News @ M-Media

Tag: SaudiArabia

  • ဒေါ်လာ သန်း ၄၀၀ တန်ဖိုးရှိမည့် အကူအညီများ ယူကရိန်းထံ ဆော်ဒီက ထပ်ပို့မည်

    ဒေါ်လာ သန်း ၄၀၀ တန်ဖိုးရှိမည့် အကူအညီများ ယူကရိန်းထံ ဆော်ဒီက ထပ်ပို့မည်

    ဖေဖော်၀ါရီ ၂၈၊ ၂၀၂၃

    M-Media


    -ရုရှားကျူးကျော်စစ်ကြောင့် အတိဒုက္ခရောက်နေကြတဲ့ ယူကရိန်းပြည်သူတွေအတွက် ကန်ဒေါ်လာ သန်း ၄၀၀ ဖိုး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ထပ်ပေးမယ်လို့ ဆော်ဒီအာရေဗျက ကြေငြာပါတယ်။ 

    ဆော်ဒီနိုင်ငံခြားရေး၀န်ကြီး မင်းသား ဖိုင်ဆယ် ဘင် ဖာရ်ဟန် တနင်္ဂနွေနေ့က သွားရောက်စဥ်အတွင်း အကူအညီကိစ္စ ပြောကြားခဲ့တာပါ။ 

    မင်းသား ဖိုင်ဆယ်ဟာ ယူကရိန်းသမ္မတ ဇယ်လင်စကီး၊ ယူကရိန်းထိပ်တန်း တာ၀န်ရှိသူတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

    ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ဆော်ဒီ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်ဟာ ယူကရိန်းသမ္မတ ဇယ်လင်စကီးနဲ့ ဖုန်းပြောဆိုမှုအတွင်း လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ထပ်မံပေးအပ်သွားမယ်လို့ ကတိပြုခဲ့ပြီး အဲဒီကတိက၀တ်ကို အကောင်အထည်ဖော်တာလည်း ဖြစ်ပါတယ်။ 

    Ref: Arab News 

  • ကာဘာကျောင်းတော်ပုံစံ ဆော်ဒီ၏ ဖွံ့ဖြိုးရေးစီမံကိန်းတစ်ခု ၀ေဖန်ခံနေရ

    ကာဘာကျောင်းတော်ပုံစံ ဆော်ဒီ၏ ဖွံ့ဖြိုးရေးစီမံကိန်းတစ်ခု ၀ေဖန်ခံနေရ

    ဖေဖော်၀ါရီ ၁၉၊ ၂၀၂၃

    M-Media 


    -ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဆော်ဒီက ထုတ်ပြခဲ့တဲ့ အနာဂတ်မြို့သစ်စီမံကိန်း အဆောက်အဦးဒီဇိုင်းနဲ့ပတ်သက်ပြီး အာရပ်ကမ္ဘာမှာ ၀ေဖန်မှုတွေ မြင့်တက်နေပါတယ်။ 

    မြို့တော်ရီယာ့ဒ်ဆင်ခြေဖုံးမှာ ဖန်တီးမယ့် အဲဒီမြို့သစ်မှာ Al Mukaab (ကုဗတုံး) လို့ခေါ်တဲ့ ခေတ်ရှေ့ပြေးအဆောက်အဦးတစ်ခု ပါ၀င်မှာဖြစ်ပါတယ်။ 

    အမေရိကန်က Empire State Building အဆောက်အဦး အခု ၂၀ စာလောက်ကြီးမယ့် Al Mukaab မှာ လူနေအဆောက်အဦး၊ စီးပွားရေး လုငန်းတွေ၊ ရှော့ပင်းမောတွေ၊ ဟိုတယ်၊ ဖျော်ဖြေရေးစင်တာတွေ ပါ၀င်မှာပါ။

    ဒီမြို့သစ်ကို အနာဂတ် သိပ္ပံနဲ့ နည်းပညာမြို့တော်၊ အာကာသမြို့တော်အဖြစ် ရည်ရွယ်တယ်လို့ ဆော်ဒီအာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    ၀ေဖန်မှုရှိ

    ——-

    ဒါပေမယ့် Al Mukaab အဆောက်အဦးဟာ အစ္စလာမ်ဘာသာ၀င်တွေ အထွဋ်အမြတ်ထားတဲ့ မက္ကာမြို့က ကာဘာ၀တ်ကျောင်းတော်နဲ့ ပုံစံတူ ဖြစ်နေပါတယ်။ 

