက် ပုံဖျက်ပေးပို့နိုင်မှာ ဖြစ်ပါတယ်။

    Rref: Telegraph