    ဒီအတွက် အာရပ်ကမ္ဘာက ဆိုရှယ်မီဒီယာအသုံးပြုသူတွေကြားမှာ ၀ေဖန်မှုတွေ မြင့်တက်နေပါတယ်။ 

    ကာဘာ၀တ်ကျောင်းတော်ကို သေးသိမ်အောင်လုပ်တယ်၊ တစ်ကမ္ဘာလုံးက အစ္စလာမ်ဘာသာ၀င်တွေနဲ့ သက်ဆိုင်တဲ့ ၀တ်ကျောင်းတော်ကို ဆော်ဒီအာဏာပိုင်တွေက လက်၀ါးကြီးအုပ် အမြတ်ထုတ်သလို ဖြစ်နေတယ်ဆိုပြီး ထောက်ပြပြောဆိုမှုတွေလည်း ရှိနေပါတယ်။ 

    ဘုရင် ဆလ်မန်၊ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်တို့ ဦးဆောင်တဲ့ ဆော်ဒီအစိုးရဟာ ၂၀၃၀ ရည်မှန်းချက်ထားကာ ဆော်ဒီကို ဖွံဖြိုးတိုးတက်အောင် စီမံကိန်းချဆောင်ရွက်နေတာ ဖြစ်ပါတယ်။ 

    Ref: Doha News

  • စီးပွားရေးတွင် ရေနံအပေါ်မှီခိုနေရမှုကို အာရပ်နိုင်ငံများ လျှော့ချလာနိုင်

    စီးပွားရေးတွင် ရေနံအပေါ်မှီခိုနေရမှုကို အာရပ်နိုင်ငံများ လျှော့ချလာနိုင်

    ဖေဖော်၀ါရီ ၁၄၊ ၂၀၂၃

    M-Media 


    ကုန်ထုတ်လုပ်မှုလုပ်ငန်း အဓိကတည်ရှိရာ ယူအေအီးနိုင်ငံ ရှာဂျာမြို့

    -နိုင်ငံစီးပွားရေး ရေနံအပေါ်မှီခိုနေရမှုကို လျှော့ချနိုင်ရေး ပင်လယ်ကွေ့ အာရပ်နိုင်ငံတွေရဲ့ ကြိုးပမ်းမှုမှာ တိုးတက်မှုတွေ ရှိနေတယ်လို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF က ပြောပါတယ်။ 

    ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု၊ ကုန်ထုတ်လုပ်မှု၊ နည်းပညာကဏ္ဍ ချဲ့ထွင်မှု၊  အခွန်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ၊ ခရီးသွားလုပ်ငန်းတိုးချဲ့မှုတွေကို ပင်လယ်ကွေ့နိုင်ငံတွေက ပြီးခဲ့တဲ့နှစ်အနည်းငယ်မှာ အဓိကထား လုပ်ဆောင်လာကြတာ ဖြစ်ပါတယ်။ 

    “ငွေကြေးတန်ဖိုး ဘယ်လိုမြှင့်တင်ရမလဲ၊ ငွေကြေးကို ဘယ်လို စီမံသုံးစွဲရမလဲဆိုတာတွေမှာ ပြုပြင်ပြောင်းလဲမှုတွေ မရပ်မနား လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်” လို့ IMF အကြီးအကဲ ခရစ္စတီးနား ဂျော်ဂျီဗာက မနေ့က ဒူဘိုင်းမှာပြုလုပ်တဲ့ အစည်းအ၀ေးမှာ ပြောကြားခဲ့ပါတယ်။ 

    ပြီးခဲ့တဲ့တစ်နှစ်အတွင်း ပင်လယ်ကွေ့ဒေသမှာ ဆော်ဒီက ရေနံမဟုတ်တဲ့ စီးပွားရေး အမြန်ဆုံးတိုးတက်တဲ့နိုင်ငံ ဖြစ်လာပါတယ်။ ဆော်ဒီဟာ ဒေသတွင်း စီးပွားရေးအကြီးဆုံးနိုင်ငံလည်း ဖြစ်ပါတယ်။ 

    ဘက်ပေါင်းစုံ စီးပွားရေးလုပ်ငန်းတွေရှိတဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) က အခွန်မူ၀ါဒ၊ နိုင်ငံခြား အလုပ်သမားဆိုင်ရာ မူ၀ါဒတွေကို ပြုပြင်ပြောင်းလဲခဲ့ပြီး ကုန်ထုတ်လုပ်ရေး၊ နည်းပညာနဲ့ ပြည့်ဖြိုးမြဲစွမ်းအင်ထုတ်လုပ်ရေး ဖက်မှာ ရင်းနှီးမြှုပ်နှံမှု အမြောက်အများပြုလုပ်လာပါတယ်။ 

    ခရစ္စတီးနားက အာရပ်နိုင်ငံတွေဟာ ရေနံနဲ့ ဓာတ်ငွေ့စျေး တက်ဖို့ပဲ လုပ်တတ်တယ်ဆိုတဲ့ ထင်မြင်ယူဆချက်တွေ မမှန်ဘူးလို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    Ref: Arab News

  • ဆော်ဒီက သမိုင်း၀င် အာကာသခရီး စေလွှတ်မည်

    ဆော်ဒီက သမိုင်း၀င် အာကာသခရီး စေလွှတ်မည်

    ဖေဖော်၀ါရီ ၁၃၊ ၂၀၂၃

    M-Media 


    -နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး အာကာသယာဥ်မှုးကို နိုင်ငံတကာအာကာသစခန်း (ISS) ကို စေလွှတ်ဖို့ ဆော်ဒီအာရေဗျက စီစဥ်နေပါတယ်။ 

    ရေယာနား ဘာရ်နာ၀ီဖြစ်ပြီး အခြား ဆော်ဒီအာကာသယာဥ်မှူး အလီ အလ်ကာရ်နီနဲ့အတူ ၂၀၂၃ ခုနှစ် နှစ်လည်လောက်မှာ ISS ကို သွားရမှာ ဖြစ်ပါတယ်။ 

    နိုင်ငံတကာ အာကာသစခန်းကို တစ်နိုင်ငံတည်းက အာကာသယာဥ်မှူးနှစ်ဦး သွားယောက်ခွင့်ရတဲ့ နိုင်ငံအနည်းငယ်စာရင်းမှာ ပါ၀င်ခွင့်ရမှာကြောင့် ဒီခရီးစဥ်ဟာ ဆော်ဒီအာရေဗျအတွက် သမိုင်း၀င်မယ့် ခရီးစဥ်လည်း ဖြစ်ပါတယ်။ 

    ဒီခရီးစဥ်ဟာ နိုင်ငံအတွင်းက လူ့စွမ်းအားအရင်းအမြစ်တွေကို စွမ်းဆောင်ရည် မြှင့်တင်ပေးကာ အာကာသလုပ်ငန်းက ရရှိမယ့် အခွင့်အလမ်းတွေကနေ လူသားထုကို အလုပ်အကျွေးပြုနိုင်ရေး ဆော်ဒီအာရေဗျရဲ့ စီမံကိန်းခြေလှမ်းတစ်ခုဖြစ်တယ်လို့ နိုင်ငံပိုင်သတင်းဌာန Saudi Press Agency က ဖော်ပြပါတယ်။ 

    ဆော်ဒီအာကာသကော်မရှင် (SSC) မှာ အာကာသယာဥ်မှူးတွေကို လေ့ကျင့်ပေးတဲ့ Saudi Human Spaceflight စီမံကိန်းရှိပြီး အမေရိကန်အာကာသကုမ္ပဏီ Axiom Space နဲ့ ပူးပေါင်းဆောင်ရွက်တာဖြစ်ပါတယ်။ 

    ရေယာနားနဲ့ အလ်ကာရ်နီတို့ဟာ ဒီစီမံကိန်းကနေ မွေးထုတ်ပေးလိုက်တဲ့ သူတွေပါ။ အလီ အလ်ဂမ်ဒီနဲ့ မရ်ယမ် ဖစ်ရ်ဒေါက်စ်ဆိုတဲ့  နောက်ထပ် အာကာသယာဥ်မှူးနှစ်ကိုလည်း လေ့ကျင့်သင်ကြားပေးနေပြီး နောက်ပိုင်းမှာ သူတို့နှစ်ဦးကို အာကာသခရီးစဥ်တွေ စေလွှတ်ဖို့ ရှိနေပါတယ်။ 

    SSC ဟာ ကိုယ်ပိုင် အာကာသ သုတေသနလုပ်ငန်း၊ အလားအလာရှိတဲ့ လူငယ်တွေကို ပြုစုပျိုးထောင်ပေးတဲ့ စီမံကိန်း စတာတွေကိုလည်း လုပ်ဆောင်နေပါတယ်။ 

    ဆော်ဒီ တော်၀င်မင်းသားဖြစ်ပြီး SSC ရဲ့ ပထမဆုံး ဥက္ကဌလည်းဖြစ်တဲ့ ဆူလ်တန် ဘင် ဆလ်မာန်ဟာ ၁၉၈၅ ခုနှစ် ဇွန်လ ၁၇ ရက်နေ့က STS-51-G Space Shuttle အာကာသယာဥ်ရဲ့ အဖွဲ့၀င်တစ်ဦးအဖြစ် အာကာသကို လိုက်ပါခဲ့ဖူးပါတယ်။ 

    အဲဒီခရီးစဥ်ကြောင့် ဆူလ်တန်ဟာ အာကာသခရီးစဥ် သွားဖူးတဲ့ ပထမဆုံး အာရပ်လူမျိုး၊ ပထမဆုံး အစ္စလာမ်ဘာသာ၀င်၊ ပထမဆုံး တော်၀င်မိသားစု၀င်အဖြစ် မှတ်တမ်း၀င်ခဲ့ပါတယ်။ 

    Ref: Arab News 

    (ဓာတ်ပုံ – ၀ဲမှ ယာ – မရ်ယမ် ဖစ်ရ်ဒေါက်စ်၊ ရေယာနား ဘာရ်နာ၀ီ၊ အလီ အလ်ကာရ်နီ၊ အလီ အလ်ဂမ်ဒီ)

  • ဥရောပဆီ ရော်နယ်ဒို ပြန်သွားလိ့မ်မည်ဟု အလ်-နဆာရ်နည်းပြပြော

    ဥရောပဆီ ရော်နယ်ဒို ပြန်သွားလိ့မ်မည်ဟု အလ်-နဆာရ်နည်းပြပြော

    ဇန်န၀ါရီ ၃၀၊ ၂၀၂၃

    M-Media 


    -ဆော်ဒီမှာ သက်တမ်းပြည့်ရင် ရော်နယ်ဒိုတစ်ယောက် ဥရောပကို ပြန်လာဖို့ရှိတယ်လို့ အလ်-နဆာရ်အသင်းနည်းပြ ရူဒီ ဂါစီယာက ပြောပါတယ်။ 

    အသက် ၃၇ နှစ်အရွယ်ရော်နယ်ဒိုဟာ အခုလအစောပိုင်းကမှ ၂ နှစ်စာချုပ်နဲ့ ဆော်ဒီကလပ် အလ်-နဆာရ်အသင်းကို ရောက်လာတာဖြစ်ပါတယ်။ 

    ဒီအတွက်ဒေါ်လာ သန်း ၂၀၀ လောက် ရရှိခဲ့ပြီး သမိုင်းမှာ လုပ်ခအများဆုံးရတဲ့ ကစားသမားအဖြစ် မှတ်တမ်း၀င်ပါတယ်။ 

    အလ်-နဆာရ် တာ၀န်ရှိသူတွေက ရော်နယ်ဒိုကို သက်တမ်းတိုးပြီး သူတို့အသင်းမှာပဲ ကစားသမားဘ၀ကို သက်တမ်းကုန်ဆုံးစေချင်တယ်လို့ ပြီးခဲ့တဲ့တစ်ပတ်မှာ ထုတ်ပြောခဲ့ပါတယ်။ 

    အလ်-နဆာရ်နည်းပြ ရူဒီ ဂါစီယာကတော့ ရော်နယ်ဒိုဟာ ဥရောပ ပြန်သွားမယ်လို့ထင်ကြောင်း ပြောကြားခဲ့ပါတယ်။ 

    “သူဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲက တစ်ယောက်ပါ။ အလ်-နဆာရ်မှာ ကစားသမားဘ၀ကို အဆုံးသတ်မှာမဟုတ်ပါဘူး။ ဥရောပကို ပြန်သွားမှာပါ” 

    Ref: ESPN